အပိုင်း(16)

2.7K 186 12
                                    

ရန်ကုန် ရောက်ရောက်ခြင်းမှာပဲ သာယာ့ ကျန်းမာရေးက အခြေအနေပိုဆိုးလာခဲ့သည်။ ချောင်းဆိုးတယ် အသက်ရှူကြပ်တယ်။

ပိုဆိုးတာက သူ ဆေးဆွဲနေခဲ့တာကို ကြွေ နောက်ကျမှ သိခဲ့ရသည့်အဖြစ်။  တခြားတဖက်မှာလည်း သူ့ရဲ့ ကင်ဆာက ပိုပြီး အခြေအနေဆိုးလာခဲ့သည်။

ထိုနေ့ညက မိုးတွေ သည်းကြီးမည်းကြီးရွာနေခဲ့ပါတယ်..
အေးစက်နေသော ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပျက်ထိုင်နေသော မိန်းကလေး တစ်ဦး။သူ့ကို လုံးဝနားမလည်နိုင်သော မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ကျွန်မ က စကားသံတိုးတိုးလေးနဲ့ ပြောလိုက်ပါသည်။

'သာယာ  ...ကျေနပ်ပြီလားဟင်
သာယာ မိုက်လို့ အားရပြီလား ..'

သူ ကြမ်းပြင်ပေါ်မှာပဲ ဒူးကိုဖက်ထိုင်ထားကာ တသိမ့်သိမ့်ရှိုက်ငိုနေသော သာယာ။

'ကြွေ  ...သာယာ မှားပါတယ် ကြွေရယ် ....
သာယာလေ ဆေးလည်းဖျက်မှာပါ ..သာယာ့ကို မမုန်းပါနဲ့နော်ကြွေ ..သာယာ့ကို ရွံမသွားပါနဲ့ .."

ကြမ်းပြင်ပေါ်က ထလာကာ ကျွန်မကို တောင်းပန်သော မျက်လုံးတွေနဲ့ ကြည့်ကာ သူ  ကျွန်မကို ဖက်ထားလေရဲ့။

'သာယာရယ် မိုက်လိုက်တာ   ...'

ဒီအချိန်မှာ သူ့မှာ ဒီရောဂါ ဆိုးကြီးရှိနေတာ သူသိရင်လေ
စိတ်ဓာတ်တွေ ကျသွားမှာ ။

'အဟင့် ...ဟင့်  ......' 

သာယာ လေ ကျွန်မရင်ခွင်ထဲမှာ သူ ရှိုက်ကြီးတငင်ငိုလေတော့သည်။ကျွန်မ သူ့ မျက်နှာလေးကို ဆွဲမေ့လိုက်ကာ ..

'သာယာ မငိုရဘူးလေ ...အားလုံးအဆင်ပြေသွားမှာပါနော်
သာယာ့ဘက်မှာ ကြွေတစ်ယောက်လုံးရှိတာပဲ သာယာရဲ့ .'

သူ့မျက်လုံးထဲမှာ ကြွေ့ကို ပြောချင်နေတဲ့ စကားတွေအများကြီးရှိတာ ကြွေသိတာပေါ့။

'ဆေးသောက်ရအောင်လေနော် ..'

ကြွေ သာယာ့ကို ဆေးတိုက်ကာ ချော့သိပ်ရသည်။ ကြွေ သူ့ရင်ခွင်လေးထဲကို တိုးဝင်ကာ သူ့ရဲ့ခါးလေးကို ဖက်ထားလိုက်သည်။

'သာယာ ...ကြွေလေ ဘာလို့သာယာ့ကို အရမ်းချစ်မိသွားတာလဲသိလား ..?'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now