ချစ်ရသူနဲ့ အတူ နိုးထား ရတဲ့ မနက်ခင်းတိုင်း
သာယာ့ အပိုင်ဖြစ်ချင်သည်။ချစ်သူရဲ့ ကိုယ်သင်းရနံ လေးတွေ ..အလွန်ချောမောလှပသော မျက်နှာ သွယ်သွယ်လေး ဆေးကူမစရာမလိုပဲ နီရဲနေသောနှုတ်ခမ်းပါးလေးတွေ။ ချွန်မြနေသော နှာတံလေး...
လှလိုက်တာ ကြွေရယ် ...ကြွေ့ကို မြင်မြင်ချင်း စွဲလန်းခဲ့တာ ဆို ယုံမှာလားဟင်။
"ဟွန်း ...သာယာ နိုးနေပြီလား "
အိပ်ချင်မူးတူးနဲ့ သူ့အသံနွဲ့နွဲ့လေး။မိမိလက်မောင်းကို ခေါင်းအုံးလုပ်ပြီး အိပ်နေသူလေး။တစ်ညလုံးမို့ လက်တွေ တောင် ကိုက်နေပါပြီ။
"အွန်း နိုးနေပြီ .."
သာယာ ကြွေ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေတော့
ကြွေ ရှက်သွားသည်ထင်ပါ့ ပါးလေးတွေ ရဲနေတော့သည်။"သာယာ ...အရမ်းမကြည့်နဲ့ကွာ ကြွေ မနေတက်ဘူး .."
"ကြွေ က အရမ်းလှနေတော့ ကြည့်မိတာပေါ့
ချစ်တယ် ကြွေ .."သာယာက ကြွေ့ရဲ့ နား နားလေကို ကပ်ပြီး ပြောကာ
ကြွေရဲ့ လည်ပင်းတလျှောက် နမ်းရှိုက်နေလေရဲ့။"သာယာ တော်ပြီကွာ ...ကြွေ ဆေးရုံသွားရအုံးမှာ ."
ကြွေ က အိပ်ရာပေါ်က ထကာ မှန်တင်ခုံမှာ ထိုင်လိုက်တော့
မှန်ထဲ မှာပေါ်နေသော သူ့လည်ပင်းက အညိုကွက်တွေကြောင့်"သာယာ ဘာမှန်းလဲ မသိဘူး ...ဒီမှာ ကြည့် ဘယ်လိုလုပ်မှာလဲ ... ရှက်လိုက်တာ ..."
သာယာက သူမနားလေး လာကာ နောက်ကနေ ကြွေ့ပါခုံးကို ဖက်ထားသည်။
"ကြွေရယ် ဆံပင်ချသွားပေါ့ ...ဆံပင်ချရင် မမြင်ရတော့ဘူးလေ ..အချစ်လွန် သွားလို့ပါ ကြွေရဲ့ ဟီး .."
ကြွေတစ်ယောက် သာယာ့ကို မျက်စောင်းတွေ လှိမ့်ကျွေးရင်း
သာယာရီလိုက်သည့်အခါ အရမ်းချစ်စရာကောင်းလို့ငေးရပြန်သည်။"ဘာ အချစ်လွန် တာလဲ တော်ရုံပေါ့ အခုတော့ ကိုက်ကလည်းကိုက်သေး ..."
"ကြွေရယ် ...ဟား ဟား ..နောက်ဆို ဒီထက်ဆိုးအုံးမှာ .."
"သာယာ !! ...ပြောလေကဲလေ ..ကဲ ပြောအုံး ပြောအုံး .."
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)