အပိုင်း (18)

2.5K 189 24
                                    

'မမကြွေ ..ဆေးသောက်ရအောင်..'

ဆေး  ထိုဆေးတွေကို ကြွေသောက်လာရတာ
အခုဆို 2နှစ်ပြည့်တော့မယ်။ ကြွေ့ရဲ့ ဝဋ်ကြွေးတွေ ထင်ပါတယ် ။

'ဝါ  မမ မသောက်ချင်ဘူး ..'

'မမကြွေကလည်း ..သောက်ရမယ်နော်
ဆေးသောက်မှ ဒဏ်ရာကပျောက်မှာပေါ့မမရဲ့ ..'

ဒဏ်ရာ ..?? ကြွေမှာ ဒဏ်ရာတွေ အများကြီးရှိတာပေါ့
ခြေထောက်မှာ ဒဏ်ရာ။ ညာဘက်လက်မှာ ပတ်တီးနဲ့
ဘယ်လောက်ပဲ ဒဏ်ရာတွေ များပါစေ  ရင်ဘက်ထဲက ဒဏ်ရာကတော့  ကုလို့ပျောက်မယ် မထင်ပါဘူး။

'မမ  စိတ်ဓာတ်တွေ ကျနေပါပြီ ဝါရယ် ..'

'မမကြွေ အားတင်းထားပါအုံး မမရဲ့  . 
သူ့ကံကို သူဖန်လာတာပဲလေ
ဘယ်တက်နိုင်မှာတဲ့လဲ ..သေနေ့စေ့လို့ပေါ့မမရယ် ..
သွားတဲ့ သူက သွားပြီ ကျန်ခဲ့တဲ့ မမက အကောင်းဆုံးဖြစ်အောင်နေရမယ်လေနော် သူ့အတွက်ပါ ကြိုးစားပြီးနေမှပေါ့
မမရဲ့ ဒါမှ မမသာယာလည်း တမလွန်ကနေ ပျော်နေရှာမယ်မလား ..'

ကြွေရဲ့ မျက်ရည်များ မဖိတ်ခေါ်ပဲ ကျလာတော့တယ်။
မျက်ရည်များကြားထဲမှာ အပြုံးတစ်ပွင့်ကို ခက်ခက်ခဲခဲ ဖန်တကာ

'ဟုတ်တယ် ဝါ သူပျော်နေမှာပါ ..'

'မမ သောက်လိုက်ပါနော် ..'

'အွန်းပါ ..'

ကံတရားရဲ့ ရက်စက်မှုပဲ ပြောရမလားပဲ
ကြွေ ကား accident ဖြစ်ပြီး ခြေထောက် ထိခိုက်မိခဲ့တယ်
လက်ဖျံရိုးလည်း ကျိုးသွားခဲ့တယ်။ ကြွေက အခုဆို ဒုတ္ခိတ လုံးလုံးဖြစ်နေလေပြီလေ။

'မမကြွေ ..ကိုလင်းရောက်နေတယ်..'

အိပ်ရာပေါ်မှာ လဲနေသော ကြွေ့ကို ဝါ ထူပေးလိုက်သည်။

'ရလား ကြွေ  ဖြေးဖြေးထ ...'

'အင်း  ...ကျွတ် ကျွတ် ..'

'ကြွေ နင်အဆင်ပြေရဲ့လား .နေလို့ရောကောင်းရဲ့လား..'

'ပြေပါတယ် လင်းရယ်
စိတ်ထဲကတော့ နေလို့မကောင်းဘူးဟာ   ...'

ကြွေ မျက်ရည်တွေ ကျလာသည်။

'ကြွေရယ် အားတင်းထားစမ်းဘာ 
ငါရော ဝါရော ရှိတာပဲ
နင် အားငယ်စရာမလိုပါဘူး အားတင်းထားနော် သူငယ်ချင်း.'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now