"လူတစ်ယောက်ကို တကယ် နှစ်နှစ်ကာကာချစ်မိရင်...
ကိုယ့်အတွက်ထက် သူ့အတွက်ဆိုတာကို
ပိုပြီးစဉ်းစားချင်ပါတယ် ..
ဘာလို့လဲဆိုတော့ ကိုယ့်ထက်
ကိုယ့်ဘ၀ထက် သူက အရေးပါတဲ့ သူဖြစ်နေလို့လေ ..."သာယာ့ ကျန်းမာရေး ကြောင့် ရန်ကုန်ပြန်မယ့်ရက်ကို နောက်ဆုတ်လိုက်ရသည်။
ဆေးရုံမှာ လည်း အစား ကောင်းကောင်းမစားသော သာယာကြောင့် ကြွေ စိတ်ပူရပြန်သည်။ တခါတလေ အသက်ရှူကြပ်တယ်ဆိုလို့ ကြွေ့မှာ ပျာယာခတ်ရပြန်သည်။
"သာယာ ...သာယာ ..ထပါအုံး ...ဆေးသောက်ရအောင်လေနော် .."
"ဟင့်အင်း မသောက်ချင်ဘူး .."
"သာယာရယ် မသောက်လို့မရဘူးလေ .
ဆေးသောက်မှ ရောဂါပျောက်မှာပေါ့ ..."သာယာ ဆေးသောက်သည်။
"ကြွေ သာယာ အသက်ရှူကြပ်တာ ဘာလို့လဲဟင် .."
ကြွေဘယ်လိုဖြေရမလဲဟင်။ သာယာ့အစားကြွေသာ ဒီရောဂါတွေ ဖြစ်လိုက်ချင်ပါသည်။
"အာ ..သာယာရယ် ..ဟိုလေ ..စီးကရက်တွေ ခဏခဏ သောက်လို့ ဖြစ်တာပါ မသောက်ရတော့ဘူးနော် ပြီးတော့ ဘီယာ အရက် မသောက်ရပါ .."
"အွန်းပါ .. ဟူး တော်သေးတယ် သာယာ ရောဂါ အကြီးစားတွေ များဖြစ်နေမလားလို့ .....သာယာမသေချင်ဘူးကြွေ
ူသာယာလေ ကြွေနဲ့ အချိန်တွေ အကြာကြီးနေချင်သေးတယ် ပြီးတော့ နှစ်ယောက်တစ်ဘ၀တည်ဆောက်မယ် ..ကြွေ့ကို ပျော်အောင်ထားမယ် ."သူ ဒီစကားကို ပြောနေတဲ့ အချိန်မှာ စိတ်ထဲမှာ ငိုနေလား ပြုံးနေလား မသိပေမယ့် သူ့မျက်နှာ အပေါ်မှာ လှပတဲ့အပြုံးလေးတပွင့် တွဲခိုလာသည်။
"သာယာရယ် ...ကြွေတို့တွေ အချိန်ကြာကြီးအတူတူနေကြမယ်လေနော် .."
ကြွေ မျက်ရည်တွေကို မကျအောင်တားစီးရင်း သာယာ့ရဲ့ နီဆွေးဆွေး နှုတ်ခမ်းပါးလေးကို နမ်းရှိုက်လိုက်သည်။
ချစ်တယ် သာယာ ။ ကြွေ့ဘ၀က သာယာ ဖြစ်နေပါပြီ ။~~~~~~~~~~~~~~~~~~
"အစစအရာအရာ အတွက် ကျေးဇူးပဲနော် ကြီးမြင့်နဲ့ ဦးလေးတို့ ..စာကြည့်တိုက်ဖွင့်ပွဲကျရင်လည်း ကြွေတို့လာခဲ့ပါအုံးမယ် .."
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)