အပိုင်း (8)

3K 235 4
                                    

"သာယာ ..သာယာ ..!! ထ ခဏ ထအုံးလို့
ကြွေ့မျက်မှန် ရှာမတွေ့လို့ ..."

မနက် 6နာရီလောက် ကြွေက နိုးနေပြီ။ အရေးထဲ မျက်မှန်ကရှာမတွေ့တော့ ခက်ပြီ။ ကိုယ်က အဝေးမှုန် အနီးကန်းရယ်ပါ။

"ဟာ ..ကြွေကလည်း အစောကြီးကို လာနိုးနေတယ် မထဘူးကွာ ....."

"မရဘူး ထပါ ...ခဏလေး ပြီးရင် ပြန်အိပ် .."

သာယာလည်း စောင့်အောင့်ကာ အိပ်ရာပေါ်က ထလိုက်တော့ ..

"သွားပါပြီ ကုန်ပါပြီ ...ကြွေ့မျက်မှန်လေး ...."

မွေ့ ယာ ပန်းနုရောင်ပေါ်တွင် မှန်တခြား ကိုင်းတခြားဖြစ်နေသော ကြွေ့ မျက်မှန်လေး။

"အဟင့် သာယာ...လုပ်ရက်တယ် ကြွေ့မျက်မှန်ကို ဘာလို့ ဖိအိပ်ရတာလဲ .."

ဒီမျက်မှန်လေးက ရွာက သူငယ်ချင်းနှစ်ယောက်က ၀ယ်ပေးလိုက်သော မျက်မှန်လေး။ နှမြောလွန်းလို့ ကြွေ မျက်ရည်တောင် ကျမိသည်။

"တောင်းပန်ပါတယ် ကြွေရယ် သာယာမှ မသိတာ ပြီးတော့ ညက အရမ်းအိပ်ချင်သွားလို့ပါ .."

"မသိဘူး အခုတော့ ၀မ်းနည်းတယ် .."

"ဟာ ...အဲ့ဒါဆိုရင် သာယာ အစားပြန်ဝယ်ပေးမယ်နော် မငိုပါနဲ့ .."

ရွက်ကြွေရဲ့ ပါးကို ဖွဖွလေး ကိုင်ကာပြောနေသော သူ့ကြောင့်ရင်ခုန်သံတွေ မြန်ရပြန်သည်။

"ရပါတယ် ...မတော်တဆ ဖြစ်သွားတာပဲ .."

စူပုပ် ပုပ်ရုပ်လေးနဲ့ ရေချိုးခန်းထဲ ၀င်သွားသော ကြွေ့ကို သာယာတယောက် အသည်းယားနေမိသည်။

~~~~~~~~~~~~~~~~~

"Morning...မမသာယာ .."

"အွန်း Mornee .ဝါ .."

ဝါက သာယာရဲ့ ပန်းကန်ထဲ နန်းကြီး သုပ်များထည့်ပေးကာ ..

"မမသာယာ ...ဦးနဲ့ ဘာလို့ စကားမပြောတာလဲ ဟင် .?"

"ဒီလိုပါပဲ ဝါရယ် ...မပြောချင်လို့ ..အော် ဒါနဲ့ ကြွေရော "

"မမ ကြွေက ကျောင်းသွားပြီ ..မမသာယာရဲ့ မမ မနိုးတေးလို့ လိုက်မပို့ခိုင်းတော့တာတဲ့ ..သူ့သူငယ်ချင်း လာခေါ်သွားတယ် မမ .."

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now