Extra !!🌸

5.6K 274 31
                                    

နှောင်း ....

'အစစအရာအရာအတွက် မမသာယာ ကျေးဇူးတင်ပါတယ် ညီမလေး .မမရဲ့ တစ်ကိုယ်ဆန်မှု အတ္တကြီးမှုတွေကြောင့် အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့ရတာ
မမလည်း ကြွေနဲ့ ထပ်တူပဲ ခံစားရပါတယ်...မမတို့ရဲ့ ဘ၀တစ်လျောက်လုံးမှာ ညီမလေးရဲ့ နာမည်ကို အမြဲသတိရနေတော့မှာ ....ညီမလေး စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါ
ညီမလေးရဲ့ မ ..ကြွေ့ကို စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူးလို့ မမသာယာ ကတိပေးတယ် သိလား ညီမလေးရဲ့
မမသာယာလည်း ကြွေ့ကို သိပ်ချစ်တယ်ဆိုတာ  ..ပြီးတော့ မမ မမရဲ့ အသက်ကို ကယ်ပေးခဲ့လို့ ..ကျေး ...ကျေးဇူးပါ ..'

နှောင်းရဲ့ အရိုးပြာအိုးလေးကို ရင်ဝယ်ပိုက်ထားကာ
မှိုင်ကျနေသော သာယာ့ကို ကြွေတချက်ကြည့်မိလိုက်တယ်။
ဝမ်းနည်းပူဆွေးနေသော မျက်ဝန်းများ၊ သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ခံယူနေသော ကြောက်စိတ်အကြည့်များ။ကြွေ သာယာ့ကိုယ်လေးကို တင်းတင်းလေးဖက်ထားလိုက်ကာ အားပေးနှစ်သိမ့်လိုက်သည်။

တခါတလေကျ ကြွေတွေးမိတာက လောကကြီးမှာ လူအမျိုးမျိုးရှိကြတယ် ဆိုတာ။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ စိတ်ထားကောင်းတဲ့သူ၊ စိတ်ထားညံ့ဖျင်းတဲ့သူ၊ အချစ်ကြီးသူ ၊ အမျက်ကြီးသူ၊ အတင်းအဓမ္မ မတရားလုယူသူ၊ စွန့်လွှတ်အနစ်နာခံသူ။ အများကြီးပါပဲ။

ကြွေ သာယာ့ဆီက နှောင်းရဲ့ အရိုးပြာအိုးလေးကို ယူကာ ဧရာဝတီမြစ်ကြောင်း တလျှောက် တစ်ရွေ့ရွေ့သွားနေသော စက်လှေလေးရဲ့ အပေါ်စီးကနေ ဖြန့်ကြဲလိုက်သည်။

'နှောင်းငယ် ....လွှတ်လပ်စွာပျံသန်းလိုက်ပါတော့ ကလေး.'

ပြာမှုန့်လေးတွေ လေပေါ်တွင် ၀ဲပျံနေကြတော့တယ်။ ကြွေ့ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စက်လေးတွေလည်း တွဲခိုလာပါတော့သည်။

'မမသာယာ့ကို ခွင့်လွှတ်ပါ ညီမလေးရယ် ...'

ဒူးထောက်ထိုင်ချကာ ရှိုက်ကြီး တငင်ငို ကြွေးနေသော သာယာရယ်ပါ။ သူအရမ်းနောက်တ ရသည် ဟု ပြောသည်။

'သာယာ  ...တိတ်တော့နော် ...'

ကြွေ့ရဲ့ လက်ဖျားလေးတွေနဲ့ သာယာ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now