Part 1

9.9K 156 1
                                    

Zoe
အပိုင်း (၁)
#ဇိုစပိုက်ကာ

နွေရာသီ လတပေါင်း ဆိုသော်လည်း..လမ်းဘေး ဝဲယာ မှာ ရှိနေတဲ့ အပင်ကြီးအရိပ်တွေကြောင့် အေးမြနေသည်..။
တိုက်လေရဲ့ ဖြည်းညင်းစွာ လှုပ်ခတ်မှုနဲ့ အတူ သစ်ရွက် တစ်ချို့ လှုပ်လွဲနေသည်..။
လူတစ်ချို့ မျက်ရည်စတွေနဲ့...တစ်ချို့ က သနားကရုဏာ ဖြစ်သော မျက်၀န်း တွေနဲ့...
လူတွေရဲ့ နောက်ဘက် ခြမ်း မလှမ်းမကမ်း တစ်နေရာ  ...စိန်ပန်းပင် နောက်မှာ သူ တစ်ယောက်တည်း..ရပ်နေသည်..။
စိန်ပန်း ပင် နောက်ကွယ်မှာ ရပ်နေတာ အချိန်အတော်ကြာပေမဲ့ ရှေ့ထွက်ရန် စိတ်ကူးလည်း မရှိသလို..
အနားတိုးသွားဖို့လည်း မဝံ့ရဲပါ..။
“စကြာ၀ဠာ ကမ္ဘာ မိုးမြေကို ဖန်ဆင်း စိုးစံတော် မူသော အနတ္တ တန်ခိုးတော်ရှင် ထာ၀ရ ဘုရားသခင်ထံတော်ပါးသို့ ဆရာမ မီကိုးလ် ဝိညာဉ်သည် ဤ ယာယီတဲ ဖြစ်သော မြေအိမ်မှ လူ့လက် ဖြင့် မလုပ် မစ္ဆထာ၀ရ တည်တော် မူသော နိုင်ငံတော်သို့ ၀င်စားဖို့ရန်  ခေါ်တော် မူခြင်းခံရသည့် အတိုင်း ပြန်သွားပြီ ဖြစ်သောကြောင့် ကျန်ရစ်သော ရုပ်အလောင်းကို မြေကြီးဖြင့်၍ မြေကြီး သို့ လည်းကောင်း မြေမှုန့် ဖြင့် ၍ မြေမှုန့်သို့ ..”
သမ္မကျမ်းစာ ဖတ်ပြီး မကြာသော အချိန်အတွင်း မြေသို့အပ်နှံနေပြီ ဖြစ်ကြောင်း သိတော့ မျက်ရည်တွေက ပြည့်တက်လာသည်....
မီးကိုးလ် ကို ဘယ်သောအခါမှ မတွေ့ရတော့ဘူး ဆိုတဲ့ အသိ တစ်ချက်ကြောင့် စိတ်တွေ  တုန်လှုပ်လာသည်..။
ဘာဖြစ်လို့များ လူကောင်းတွေက အရင်ပြန်သွားကြရတာလည်း...။

“ဇို...ဇို..လား...” ရှေ့ ကို အာရုံစိုက် နေချိန် ဘေးကို လူတစ်ယောက်လာတာ မသိလိုက်လို့ ကိုယ်ကိုယ်ကို ဒေါသ ထွက်မိသည်..
ဇို လှည့်ကြည့်လိုက်တော့ ငယ်ငယ် က ပုံစံ အတိုင်း သွားထပ် ကလေးတွေ နဲ့လီလီ..ဇို မျက်မှောင်ကြုတ် လိုက်ပြီး...
“မဟုတ်ဘူး...”
“ဘာလို့ မဟုတ်ရမှာလည်း...လာလေ...မီကိုးလ်ကို နှုတ်ဆက်ရအောင်..”
“နင် သွားပါ..”
“လာပါဟာ..မီးကိုးလ် က နင့်ကို အရမ်းချစ်တာ..”
ဇို လှည့်ထွက်ခဲ့လိုက်သည်..။
ဇို့ ရဲ့..သူငယ်ချင်း မပီသ မှုတွေ ကို ဘယ်လိုမျက်နှာမျိုး နဲ့ လူတကာရှေ့  မှာ နှုတ်ဆက်ဝံ့ မှာလည်း...။
မီးကိုးလ် နေမကောင်းဖြစ်ကတည်းက အန်တီ သူ့ကို အကြောင်းကြားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး မလာခဲ့ပါ..။
အခုလို မရှိတော့မှ လူတကာရှေ့ မှာ ၀မ်းနည်းပြရမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်စရာ ကောင်းသလို ခံစားနေရသည်..။
.
အဆောင်နောက် က  မြက်ခင်းပေါ် ခြေပစ်လက်ပစ် ထိုင်နေတာ ကြာလှပါပြီ...
မနက်ကတည်းက နောက်ကျိရှုပ်ထွေးနေတဲ့ စိတ်တွေက ပိုပို ဆိုးလာရသည်..။
သာယာ တဲ့ ညနေခင်း တစ်ခု ဆိုပေမဲ့ ဇို  ရင်ထဲမှာ တစ်ခုခု ကို အလိုမကျ ဒေါသထွက်ချင်နေတာ ..
၀မ်းနည်းတာ စိတ် မကောင်းတာထက် ပို နေတာ..လွမ်းဆွတ်တမ်းတ ရအောင်လည်း မီကိုးလ်နဲ့ ဝေးနေတာ ၁၀ နှစ်တောင် ကျော်ခဲ့ပြီပဲ...
အမှတ်တရ တော်တော် များများက ဖြူစင်တဲ့ ဟိုး တစ်ချိန်တုန်း က အရွယ်တွေမှာပေါ့...။
“ဇို က မိဘမဲ့ အဲဒါကြောင့် ဆိုးနေတာ..”
လက်ထဲက တုတ် ကို မချပဲ ပို တင်းကျပ်အောင် ဆုပ်ကိုင်လိုက်စဉ်..။
“ငါလည်း..မိဘမဲ့ပဲ..ဘာဖြစ်လည်း...”
“နင် က လိမ်မာတယ်..စာတော်တယ်...ငါ ပြောနေတာ.ဇိုး.ကို ပြောနေတာ..”
“ငါတို့ က တူတူပဲ...”
“မတူပါဘူး..”တစ်ယောက်က လက်ညိုးထိုး ပြီး လက်လွဲပြောတော့ ဇို နှုတ်ဆိတ်နေပေမဲ့ တစ်ခုခု လုပ်ဖို့ သေချာနေပြီ..။
“လာ..ဇို...လက်ထဲက တုတ်ကြီး ချလိုက်....”
ရွယ်တူ အတန်းတူပေမဲ့ လက်ထဲက တုတ်ကို ယူတော့ ဇို လျော့ပေးလိုက်မိသည်..။
မီကိုးလ် ကတော့ လူကြီး တစ်ယောက်လို တုတ်ကို ယူပြီး လမ်းဘေးဘက် သစ်ပင်အောက်ကို လွဲ ပစ်လိုက်ပြီး ဇို့ လက်ကို ကိုင်ခါ ကျောင်း၀င်းထဲ ပြန်ခေါ်လာခဲ့တာ...မီကိုးလ်ဆိုတာ ငယ်ငယ် ကလည်းက တည်ငြိမ် သူ တစ်ယောက်ပါ..။
ဒေါသ ဆိုတာ မီကိုးလ် မျက်နှာမှာ တစ်ခါမှ မတွေ့ဖူး..
ဇိုကတော့ အိပ်ချိန်မှ အပ မျက်မှောင်ကြုတ်ထားတက်လို့ အနားမှာ ရှိသူတွေ က အမြဲ ဂရုစိုက်ပြီး.အရိပ်ကြည့် စောင့်ရှောက်ခဲ့သလို  အလိုလည်း လိုက်ခဲ့ပါသည်..။
ငယ်ငယ် က ပုံရိပ်တွေ မြင်ယောင်မိတော့  ဘေးမှာ အသင့် ပါလာတဲ့ ဂစ်တာ အိတ်ကို ဆွဲပွေ့ထားလိုက်ပေမဲ့ မသက်သာ...။
ဂစ်တာကြိုးကို  သေချာညှိလိုက်ပြီး အစမ်းခပ်ကြည့်လိုက်သည်..။
ဂစ်တာသံ တိုးတိုးလျလျ က ဇို့ နဲ့ အတူ အဖော် ပြုနေသလိုလို...။
“I know that this is for best...
Life ebbs and it flows...
It wakes and it rests...
And even though you look life’s hardest test
You always said that you were blessed..”
“ဇို...” သီချင်းဆိုနေတုန်း.နောက်ဘက်က ထွက်လာတဲ့
တိုးလျလျ အသံလေး တစ်ခုကြောင့် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်မိသည်..။
“ထမင်းစားဖို့လေ..နင် မနက်ကလည်း ဘာမှ မစားထားဘူးမလား..တစ်ခုခု စားလိုက်လေ...”
ဇို လှည့်ကြည့်လိုက်တာနဲ့ ပါးစပ်ပြင်ထားသည့် မူနွဲ့ က စကားလုံး အဆက်လိုက် မရပ်စတမ်း ကျလာတော့ ဇို စိတ်ပျက်စွာ ခေါင်းရမ်းမိသည်.။
“ဟအေး..”
“နင်..ဟာ..”
“ငါ့ဟာ့ ငါ အေးဆေး နေပါရစေ..”
“နင် ..မလိမ်မာ နိုင် သေးဘူးလား..”
“..ဒါ ငါ့ပုံစံပဲလေ..”
ဇို မတ်တက်ရပ်လိုက်ပြီး မြေကြီးပေနေတဲ့ နောက်ဘက်ကို လက်နဲ့ အကြမ်းပတမ်းခါပစ်လိုက်ပြီး ဂစ်တာကို ဆွဲ ခါ ထွက်လာခဲ့လိုက်သည်..။
နားမလည်ဘူး..ဘယ်သူမှ နားလည် မပေးကြဘူး..
ဖြစ်စေချင်တာတွေ ဖြစ်သင့်တာတွေ လာပြောနေကြတာ...။
ငါ့ရင်ထဲအထိ နားလည်တာ နင် တစ်ယောက်တည်းပါ မီကိုးလ်..ဒါကြောင့် ငါ့ကို ခွင့်လွှတ်ပါ...။
.
အန်တီ အိမ်မှာ တည်းနေပေမဲ့ ရက်ကြာလည်း မနေချင်ပါ..။
လာနှုတ်ဆက်ကြတဲ့ သူတွေကို အလိုက်သင့် ပြောဆို ဆက်ဆံရပေမဲ့ မှတ်မိသူက တစ်ယောက် နှစ်ယောက်မျှသာ..
အထက်တန်း အရွယ် ကတည်း ကရန်ကုန်ရောက်နေသူမို့ ရွာ နဲ့လည်း အလှမ်းဝေးနေပါပြီ...
တစ်နှစ်တစ်ခေါက် ရွာပြန်ရအောင်လည်း တွယ်တာ စရာ မိဘ ဆွေမျိုး မရှိတဲ့ တစ်ကောင်ကြွက်မို့ ဝေဒနာ မတိုးအောင် ပိတ်ရက်တွေ ဆို ခရီးပဲ ထွက်ဖြစ်သည်..။.
အခုတောင် မီကိုးလ် ကြောင့်...။
“ဇို...ရေ...ဒီမှာ နင် ကြိုက်တဲ့ သရက်ပွင့်သုပ်လေး အိမ်မှာလုပ်စားလို့ လာပို့တာ..”
အိမ်ရှေ့ ကနေ ဇို့ နာမယ် ခေါ် ပြီး တက်လာပေမဲ့ ဇို့ ဆီက တုန့်ပြန်မှု မရှိတော့ အန်တီကပဲ မျက်နှာမှာ ဟန်ဆောင် အပြုံးတင်ပြီး အိမ်ပေါ် ခေါ်လာသည်..။
“ဟုတ်တယ်..အမိုး လည်း အခုပဲ တွေးနေတာ..သူ အစားအသောက် သိပ်မစားဘူးလေ..သရက်ပွင့်လေးဆိုတော့ ထမင်းမြိန်မှာပါ..နေအုံး ပန်းကန်လှယ် လိုက်အုံးမယ်..”
အန်တီက ပန်းကန် ယူပြီး မီးဖိုဘက် ဆင်းသွားတာနဲ့ မသိတဲ့ ရွယ်တူ မိန်းကလေးက ဇို့ဘေးကို ခွင့် မတောင်းပဲ ထိုင်ချလိုက်သည်..။
“ဟဲ့..နင် ဟိုမှာ တော်တော် ကောင်းစားနေတာပဲ..အ၀တ်အစား အကောင်းစားတွေ နဲ့ မင်းသမီး ရှုံးနေတာပဲနော်..ဆံပင်တွေလုပ်တာဘယ်လောက်ကုန်လည်း..မြို့ပေါ်ဆိုတော့ အလုပ်လုပ်ရတာလည်း မပင်ပန်းဘူးနော်..”
ဇို့ ရဲ့ ခေါင်းစ ခြေဆုံး ကို လိုက်ကြည့်ပြီး အားကျတဲ့ မျက်၀န်း အေ၇ာင်တောက်တောက် တွေကို ဇို မသိချင်ယောင် ဆောင်ထားလိုက်သည်..။
၀င့်ကြွား ဖို့လည်း မလိုသလို..မဟုတ်ပါဘူးဟယ်..ဆိုပြီး..အစအဆုံး ရှင်းပြရအောင် လည်း အခုမှတွေ့ဖူးသူတစ်ယောက်ကို လွယ်လွယ် မရင်းနှီးချင်ပါ...။
တီရှပ် အပွ ၄ထောင်ကျော်တန်နဲ့ ဂျင်း ၇ထောင်တန်က အကောင်းစားဆို သူ ၀တ်ထားတဲ့ မြန်မာ၀တ်စုံကကော ချူပ်ခ ပိတ်စ ဖိုးတွက်ကြည့်ရင် ဇိ်ို့ အ၀တ်အစားထက်ကို တန်ဖိုးကြီးလောက်ပါသည်..။
ဒါတောင် လက်က လက်ကောက်နှစ်ကွင်းက သိန်းချီ တန်နေတာ ထည့်မတွက်သေး..
တစ်ခါတစ်လေ လူတွေက ဘုရားသခင် ကို ကျေးဇူး ကန်းနေသလိုပဲ...
မတင်းတိမ်မရောင့်ရဲနိုင် ကိုယ်လောက်မှ ဘဝပေး အခြေအနေ မကောင်း တဲ့ သူတစ်ယောက်ကို သရေတမြားမြား အားကျစိတ်တွေနဲ့ စိတ်မချမ်းသာအောင် ထိုင်တွေးနေတက်တာ..
သူတို့ မို့ ဘုရားသခင် ကို အားမနာတယ်...။
“ဇို..”
“ဟမ်..”
“နင် က ငါ့ ကို မမှတ်မိဘူး ထင်တယ်..”
“အမ်း..မရောက်တာကြာလို့..” ဇို့ ဗီဇနဲ့ ဆန့်ကျင်ဘက်အအဖြစ်မကောင်းတက်ဘူး ဆိုတဲ့ အကြောင်းပြချက်ကြောင့် မုသားသုံးလိုက်ရသည်..တကယ်က သိကို မသိတာ...။
“အေးလေ..ငါ က ပုံ့ပုံ့လေ..”
“အော်..”
ဇို အသိအမှတ်တစ်ခု အဖြစ် ပြုံးလိုက်ပြီး..ရှေ့ က မာလကာသီး ငရုတ်သီးဆားနယ် ပန်းကန် ကို တိုးပေးမိသည်..။
တစ်ခုခု စားပြီး စကားသံတိတ် သွားအောင် ကြိုးစာမိတာပါ...။
“ဒါနဲ့ နင် ဟိုမှာ ဘာ အလုပ် လုပ်လည်း..”
“ငါက ဆယ်တန်း မအောင်တော့ မားကပ် တစ်ခုမှာ အရောင်း၀န်ထမ်းလုပ်ရတယ်...”
“ဟယ်..ကောင်းလိုက်တာ..ဟယ်...”
စကားဆုံးတာနဲ့ မျက်လုံး တောက်တောက်နဲ့ ထင်သလို ဝေဖန်ပြန်သည်..။
“နင်ကော..ဒီမှာ  ဘာလုပ်လည်း..”
“အောင်မလေး..အကြီးနဲ့ အတူ အိမ်အလုပ် လုပ်ရတယ်လေ..တစ်မနက်လုံးမအားရပါဘူး..”
“နင် က အကြီးနဲ့ နေတာလား...”ဇို ကိုယ့်အကြောင်းဖြေနေရတာထက် သူများအကြောင်းနားထောင်ရတာ ပိုကောင်းမယ် ထင်လို့ မေးခွန်းထုတ်လိုက်မိသည်..။
“အေးလေ..အိမ်မှာ မိသားစုလေးယောက်ရှိပါတယ်..အဖေနဲ့ အမေ က တစ်မျိုး အကြီးက တစ်မျိုး အကြီးစျေး၀ယ် ပြန်လာတာနဲ့ ချက်ရတာ ၁၀နာရီမှ နားရတယ်..ဒါတောင် ဒီနေ့ နင့်ဆီလာချင်လို့ ခွင့်တောင်းထွက်လာတာ..”
“အော်..ကျေးဇူးတင်ပါတယ်..ငါ  မသိတာ နားလည်ပေးပါ..”
“ရပါတယ်..ဟာ..”
မျက်နှာ အမူအယာ ပြောင်းသွားပြီး ရှေ့က ချထားတဲ့ မာလကာသီး ကောက်စားတော့သည်..။
သူမသိတဲ့ အရောင်း၀န်ထမ်း တစ်ယောက် တစ်နေ့ ၁၀ နာရီကြာ မတ်တတ်ရပ် ရတဲ့ ခံစားမှုမျိုးကို သူမသိဘူး..။
မချေမငံ့ ဆက်ဆံ တက်တဲ့ စျေး၀ယ်သူ တွေ အကြောင်း သူမသိသေးဘူး..။
အခွင့်အရေးယူတက်တဲ့ သိက္ခာမရှိတဲ့ယောင်္ကျားတစ်ချို့ အကြောင်းသူ မသိသေးဘူး..။
အလုပ်သမား အချင်းချင်း ခေါင်းပုံဖျက်တာ ဘာလည်း ဆိုတာ သူမသိသေးဘူး..
“ဒါနဲ့လေ..မီးကိုးလ် ကတော့ နင့် လို မကောင်းဘူးနော်..”
“ဘာကိုလည်း..”
“သူ အလုပ်ရှင် က မကောင်းဘူး အဲဒါကြောင့် အိမ်ပြန်လာတာ ရောက်ကတည်း က တမှိုင်မှိုင် နဲ့ နောက်ဆုံးတော့ ရောဂါနဲ့ပဲဆုံးသွားရရှာတာ...”
“ဒီမှာ ပန်းကန်ရပြီ ပုံ့ပုံ့...”
စကားပြောနေစဉ် အန်တီက ရောက်လာပြီး ပန်းကန်ပေးတော့ အဆက် ပြတ်သွားရသည်..။
“အင်း..ပြန်အုံးမယ်နော်..”
နှုတ်ဆက်ပြီးပြန်သွားပေမဲ့ သူ့ စကားကို အပြန်ပြန် အလှန်လှန် သုံးသပ်ရင်း ရင်မော လာရသည်..။
ငယ် သူငယ်ချင်းနဲ့ တစ်မြို့တည်း အလုပ်လုပ်နေပြီး အခုလို အခြေအနေတွေ ဖြစ်သွားတာ မယုံနိုင်သလို ဒေါသလည်း ဖြစ်နေရတာ..အခုတော့ ဇို သိစရာတွေ ကျန်နေသေးတာလား..။
ကိုယ့် အပြစ် မကင်းသလို ခံစားနေရသူအဖို့ တရားခံ ပေါ်လာတော့ အပြစ်ပုံချလိုသည့် စိတ်ကလည်း တိုးပွားလာရသည်..။
“အန္တီ..”
“ဟမ်..”ကွမ်းသီးစိတ်တွေ ကို လက်ထဲထည့်ပြီး ကွမ်းရွက် ထုံးသုတ်နေသည့် အန်တီက မကြည့်ပဲနဲ့ ပြန်ထူးသည်..။
“မီကိုးလ် က ဘာဖြစ်လို့ ဒီပြန်လာတာလည်း..”
အန်တီက မျက်လုံးပင့်ကြည့်ပြီး အကြည့်ကို ကွမ်းရွက်ဆီ ပြန်လွဲလိုက်ကတည်းက တစ်ခုခု ဆိုတာ သိလိုက်ြ့ပီ..။
“မိကိုးလ် ရန်ကုန်မှာ ကိတ်မုန့်ဆိုင်မှာ လုပ်တယ်ပြောတာပဲ..နောက်ပိုင်း ငွေပို ရအောင် ကျူရှင်လည်း သင်တယ်တဲ့လေ..စိတ်မကောင်းစရာက သူ သင်တဲ့ ကျောင်းသားတစ်ယောက်နဲ့ မေတ္တာ မျှသွားတယ်..အသက်ကလည်း ၂နှစ်လောက်ပဲ ကွာတာပါ..ဒါပေမဲ့ ယောင်္ကျားလေး အသိုင်းအဝိုင်းက ဘယ်လက်ခံလိမ့်မလည်း..သူတို့ မိဘသဘောမတူပဲ ၃လလောက်နေခဲ့သေးတယ်လေ..နောက်တော့ ကောင်လေးအမေ က ကောင်လေးကို လာပြန်ခေါ်သွားတာ..မီကိုးလ်လည်း ရွာပြန်လာတာပဲ..ရွာကလူတွေကတော့ မခွဲခြားပါဘူး သွေး၇င်းလို စောင့်ရှောက် ကြပေမဲ့ သူခံစားနေရတာ ကို ဘယ်လို ကုမလည်း..ကလေးမ က စိတ်ဒဏ်ရာ ရပြီး..အစားအသောက်မမှန် နေချင်သလို နေတာ ငှက်ဖျား နဲ့ ဆုံးတာပါပဲ..”
“..ကျစ်..” အန်တီ ရှင်းပြတာနားထောင်ပြီးချိန် ဇို ဒေါသ ကြောင့် ရင်ထဲမှာ ပူလောင်နေရသည်..။
“ကောင်လေး အမေ ကဆိုးတာပါ..ကောင်လေး က မေတ္တာ ရှိပါတယ်..မိဘ ကို မလွန်ဆန်နိုင်ရှာဘူး..”
“ဒါပေမဲ့..”ဇို  စကားမဆက်ချင်လို့ ရပ်လိုက်တာ ကို အန်တီက မကြည့်ပဲ..
“သူ့ ဘ၀ပဲပေါ့ကွယ်...ဇိုလည်း လိမ်လိမ်မာမာနေနော်..အရမ်းဆိုးတာ သူများ အမြင်ကပ်မယ်..”
“အဟား.လူတွေကို ဂရုမစိုက်ပါဘူး...အန်တီ..”
ဇို ဂရု မစိုက်စွာ ရယ်ပြီး ပြောလိုက်တော့ အန်တီ က သက်ပြင်းတစ်ခုချပြီး လက်ထဲက ကွမ်းသီးစိတ်တွေ ကို ပြန်ထည့်လိုက်သည်..။
“ဂရုမစိုက်တိုင်း မကောင်းဘူးကွယ်..”
“ဇိုကတော့ မီးကိုးလ် အတွက် အမှန်တရားကို ရှာမယ်..ပြီးရင် ထပ်တူ ပြန်ကလဲ့စားချေမယ်..”
အန်တီက ခေါင်းယမ်းရင်း. ဇို့ကို ကရုဏာမျက်၀န်းနဲ့ ဆိုက်ကြည့်ခါ
“အဲဒါ ဇို့ ရဲ့ ငယ်ငယ်ကတည်းက မကောင်းတဲ့ အကျင့်ပဲ..သိလား..အကြောင်းတစ်ခု ဖြစ်လာတာနဲ့ သူ တစ်ပါး ဘယ်လို ပြန်ခံစားအောင် လုပ်ရမလည်း အမြဲတွေးတယ်..Sister လည်း ဇို့ ကို ဆူတာ ခဏခဏပဲနော်..ကလဲ့စားချေချင်စိတ်ကြီးလွန်းတာ မကောင်းဘူး..”
“ဇို က မီးကိုးလ် မတရား အနှိမ်ခံ ခဲ့ရတာ သိတာတောင် ကျောခိုင်းထားရမှာလား အန်တီ..”
မီးကိုးလ်လို လူတော် လူကောင်း တစ်ယောက်ကို စိတ်ဒုက္ခပေးခဲ့တဲ့ လူတွေက ဘာမှ မခံစားရပဲ နေခွင့်ရှိနေတာ တရားသလား...
“မဖြစ်သင့်ဘူးဇို...တကယ်လို့ အဲလို လုပ်ရင်ကော မီးကိုးလ်က ပြန်လာနိုင်မတဲ့လား..အခုတော့ သူအေးချမ်းနေပါပြီ..တည်ငြိမ် အေးဆေးတဲ့ ကလေး အခုဆို အိမ်တော်မှာ ငြိမ်းချမ်းနေပါပြီ..”
“အဲလို မှ မလုပ်ပေးနိုင်ရင် ဇို့ အပြစ်လုံးလုံး ဖြစ်သွားလိမ့့်မယ်..မီးကိုးလ်နဲ့ တစ်မြို့ တည်း အတူရှိပြီး သူ့အခြေအနေ ကို မသိခဲ့ဘူး..သူ့နေမကောင်းတော့လည်း ဇို အနားမှာ မရှိပေးခဲ့နိုင်ဘူး..အခု သူ့ အတွက်တော့ အမှန်ကို ရှာဖွေရမှာပဲ...”
အန်တီ ကတော့ မလုပ်သင့်တဲ့ အကြောင်း သတိတွေပေးတာ အထပ်ထပ်ပါပဲ...။
ဒါပေမဲ့ ဇို က စိတ်ထဲမှာ အစီအစဉ် တစ်ခု ဆွဲထားပြီးသား ဖြစ်နေပါပြိ....။
တစ်နေကုန် စိတ်မကြည်တာ ညနေ ကားနဲ့  ပြန်ဖို့ ပြင်ထားလိုက်သည်..။
အန်တီ ကျောင်းက ပြန်လာတော့ ကျောပိုးအိတ်ကို အိမ်ရှေ့ချထိုင်နေတဲ့ ဇို့ ကို တွေ့တာနဲ့...
“ဇို..ပြန်တော့ဖို့လား..”
“ဟုတ်..”
“အင်း..လိမ်လိမ်မာမာနေနော်.. မီးကိုးလ် အတွက် ဆုတောင်းတာပဲလုပ်ပေးပါ တစ်ခြားဘာမှလျှောက်မလုပ်ပါနဲ့..တစ်လပြည့်ရင် လာအုံးမလား.”
ဇို ပြုံးလိုက်ပြီး အားလုံးကို ဆန့်ကျင်ကြောင်း ခေါင်းယမ်း ၀န်ခံလိုက်ရသည်..။
“..နှုတ်ဆက်ဖို့ သွားအုံးမလား...”
“ကားလက်မှတ် ၀ယ်ပြီးသွားလို့..” မုသားတစ်ခုနဲ့
ဇို ကျောခိုင်းပြီး ထွက်လာပေမဲ့ သံယောဇဉ် ကြီးတဲ့ အန်တီကတော့ နောက်ကျောကို  ကြည့်ပြီး မျက်ရည်ဝဲနေမှာ သိပါသည်..။
“ရန်ကုန် ကားလက်မှတ် လိုချင်လို့..”
“နမယ်...”
ဇို လက်ထဲက မှတ်ပုံတင် ချပေးလိုက်သည်..။
တစ်ခုနဲ့ ပြီးမှာ မဟုတ် ခဏခဏ ဖြေရမှာစိတ်မရှည်ချင်ပါ...။
“စိုး လား..”
“ဇို...”
“Zoe...စိုးလေ...”
ဇို ခွန်းတုန့်ပြန်မနေတော့ပဲ  စိတ်မရှည်သော မျက်နှာထားဖြင့် ရပ်နေတော့ ရေးချင်တာသာ အမြန်ရေးပြီး လက်မှတ်လှမ်းပေးသည်..။
လက်မှတ်ယူပြီးတာနဲ့ ပိုက်ဆံရေတွက် ပြီးချိန်ထိ မစောင့်ပဲ ထွက်လာခဲ့လိုက်သည်..။
တစ်ခါတစ်လေ..ကိုယ်တိုင်လည်း..နားမလည်..ဘာလို့ စိတ်မရှည် ချင်တာလည်း...။
လူ့ဘောင် အပြင် ကို ရောက်နေပြီလား..ဇို.....။
“စိုး...”
ကားလက်မှတ် မှာ ရေးထားသည့် စိုး ကို ကြည့်ပြီး စိတ်ရှုပ် လာခါ လက်မှတ်ကို လုံးချေ ချင်လာသည်..။
ကာယကံရှင် ကိုယ်တိုင်က ပြောပေမဲ့တစ်ခါတစ်လေ.. ရုံး၀န်ထမ်းတွေရဲ့ ဆရာလုပ်ပုံက လွန်ပါသည်..။
“ဇို..”
နာမည် ကြားရင် လူတစ်ချို့က လှောင်သလို ပြုံးစိစိ ဖြစ်သွားတက်ပြီး တစ်ချို့ ကျပြန်တော့ ခေါင်းကုတ် ကြပြန်သည်..။
တစ်ချို့ ကျတော့လည်း အဓိပ္ပါယ် စပ်စု သလို တစ်ချို့ကျတော့လည်း နာမည် အရှည် ရှိသေးလား မေးပြန်သည်..။
တကယ်တော့ ဒီမေးခွန်းတွေကို အန်တီ ထွေး ကို ၈နှစ် အရွယ် ကတည်း ဇို မေးခဲ့ဖူးပြီးသားပါ..။
“ကျောင်းရှေ့မှာ တွေ့ကတည်းက ကလေး နာမည် ကို ဘုန်းတော်ကြီး ဒေးဗစ် က မှည့်ပေးထားတာလေ....”
ထို အချိန်မှ စလို့ ဇို ဆိုတဲ့ နာမည် ကို တော်တော် နှစ်သက်သွားခဲ့ရသည်..။
လူတစ်ချို့ အစ်မ ညီမ နာမ်စားခေါ်ရင်တောင် မကြိုက်တော့လောက်အောင် ခုံမင် နှစ်သက်မိသည်..။
အဓိက အကြောင်းကတော့ မွေးပြီး တာ၀န်မယူပဲ စွန့်ပစ်တဲ့မိဘတွေက မိဘအာဏာ သုံးပြီး ပေးသွားတဲ့ နာမည် မဟုတ်ခဲ့တာက ဇို့ အတွက် ဂုဏ်ယူ စရာပါ...။
“ဟို ဘက် နည်းနည်း တိုးလို့ ရမလား..ကလေးထိုင်ဖို့လိုလို့ပါ..”
“ကလေးဖို့ ဆို တစ်ခုံ ၀ယ်လေ..”
ဘေးခုံက အမျိုးသမီး က ဇို့ကို လူကျင့်၀တ်နားမလည်တဲ့ သူ တစ်ယောက်လို့ စိုက်ကြည့်ပြီး နှုတ်ခမ်းရွဲ့ခါ သူ့ကလေးကို ပေါင်ပေါ်ဆွဲတင်ထိုင်ခိုင်းလိုက်သည်...။
တကယ်ဆို လူ့ကျင့်၀တ်ဆိုတာ ကြီးကို ခုထုံးလုပ်ပြီး အခွင့် အရေး ယူနေကြတဲ့ လူတွေက တစ်နေ့တစ်ခြား ပေါများလာပြီ...။
ဘေးခုံက မိန်းမနဲ့ ကလေး က ချို့တဲ့ဆင်းရဲတဲ့ ပုံပေါက်ရင် ဇို့ ခုံကို ပေးလိုက်ပြီး အောက်မှာ ဆင်းထိုင်ဖို့ ၀န်မလေးပါ...သို့သော်..၀တ်ထားတဲ့ လက်ကောက် ဒေါက်ဖိနပ်နဲ့ မိတ်ကပ်ထူထူ လိမ်းနိုင်ပေမဲ့ ကလေးအတွက်ခုံ တစ်ခုံတောင် ၀ယ်မထားနိုင်တာတော့  စိတ်ပျက်စရာ ကောင်းလှပါသည်..။
သာမန် လူဆို စိတ်မ၀င်စားပေမဲ့..ဇို ကတော့ လဲ့ရည် ပြောသလို ဆိုက်ကို ဖောက်နေတာကိုး...။
ကားစီးရတာ ၆နာရီမို့ ရန်ကုန် မ၀င်ခင် ကလေးက ငိုက်ပြီး ဇို့ လက်ပေါ်ခေါင်းစိုက်ကျလာသည်..။
“ဟဲ့ နင် ဘယ်လို လုပ်လိုက်တာလည်း..”
ဘေးခုံ က မိန်းမ အသံက ဟိန်းထွက်သွားတော့ ကားထဲ လူတော်တော် များများရဲ့ အကြည့်တွေက ဇို့ ဆီ ကျလာသည်..။
“ကလေးကို ဟယ် ဆောင့်တွန်းလိုက်တာ ဇက်တွေဘာတွေ ခေါက်သွားတော့ ဘယ်လို လုပ်မလည်း..”
“ငါ့ လက့်ပေါ် လာအိပ်နေလို့..”
“ဟဲ့ တမင်မှ မဟုတ်တာ..ကလေးတစ်ယောက် က ဘယ်လောက် လေးမှာမို့လို့လည်း..”
အသံမြှင့်ပြီး ရန်တွေ့ရင်း ဘေးဘီ ကို ကြည့်ခါ စစ်ကူ တောင်းလိုက်မှန်းသိပါသည်..။
“ကလေးအတွက် နှစ်ထောင် တန် ခုံ တစ်လုံး မ၀ယ်ပေးနိုင်ပဲ ခြောက် နာရီလောက် ဒုက္ခ ပေးလာတဲ့ အမေလောက်တော့ ငါ မရက်စက်ပါဘူး..”
“ဟဲ့ ကိုယ့် အခြေအနေနဲ့ ကိုယ်ပဲ...လူမှန်ရင် နင့်လိုတော့ လုပ်မှာ မဟုတ်ဘူး..”
ဇို ပြန်မပြောပဲ သူ့ လက်ကောက် အထပ် ဆွဲကြိုး နဲ့ လက်ကိုင် အိတ်အဆုံး တစ်ကိုယ်လုံးကို စေ့စေ့ ကြည့်လိုက်တော့ မှ ရှက်ပြီး နေရာမှာ ပြန်ထိုင်လိုက်တော့သည်..။
တစ်ခါတစ်လေ..လူတွေ မြင်ကွင်းတစ်ခုကို ကြည့်ပြီး အလိမ်ခံရတာ သိပ်လွယ်တာပဲ..။
ကားဂိတ်ရောက်တာနဲ့ လဲ့ရည် ကားကို တွေ့တော့ အမောပြေရသည်..မဟုတ်ရင် ဒီနေပူပူ မှာ စိတ်က ထွေ ရအုံးမည်..။
“ဘယ်လိုလည်း..ရွာပြန် အမှတ်တရ လက်ဆောင် ဘာပါလည်း..အမိ..”
“ပဒိုင်းသီးတွေ ပေါလို့ ကောက်လာတယ်..”
“ခွေးမလေး...နင့်ဟာ့နင်စား..”
“နင်ပြောတော့ ငါ က ဆိုက်ကို ဆို..”
“အရူးဘွဲ့ ခံရလောက်အောင် မဟုတ်သေးပါဘူး...”
“ဟား..ဟား...”
တိုက်ခန်း ရှေ့ ကားရပ်တာနဲ့ ဇို ကျောပိုးအိတ်ကို ဆွဲချလိုက်ပြီး ကားနောက်ဖုံး ပြန်ပိတ်ပေးလိုက်သည်..။
“ဟဲ့..အပြင်သွားရင် သော့ပိတ်အုံးနော်....”
“အမ်းပါ...”
ဇို ပြီးစလွယ်ခေါင်းညိတ် ပြီး..အိမ်သော့ဖွင့် ၀င်လာခဲ့လိုက်သည်..။
ဘာပဲပြောပြော ဒီနေရာ မှာ နေရတာ အသားကျနေပါပြီ...။
ဇို အခန်းထဲ ရောက်တော့ ကျောပိုးအိတ် အတွင်းအိတ်ထဲက မီကိုးလ် စာအုပ်ကလေးကို ဖွင့်ပြီး လိပ်စာ တစ်ခုကိုမှတ်ထားလိုက်သည်..။
“ဇို ရေ ထမင်းစားမယ်...”
“အမ်း..”
ဇို မီးဖိုခန်းထဲ ရောက်လာတော့ လဲ့ရည် က ၀ယ်လာတဲ့ ထမင်း ဟင်းတွေကို ပန်းကန်ထဲ ထည့်ပြီးနေပြီ...။
“နင် အပြင်ထွက်အုံးမလား.”
“စားပြီးတာနဲ တန်းအိပ်မှာ...”
“အိုကေ...”
လဲ့ရည် က ထမင်း ထည့်နေရင်း လက်နှေးသွားပြီး
“ဒါနဲ့ နင့် သူငယ်ချင်း ဆုံးသွားတာဆို ငယ်ငယ်လေး ပေါ့နော်..ဘာရောဂါလည်း...”
“မသိဘူး..”ဇို့ အသံ က ငေါက် သလို ဖြစ်သွားတော့ လဲ့ရည်က  ထမင်းကို ဆောင့်ထည့်ပြီး ထိုင်စားချိန် ဇို လည်း ခပ်သွက်သွက် စားလိုက်ရသည်...။
အိပ်ယာထဲရောက်တာနဲ့ အတွေးထဲ ရောက်လာတာ မီးကိုးလ် ရဲ့ အားငယ်သူ အပြုံး...။
...
ဒေါ်စိမ်းမြရည် တစ်ယောက် အိမ်ထဲ မှာ လမ်းလျှာက်နေတာ သုံးခေါက်မက ရှိနေပါပြီ..။
နာရီ ကို မော့ကြည့်လိုက်ပြီး ဖုန်း ကိုကောက်ကိုင်ပြီး ခါမှ ပြန်ချလိ်ုက်ရသည်..။
တကယ်ဆို.ပြန်လာသင့်တဲ့ အချိန်ကျော်နေတာ စိတ်ပူသင့်ပေမဲ့ ..
ညီမ ဖြစ်သူရဲ့ သတိပေးထားစကား တစ်ချို့ ကြောင့် မြိုသိပ်ထားရသည်..။
သူတို့ ထင် သလို စည်းကမ်း တင်းကြပ်ပြီး လူငယ် တစ်ယောက် အခွင့် အရေးတွေ ပိတ် ပင်နေတာ မှ မဟုတ်တာပဲ...စည်းလွှတ်ဒုံးလွှတ် ဖြစ်မှာ စိုးလို့ မိခင် တစ်ယောက်အနေနဲ့ ထိန်းသိမ်းပေးနေရတာ ဘယ်လောက် ပင်ပန်းလည်း ဆိုတာ ဘယ်သူမှ မသိနိုင်..။
သားလို နာမည်ကျော် တစ်ယောက်က ကောလဟာလ သတင်းလေး တစ်ခုကြောင့်လည်း. ဘဝပြောင်းသွားနိုင်သည်..။
အောင်မြင်မှုဆိုတာ အကန့်အသတ် မရှိပေမဲ့ လုပ်ရပ် တစ်ခုလေးကြောင့် ဘ၀ပျက်သွားတဲ့ သူတွေလည်း ဒုနဲ့ဒေး..။
အနုပညာလောက အမြဲတမ်း ရှုပ်ထွေးနေပြီး..မလိုသူတွေကလည်း အပြုံးတင်ပြီး ဆက်ဆံနေကြတာ မိတ်ဆွေ ရန်သူ ခွဲခြားဖို့တောင် မလွယ်တဲ့ အသိုင်းအဝိုင်းတစ်ခု..။
ပူပန် နေတဲ့ စိတ်တွေက ကားမီးရောင်ကြောင့် သက်သာ ရာ ရသွားသည်..။
ကားပေါ်က ဆင်းလာပြီး အိပ်ဝရောက်တာနဲ့
“မာမီ မအိပ်သေးဘူးလား.” ပူပန်ပုံ ပြတဲ့ မေးခွန်းတစ်ခုကြောင့် စိတ်တင်းထားတာတွေ လျော့သွားပြီး မျက်နှာ က အပြုံး နဲ့ ၀င်းပ သွားရသည်..။
“သား ကို စောင့်နေရတာလေ..”
ဒေါ်စိမ်းမြရည်  သားဖြစ်သူ ကိုတွေ့ရတော့မှ မနေနိုင်လို့ အိမ်တံခါး၀ အထိ လျှောက်သွားလိုက်သည်..။
“ပူး ပြောထားရဲ့သားနဲ့ ကင်မရာ သမားက နောက်နေ့ မကူးချင်လို့ ဆိုပြီး ပြီးအောင် ရိုက်နေတာ...”
“အင်း..ရစ်ချက် ဘယ်မှာလည်း..”
“ညနက်နေလို့ ပြန်သွားပြီ မာမီ..”
မာမီဆီ က  ကျလာတဲ့ အကြည့်တစ်ချက်  ကို ပူး ခေါင်းငုံ့ ရှောင်လိုက်ရသည်..။
“ကဲ ထားတော့ သား ကို မာမီ ယုံတယ်...သွားနားတော့...”
ပူး လွတ်ပြီ လို့ စိတ်ထဲမှာ ကြွေးကြော်ပြီး..လှေကားအနား ရောက်မှ ..”သား ကို မာမီင်္ ယုံတယ်” ဆိုတဲ့ စကားက ပဲ့တင်ထပ်နေရသည်..။
လှေကားက နေ နောက်ကြောင်း ပြန်လှည့် လာပြီး မာမီရှေ့ကိုရောက်တော့ ခေါင်းငုံ့ထားမိသည်..။
“ပြောစရာ ရှိသေးလို့လား..”
“ဟုတ်..”
ဒေါ်စိမ်းမြရည် တစ်ချက် ပြုံး လိုက်ပြီး မေးဆပ် ပြလိုက်တော့
“ရှုတင် ပြီးတာ ၉နာရီပါ..မွန်မွန် မွေးနေ့ပါတီ ကို ၀င်နေလို့ နောက်ကျ သွားတာပါ  မာမီ..”
“မာမီ ကို လိမ်တာပေါ့..ဟုတ်လား..” မာမီ မျက်နှာ ကို မကြည့်ရဲပေမဲ့ အသံနားထောင်ရင်း စိတ်ဆိုးနေမလား ခန့်မှန်းမိသည်..။
“မာမီ စိတ်ဆိုး မှာ စိုးလို့ပါ...”
“အမှန် အတိုင်း ပြောရင် နားလည် ပေးနိုင်တယ်..လိမ်တာ လုံး၀မကြိုက်ဘူးဆိုတာ သားလည်း သိသားပဲ..”
ဘာမှမပြောပဲ နှုတ်ဆိတ်ခေါင်းငုံ့နေတဲ့ သားဖြစ်သူကို သနားတာနဲ့..
“သွားနားတော့လေ..မွန်မွန်အိမ်မှာ ဆို ကိစ္စ မရှိပါဘူး..လိမ်တာ မဟုတ်ဘူးမလား..”
“မလိမ်ပါဘူး..မာမီ...”တုန့်ပြန်တဲ့ စကားက တုန်ယင်နေတော့ လိမ်မိလို့ နောင်တ ရနေပြီဆိုတာ သိလိုက်သည်..။
“သား က အမှန် အတိုင်း ၀န်ခံလို့ မာမီ ကျေးဇူးတင်ပါတယ်..”
မာမီ က ပခုံးကို ဖိ ပြောတော့မှ ပူးနေရတာ သက်သာ သွားတော့သည်..။
“ဂိမ်းဆော့ မနေနဲ့ တန်း အိပ်နော်...”
“ဟုတ်...”
ပူး လှေကားတွေကို လွတ်လပ်ပေါ့ပါးစွာ ပြေးတက်ရင်း..နှုတ်ခမ်းမှာ အပြုံးတင်နေရသည်...။
မာမီ က ပူးကို တစ်ယောက်ထဲ အုပ်ထိန်း ရသူ ပီပီ တစ်ခါတစ်လေ..အဖေ လို ကြောက်ရွံ ရိုသေ ရသည်..။
ငယ်ငယ် ကတည်းက ကြော်ငြာတစ်ချို့ ရိုက်ရင်း နေရာ ရလာတော့ ပိုတို မော်ဒယ် အဖြစ် ခံယူထားရတာ အခုဆို တတိယနှစ်ရောက်နေပြီ..ဒါပေမဲ့ မာမီမျက်လုံးထဲမှာတော့ ပူးက နာမည်ကျော် မင်းသား လူငယ် တစ်ယောက် မဟုတ်..။
မနက်ဖြန် ကျရင် ကို ရစ်ချက် ကို မေးမှ ပိုဆိုးလာမှာ ဆိုးလို့ ပူး ကုတင်ပေါ် က ထပြီး ဖုန်းထုတ်ဆက် လိုက်ရသည်..။
“ဟလို...”
“ပြော..ပူး..”
“မနက်ဖြန် မာမီ မေးရင် အမှန်အတိုင်းပြောလိုက်..” ကိုရစ်ချက် က ပူး စိတ်ကို နားလည် သလိုမျိုး တေ့ငေါ့တော့ မှာ သိနေသည်..။
“ဘာလည်း..မင်း ပြောလိုက်ပြီမလား..”
“ဟုတ်တယ်..”
“ဟား..ဟား..သိသားပဲ လိမ်ကြမယ် ပြောကတည်းက လက်ကတုန်နေတာလေ..”
“ကြောက်တာကိုး...မာမီ စိတ်မဆိုးတာ တော်သေးတယ်...ဒါပဲ အိပ်တော့မယ်...”
ပူး ဖုန်းချ ပြီးတာ နဲ့ ရေချိုးခန်း ၀င်ပြီး ကိုယ်

လက် သန့်စင်ခါ ည၀တ်စုံ တစ်ခါ တည်း လဲလိုက်သည်..။
အိပ်ယာပေါ် လဲချလိုက်တာနဲ့ ပေါ်လာတာ မွေးနေ့ပွဲမှာ လှလွန်းနေသည့်
မွန်မွန်ရဲ့ ပုံရိပ် တစ်ချို့ ...။

。☆✼★━━━━━━━━━━━━★✼☆。

အဟမ်း အခုမှပြန်စရေးတော့ အသစ်သစ်လို ဖြစ်နေတာ နားလည်ပေးပါနော် 🙏❤📖
အရေးအသားမကောင်းလည်း
ဖတ်ပေးလို့ကျေးဇူးပါ ❤

Love u all
#စပိုက်ကာ

ZoeWhere stories live. Discover now