Zoe
အပိုင်း(၁၅)
#ဇိုစပိုက်ကာ“ဇိုရေ..ရေနွေး ရပြီလား..”
“အမ်း..”
မီးဖိုဆောင် ထဲမှာ အလုပ်များနေရသူက အမ် နှင့် ဇို နှစ်ယောက်တည်းသာ...။
မာမာ ဆေးခန်းသွားလို့ မစု မမိုး တို့ က ကလေးတွေ ဖြင့်သာ လုံးချာလိုက်နေရသည်...။
“ရပြီလား..”
“သိဘူး..ကိုယ်လည်း တစ်ခါမှ မလုပ်ဖူးဘူး..”
ကြက်သားဟင်း ချက်မိခါမှ ဟင်းမနူးသည့် အဖြစ်ကြောင့် နှစ်ယောက်စလုံး နဖူးချွေးပြန်နေရသည်..။
“ဟင်းမရလည်း..နောက်တစ်မျိုးဘာလုပ်ရင် ကောင်းမလည်း..”
“ဘဲဥ ချက်မလား..”
“ဘဲဥဟင်းက ခုမှ စလုပ်ရင် ကြာအုံးမှာ..”
“အင်း..”
“ဟာ...အမ့်..” ဇို ဆောင့်အော်လိုက်တော့့ သူ က လန့်ပြီး လက်ထဲက ယောက်မ ကြီးကိုတောင် လွှတ်ကျသွားသည်..။
“ဟာ..မီးထည့်လေ..ဘာလို ဆွဲထုတ်နေတာလည်း..”
“တူး..တူး..မှာစိုးလို့ပါ..”
“မတူးအောင်မွှေ ..ထည့်...”
“အင်း..”
စိတ်မရှည်လို့ ဇို ကိုယ်တိုင်ပဲ လိုက်ကောက်ပြီး အကုန်ထိုးထည့်ပစ်လိုက်သည်..။
“မာမာ မ၇ှိတာနဲ့ အကုန်၀ရုန်းသုန်းကားဖြစ်ကြတာပဲ...”
“အင်းနော်..”
“အမ် က လည်း ဒီမှာ လုပ်နေပြီး ဘယ်လို ချက်ရမယ်တောင် မသိဘူးလား..”
“ကိုယ်က ကူပဲ လုပ်ပေးတာလေ...တကယ်ချက်တာက မာမာ..”
“ဟာ..ဟာ...မွှေ...”
“အင်း..”
ဇို ပြောလိုက်မှ သတိရပြီး အားစိုက်မွှေနေတာတောင် ရပုံမပေါ်..
“ဖယ်..”
သူ့ကိုယ်ကို ပခုံးနဲ့ တွန်းလိုက်ပြီး ဇိုပဲ ၀င်မွှေနေရသည်..။
“ဇို က သန်လိုက်တာ..”
“ဟုတ်တယ်..အရင်က နဘမ်းသမားမို့လို့..”
“သြော်..ထင်တော့ထင်တယ်...”
ဇို ဟင်းအိုးမွှေနေရင်း ပြုံးစိစိ ဖြစ်သွားရသည်....ဆရာ ဖြစ်ပြီး တုံးလိုက်တာ ....
“ဟင်းနံ့ က မွှေးလာပြီလားလို့...”
“ထမင်းပန်းကန်တွေ ထုတ်လိုက်တော့..”
“အင်း..”
ဇို ခိုင်းသမျှကို ခေါင်းညိတ်ပြီး အပြေးအလွှား လိုက်လုပ်ပေးနေရသည့် ဆရာ့ဘ၀..။
“ဘယ်လိုလည်း..”
“ယမ်မီ..စိုး...ဂွဒ်..”
“ကောင်းတာလား မကောင်းတာလား..”
ဟင်းဇွန်းကို ကိုင်ပြီး မြည်းနေတဲ့ သူ့မျက်နှာကို ဘာများပြောင်းလဲမလည်း လို့ လိုက်ကြည့်နေမိတာ...
“ကောင်းတာ..”
လက်မတောင်ပြီးပြောတော့မှ ဇို အသက်၀၀ရှုနိုင်သည်..။
“အသားကော..”
“ရပြီ...”
“အိုကေ...စားလို့ရပြီ...အိုးဖုံး ဖွင့်ထားလိုက်..အရမ်းပူနေတယ်..”
ဇို ထမင်းစားဖို့ အတွက် လိုအပ်တာတွေ စီစဉ် ပြီး မစု နဲ့ မမိုးကို အကြောင်းကြားလိုက်သည်..။
ကလေးတွေ ထမင်းစားပြီးတဲ့ အထိ စောင့်ပေးချင်ပေမဲ့ ဇို အလုပ်ကို ပြန်သွားရမှာမို့ မနှုတ်ဆက်ပဲ ထွက်လာခဲ့လိုက်ရသည်..။
.
“ဇို ရေ ..ဘယ်လိုလည်း..”
မနက်အပြင်ထွက်ခါနီး မှာ ကပ်မေးလိုက်တော့ ဇို အ၀တ်လဲရင်း..
“မသိဘူး..တော်တော်လေး ခေါင်းစားနေတာ...နင်တို့ ကလည်း အသုံးကို မကျဘူး..”
“ဘာဆိုင်တုန်း...”
ဇို ရဲ့ မကျေမနပ် စွပ်စွဲချက်ကို ခိုင်ခိုင်က မျက်စောင်းထိုးရင်း မေးခွန်း ပြန်ထုတ်သည်..။
“ဟာ..ငါ့ပေ့ခ်ျ မှာ မှတ်ချက် ၀င်ရေးပေးပေါ့...”
“အောင်မယ်..နင့် ပစ္စည်း တို့မှ မသုံးဘူးတာ..”
ဘယ်က ဘယ်လို ရောက်လာမှန်း မသိသည့် အလတ်မ က ၀င်ပြောတော့ ဇို ပြောစရာ စကားဖြတ်လိုက်ရသည်..။
နှစ်ယောက်စလုံး ပေါင်းပြီး ရန်တွေ့တော့မှာ သိနေသည်..။
“နင် က ၀ယ်သူ တစ်ယောက်မှ မရသေးဘူးလား..”
“အေး..ဒီလ ကုန်လို့ မှ ပစ္စည်း မကုန်ရင် ငါတော့ ပဲထမင်း စားရပြီပဲ...”
“နင် က လည်း ရှည်တာ...ဘာကိစ္စ ဒါတွေလုပ်လည်း မိတ်ရှိတာလည်း မဟုတ်ပဲနဲ့..”
သူတို့ ဝေဖန်အပြစ်တင်လေ..ဇို့မှာ နောင်တ အခိုးတဝေ၀ နဲ့ ကိုယ့်ကိုယ်ကို သာ ဒေါသထွက်နေမိသည်..။
“ငါတို့ ရုံးမှာ ရောင်းပေးမယ်..”
“မရဘူး..ဒါ ကျောင်းသားတွေ အတွက် ထုတ်ထားတဲ့ ဒီဇိုင်း..”
“ငါတော့ စိတ်ညစ်ပါတယ်ဟာ..”
ခိုင်ခိုင်ကပါ ဇို့ ဆီက အပူကူးပြီး ညီးတွားနေတော့ အားနာရသည်..။
“အိုကေ ပါတယ်..အင်တာနက်မှာ ထပ်တင်မယ့် ဒီတစ်ခါ ကိုရီးယား ဒီဇိုင်းချပြလိုက်မယ်...အဆင်ပြေမှာပါ...ငါ ရောင်းကုန်မှ နင်တို့ဖိကောခဲ့တာလေးတွေ မမေ့ကြေးနော်..”
ဇို ကျိန်းပြီး ထွက်လာခဲ့ရတာ ကိုယ်အခြေအနေ ကို သိနေပါပြီ..
ကိုယ့် အရည်အချင်း ကို ယုံကြည်ပြီး ကြိုးစားခဲ့ပေမဲ့
အလွယ်တကူ တွေးခဲ့တဲ့ ကိစ္စက ထင်သလောက်မပေါက်လာချေ..။
အင်တာနက်ကနေ ပစ္စည်း ၀ယ်ဖို့ ဆိုတာ တော်ရုံ ယုံကြည်မှုမျိုးနဲ့မှ မရနိုင်တာ...။
ဇို့ရဲ့ အားနည်းချက်က ကိုယ်ပိုင်ဆိုင် မရှိပဲ အွန်လိုင်းဆိုင် သပ်သပ် ဖြစ်နေတာက ၀ယ်သူကိုတောင် အတွေးများစေသည်..။
အချိန်တွေက နောက်ပိုင်းမှာ အကုန်မြန်လာသလို ချေးထားတဲ့ ငွေ တွေကို ပြန်ဆက်ဖို့ကလည်း အချိန် ဆယ်ရက်သာ ကျန်တော့သည်..။
လောလောဆယ် လက်ထဲက ပစ္စည်းတွေ အရှုံးခံပြန်ရောင်းတောင် တစ်၀က်ပြန်ရဖို့မလွယ်..။
နောက် ဆယ်ရက် အတွက် ကြိုတွေးမိရင် ဇို ပြသာနာထက် မနွယ်ကို အားနာ လွန်းလို့ သာပိုပြီး စိတ်ဆင်းရဲရသည်..။
ခလုတ်တွေ့ မှ အမိတ ဆိုပေမဲ့ တစရာ အမိ မရှိတော့ ဘုရားကိုတ ဖို့ ဘုရားကျောင်းကိုသာ ထွက်လာခဲ့လိုက်သည်..။
အန်တီ ပြောဖူးတဲ့ “ဘုရားသခင်ကို လိုအပ်လာတဲ့ အချိန် ဘုရားသခင် ရှိတာကို ယုံလာလိမ့်မယ်..”တဲ့..။
ဇို ဘုရားကျောင်းက ပြန်ထွက်လာတော့ စိတ်အနည်းငယ် သက်သာသွားရသည်..။
လူတွေက လူဘောင် လူစည်း လူလောက မှာ အကြောင်းတစ်ခုကြောင့် စိတ်မွန်းကြပ်လာတိုင်း ကိုးကွယ်ရာ ဘုရားအရိပ်မှာ ခိုလှုံ ရင်ဖွင့်ကြသူချည်းပါပဲ..။
“အစ်မ ထမင်းဖိုး ဟင်းဖိုးလေး..ပေးပါ..”
ဇို ကြည်လင်နေတဲ့ စိတ်ကလေး တောင် နောက်ကျိ မှုန်ကြုတ်သွားရသည်..။
ဗိုက်ဆာပါတယ်ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ဒီကလေးက အကျီ င်္ ကြယ်သီးတောင်ပြုတ်နေလောက်အောင် ဗိုက်က ထွက်နေသည်..။
တောင်းတဲ့ သူတိုင်းကို ကူညီချင်သော်လည်း အခုလို အယောင်ဆောင် စီးပွားရေးသမားလေးတွေကို တော့ နည်းနည်းမှ အားမပေးပါ...။
ကြည်လင်နေတဲ့ စိတ်ကလေး ပြန်၀င်လာတော့ ကိုယ်တောင် မိဘမဲ့ ဘ၀နဲ့ ဒီအသက်ရတဲ့ အထိ ဘုရားသခင်က ကျေနပ်စွာ ကျွေးမွေး လာသေးတာပဲ...။
“..ဗိုက်၀တာ ၀ယ်စား..တခြားကလေးတွေလည်း..၀ယ်ကျွေးအုံး...ကော်ရှုဖို့ပေးတာမဟုတ်ဘူးနော်..”
“သား မရှုတက်ပါဘူး..”
ဇို ပေးလိုက်တဲ့ ငါးထောင်တန်ကို မျက်လုံးပြူးလေးဖြင့် ကြည့်ခါ မဝံ့မရဲ ဖြစ်နေပြီး မိနစ် ပိုင်းကြာသည် အထိ မယူသေး..။
“ယူလေကွာ..”
“ဘယ်လောက်ပြန်ပေးရမလည်း..”
“မပေးနဲ့...ဗိုက်ဆာနေတဲ့ သူနဲ့ မျှစားလိုက်..ငါ့မှာ ဒါပဲရှိတာ..ကောင်းတဲ့ နေရာမှာသုံးနော်..ကြားလား..”
ပိုက်ဆံယူရင်း မျက်ရည်ဝိုင်းနေသည့် မျက်၀န်း တစ်စုံနဲ့ မော့ကြည့်တော့ မသဒ္ဓါဘူးလို့ တွေးမိခဲ့တဲ့ စိတ်ဓာတ်ကို မုန်းတီးလာမိသည်..။
မကြင်နာတက်တဲ့ နှလုံးသားပိုင်ရှင် တစ်ယောက်ဖြစ်နေပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာသည့် ခံစားမှုကြောင့် ညစ်ပတ်ပေရေ နေသည့်ထိုကလေး ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်ပြီး..
“သွား..လမ်းကို ကြည့်ကူး..”
“အစ်မ ဒီထက် မက ချမ်းသာပါစေ..”
လမ်းကူးသွားသည့် ကောင်လေး ကိုကြည့်ရင်း မျက်နှာမှာလှောင်ပြုံး တစ်ခု တင်သွားရသည်..။
ဒါဟာ..ချေးငွေ ငါးထောင်တန်တွေထဲက နောက်ဆုံး တစ်ရွက်ဆိုတာ..ဘုရားသခင် သာပိုလို့ သိပါလိမ့်မည်..။
ဇို အလုပ် နှစ်ခု လုပ်ရတာ မပင်ပန်းမဲ့ မတိုးတက် တာတော့ ခံစားရသည်..။
“ထမင်းစားပြီးပလား..”
“ဟမ်..” အလုပ်က ပြန်လာပြီး အိမ်ရှေ့ ခုံမှာထိုင်နေတဲက ဇို့ ကို ခိုင်ခိုင်က ရိုက်ပြီး.
“ထမင်းစားပြီးပြီလားလို့..မေးနေတာဟဲ့..စိတ်က ဘယ်တွေရောက်နေတာလည်း..”
“အမ်း..”
မစားရသေးသော်လည်း ဗိုက်မှ မဆာတာပဲ လက်ကျန် ကိုး ရက် အကြောင်း တွေးမိရင် စိတ်ပူပန်မှုက သာတိုးလို့ လာရသည်..။
ကတိ တစ်ခု ကို တည်နိုင်အောင် အသေအကြေ ကြိုးစားနေပေမဲ့ ဖြစ်မလာတော့ လက်လျော့ ရတော့ရမလိုလို...။
အရာရာ ကို ကြိုတင်စီစဉ် တက်သည့် ဇို ဒီတစ်ခါတော့ ထိချက်ပြင်းတော့မည် ဆို တာ အလိုလို သိနေသည်..။
ဖုန်းက နိုတီ မီးစိမ်းလေး လင်းနေတာ တွေ့တော့ မျှော်လင့်ချက်မဲ့ စွာ ၀င်ကြည့်လိုက်ချိန်....။
“အား.....အ.....အ....”
“ဘာဖြစ်တာလည်း...ဘာဖြစ်တာလည်း..ဇို..”
ဇို ရဲ့ အော်သံကြောင့် ခိုင်ခိုင် ထပြေးပြီး မေးတော့ ဇို ပါးစပ်ကို လက်ဝါးနဲ့ အုပ်ပြီး မျက်လုံးသာပြူးပြနိုင်သည်..။
“ဟဲ့...ဘာဖြစ်တာလည်း...မြွေတွေ့လို့လား..”
ခိုင်ခိုင်က ခပ်လှမ်းလှမ်းကနေ မျက်လုံးပြူးပြီး အော်တော့
“မဟုတ်ဘူး..မဟုတ်ဘူး...အော်ဒါ တစ်ယောက် တင်သွားပြီ..”
“ဟာ....ဒီမှာ လန့်လို့သေတော့မယ်..ဇိုရယ်..”
“ငါ ပျော်သွားလို့ပါ...”
“ဘယ်နှစ်ခု ၀ယ်တာလည်း..”
“တစ်ခုပေါ့ဟ...”
ခိုင်ခိုင် က နှုတ်ခမ်းကို ညှာတာမှုကင်းစွာ မဲ့ ပစ်လိုက်ပြီး သူ့ အခန်းထဲ ၀င်သွားတော့မှ ဇို စိတ်ရှိတိုင်းပျော်ခွင့်ရတော့သည်..။
“နင်က ပါဆယ်တောင် ထုတ်နေပြီိ ဟိုဘက်က ကြိုက်မကြိုက်မေးပြီးပလား.”
“အမ်း ကြိုက်တယ်တဲ့ လျော့သွားတယ်ပြောတာတောင် လက်ခံတယ်...ငါတော့ ရောင်းထွက်ပြီ..”
ခိုင်ခိုင် က ဇိုပြောလိုက်စကား ကြောင့် အော်ရယ်နေတော့ ဇို စိတ်တိုလာသည်..။
“ဘာလည်း..”
“ဟား..ဟား..နင် ရောင်းစွံ သွားပြီဆိုတော့ မင်္ဂလာဆောင် ဘယ်တော့လည်း..ဟမ်..”
“ခွေးမ ရဲ့ လက်စွပ်ကို ပြောနေတာ..”
“ဟား..ဟား..ပစ္စည်း ရောင်းစွံသလို လူလည်း ရောင်းစွံပါစေရှင်...ဘယ်တော့ များ စွံ မလည်း ငါလည်း သိချင်တယ်..နင် စွံ မှ ငါ လည်း စွံ လို့ ရမှာလေ..”
“တော်စမ်းပါ...ဘာမှ ဆက်မနေဘူး..”
“အဟင်း...နင် က ဘာလို့ မရှာလည်း လောက မှာ ရှာဖွေလေ တွေ့ရှိလေ..”
“ငါက ချစ်တဲ့ ယောင်္ကျား ငါ့ကို ချစ်မဲ့ ယောင်္ကျား ဒီလောက မှာ မရှိလို့ပေါ့ဟာ...”
“သွပ်...သွပ်...”
ခိုင်ခိုင်က ည၀တ်အကျီ င်္ ဂါ၀န်ကို မခါ ထွက်သွားတော့မှ ဇို အလုပ်ကို စိတ်ပါ၀င်စားစွာ ပြန်လုပ်ခွင့် ရတော့သည်..။
မနက် အလုပ်မှာ ပို့စရာ အကုန်ပို့ပြီးတာလို့ နေ့ခင်းတောက်လျှောက်အားနေသည်..။
ကလေးတွေကို သတိရတာနဲ့...။
“အောင်စိုး ငါ အပြင်သွားအုံးမယ်..ပို့စရာ ထပ်ရရင် ဖုန်းဆက်လိုက်..”
“အင်း..”
ဖုန်းနှိပ်နေရင်း မော့တောင် မကြည့်ပဲ ခေါင်းညိတ်ပြနေတဲ့ တာ၀န်ခံကြီးလေ...ဂိုက် ကတော့ ကြီးပွားအုံးမည်..။
“ဇိုလာတယ်..”
ဂေဟာခြံရှေ့ ရောက်တာနဲ့ သုံးယောက်လောက်က ပြေးထွက်လာသည်..။
“လာ..လာ....ဒီနေ့ ဆရာက ချောကလက်တွေ ၀ယ်လာတယ်..”
လက်ဆွဲခေါ်သွားသည့် ကလေးလေးက အလွန်ဆုံး ရှိမှ ၄နှစ်သာ..။
“ဇို့ကို ကျွေးမှာလား..”
“ကျွေးမှာပေါ့..”
“ဟေ့..မကျွေးဘူးနော်..”
“ဟာ..ဆရာကလည်း..ကျွေးလိုက်ပါ..”
“မကျွေးနိုင်ဘူး..စျေးကြီးတယ်ကွ..မင်းတို့ကို ကလေးမို့ကျွေးတာ..”
မီမီ ဆိုတဲ့ ၄နှစ်သားလေးက ဇို့ကို အားနာသလို မျက်နှာငယ်လေးနဲ့ မော့ကြည့်နေသည်..။
“မကျွေးတော့လည်း မစားရတော့ဘူးပေါ့..”
ဇို စိတ်မကောင်းဖြစ်သလို ပခုံးချပြီး ပြောလိုက်တော့ သူ့လက်ထဲက ချောကလက် အပိုင်းကို ကြည့်ပြီး သက်ပြင်းချရင်း..
“အင့် ဒါစားလိုက်ပါ...”
“မီမီ က ဘာစားမလည်း..”
“ညကျစားဖို့ချန်တာ ခုမစားတော့ဘူး..ဇို စားလိုက်..”
ကလေးတစ်ယောက်ရဲ့ မျှဝေချင်စိတ် နဲ့ မေတ္တာတရားကိုတွေ့လိုက်ရတော့ မာကျောတဲ့ ဇို့ နှလုံးသားမှာ ကြည်နူးမှုနဲ့ အတူ မျက်ရည် လည်း စို့လာရသည်..။
ဇို ထိုင်ချလိုက်ပြီး ပါးလေးကို တယုတယ ပွတ်ပေးရင်း
“မီ စားပါ ဇို ဆရာ့ ဆီကတောင်းလိုက်မယ်..”
“ဆရာကပေးဘူးတဲ့..”
“ရမလား..လုပစ်မှာပေါ့.”
“ပေးဘူးနော်..”
“လု လိုက်..”ကလေးတွေရဲ့ အားပေးအားမြှောက်မှုကြောင့် ဇို လက်ဖြန့်ပြီး တောင်းလိုက်တော့
အမ်က လက်ထဲက ချောကလက်ကို မိုးပေါ်လက်ထောင်ပြီး မြှောက်လိုက်သည်..။
“ဟာ..မှီတော့ဘူး..ပေးလိုက်ပါ..ဆရာ..”
“ပေး...ဘူး..”
“လုလိုက်ရမလား..”
“အင်း..လု..”
အမ့် ရဲ့ အရပ်ကို မှီဖို့တောင် မဖြစ်နိုင်တဲ့ ဇိုက သူ့လက်ကို ဘယ်လိုမှီပါ့မလား..
လက်ခုပ်တီးအားပေးနေတဲ့ ကလေးသုံးယောက်ကြောင့်..
ဇို ညဏ်များပြီး ခါးကို လက်ညိုးနဲ့ ထိုးပစ်လိုက်သည်..။
“အ..”
“ဟား..ဟား..ရပြီ..”
လက်အောက်ကျလာချိန် ရပြီဆိုတဲ့ အရှုံးမပေးသည့်စိတ်နဲ့ ဆွဲယူလိုက်ပေမဲ့ ဇို့လက်သာ အဆွဲခံလိုက်ရသည်..။
“ရဘူး..အခုတော့ ပြန်မိသွားပြီ”
အပြုံး တစ်ခုနဲ့ ပြောလိုက်ပေမဲ့ ဇို မကြိုက်လို့ လက်ကို ရုန်းထွက်လိုက်သည်..။
“.ယူလိုက်..ဇို..ယူ.”
“ဟာ..မာမာ...”
“ဟင်..”
တစ်ဖက်လှည့်သွားတဲ့ အမ် မသိအောင် လက်ထဲက ချောကလက် အပြားကို လုယူပြီး ပြေးထွက်ခဲ့လိုက်သည်..။
“ရေး...ရသွားပြီ..”
“ရေး..”
“ဟာ..သပ်သပ်လည်တာကွာ..ညစ်တာ..ညစ်တာ...”
“နိုး..”
“ဇို စားလေ..ကောင်းတယ်..”
“အင်း..”
မျက်နှာ ရှုံ့မဲ့ပြီး မတရားဘူး..ညစ်တာ လို့ တွင်တွင်အော်နေတဲ့ အမ့်ကို ကြည့်ပြီး ဇို အောင်သေ အောင်သား အဖြစ် ချောကလက် ကိုဖောက်ပြီး ကလေးတွေရှေ့မှာ တစ်ခါတည်း စားပစ်လိုက်သည်..။
“နောက်မှ လု.. မီမီ စာသင်နေပြီ..”
အမ် က ကလေးတွေကို ခေါ်ပြီး အဆောင်ထဲ ၀င်သွားတော့ ဇို သရက်ပင်အောက် ကွပ်ပျစ်မှာထိုင်ကျန်ခဲ့လိုက်သည်..။
“ဂျီ...ဂျီ...”
ဘေးမှာချထားသည့် ဖုန်းက ထွက်လာတဲ့ အသံမို့ အောင်စိုးဖုန်းဆက်ပြီ ထင်ပြီး ကြည့်လိုက်တာ
“ဟလို..”
“ဇို မလား..”
“အင်း..”
“သမီး ငွေ ပြန်ဆပ်ဖို့ ၅ရက်ပဲ ကျန်တော့တယ်နော်..”
“ဟုတ်ကဲ့..”
“မေ့နေမှာစိုးလို့ပါ..အဆင်ပြေတယ်မလား...”
“ဟုတ်ကဲ့.”
“အေး...ဒါပဲ..အဲဒါလေး..မေ့နေမှာ စိုးလို့..”
ဖုန်းချပြီးတာနဲ့ ပျော်နေသည့်စိတ်ကလေး နောက်ကျိ ရှုပ်ထွေးသွားရသည်...။
ကျစ်..ခိုင်ခိုင် ပြောသလို ရှည်မိတာ ...။
ကိုယ် တစ်ခုခု ဖြစ်မှာ မစိုးရိမ်ပေမဲ့ မနွယ်ကို ထိခိုက်မှာတော့ ဘယ်နည်းနဲ့ မှ အဖြစ်မခံနိုင်ပါ..။
“ကျစ်..အသုံးမကျတာ...အသုံး ကိုမကျဘူး..”
ဒေါသထွက်လာလို့ လက်ထဲက ကျန်နေသည့် ချောကလက်ကို ခပ်ကြီးကြီး ကိုက် ပြီး ဝါးစားနေလိုက်သည်..။
“ဟူး..”
“သက်ပြင်း ချရလောက်အောင် စိတ်တွေညစ်နေတာလား..”
“ဟင်..အမ်..”
ဇို တစ်ယောက်တည်း အေးဆေးထိုင်နေတာ နောက်ဘက်ကို သတိမထားမိလိုက်..။
နောက်ဘက်က အသံထွက်လာမှ အမ်ရှိနေမှန်း သိရတော့သည်..။
“အင်း နည်းနည်းပါ..”
“ပြောလေ...ကိုယ် ကူညီနိုင်ရင် ကူညီချင်တယ်..”
“ပြောလို့ မဖြစ်ဘူး..”
ငယ်ငယ် ကတည်းက ဘယ်သူ ကူညီစာနာ တာမှ မလိုချင်လို့ပါ...။
“ဘာလို့ မဖြစ်တာလည်း..”
“ကူညီ ရင်လည်း မကြိုက်ဘူး..မကူညီရင်လည်း မကြိုက်ဘူး..အဲဒါကြောင့် မပြောတာ..”
“တစ်မျိုးပဲ..”
“အင်း..ကိုယ်တိုင်က အဲလိုတွေ တစ်မျိုးဖြစ်နေတာ..”
“တော်တော် စိတ်ညစ်နေတဲ့ ပုံပဲ ကိုယ် ဆေးပေးရမလား..”
အသံလာရာ နောက်ဘက်ကို လှည့်မကြည့်ပဲ ဇို ပြုံးလိုက်မိသည်..။
သရက်ပင်ခြားပြီး စကားပြောနေတဲ့ သူက ဘယ်လိုတွေ ဆေးပေးမှာလည်း..တွေးနေချိန် မှာပဲ ဂစ်တာသံ ထွက်လာသည်..။
“နေမျိုး ရဲ့ မင်းတစ်ယောက်သာ....သိလား..”
“အင်း..”
ဂစ်တာသံ ထပ်ထွက်ပေါ်လာတော့ သံစဉ်တွေကို ကြားယောင်မိလာသည်..။
“လေပြင်းညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူ အပြုံး..”
မူရင်း အဆိုတော် အသံ အတိုင်း တစ်ထပ်တည်း နီးပါး ကောင်းနေတော့ဇို မျက်ခုံးပင့်သွားရသည်..။
“အချိန်မှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး...အိမ်မက်ထဲက ထုတ်လို့မရ ကြင်နာသူရေ မင်းမျက်၀န်း ..ဘယ်လိုမှ ကို မေ့လို့မရ..ကြင်နာသူရေ မင်းမျက်၀န်း..တစ်ယောက်တည်းသာ ..မင်းတစ်ယောက်တည်းကို ချစ်တာ...တစ်ယောက်တည်းသာ မင်း တစ်ယောက်တည်း မြတ်နိုးတာ မင်းတစ်ယောက်သာ ငါ့ ဘ၀မှာအလိုချင်ဆုံး..မင်းတစ်ယောက်သာ ငါ့ဘ၀ရဲ့ လိုအပ်ဆုံး...”
“တီ..”
“ဇို ပစ္စည်းပို့ရမယ်..”
ဖုန်းမက်ဆေ့၀င်လာတော့ ဇို ထပြီး အိတ်ကို စလွယ်ပြန်လွယ်လိုက်သည်..။
ခြံဝရောက်တဲ့ အထိ ဂစ်တာသံ တိုးတိုး နဲ့ အတူ ကြားနေရတာ....
“..ဘယ်လိုမှ ကို မေ့လို့မရ..ကြင်နာသူရေ မင်းမျက်၀န်း..တစ်ယောက်တည်းသာ ..မင်းတစ်ယောက်တည်းကို ချစ်တာ...တစ်ယောက်တည်းသာ မင်း တစ်ယောက်တည်း မြတ်နိုးတာ မင်းတစ်ယောက်သာ ငါ့ ဘ၀မှာအလိုချင်ဆုံး..မင်းတစ်ယောက်သာ ငါ့ဘ၀ရဲ့ လိုအပ်ဆုံး.”
“ကြည့်ရတာ သူက ပိုစိတ်ညစ်နေတဲ့ပုံပဲ..”
ဇို ခေါင်းယမ်းပြီး နှုတ်ခမ်းတွန့်ပြုံးခါ ထွက်လာခဲ့လိုက်သည်..။
“ကံကောင်းလို့..ကျွန်တော်လည်း တော်တော်လန့်သွားတာ..”
အခန်းထဲမှာကျော်ပိုင် အသံက စိညံနေတော့ ဇို ၀င်လိုက်တာ..
“ဟာ..ဇိုရာ..အခုမှ ပြန်ရောက်တာလား..”
“အေး..ဂေဟာက ပြန်လာရလို့..ဘာဖြစ်လို့လည်း.”
“ဒီ လိပ်စာ သွားပို့လိုက်စမ်းပါ..”
ကျော်ပိုင် လက်ထဲအတင်းထိုးထည့်ပေးနေသည့် လိပ်စာကိုကြည့်လိုက်တော့ ..
“ငါ မသွားနိုင်ဘူး ပြောပြီးသားပဲ..”
“ဟုတ်တယ် မယူတာကြာပြီ အခုမှ ပြန်၀ယ်ခိုင်းတော့ သွားပို့မိတာပေါ့..”
“အခုဘာဖြစ်လို့လည်း..”
“မင်းသား ဘီ ဆိုလား..သူလေ..ဟာ...ပွဲကြမ်းတာဗျာ..ဘလိုင်းကြီး...မင်းတို့ဆီက ဇို့ကို ပို့ခိုင်းတာ..ဘာလို့ မင်းဖြစ်နေလည်း..မယူနိုင်ဘူး..သူ့ကို ပို့ခိုင်းတဲ့...”
“တောက်...”
“အမ်း..အမ်း..အဲလိုမျိုး..ဟုတ်တယ်..သူလည်း..ကျွန်တော့်ကို အဲလိုကြည့်ပြီး အဲလို တောက်ခတ်တာ..”
“နင်က တစ်မျိုး..ကျစ်..ငါ မသွားနိုင်ဘူး.”
“အခုတောင် မနည်းတောင်းပန်ပြီးယူခိုင်းရတာ..နောက်တစ်ခေါက် ဇို့ကို လွတ်ဆိုပြီး ပစ္စည်းတွေ ထပ်မှာလိုက်တာ..အများကြီးပဲဇို..”
“ဇို မသွားတော့ ဘယ်လိုလုပ်မလည်း..ပိုက်ဆံကပါလာပြီ..”
အောင်စိုးကပါ ၀င်ပြောတော့ ဇို ခေါင်းရှုပ်ရပြီ..။
“ငါ မသွားနိုင်ဘူးလို့ နင့်ကို ပြောပြီးသားပဲ အဲဒီအိမ်က..ငါ့ကို သီးသန့် ဒုက္ခပေးနေကြတာ..”
“ကလင်...ကလင်...”
“ဟာ..”
“ငါ အလုပ်ထွက်မယ်..ဒီလကုန်တာနဲ့ ထွက်မယ်..နင်တို့ အဆင်ပြေတဲ့သူ ထပ်ခေါ်ပါ..ငါတော့ အဲဒီ့ အိမ်မသွားနိုင်ဘူး..အောင်စိုး..”
“မဟုတ်သေးပါဘူး..ဇိုရာ..အလုပ်တော့မထွက်ပါနဲ့..”
“ငါ့ကြောင့် နင်တို့ အလုပ်လျော့တာမဖြစ်စေချင်ဘူး...သူတို့ကို တကယ်မျက်နှာချင်းမဆိုင်လို့ပါ..မဟုတ်ရင် ငါသွားပေးတယ်..”
“ကျွန်တော် သိပါတယ်..ဇို အလုပ်မခိုတက်ဘူး..”
“ဟာ..အကို...ဖုန်းဆက်နေပြီ..”
“ကျစ်....”
အောင်စိုးက စိတ်မရှည်သလို ဖုန်းကို ကောက်ယူလိုက်ပြီး..
“မင်္ဂလာပါ ခင်ဗျာ..”
“ဟုတ်ကဲ့..ဇို က အလုပ်ထွက်သွားပြီခင်ဗျ..”
“သူ မသိလို့ပါ..ဖြစ်ပါလိမ့်မယ်..”
“ဟုတ်ကဲ့ လူကြီးမင်း အဆင်မပြေဖြစ်သွားရရင် ကျွန်တော် အနူးအညွန့်တောင်းပန်ပါတယ်..ငွေကိုသေချာပြန်ပို့ခိုင်းလိုက်ပါမယ်..”
“ဟုတ်ကဲ့ စိတ်မရှိပါနဲ့ အဲဒါက ၀န်ထမ်း ပါဆင်နယ်မို့ ပေးလို့မရပါဘူး ခင်ဗျာ....”
အောင်စိုးက မျက်လုံးပြူးပြီး ဖုန်းကို ကြည့်နေသည်..။
“ဘာဖြစ်တာလည်း..”
“မသိဘူး..ဘာတွေရိုက်ခွဲလိုက်တာလည်း မသိဘူး....”
“ကျစ်..”
“ဇို နဲ့ သိလို့လား..”
“အင်း..”
“ဟိုဘက်က ဇို့ကို တော်တော်တွေ့ချင်နေတဲ့ပုံပဲ.ရန်ငြိုးရန်စတွေ ရှိလို့လား..ကျွန်တော်က ဇို့ အတွက် အန္တရယ်ရှိလာမှာစိုးလို့ပါ..”
“အားလုံးရှင်းပြီးသားပါ..”
“အင်း..သတိတော့ထားပေါ့..သူက ဘာလို့ အသည်းအသန်တွေ့ချင်နေပြီး ဘာတွေ ဒေါသထွက်နေလည်းမှမသိတာ..”
“ဟုတ်တယ်..ကျွန်တော်တောင် လန့်တယ်..”
ကျော်ပိုင်က ၀င်ပြောတော့ ဇို ပခုံးတွန့်ပြလိုက်ပြီး သူ ဘာကို မကျေမနပ်ဖြစ်နေတာလည်း တွေးကြည့်မိသည်..။
သုသု တစ်ခုခု ဖြစ်တာကို ဇို့ကို ရန်ရှာချင်နေတာလား.. ဇို နဲ့ ဘာဆိုင်လို့လည်း..။
“ဇို ပြန်လိုက်တော့ အလုပ်လည်း မရှိတော့ဘူးလေ..”
“အေး..အဲဒါပဲကောင်းတယ်...ဒိုးပြီ..”
ဇို အိတ်ပြန်ကောက်ပြီး ထွက်လာခဲ့လိုက်သည်..။
တွေ့ချင်တာလား..
ဇို့ နှုတ်ဖျားမှာ လှောင်ပြုံး တစ်ခုသာတင်သွားရသည်..။
“ဟင်..”
တစ်ဖက်လမ်းက ကားအနက်ပေါ်မှာ ထိုင်နေတာ ပူး..
မျက်နှာချင်းဆိုင်ပုံစံ ဖြစ်နေတော့ တန်းမြင်တာနဲ့ ဇို အကြည့်လွဲပစ်လိုက်သည်..။
“ဇို..”
ကားတံခါးဖွင့်ပြီး ဆင်းလာတာတွေ့တော့ ဇို ရောက်တဲ့ နေရာမှာ ခြေလှမ်းတွေရပ်လိုက်ရသည်..။
“ဇို...ခဏ...”
“ကျစ်..ဘာဖြစ်ပြန်တာလည်း..”
ဇို သူ့ကို မကြည့်ပဲ နောက်ပြန်လှည့်လျှောက်လာခဲ့လိုက်သည်..။
“ဇိုး....နေပါအုံးဆို...”
သူခေါ်တာမကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်လာတော့ နောက်က ပြေးလိုက်လာပြီ..။
“ဇို..ခဏ...စကားပြောချင်လို့...”
ဇို့ လက်မောင်းကို သူဆွဲလိုက်ချိန်..ဇို ကိုယ်ပါ လည်ထွက်သွားပြီး မျက်နှာချင်းဆိုင်ဖြစ်သွားရသည်..။
“ဟင်..”
သူ ငိုနေတာလား..
“ဇု...........ဇို....”
ရှိုက်သံနဲ့ အတူ ခေါ်နေတာရှေ့မရောက်သလို ဖြစ်နေပြီး နီရဲနေတဲ့ မျက်၀န်းတစ်စုံကြောင့် စိတ်မကောင်းဖြစ်လာရသလိုလို..
“ခင်ဗျား ကွာရှင်းပေးပါ...တောင်းသလောက်ပေးမယ်...ခင်ဗျားက မျိုးဆက်ပျက်နေတဲ့သူ..သေတဲ့အထိ အထီးကျန်နေမှာ..ခင်ဗျားက အကြံသမား..”
မျက်ရည်တွေနဲ့ ညိုးငယ်နေတဲ့ သူမျက်နှာနဲ့ အရင်မျက်နှာကို ပြန်မြင်ယောင်မိတော့သူ့ကို သနားမိတဲ့ ကိုယ့်စိတ်ကိုတောင် ရွံ့မုန်းမိသွားရသည်..
တောက်...အမှတ်တရား မရှိလိုက်တာ..ဇိုရာ...တောက်...။
“ဇို...စကားပြောပါရစေ..ခဏပဲ..”
လမ်းကူးလာသည့် ကျောင်းသူကောင်မလေး တစ်သိုက် အနားရောက်မဲ့ အချိန်ထိ ဇို စိတ်ရှည်စွာစောင့်လိုက်ပြီး..
“ဟယ်...မင်းသားဘမ်ဘီနို...ဘမ်ဘီနို..”
ဇို့ရဲ့ အသံကျယ်ကျယ် အော်လိုက်မှုကြောင့် ကျောင်းသူတွေ အနားဝိုင်းအုံလာသည်..။
“ဟယ်..ဟုတ်တယ်...”
“အကို ပုံလေး..တစ်ပုံလောက်..”
“ဟယ်..ရိုက်ကူးရေးလုပ်နေတာလား..ငိုနေတာ ပီပြင်လိုက်တာ..”
“ညီမတို့က အကို့ရဲ့ ဖန် အစစ်တွေ..”
ဇို အလိုလို နောက်ရောက်သွားပြီး လမ်းချိုးကိုကျော်ခါ တက္ကစီ လှမ်းတားလိုက်သည်..။
တက္ကစီပေါ် တက်လိုက်ချိန် အကြည့်ရောက်သွားတော့ လူအုပ်ကြားထဲက လည်ပင်းရှည်ပြီး မျှော်ကြည့်နေသည်..။
“စိတ်ဓာတ်အောက်တန်းကျပြီး လူစိတ်မရှိတဲ့ဇို လို့ နင်သတ်မှတ်ခဲ့သလိုပေါ့...”
ဇို အတွေးစကား တစ်ခုနဲ့ အတူ ကျေကျေနပ်နပ် ပြုံးလိုက်မိသည်..။☆✼★━━━━━━━━━━━━★✼☆。
ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏ရေးဆိုတော့လည်း ရေးတာပေါ့ (ဇို့လေသံဖြင့်)ခစ်ခစ်😍😁🙈
❤💪😭📖
အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤Love u all ❤
#စပိုက်ကာ

ESTÁS LEYENDO
Zoe
Romance"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတို့က ဦးနှောက် နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းတယ် ငါမှားသွားလား နဲ့ ငါမှန်တယ် ဆို တဲ့ စိ...