Part 7

1K 72 0
                                    

Zoe
အပိုင်း (၇)
#ဇိုစပိုက်ကာ

“ဟဲ့ ဖြည်းဖြည်း ဆင်းလေ..”
ဒေါ်စိမ်းမြရည် ဆိုဖာ မှာ ထိုင်နေရင်း လှမ်းပြောတာ ဘယ်သူ့ ကိုမှန်း မသေချာလို့ ဇို ဆက်ဆင်းလာတော့
“အိုး..ပြောနေတာကို..”
ဇို့ ကို ပြောတာမှန်းသေချာ သိတော့ ပို အံသြရပြန်သည်...
ကိုယ့် ကို အရေးတယူ ရှိလှတာ မဟုတ်ပဲ အခု လှေကား က ဆင်းတာကိုတောင် လိုက်ထောက်ပြနေတာ..ထူးဆန်း လွန်းနေသည်..။
“ကိုယ်၀န်ဆောင်သည် ဆိုတာ အကြမ်းအရမ်း မနေရဘူး ဂရုစိုက်ပါ..”
ဘယ်သူကို မှ ခေါင်းစဉ် မတပ်ပဲ ပြောပြီး အခန်းထဲ ၀င်သွားတော့ ဇို ရယ်ချင်စိတ် ကို မြိုသိပ်ထားလိုက်ရသည်..။
“ကလေးရူးတွေ..”
“ဇို...ကလေး ဘာစားချင်လည်း..”
လုပ်ပြန်ပြီ အထူး အဆန်း တစ်ခု ထမင်းစားချိန် ၁၂ နာရီမို့လို့ ဆင်းလာခါမှ ဘာစားချင်လည်း ဆိုတော့ အခုချိန်ထိ မချက်ရသေးတာလား..။
“ဘာမှ မရှိဘူးလား..”
“ရှိပါတယ်..ငါးချဉ်ဟင်း ရယ်..ရှောက်သီးသုပ် ရယ် က မမစိမ်း ကိုယ်တိုင် လုပ်ပေးထားတာ..ဇို့ ကို ဘာစားချင်လည်း မေးထားဆိုလို့ပါ..”
“ဟမ်..”ဇို ကိုယ့်နားကို မယုံ နိုင်အောင် ဖြစ်ရပြီ..
“ဇို့ မှာ ကိုယ်၀န် ရှိနေတာ မမစိမ်းပြောမှ သိတယ်..မနက်ကတည်း က ကိုယ်တိုင် စျေးသွား ချက်ပြုတ်နေတာ မနားဘူးလေ..အစား၀င်အောင် စားပြီး ခုံပေါ်မှာ ထားခဲ့တဲ့ ဆေး ကို မနက်တစ်လုံး ည တစ်လုံး သောက်ပေးပါတဲ့...”
ဒေါ်ညို က ပြောရင်း စားပွဲပေါ်က ဆေးပုလင်းတွေကို ယူပြီး ဇို့ ရှေ့ထိုးပြသည်..။
“အဟက်..ရယ်ရတယ်..”
ဆေးပုလင်း ပေါ်မှာ ရေးထားတာတွေ မသိပေမဲ့ အားဆေး ပုံင်္စမျိုး ဆိုတာ တော့ သိပါသည်..။
ဘာဖြစ်လို့များ ပြောင်းလဲသွားပါလိမ့်....။
လိုက်လျောနေတော့ စိတ်ထဲက မကျေမနပ် ဖြစ်ရသည်..။
“အမ်းလေ..သောက်ဆိုလည်း သောက်တာပေါ့..ရှိတာပဲ စားပါမယ်..ထည့်ပေးပါ ဒေါ်ညို..”
ဒေါ်ညို က ထမင်းသပ်သပ် ဟင်း ပန်းကန် သပ်သပ် နဲ့ ဟင်းခွက် ပေါင်းများစွာ သေချာ စီစဉ် ချပေးနေတော့ ဇို ပြုံးမိသည်..။
လိမ်ထားမှန်းသာ သိသွားရင် တစ်ခါ တည်း ရှော့ ရသွားမှာပါပဲ...
ဟင်းရည် ပန်းကန် က အငွေ့ထောင်းထောင်းတ နေတော့ ထမင်းကို အချိန် ဆွဲစားရတာ မကြိုက်တဲ့ ဇို ...
အချိန်ပေးပြီး  ထိုင်သောက်နေမိသည်..။
“ဇို က မိဘတွေ မရှိပေမဲ့ မမစိမ်းက ဇို့ကို သိတက်တော့ ကောင်းတာပေါ့..ဇိုကလည်း အမေတစ်ယောက်လို သဘောထားလိုက်ပါ..ဒါဆို အားလုံး အဆင်ပြေပြီး ဒီ အိမ်လေးလည်း ပျော်စရာဖြစ်သွားပြီ..”
“အဟွင်း..ဒေါ်ညို  ည ကလာတဲ့ ကိုရီးယားကား ကြည့်သေးလား..”
“အယ်..ကြည့်တာပေါ့..ကြည့်တာပေါ့..”
“မင်းသမီး က ကံကောင်းတယ်နော်..”
“ဟုတ်ပ..ယောက္ခမတွေက အရမ်းအလိုလိုက်တာပဲလေ...မင်းသားကလည်း ချစ်တက်လိုက်တာ လွန်ပါရော..သမီးလည်း အပေါ်မှာ ကြည့်တာလား..ဒေါ်ညိုကတော့ အောက်မှာ တစ်ယောက်တည်းကြည့်ရတာ ပြောစရာလူက မရှိတော့ ပျင်းတောင်ပျင်းတယ်..အောက်မှာလာဆင်းကြည့်ပါလား..”
“ဇို မကြည့်ပါဘူး..”
“ဒါဖြင့် ဘယ်လိုသိနေတာတုန်း..”
“ဒေါ်ညိုရဲ့ မသိစိတ်ထဲက စွဲလမ်းမှု တစ်ခုကို ပုံဖော်ကြည့်တာလေ..အဟက် တိုက်ဆိုင်သွားတယ်..”
“အယ်တော့...အကြားအမြင်ရနေတာလား..”
“ဆိုပါတော့...”
ဇို တစ်ယောက်တည်း အပေါ်အခန်းထဲမှာ နေလိုက် နောက်ဘက် လှေကားက ခြံထဲ ဆင်းလိုက် လုပ်နေရတာ ခြေမငြိမ် တက်တဲ့ ဇို့ အဖို့တော့ ပျင်းစရာပါ...။
အခုလို ဒေါ်ညို နဲ့ စကားပြောရတော့ တစ်ယောက်တည်း ဆိုတဲ့ အသိက မနည်း လျော့သွားရသည်..။
“ဒါဖြင့်..ဒေါ်ညို ဘာလုပ်နေ တာလည်း..”
ကလေးတစ်ယောက်လို မေးခွန်းထုတ်လာသည့် ဒေါ်ညို ကြောင့် ဇို ပြုံးလိုက်ပြီး လက်က ရေစက် တစ်ချို့ နဲ့ ထဘီ အနားရေစို နေတာ..ပျောက်လုပြီ ဖြစ်နေတဲ့ ဆပ်ပြာခရင်မ် အနံ့ တို့ကြောင့်..
“အ၀တ်လျှော်နေတာ...”
“ဟောတော့.....”
“မှားသွားလား..”
“မှန်သွားတာ...”
“ကြက်ကန်းဆန်အိုး တိုးတယ်သာ သဘောထားပါ ဒေါ်ညိုရဲ့...”
ဇို ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမဲ့ ဒေါ်ညိုကတော့ ပါးစမ်း အဟောင်းသား...။
“ဒေါ်ညို လုပ်စရာ ရှိတာ လုပ်ပါ..အ၀တ်တွေ မခြောက်ပဲနေအုံးမယ်..”
“ဘာလို့...”
“မီးပျက်တော့မယ်..”
ဒေါ်ညို က မယုံသလို မီးဆိုင်း ကိုမော့ကြည့်လိုက်ပြီး မှ ယုံ တစ်၀က်ပုံစံနဲ့ ရေချိုးခန်းထဲ ခပ်သွပ်သွပ် ၀င်သွားသည်..။
“ဟူး.....”
“တီ..တီီ...တီ...”
မျှော်နေတဲ့ ဖုန်းက ထမင်း စားပြီးမှ ၀င်လာတော့ ဇို ဘယ်လက်ဖြင့် ကောက်ကိုင်လိုက်သည်..။
“ပြော..”
“လဲ့ရည် ကို ဆက်သွယ်လို့ မရဘူး..”
“သိလို့ နင့် ကို ရှာခိုင်းနေတာလေ...”
“မရဘူး..နင် က နည်းနည်း ပါးပါး မလာတော့ဘူးလား..”
ဇို တစ်ချက်စဉ်းစားနေချိန် နှစ်ဖက် စလုံးက အသံ တိတ်သွားသည်..။
“အခု ဘယ်မှာလည်း..”
“ဆူးလေမှာ..”
“ဟ..လဲ့ရည် ကို ရှာနေတာဆို..”
“မတွေ့လို့ ဒီမှာရှိတဲ့ သူ့သူငယ်ချင်းဆီ လာမေးတာ..”
ဇို ဖုန်းချလိုက်ပြီး သက်ပြင်းတစ်ချက် မသိမသာ ရှိုက်လိုက်ရသည်..။
တွေ့လို့ကတော့ လဲ့ရည်ရယ်..သေပြီပဲ...
စိတ်ထဲ ကျုံးဝါးပြီးမှ ဘာမှ မဖြစ်ပါစေနဲ့ ဆုတောင်းရသေးသည်..။
ကိုယ့် သူငယ်ချင်း တစ်ယောက် တကယ် ဆုံးရှုံး ထားပြီး နောက်ပိုင်း ခင်တဲ့ သူ လျော့သွားမှာ စိုးရိမ်နေပြီ...။
“ဟို ကောင်မလေး..ဒါဘယ်လည်း...”
ဇို့ ကို ပြောတာလား ဆိုပြီး လှည့်ကြည့်လိုက်တော့
“နင့် ကို ပြောနေတာ...”
ဇို ခြံတံခါး နားရောက်မှ ပြန်လှည့်လာပြီး..အိမ်တံခါး ဆီ ပြန်လျှောက် လာရသည်..။
“သူငယ်ချင်းနဲ့ သွားတွေ့မလို့.”
“နေပူကြဲကြဲ မှာ...”
“ဘက်စ် နဲ့ သွားမှာပါ..”
“ဟဲ့ပြောလေ..ဆိုးလေ..နင်က ကိုယ်၀န်ဆောင် ..လူတွေ နဲ့ တိုးစီးမလို့လား..”
ကိုယ်၀န်ဆောင်တဲ့ ..ဇို စိတ်ထဲမှာ ဟားတိုက်ရယ်မောပစ်လိုက်သည်..။
တစ်သက်လုံး သာ စိတ်ကူးယဉ်နေလိုက်တော့ ဒေါ်စိမ်းမြရည်...။
“ထိုင်စီးမှာပါ..”
“ကားပေါ်က ဘယ်လိုတွေ အဆင်းအတက် လုပ်မလည်း....”
ပိုလွန်းပါသည်...ကိုယ်၀န်ဆောင်.စျေးသည်တွေ ဘယ်လို နေမလည်း...။
ဂရုစိုက်မှုက ဘာကြောင့်လည်း ဆိုတာ သိတော့ အမှန် အတိုင်းသာ ၀န်ခံလိုက်ရ ကောင်းမလား တွေးမိသေးသည်..။
ဓားစာခံ မင်းသားလေးရဲ့ အသနားခံ မျက်၀န်းကို မြင်ယောင်တော့ မပြောနိုင်တော့...
“သုသု..ရေ ဘအုံး ကို သွားခေါ်စမ်း.. ကားသော့ပါ ယူလာခိုင်း..”
“တက္ကစီ နဲ့ သွားလိုက်ပါမယ်..”
“နေစမ်း..”
အမိန့်ပေးသံ တစ်ခုကြောင့် ဇို မျက်ခုံးတွန့်တက် သွားပြီး ခြံတံခါးဖွင့်ခါ ထွက်လာခဲ့လိုက်သည်...။
“နင် ကလည်း..ကြာလိုက်တာ
ဇို ရောက်သွားတာနဲ့ လဲ့ရည် သူငယ်ချင်း အလတ်မ က ဆူပြော ပြောသည်..။
“ငါ မပါလည်း နင်တို့ စားထားပါလား..”
“မက်ရိုင်းစုတ်ပဲ့တာ...”
“ဟာ...”ဇို နားမလည် သလို တွေးပြီးမှ သဘောပေါက်ခါ..
“လိုရာ ဆွဲ မတွေးနဲ့..လဲ့ရည် ဖုန်းနံပါတ်ပြောင်းထားတယ်ဆို ငါ့ကို ပေး..”
ဖုန်းကိုရှေ့ချပြီး ခေါ်နေတော့ သုံးယောက်စလုံး စိတ်၀င်တစား ငြိမ်သက် နားထောင်နေသည်..။
“တူ.....တူ......တူ......တူ.......”
“လူကြီးမင်း...
“ဟာ..ချီး..”
နှစ်ယောက်စလုံး ခုံပေါ် ပြန်လှန်ချ လိုက်တော့  ဇို ကတော့ လက်မလျော့ပဲ တစ်ခေါက် ထပ်ခေါ်လိုက်သည်...။
“ဟလို...”
“မာဗီ...”
“ဟမ်..ဘယ်သူလည်း..”
“နင့် မိထွေးလို့ ထင်နေတာလား..”
“ဇိုး...”
“အေး..ဘယ်မှာလည်း နင်တို့...”
“ငွေဆောင်မှာ..”
“ဟို..ခွေးမ ကို ဖုန်းပေးလိုက်...”
“ဟဲ့..မသာမရဲ့ ငါ့ကို ခွေးလို့ ပြောစရာလား..”
ဒီိလိုကျတော့ ဖုန်းကို ချက်ချင်းလုပြီး ပြောတော့တာပဲ ခိုးနားထောင်နေတာ သိနေတယ်လေ..။
“တန်တာ ပြောတာ..မဟောင်နေနဲ့..”
“ဆောဒီးပါဟာ...ငါ ပြောရင် နင်တို့ တားမှာ စိုးလို့..”
“နင်..လင်ယူတာ တားရအောင်..ငါ က နင့် အမေလား..”
“အမေ ထက် ပိုကြောက်ရတယ်လေ..”
“နင့် ကြောင့် အလတ်မနဲ့ ခိုင်ခိုင် တို့ ငါပါတာ စောင့်စားနေရတယ်...”
“ခွေးမ...”
“မသာမ..”
ဘေးက နှစ်ယောက် က ထဆဲတော့မှ  ဖုန်းထဲံက ရယ်သံလေး ထွက်လာသည်...။
“ဟို ခွေးကောင် မာဗီ..လဲ့ရည် မျက်ရည် တစ်စက် နင့် သွေး တစ်စက်ပဲနော်..”
“ကြောက်ပါတယ်..မဟာဇို ရယ်...”
ဇို ဖုန်းချပြီးတော့ မှ သုံးယောက်သား ပြုံး မိတော့သည်..။
“ငါတို့ ဖုန်းခေါ်ရင် ကိုင်ပါလား..”
“အေးလေ...”
“နင့်ကို အိမ်မှာထင်လို့ လာရှာတော့ နင်လည်း မရှိဘူး..”
“အေး ငါတို့က နင် နဲ့ တူတူ သွားတယ် မှတ်နေတာ..”
ဇို ပခုံး တွန့်ပြလိုက်ပြီး ရှေ့က အသုပ်ပန်းကန်ထဲ က အကြော်တွေ ခပ်စားနေလိုက်သည်..။
“ဒါနဲ့ လူစုံတုန်း ကေတီဗီ ဒိုးမယ်..”
“နိုး..ပြန်တော့မယ်..မိုးချူပ်နေပြီ...”
“အား..နင် ကလည်း...”
“ခိုင်ခိုင် မရစ်နဲ့ လဲ့ရည် မပါဘူး..”
အလတ်မ က သတိပေး သလို ပြောတော့ ခိုင်ခိုင် က ငြိမ် ကျသွားသည်..။
တကယ်ဆို ဇို လူရှုပ်လူများတဲ့ နေရာတွေ ဘယ်တော့မှ မသွားတက်ပါ..။
လဲ့ရည် အတင်းခေါ်မှ တစ်ခါတစ်လေ သွားဖူးသည်..။
အခုတော့ အိမ် တစ်အိမ်ထဲ လှောင်ပိတ်ခံနေရတာ ကြာပြီမို့ စိတ်က သွားချင်လာသလိုလို..
“အိုကေ...ဒိုးမယ်...”
“ဆွီတီ ကို နော်...နော်...”
အလတ်မ က လက်အုပ်ချီ ပြီး တောင်းဆို နေတော့ ဇို မျက်နှာ တည်တည် နဲ့ ပဲ ခေါင်းညိတ် လိုက်ရသည်..။
သီချင်းဆိုပြီ ဆို အတောမသပ်နိုင်သည့် အလတ်မ ကို ခိုင်ခိုင် ရပ်ခိုင်းနေသည့်ကြားက တစ်စရှင် ပြီး နောက် တစ်စရှင် တက်နေပြန်ပြီ...။
“နေတော့ ငါ ပြန်မယ်..”
“နေပါအုံး ဇိုရယ်..အလတ်မ နင် မရှိရင် ပိုဆိုးမှာ...”
ဇို စိတ်မရှည်လို့ ရီမု ယူပြီး ပိတ်လိုက်မှ အလတ်မ က မိုက်ကိုင်လျက်သား ဟိုကြည့် ဒီကြည့် ကြောင်နေသည်..။
“ပြန်တော့..”
“အွင်း..ဒီ စရှင်..”
“တော်...”
ဇို အသံမြှင့်ပြောလိုက်မှ အလတ်မ က မိုက် ပစ်ချပြီး ခြေဆောင့်ထွက်သွားသည်..။
“တော်ပါသေးရဲ့..”
ခိုင်ခိုင် က အိတ်ကောက်ကိုင်ပြီး နောက်က အပြေး တစ်ပိုင်း လိုက်သွားမှ ဇိုလည်း အပြင်ရောက်တော့သည်..။
“ဇို တို့ နဲ့ လိုက်မလား..”
“သွား..”
“နင် တစ်ယောက်တည်း..”
“ရတယ် တက္ကစီနဲ့ ပြန်မယ်..”
ခိုင်ခိုင်က ဘယ်သွားမှာလည်း မေးဖို့ပြင်ပြီးမှ ရပ်လိုက်ပြီး ပြုံးပြခါ ထွက်သွားသည်..။
ဇို လမ်းမ မှာ ခဏရပ်ပြီး ကားတား တာ သုံးစီးမြောက်မှ ကားရတော့သည်...။
ဇို တက္ကစီ အိမ်ရှေ့ ရောက်တာနဲ့ လင်းထိန်နေတဲ့ ခြံမီးရောင်နဲ့ လူစုရပ်နေတာ တွေ့တော့ စိတ်ထဲ တစ်မျိုး ဖြစ်သွားရသည်..။
ခြံတံခါးတွန်းဖွင့် ၀င်လိုက်တာနဲ့.
“ဟယ်..ပြန်လာပြီလား..”
ဒေါ်စိမ်းမြရည် ရဲ့ ၀မ်းသာအားရ မျက်နှာကို မယုံနိုင်လို့ ဇို အနောက်က ဘယ်သူများ ပါလာသေးလည်းလို့ လှည့်ကြည့်မိသည်..။
ဘယ်သူမှ လည်း မတွေ့...
“ဘယ်တွေ သွားနေတာလည်း..ဟမ်..လူကြီးတွေ ဘယ်လောက် စိတ်တွေပူနေရလည်း သိလား..”
“သူငယ်ချင်းတွေနဲ့ တွေ့ဖို့ပြောသွားတယ်လေ..”
“ဖုန်းလည်း မရှိ ဘယ်လိုတွေ ဆက်သွယ်ရမလည်း နင့် ဖုန်းနံပါတ် ပေးထား..လာ..လာ အိမ် ထဲ အရင်၀င်..”
တစ်ခါ မှ ကြိုဆိုမဲ့ သူ မရှိတဲ့ ဘ၀ ကို ဖြတ်သန်းလာရသူ ပီပီ အခုလို တစ်အိမ်လုံး ထွက်ပြီး ကြိုစောင့် စိတ်ပူနေတာ ဘယ်လိုမှလည်း မနေတက်..။
“ဘာနဲ့ သွားတာလည်း..”
“တက္ကစီ နဲ့..”
“ဟင်း..”ဒေါ် စိမ်းမြရည် သက်ပြင်း တစ်ချက် ထုတ်ပြပြီး  အခန်းထဲ ၀င်သွားတော့ ဇို လည်း နားမလည် လို့ ဆိုဖာ က ထ လာခဲ့သည်..။
“ဇို...ကလေးရယ်..မမစိမ်းတော့ တအား စိတ်ပူနေရှာတာ..နောက်ကို ပြောသွားပါနော်..ဖုန်းလည်း အဆက်အသွယ်လေး လုပ်..မမစိမ်းဆို စိတ်တွေဆိုး ပြီး ပူး ကိုဆူလိုက်တာ ပြောမနေပါနဲ့တော့..”
ဇို နှုတ်ခမ်းတွန့် ပြုံးလိုက်ပြီး လှေကားတွေ ကို တက် လာခဲ့လိုက်သည်..။
မိသားစု ဆိုတာ ဒီလိုကြီးလား..ရယ်စရာ...။
ဇို အခန်းထဲ ရောက်ပြီး ရေချိူး အ၀တ်အစားလဲပြီး အောက်လည်း မဆင်းချင်လို့ ပြတင်းပေါက်ဘေးမှာ  ထိုင်နေလိုက်သည်..။
“ဒေါက်..ဒေါက်...”
တံခါး ခေါက်သံကြောင့် ဇို မထချင်ပဲ ထပြီး တံခါးဖွင့်ပေးလိုက်ချိန် မထင်ထားသော..
“ဇို ရယ်...ဆိုးတယ်...အရမ်းဆိုး..”
တင်းကြပ်နေအောင် ဖက်ထားပြီး ဆိုးတယ်ချည်းသာ စွပ်စွဲနေသူက ကလေးတစ်ယောက်လို့ ထင်ထားခဲ့တဲ့ ပူး..
“လွတ်အုံး...ဘာဖြစ်လို့လည်း..”
“ဇို့ ကို လိုက်ရှာနေရတာ ဘယ်လောက် စိတ်ပူနေကြလည်း သိရဲ့လား..”
“ဟား..ဟား...”
ဇို မထိန်းချူပ်နိုင်ပဲ အော်ရယ် မိပြီး အားနာသလို ရှိတာနဲ့ နှုတ်ခမ်းဖိပြီး ရပ်လိုက်ရသည်..။
“ဇို့ အတွက်က ရယ်စရာလားဟင်..”
“ငါ က ကလေးမှ မဟုတ်တာ..ဘာဖြစ်လို့ တစ်အိမ်လုံး ပြောင်းဆန်နေတာလည်း ငါလည်း ခုချိန်ထိ နားမလည်သေးဘူး..”
“မာမီက ဇို့ကို မပေါ့မပါးကြီးဆိုပြီး ပူးကို ဆူတယ်..အစကတော့ ပေါ့ပေါ့ပဲ တွေးလာတာ မိုးချူပ်လာတော့ ပူးလည်း စိတ်ပူရတာပေါ့..ဇို ကဘယ်သွားမယ်လည်း ပြောမသွားဘူး ပြီးတော့ တစ်ယောက်တည်းထွက်သွားတာ သိတော့ ပိုဆိုးတာပေါ့..”
“သူငယ်ချင်းဆီ သွားမယ် ငါပြောခဲ့သားပဲ..”
“ဘယ် သူငယ်ချင်းလည်း ..ဘယ်က လည်း မပြောဘူးလေ..”
ဇို လိုက်လျော ဖြေရှင်း မိတာ ကိုက မှားနေတာ တကယ်ဆို ဘာတွေ ရှင်းပြ စရာ လိုခဲ့လည်း..
ဆယ်ကျော်သက် အရွယ် ၇န်ကုန်ရောက်ကတည်းက ဇို့ ကို ထိန်းချူပ် ြ့ပီး အိမ်ပြန်ချိန် သတ်မှတ်တဲ့ အုပ်ထိန်းသူမျိုး မှ မရှိတာ..။
“ဇို..နောက် တစ်ခေါက် သွားရင် လေ..အာ..ဒီမှာ ပူး ဖုန်းနံပါတ်လေ...ဇို အခု ဖုန်းခေါ်လိုက်နော်..ဇို့ ဖုန်းကို သိဖို့ လိုတယ်..”
လက်ကို နည်းနည်း လျော့ပြီး ပေးပေမဲ့ ပြန်ဖက် ထားပြန်သည်..။
“ဒေါက်..ဒေါက်..”
“ပူးလေး ဒီမှာလား..”
“ဟုတ်..”
“မမစိမ်း က ထမင်းစားဖို့ ခေါ်နေလို့ ဇို့ကို ပါခေါ်လာတဲ့..”
ဇို မျက်ခုံးပင့်လိုက်တော့ ပူး က သူ့ သွားဖြူဖြူလေးတွေပေါ်အောင်ရယ်နေသည်..။
“သွားလေ..ထမင်းစားဖို့..”
“ဇို ပါ လာလေ..”
“နောက်မှ စားမယ်..”
“လာပါ ဇိုရယ်..အခုလို ထမင်းတစ်ဝိုင်းတည်း တစ်ခါမှ မစားဖူးဘူး..လာပါ..”
လာပါ စကားလုံးရဲ့ နောက်မှာ လက်က ပခုံးကို ဆုပ်ကိုင်ပြီး ခေါ်တော့..ဇိုလည်း ငြင်းလို့ ရပေမဲ့ တစ်အိမ်လုံးကို ပြသာနာ ရှာမိသူ ဖြစ်နေတော့ လက်ခံလိုက်သည်..။
“လာထိုင်..”
ဒေါ်စိမ်းမြရည် မြေး ဘယ်လောက် ရူးသွပ်နေကြောင်း သူ့ကြိုဆိုမှုက သက်သေခံနေသည်..။
“ဒေါ်ညို..ငရုတ်သီးချက်ကို ဇို့ ကို မကျွေးနဲ့..”
“ဟုတ်ကဲ့..”ဇို့ဘေးနားရောက်နေသည့် ဒေါ်ညိုက ချလုဆဲ ပန်းကန် ကို ပြန်ကောက်ပြီး ထွက်သွားသည်..။
“ရော့..အရွက်ကြော်လေးနဲ့ အရင်စား..”
ဇို့ပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးတော့ ဇို အကြည့်က ဘေးခုံက ပူးဆီ ပို့ထားရသည်..။
ဒီကောင်လေး ကလည်း မချိုမချဉ် မျက်နှာပေးနဲ့ မို့ ဇို ထမင်း ပန်းကန် ဆီ အကြည့်ပြန်ရွေ့ လိုက်တော့
ထမင်း မမြင်ရပဲ ဟင်းတွေချည်း ပြည့်နေသည်..။
“ဒါ က ငါးမွေ..”
ဒေါ်စိမ်းမြရည် က ဟင်းခပ်ပြီး ထပ်ထည့်ဖို့ လုပ်တော့ ဇို လက်ပြပြီး
“များနေပြီ..အန်တီ..”
“ဟုတ်သားပဲ မာမီကလည်း..ပူးကိုတော့ ထည့်မပေးပဲ..ဇို့ ပန်းကန်ထဲမှာချည်းပဲ..”
“ဟဲ့..သူက..”
စကားကို ဆက်မလာပဲ လက်ထဲက ခပ်လက်စ ဇွန်းကို ပူး ပန်းကန်ထဲ ထည့်ပေးလိုက်သည်..။
ဇို စားနေကျပုံစံ အတိုင်း ခပ်သွပ်သွပ် စားလိုက်ပြီး
“ဝြပီ..”
“နေအုံး..”
“ဟင်..”
“အပေါ် မတက်နဲ့အုံး အခန်းထဲမှာချည်း ပဲ ခြံထဲက ခုံမှာ ခဏ တစ်ဖြုတ်ထိုင်နေ ညလေ က သန့်ပြီး အေးတယ်...”
ဇို ဘာမှ ပြန်မပြောတော့ပဲ ဧည့်ခန်းဘက် ထွက်လာခဲ့လိုက်သည်...။
ခြံထဲမဆင်းခင် အိမ်ရဲ့ အပြင်အဆင် ကို ပထမဆုံး အနေနဲ့  စိတ်၀င်တစား လိုက်ကြည့်ဖြစ်သည်..။
ဒီအိမ်ရောက်နေတာ ၅လကျော် ၆လ နီးပါး ရှိနေပေမဲ့ ငါ  နေတဲ့ အိမ်ဆိုပြီးတောင် စိတ်၀င်တစား မရှိခဲ့ပါ..။
နံရံ မှာ ချိတ်ဆွဲ ထားတဲ့ မိသားစု ဓာတ်ပုံ ဆီ အကြည့်ရောက်တော့ ဇို မျက်မှောင်ကြုတ် မိသည်..။
တကယ်ဆို မိန်းမ တစ်ယောက်နေရာ မှာ မီကိုးလ် ဖြစ်သင့်တာ...။
“အဲဒါ သားအကြီး မင်္ဂလာဆောင် တုန်းက ပုံလေ..”
ဇို အကြည့်လွဲပြီး ပြန်လှည့်လာလိုက်သည်..။
“ထိုင်လေ..”
“ကိုယ်ထဲမှာ နေလို့ကောင်းရဲ့လား..”
“ကောင်းပါတယ်..”
မကောင်းရအောင် ဘာတွေပြောင်းလဲနေလို့လည်း..
“မူးတာတို့ အားနည်းသလို ဖြစ်တာတို့ဆို ပြောနော်..ဒါမျိုးက ဖြစ်တက်တယ်...ပြီးတော့ ၀မ်းမှန်အောင်လည်း ဂရုစိုက်အုံး..”
ဇို ရယ်ချင်သွားပေမဲ့ မြိုသိပ်ထားရသည်..။
“အလေးအပင်မ တာတို့ ကြမ်းကြမ်းတမ်းတမ်း လုပ်တာတို့က ကလေး ထိခိုက်တက်တယ်..”
“အန်တီ့ ချွေးမ က ကလေး မရှိဘူးလား..”
ဇိုရဲ့ မဆိုင်တဲ့ စကားတစ်ခွန်းက ဒေါ်စိမ်းမြရည် အရှိုက်ထိသွားမှန်း ငြိမ်ပြီး တည်သွားတဲ့ မျက်နှာကို ကြည့်တာနဲ့ သိသာပါသည်..။
“အမ်း..”
“ရော့ အသီး စားအုံး..”
တစ်ခါမှ ထမင်း အ၀ မစားခဲ့သူ ဒီည မှ စားဖူးတာကို အသီးတွေ ထပ်ကျွေးနေပြန်ပြီ..။
“ဝနေပြီ..အပေါ်တက်လို့ ရမလား..”
“အင်း..”
“ပူးရေ..နင့် မိန်းမ ကို လှေကားကိုတက်ပေးလိုက်အုံး..”
နင့် မိန်းမ ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့် ပူးက မျက်နှာချည်း စိုက်ချထားပြီး ဇို့ဘေးမှာ လာရပ်သည်..။
ဇို ရယ်ပြီး ပခုံးချင်းတိုက်လိုက်တော့မှ မျက်နှာ က ပြန်မော့ လာပြီး ရယ်တော့သည်..။
“ဇို..ပူး အခန်းထဲမှာပဲ အိပ်ပါလား..”
“ငါ့ အခန်းကို ပြန်ယူတော့မလို့လား..”
“မဟုတ်ပါဘူး..ပူး အခန်းက ပိုကျယ်တယ်လေ..”
“ငါ့ အခန်းလည်း ကျယ်ပါတယ်..ဘိုင်..”
ဇို လက်ပြပြီး အခန်းတံခါး ပြန်ပိတ်ဖို့ လုပ်တော့ ပူးက သူ့ကိုယ်လုံးကို တစ်စောင်းပိတ်ပြီး ခံထားသည်..။
“ဘာလည်း..”
“ဇို ဒီမှာ အိပ်မှာလား..”
“အေးလေ..”
“ဒါဆို ပူးလည်း ဒီမှာပဲ အိပ်မယ်လေ..’
“ဘာလို့လည်း..”
“ဟာဗျာ ဇို ကလည်း ဘာလို့လည်း ဆိုတာ ရှိမလား..တူတူအိပ်ရမှာပေါ့..”
အဖြေမရှိတော့ ပြောချင်ရာပြောပြီး လည်ပင်းကို ကုပ်လိုက် ခေါင်းကို လက်ပို့ လိုက်နဲ့ အလုပ်များနေပြန်သည်..။
“သွားလေ..ငါ လာခဲ့မယ်..”
“ဇို က ဘာလုပ်မလို့လည်း..”
“အဲဒါက အစပြောရမှာလား..”
“မပြောချင်လည်း..မပြောပါနဲ့..”
ဇို မပြောသင့်ဘူး ထင်ပေမဲ့ သိသွားခဲ့ရင် ဘယ်လို တုန့်ပြန်မလည်း ဆိုတာလည်း သိချင်လာသည်..။
“ဆေးလိပ် သောက်မလို့..နင်ကော သောက်တက်လား..”
“ဟာ..ဇိုက သောက်တယ်..ပူး မသောက်တက်ဘူး..အနံ့ လည်း မကြိုက်ဘူး..မသောက်ပါနဲ့ ဇို..မိန်းကလေး တစ်ယောက်အတွက် မကောင်းဘူး.”
“မကောင်းမှန်းတော့ လူတိုင်း သိတာပေါ့ ကွ..”
“မကောင်းတာကြီးကို ဘာလို့ သောက်နေတာလည်း အကျင့်မလုပ်ပါနဲ့..”
“အကျင့်ဖြစ်နေပြီ..”
“ဒါဆို ဖြတ်လိုက်ပါ..ဇို..’
“အိုကေ..သွားနှင့်..”
ဇို့ လက်ကို ဆွဲခေါ်ပြီး သူ့ အခန်းထဲ ရောက်မှ လွတ်ပေးသည်..။
“ဘာလည်း..”
“မသောက်ရဘူး..လာ..အိပ်ကြမယ်လေ..”
“နင်လည်း အကျင့်ဖြစ်လိမ့်မယ်..”
“ဟာဗျာ..”ရဲတက်သွားသည့် မျက်နှာကိုကြည့်ရင်း ဇို ပြုံးလိုက်မိသည်..။
“လူတစ်ယောက် အနားမှာ ရှိမှ အိပ်ပျော်တက်တဲ့ အကျင့် ကိုပြောတာ..”
ဇို ကုတင်ပေါ် တက်လိုက်ပြီး သူ့စောင်ကို ဆွဲယူခြုံလိုက်တော့ ဘီဒိုအောက်ဆုံးက စောင်ပါးလေးတစ်ထည် ယူပြီး လာပေးပြန်သည်.။
..နိုင်ငံကျော် မင်းသားလေး..က သရုပ်ဆောင်နေတာများလား....။
…………………
အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤ ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤
ဒီနေ့ တင်တာနောက်ကျဝါးတယ်
🙏အိပ်ယာထ နောက်ကျသွားလို့
ဆောဒီးပါ 😭💔
စာဖတ်သူလေး တို့ စိတ်မဆိုးနဲ့နော် 😙
Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now