Part 17

1K 77 0
                                    

Zoe
အပိုင်း (၁၇)
#ဇိုစပိုက်ကာ

“ဇို ဘယ်တော့လောက် ရောက်မလည်း..”
“အခုလာနေပြီလေ...ရောက်တော့မယ်..”
ဖုန်းချပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်ခါ စက်ဘီး ချိုးကွေ့ ၀င်လိုက်တော့
ကားအနက် တစ်စီးက လမ်းပိတ်ရပ်နေသည်..။
“ဇို..”
မျက်နှာ မှာ တစ်ခါသုံး မက် ၀တ်ထားပြီး ဦးထုတ် စိုက်ဆောင်းထားပေမဲ့ သူ မှန်းသိလိုက်ပါပြီ..။
ဇို စက်ဘီး ကို ဂိုက်ချိုးရင်း နင်းဖို့ ပြင်လိုက်ချိန် ဂိုက်တန်းကို ဖမ်းဆုပ်ထားတော့ ဒေါသ ထွက်ရသည်..။
“နင်.”
“ဇို..”
အနီးကပ် မြင်ရသည့် ခက်ထန် မာကျောမှု မရှိပဲ အားငယ်နေသည့် မျက်၀န်းတစ်စုံ
ကို ဇို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်သည်..။
“ဇို ဟိုနေ့ က ဘာလို့ ထားသွားတာလည်း..”
“ဖယ်စမ်း..”
“ဇို..ပူး..တောင်းပန်ပါတယ်...”
အသနားခံတဲ့ မျက်၀န်းမျိုးမို့ ဇို့ မျက်ခုံးတွန့်တက်သွားရခါ..
“ဘာလည်း..”
“ဇို့ ကို အထင်လွဲခဲ့တယ်..ရက်စက်ခဲ့တယ်..ပူး ရဲ့ အမှားကို ခွင့်လွှတ်ပေးပါ..”
ဘာမှန်းမသိတဲ့ စကားတွေကြောင့် ဇို စိတ်တွေ နောက်ကျိ ရှုပ်ထွေးသွားရသည်..။
တစ်ရေးနိုးလာတာလား..အရက်တွေ မူးလာတာလား.၊
“ဘာတွေလာပြောနေတာလည်း... နင် လူမှားနေတယ်..”
ဇို စက်ဘီးကို ပြန်ဆွဲပြီးကွေ့ဖို့ လုပ်တော့ လိုက်ဆွဲထားတာ ကလေးတစ်ယောက်လို...
“..ပူးတောင်းပန်တာကို လက်ခံပေးပါ..”
“ဘာကိုတောင်းပန်တာလည်း..ဘာအတွက်လည်း...နင် ဘာဖြစ်ချင်နေတာလည်း..ဘမ်ဘီနို...”
ဇို စကားလုံးပြတ်ပြတ်ကို လေသံမာမာ နဲ့ပဲ တမင်ပြောပစ်လိုက်သည်..။
“သုသု အကြောင်းတွေ သူ့ယောင်္ကျား အိမ်လိုက်လာပြီး ပြောပြတော့ ပူး အရမ်းတုန်လှုပ်ခဲ့ရတယ်..ဒေါ်ညိုပြောတယ် ဇို အစကတည်းက သိနေတာတဲ့..ပူး နဲ့ မာမီ စိတ်ချမ်းသာစေချင်လို့ ဇို က ထွက်သွားပေးတာတဲ့ ...”
ထင်ထားတဲ့ အတိုင်းပါပဲ သုသု အကြောင်းတွေ သိမှ တစ်ရေးနိုးလာသလို ဖြစ်နေတာ..။
“ဟား..ဟား..စိတ်ချမ်းသာစေချင်လို့ မပြောပဲ နေခဲ့တာ မဟုတ်ဘူးနော်..နင် တို့  နဲ့ အဲလို လူပဲ ထိုက်တန်လို့..”
“အင်းပါ...သုသု ကို ကွာရှင်းလိုက်ပြီ..လျော်ကြေးလည်း ပေးလိုက်တယ်..သူ့ အရင် ယောင်္ကျား ကလေး အဖေ နဲ့ ပဲ ပြန်နေတယ်.”
“အဲဒါ..ငါ နဲ့ ဘာမှ မဆိုင်ဘူး..ဖယ်...”
မျက်ရည်ခံထိုးတယ် မထင်ချင်ပေမဲ့ သူ့မျက်ရည်တွေကို  မြင်ပြီး ဇို ပို စိတ်ကုန် လာရသည်..။
“အချစ်ကြီးလို့ အမျက်ကြီးခဲ့တာတွေ ခွင့်မလွှတ်နိုင်ဘူးလား.ဟင်..”
“ဟား...အချစ်ဟလား...သွားစမ်းပါ..ဟာ..”
ဇို စိတ်ပျက်စွာ ခေါင်းမော့ပြီး ရယ်တာက ခြောက်ကပ်ကပ် ဖြစ်နေသည်..။
“ဇို ရက်စက်တယ်..အချစ်ဘာမှန်း မသိတဲ့ ပူးကို ချစ်တက်အောင် ပြုစားတယ်.”
ငိုသံနဲ့ အတူ အပြစ်တင်ပြောနေတာ..ကလေးတစ်ယောက် အလိုမကျမှုကြောင့် ခြေဆောင့်ငိုနေတာမျိုး..
“.အခု ဇိုလည်း ပူးကို ပြန်ချစ်ရမယ်..ဇို့ အချစ်ကို ရဖို့ နည်းမျိုးစုံ နဲ့ ပြန်ကြိုးစားမယ်....”
အချစ်အကြောင်းတွေ စာဖွဲ့ပြနေသူက တစ်ချိန်က ရက်ရက်စက်စက် စကားလုံးတွေနဲ့ ထိုးနှပ်ခဲ့သူဆိုတာ မမေ့နိုင်တာ..
“နင် မေ့နေတယ်နော်..ငါ က အမြုံမ...”
“မလိုဘူး..ဘာမှ မလိုဘူး..ဇို .”
ခေါင်းကိုသာ တွင်တွင် ခါယမ်း ရင်း ဇို လက်တွေကို ဆွဲယူပြောနေတော့ လက်တွေကို ခါထုတ်ပစ်လိုက်ရသည်..။
“ဟား..ဟား..နိုင်ငံကျော်  မော်ဒန်မင်းသား ဘမ်ဘီနို ..ရူးများနေတာလားဟာ....ဒါမှ မဟုတ် အတိတ်မေ့သွားတာလား..ငါ့ရဲ့ ချွတ်ယွင်းချက်ကြောင့် ငါ့ကို မောင်းထုတ်ခဲ့တာ ဘယ်သူများလည်း..”
“မဟုတ်ဘူး..ဇို က ပူးရဲ့ သွေးသားကို လက်မခံနိုင်လို့ ဖျက်စီးပစ်တာဆိုပြီး နာကျည်းခဲ့တာပါ..”
“ဟား..ဟား...ဖယ်စမ်းပါ....ပြီးမှ ..ငါ့အဆိုးမဆိုနဲ့...”
စူးရဲစွာ စိုက်ကြည့်ပြောတော့မှ စက်ဘီးဂိုက်ကို လေးကန်စွာ လွှတ်ပေးသည်..။
“ ဇို  ခွင့်မလွှတ် မချင်း ဇို့ နောက် လိုက် နေမှာပဲ..”
“တရား၀င်ကွာရှင်းပြီးသား....အခုမှ ဘာလိုနေလို့လည်း.”
“ဇို့ ရဲ့ ခွင့်လွှတ်မှု နဲ့ အချစ်....”
“ဟား..ဟား...အချစ်...သြော်...အေး....တစ်လောကလုံးမှာ ဘယ်သူမှ မရှိလို့ နင့်ကိုပဲ အဖော်အဖြစ်ရွေးရမယ် ဆို ရင်တောင် ငါ သေပစ်လိုက်မယ်...နင် နဲ့ ပတ်သက်ရမှာ...ရွံလို့..”
“ဇို အပြောမကြီးပါနဲ့ တစ်လောကလုံးမှာ ဇို့ ကို ဘယ်သူမှ မယူရဲအောင် ပူးလုပ်နိုင်တယ်..”
“ဟား..ဟား..နင်တော့ ရူးနေပြီ...”
ဇို ရဲ့ အသိအမှတ် မပြုမှုကို အပြုံးနဲ့ ခံယူပြီး ကားပေါ်တက်သွားသူက ပူးဆိုတာ မယုံနိုင်သေး..။
ဘုရားသခင်က မကြင်နာတက်ခဲ့တဲ့ နှလုံးသားကို အချစ်ဆိုတာနဲ့ ဒဏ်ခတ်တော့မှာ များလား..
“ဇိုရေ..ဇို..”
အိပ်ယာထက်မှာ အိပ်မှုံ့စုံ၀ါး ဖြစ်နေချိန် အော်ခေါ်နေသည့် ခိုင်ခိုင် ကို ဒေါသထွက်မိသည်.။
“ဘာလည်း..”
“ပွဲတော့ဆူပြီ...”
“ဘာတုန်း..”
“ဒီမှာကြည့်အုံး..”
ခိုင်ခိုင်က သူ့ဖုန်းကို ဇို့ လက်ထဲထည့်ပေးတော့ ဇို ကြည့်လိုက်တာ မျက်လုံးကျိန်းသွားရသည်..။
“နင် ကလည်း အလင်းလျော့သုံးပါဟ..”
ဇို ကြည့်လိုက်တော့ ပူးပုံ..
ဖေ့စ်ဘွတ် မှာ သူ့ပုံတွေ တက်လာတာ ဘာ ဆန်းလို့ပါလိမ့်..။
ဘမ်ဘီနို ရဲ့ ဇနီးဟောင်း ..
“ဟာ..”
ဇို မျက်လုံး ပြူးကျယ်သွားပြီးသေချာ ပြန်ဖတ်ကြည့်တာ..
ဇို့ ပုံ တစ်ပုံကို ယူသုံးပြီး လက်ထက် စာချူပ် ကွာရှင်း စာချူပ်ပါ တင်ထားတာ...။
“ဘာတွေလည်း..တကယ်လား..”
“အေး..”
“နင်  က ငါတို့တောင် မပြောဘူးဟာ..”
“မြင်တဲ့ အတိုင်းပဲလေ..”
“အခု ဘယ်လို လုပ်မလည်း..ဇို..”
ခိုင်ခိုင် အမေးကို ဇို လေးကန်စွာ ခေါင်းရမ်းရင်း အဖြေပေးမိသည်..။
ဘာတွေ ပြောင်းလဲလာမလည်း..
ဇို က ထူးပြီး ပြောင်းလဲ စရာ မရှိပေမဲ့ သူ့ ဘ၀  တော့ ပြောင်းလဲလိမ့်မည်..။
ဘာလို့များ ဒီလောက် မိုက်ရူးရဲဆန် တာလည်း....။
ဇို့ ခေါင်းထဲ မေးခွန်းပေါင်း များစွာနဲ့ အတူ..
သူပြောသွားတဲ့ “ဇို့ ကို ယူရဲတဲ့သူ ရှိမလာစေရဘူး ဆိုတာ “ သတ်ိရလိုက်သည်..။
နင့် အတွေးတွေ ကလေးဆန်လွန်းတယ်...။
ဇို စိတ်တွေ ရှုပ်လာတိုင်း ရင်ဖွင့်စရာ မရှိသူမို့ ရှောင်နေသည့် ဂေဟာကိုပဲ ဦးတည်မိတော့သည်..။
အမ် ကိုလည်း အားနာ သလို သူ့ ကို မလိုလားစွာ တုန့်ပြန်မိတာမျိုးတွေ ထပ်ဖြစ်လာနိုင်သည်..
“ဇို..လာပြီ..”
“ရေး...”
“အကြော်၀ယ်လာတယ် ခဏနေအုံး..”
အပြုံးနဲ့ အတူ ကြိုဆိုကြသည့် ကလေးတွေကြောင့် မွန်းကြပ်မှု မှန်သမျှ လျော့ပါးသွားရသည်..။
မီးဖိုဆောင်ထဲ ၀င်သွားတာနဲ့..
“အို..ဇို..ရယ်..ခုပဲ..ခုပဲ ဖုန်းဆက်ခေါ်မလို့..”
မာမာ ရဲ့အံသြ၀မ်းသာသွားတဲ့  စကားကြောင့် ဇို ပြုံးလိုက်ပြီး..
“ဘာဖြစ်လို့လည်း မာမာ..”
“..ကြက်စွပ်ပြုတ်လေး သွားပို့ဖို့ ဇို သွားပေးလို့ရမလား..”
“ဟုတ်ကဲ့..ရပါတယ်..”
ဇို ၀ယ်လာတဲ့အကြော်တွေကို လင်ပန်း ထဲထည့်နေတော့ မာမာ က အနားရောက်လာပြီး..
“ကလေးထားလိုက်ပါ..တို့ လုပ်လိုက်မယ်..စွပ်ပြုတ်တွေက အေးတောင် ကုန်ပြီ...”
“ဟုတ်...ဘယ်ကို ပို့ပေးရမလည်း...”
“Ames  ဆီကိုလေ..”
“ဟင်...”
“သူဖျားနေတယ်လေ..မာမာ ဒီနေ့ ဆုတောင်းပွဲ သွားစရာ ရှိလို့ မသွားဖြစ်တော့ဘူးကွယ်..”
သူဖျားနေတာလား..ဇို့ ကြောင့်တော့ မဟုတ်လောက်ပါဘူးလို့ ဖြေတွေးတော့လည်း
မသေမချာ...။
မျက်နှာချင်း မဆိုင်ချင်သော်လည်း မာမာ က အကူအညီတောင်းလာသည်မို့ ချိုင့်ယူပြီး ထွက်လာခဲ့လိုက်ရသည်..။
“ဟို တစ်ခေါက်က တွေ့တာ ကွန်ဒိုမှာပါ..အခုကျတော့ ဟိုတယ် ဖြစ်သွားပြန်ပြီ..”
အထပ်မြှင့် ကြယ်ငါးပွင့် ဟိုတယ်ထဲ ရောက်သွားတာနဲ့.. ခမ်းနားတဲ့ မီး အပြင်အဆင်တွေကို ဇို သဘောကျမိသည်..။
“မင်္ဂလာပါရှင်.. Jack ဟိုတယ်မှ ကြိုဆိုပါတယ်..”
“ဟုတ်ကဲ့...Ames နဲ့ တွေ့ချင်လို့ပါ..”
၀န်ထမ်းကောင်မလေး နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဇို့ ကို ပြိုင်တူ ပြန်ကြည့်ပြန်သည်..။
“မရဘူးလား..”
“ရှင်...ရပါတယ်...ခဏနော်..”
ကောင်မလေး တစ်ယောက်က ဖုန်းကိုကောက်ကိုင်ပြီး..ဇို့ ကို လှမ်းကြည့်ပြန်သည်..။
ဇို မသိချင်ယောင်ဆောင် ပြီး အလှဆင်ထားတဲ့ ပန်းချီကားတွေ လျှောက်ကြည့်နေလိုက်သည်..။
ဘာတွေ ဖြစ်လို့လည်း..။
“ဟဲ့...ဘမ်ဘီနို..မိန်းမ မလား..”
ကောင်မလေး နှစ်ယောက် အနောက်က ဖြတ်သွားရင်း ပြောတော့မှ ဇို့ ကို ဘာလို့ ကြည့်ကြလည်း သဘောပေါက်တော့သည်.။
ဟုတ်တာပေါ့ အခုဆို ဇိုက တစ်ခုလပ်မှန်း တစ်ကမ္ဘာလုံး သိသွားပြီပဲ...။
“အစ်မ..ကော်ဖီခန်း မှာ စောင့်နေပေးပါတဲ့..”
“အိုကေ...”
ဇို ချိုင့် တစ်လုံးနဲ့ အကောင်းစား ဟိုတယ်ရဲ့ အဆင့်မြင့် ကော်ဖီဆိုင်ထဲ ရောက်လာရသည်..။
နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမဲ့ စပ်စုသလို ကြည့်နေတဲ့ လူတွေကို ကျောခိုင်းပြီး မှန် အနားက  ခုံမှာ ၀င်ထိုင် နေလိုက်သည်..။
“ဘာများ သုံးဆောင်ချင်ပါလည်း ခင်ဗျာ..”
“ဧည့်သည် ပါ..”
“ဟုတ်ကဲ့ ကျွန်တော်တို့ ဟိုတယ်က ဧည့်ခံကျွေးမွေးတာပါ ခင်ဗျာ..”
ကော်ဖီကောင်တာ မှာ ပြထားသည့် ကော်ဖီပုံစံ မျိုးစုံ ကို ကြည့်ရင်း ဇို စိတ်က အလိုမကျစွာဖြင့် တစ်မျိုးပြောင်းသွားသည်..။
“ရေနွေးကြမ်း ပဲ ပေး..”
“ဟုတ်ကဲ့..”
မရလောက်ဘူး ထင်ပြီး မှာ လိုက်ပေမဲ့ တစ်ခဏ အတွင်း အငွေ့ထွက်နေသည့် ရွှေရောင် ရေနွေးကြမ်း ရောက်လာသည်..။
“ဝိုး...ဒါကတော့ ကိုယ့် အတွက် surprise အကြီးစားတစ်ခုပဲ..”
ဇို ရေနွေး တစ်ခွက်ကို ဇိမ်ယူပြီး သောက်နေချိန် နောက်က ပြောလိုက်တဲ့ သူ့ အသံကြောင့် ရေနွေးတောင် နင် မလို ဖြစ်သွားရသည်..။
ဇို့ ရှေ့က ခုံကို ဆွဲယူထိုင်ပြီး နေမကောင်းသူ လို့ မထင်ရအောင် မျက်နှာ အတော်ကြည်လင်နေသည်ပဲ..။
ထူးခြားတိုက်ဆိုင်စွာ ဇို ပြန်ပေးလိုက်တဲ့ သူ့ အကျီ င်္ ကို ၀တ်ထားသည်..။
ဇို အကြည့်လွဲလိုက်ပြီး..ချိုင့်ကိုခုံပေါ်တင်လိုက်ခါ...
“အင့်..မာမာ ပို့ ခိုင်းလိုက်တာ..”
“ဒယ်လီ လာပို့တာပေါ့.”
“ဟုတ်တယ်..ပြန်တော့မယ်..”
“ဟာ..နေပါအုံး..ကိုယ် ပစ္စည်း၀ယ်ခိုင်းဖို့ ရုံးကို ဖုန်းဆက်တော့ ဇို အလုပ်ထွက်သွားပြီဆို..”
“ကျစ်...ချိုင့်ယူ...ပြန်မယ်..”
ဇို စိတ်မရှည်စွာ မျက်နှာတင်းရင်း လှမ်းပေးနေသည့် ချိုင့်ကို မယူပဲ ပြုံးကြည့်နေပြန်ပြီ..။
“ခဏလေးပါ ဗျာ..ဘယ်လိုဖြစ်တာလည်း ပြန်မယ် ဆိုတာချည်းပဲ..”
“နေမကောင်းဘူးဆို..”
“အင်း..”
“ဘာဖြစ်တာလည်း..”
“ခရီးပန်းတာနဲ့ လွမ်းတာ ရောပြီး ဖျားသွားတာ..”
“....”
“ဇို လိမ်တယ်နော်..ရက်စက်တယ်..”
သြော်..ဒီ ရက်စက်တယ် ဆိုတဲ့ စကားလုံးက ဇို့ ကို စွပ်စွဲ ဖို့ သီးသန့်ထုတ်ထား သည့် စကားလုံးလား..
တစ်ယောက်ပြီး တစ်ယောက် ဇို က ရက်စက်တယ် လိုသာ တွင်တွင် စွပ်စွဲကြသည်..။
“ကိုယ်..သတင်း တွေ့လိုက်တယ်...ကွဲကွာတာ မကောင်းပေမဲ့ အမှန် အတိုင်း၀န်ခံရရင် ကိုယ် အရမ်း ပျော်မိသွားတယ်..”
ဇို ရဲ့ စိတ်ရှုပ်မှုကြောင့် မျက်နှာ မှာ အလို မကျမှု သဏ္ဍန် ပေါ်နေလောက်ပါပြီ...။
“ဇို ..ခွင့်ပြုရင် ဖုန်းဆက်ချင်တယ်..”
“ဆက်ပေါ့..”
“ည ဘက်ဆို အဆင်ပြေလား..”
ဘာကို ဆိုလိုပြီး ဘာကို ရည်ညွန်းနေတာလည်း စိတ်မ၀င်စားပါဘူး..
“၀ယ်သူတွေ နဲ့ ဖုန်း အချိတ် မရှိရင် ဖုန်း၀င်တဲ့ အချိန် အားရင်တော့ ဖုန်းကိုင်တယ်...”
“ကျေးဇူးတင်ပါတယ်..ဇို..”
သူ့စကားကြောင့် မှန် အပြင်ဘက် ကို အကြည့်ပို့ထားရာက သူ့မျက်နှာ ကို စိုက်ကြည့်လိုက်သည်..။
မျက်မှောင်ကြုတ်ခါ စိုက်ကြည့်ပစ်လိုက်ပေမဲ့  နာလန်ထစမို့ မျက်နှာက ဖြူရော်ရော် ဖြစ်နေပြီး နှုတ်ခမ်းတွေ ခြောက်သွေ့နီမြန်းနေတာတွေ့တော့ စိတ်ထဲ မကောင်းသလိုလို ဖြစ်ရပြန်သည်..။
ဘယ်လို မှ မပတ်သက်တောင် ခင်မင်မှု သံယောဇဉ် တစ်ကြိုးကတော့ ရှိပါသေး၏..။
“ကလေးလည်း မဟုတ်ပဲ ကိုယ့် ကျန်းမာရေး ကို ဂရုစိုက်လေ..”
ခင်သူ အတွက် သက်ဆိုင်တဲ့ စကားတစ်ခွန်းပေမဲ့ သင့်တော်သည် မတော်သည် ဂရုမစိုက်ပဲ ပြောမိတော့ သူက ပြုံးရင်း
“စိတ်ပူလို့ ပြောတာလား..စကားအရ ပြောတာလား.”
“တကယ် စိတ်ပူလို့ပါ.. စိတ် က မခံစားရရင်  ၀တ်ကျေ မဟုတ်ဘူး အပြစ်ကျေ တယ်ဆိုလည်း ပြောဖို့ အစီအစဉ် မရှိဘူး..”
“ကျေးဇူးပါ..”
သူရဲ့ ပီတိဖြာနေတဲ့ မျက်နှာပေး နဲ့ ဒုတိယံ ကျေးဇူး ကြောင့် ပြေကျနေတဲ့ မျက်ခုံးက ပြန်တွန့်သွားရသည်..။
“ဇို့ ဆီမှာ ရယ်ရင် လှတဲ့ ပါးချိုင့်လေးတွေ မျက်လုံးလေးတွေ မျက်ခုံးလေးတွေ ရှိရဲ့နဲ့ ဘာလို့ အမြဲ တွန့်ကုတ်နေရတာလည်း..”
သူ့ စကားကြောင့် ဇို့ ရင်ထဲ အမျိုးအမည် မဖော်ပြနိုင်တဲ့ လှိုင်းတစ်ခု ရိုက်ခတ်သွားရသည်..။
စကားပြောတာ ရဲလာတယ် ထင်ရလို့ ဇို မျက်နှာထားကို  မပြင်မိပါ...။
“လောက ကြီးက လူတစ်ချို့ ကို လွယ်လွယ်ပြုံးခွင့်မပြုဘူး..”
“ဒါပေမဲ့ အပြုံးတွေကို ဝေမျှလို့ ရတယ် ဆိုတာ ယုံလား ဇို...”
ဇို ပခုံးနှစ်ဖက်တွန့်ပြလိုက်တော့ သူ က လည်ချောင်းသံပါပါ နဲ့ ရယ်နေသည်..။
“အေးကုန်တော့မယ်..”
“ဖြစ်နိုင်ရင်လေ..ရုဖ်တော့မှာ ဇို့ အတွက် ပြစရာ ရှိလို့ ခေါ်သွားချင်တယ်.. ဇိုက ငြင်းမှာသိလို့ မခေါ်တော့ဘူး.. .”
“ကောင်းတယ်...ပြန်မယ်..”
ဇို ခုံကို နောက်တွန်းပြီး ထလိုက်ပေမဲ့ အမ် က ရုတ်တရက် ဇို့ လက်ကို ဆွဲကိုင်လိုက်လို့ ကြောင်သွားရသည်..။
လူတွေကြည့်နေမလားလို့ တွေးရင်း မရိုင်းချင်တာနဲ့ ဆွဲဖြုတ်လိုက်ပြိး စူးစူးဝါးဝါး အကြည့်နှင့်သာ တုန့်ပြန်လိုက်ရတာ..ရင်ထဲမှာတော့ သိပ်မကျေနပ်...။
ဇို့ ဒေါသနဲ့ တုန့်ပြန်မှုကို သူက ပြုံးရင်း
“.ဇို....ပြောစရာကျန်သေးလို့..”
‘ပြော..”
“ပြောလိုက်ရင် မရိုက်ဘူးမလား..”
“ဘာလည်း...”
ဇို့ရဲ့ မေးခွန်းကြောင့် သူက ပါးနှစ်ဖက်ကို လက်နဲ့ အုပ်ကိုင်ပြီး
“..ဇို့ ကို အရမ်းချစ်တယ်..”
ခင်မင် လေးစားမှုဆိုတဲ့ ကြားခံနယ်သာ မရှိနေရင် အမ့်ရဲ့ ပါးကို ဒုတိယ အကြိမ် ရိုက်ပြီးနေလောက်ပါပြီ...။
“..တစ်ခုလပ်မှန်းသိလို့ လွယ်မယ် ထင်နေတာလား..”
သူက ဇို့ မျက်၀န်းတွေကို သေချာစိုက်ကြည့်ပြီး
“ကိုယ့် နှလုံးသားထဲက အချစ်ကို မစော်ကား ပါနဲ့..ဇို..”
“..ဇို့ ဆိုတာ အချစ်စ်ိတ် မရှိတဲ့ မိန်းမ..”
“ကောင်းတာပေါ့..ကိုယ့် အချစ်က တန်ဖိုးမြင့်သွားတာပေါ့..”
“ကျစ်..”
ခုံကို အသံမြည်အောင်တွန်းပစ်ပြီး ထလိုက်တော့..ဒေါသကြောင့် ခက်ထန်နေသည့် ဇို့ မျက်နှာကို မော့ကြည့်ရင်း ပြုံးခါ..
“ကိုယ်ဖုန်းဆက်မယ်...ကိုင်နော်..”
“မကိုင်ဘူး..”
“ဟား..ဟား..မလုပ်ပါနဲ့ဗျာ..ထပ်ဖျားလိမ့်မယ်..”
“အဖျားပျောက်ဆေးကိုယ်တိုင် ရောက်လာပေးလို့ ကျေးဇူးတင်တယ်နော်..”
ဇို မျက်မှောင်ကြုတ်ရင်း ကျောခိုင်းခါ ဆက်လျှောက်လာခဲ့လိုက်သည်..။
.
“ နင် ဘာအလို ရှိနေတာလည်း..”
“ဇို..”
“ကျစ်..”
အရာအားလုံး အနည်ထိုင်သွားခါမှ အစက ပြန်မွှေနေပြန်ပြီ...။
ခြံတံခါးရှေ့မှာ ငုတ်တုတ်ထိုင်နေတာ..ဇို က ပတ်၀န်းကျင် အမြင် ဘာကိုမှ ဂရုမစိုက်ပေမဲ့ ခိုင်ခိုင် အတွက် ကြည့်ရသေးသည်.။
“ငါ နောက်ဆုံးပြောမယ် နင် မလာနဲ့တော့..”
“ပြောပြီးသားပဲ..ဇို့ ခွင့်မလွှတ် မချင်း လာနေမှာပဲ..”
“တောက်..”
မျက်ရည်ပူ တွေ ဝေ့တက်လာပေမဲ့ လက်နဲ့ ကြမ်းတမ်းစွာ သုတ်ပစ်လိုက်ပြီး ခေါင်းမော့ လိုက်ရသည်..။
“..နင် ငါ့ကို ဘယ်လို မောင်းထုတ်ခဲ့တာလည်း မမေ့သေးဘူး..တောက်....ဒါတွေ ပြန်လည်း မပြောချင်ဘူး ..အသိအမှတ်လည်း မပြုဘူး..နင့် ကို အရိပ်ဆိုး တစ်ခုနဲ့ အတူ လမ်းခွဲပြီးသား..ထပ်ပြီး လာ မပတ်သက်နဲ့တော့....နင်ရဲ့ စိတ်တွေက မိန်းမတစ်ယောက်အနားမှာ ၇ှိမှ ပုံမှန် ဖြစ်တက်တာလား....”
ဇို့ ရဲ့ စကားလုံးတွေက သူ့ကို ထိချက် မှန်သွားသလို  ဆတ်ခနဲ့ ထရပ်လိုက်ခါ လက်တွေ ကို ဝေ့၀ဲခါယမ်းရင်း.
“ဇို..မတရားဘူး..ဇို လုံး၀မတရားဘူး...တကယ်ဆို သုသု အကြောင်းသိနေရင် ပြောပါလား.”
“ဟား..ဟား...မင်းသား ဘမ်ဘီနို ကလေး မဟုတ်ဘူး ဆိုတာ လူတိုင်းသိတယ်.. ဖြစ်စဉ်တွေကို နင်ပြန်လေ့လာ ကြည့်အုံး ကလေး ဖျက်ချလို့ စိတ်ဆိုးတယ်..ငါလက်ခံတယ်..ငါ ဘက်က က အတက်နိုင်ဆုံး သည်းခံပြီး တောင်းပန်ခဲ့တယ်..နင် လက်မခံခဲ့ဘူး..ဒါလည်း ယောင်္ကျား တစ်ယောက်  စိတ်ဆိုးနေတာ လို့ ပြောလို့ ရတယ်...မိန်းမ ကို မကျေနပ်လို့ အိမ်အကူ နဲ့ ဖောက်ဖြန်တာတော့..ဟွင်း..ငါလည်း..မပြောတက်တော့ဘူး..”
“မဟုတ်ဘူး..”
“ဟုတ်တယ်...”
‘ဇိုး...”
ဇို နာမည် ကို အလောတကြီး အော်လိုက်လို့ အသံက အဖျားခတ်ပြီး တုန်နေသည်..။
“ပြန်တော့..”
ဇို့ ရှေ့ကို တိုးလာပြီး လက်မောင်းကို ဆုပ်ကိုင်ရင်း..
“တစ်ခါတည်း သတိပေးထားရမယ်..ဇို့ ကို ဟိုတယ်မှာ အကောင် တစ်ကောင်နဲ့ တွေ့လိုက်တယ်..ဘာတွေ ဘယ်လို ပတ်သက်နေလည်း မသိချင်ဘူး...ဒါပေမဲ့ သတိထားပါ..ယောင်္ကျားတွေက တစ်ခုလပ်ကို ပတ်သက် လာရင် နှိုက်မြည်းရုံသပ်သပ်ပဲနော်..ဘယ်တော့မှ အတည်မရည်ရွယ်ဘူး..”
အမ် နဲ့ ထိုင် နေတာကို တွေ့သွားတာလား..
ဇို့ လက်ကို ဆောင့်ဆွဲ ရုန်းထွက်လိုက်ပြီး နောက်ကို ခြေတစ်လှမ်းဆုပ်လိုက်ခါ
“ဟား..ဟား..နင့်စိတ်နဲ့ လူတိုင်းကို မနှိုင်းနဲ့..”
“ပူးလို မျိုး အချစ်စစ်နဲ့ ချစ်မှာ မဟုတ်ဘူး...”
“နင့်မှာ အချစ်ရှိတယ်...အဟက်....”
“ဟုတ်တယ် နောင်တ နဲ့ အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်....”
“ဟား..ဟား..ထူးဆန်းတယ်နော်..ပြီးခဲ့တဲ့ အချိန်တွေတုန်းက နှလုံးသားက ဘယ်သူ့ဆီ ကျဆုံးပြီး ဘယ်သူ နဲ့ အိပ်မောကျ နေမလည်း..”
“ပူး နာလည်ပါတယ်..ဇို့ ဘက် က အများကြီး နစ်နာခဲ့တယ်..အဲဒီ အတွက် ပူး အများကြီး ပြန်ပေးဆပ်ချင်တယ်..်..”
“.သစ္စာတရားလေး ပါ ထည့်ပြောပါလား..”
“သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့ သူဘ၀က ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး..ဦးနှောက်နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းရတာ..ငါမှားသွားလားနဲ့ ငါမှန်တယ် ဆိုတဲ့ စိတ်နှစ်ခုကြား အမြဲတမ်း ဝေခွဲမရ ခံစားနေရတာ ဘယ်သူမှ မသိဘူး...ပူး..နေ့တိုင်း..မှန်လိုက် မှားလိုက်နဲ့ ရူးသွားနိုင်တယ်..ဇို..အဲဒါသိလား...”
“နင် ရူးတာတွေ ငါ မသိဘူး..နင် က ငါ့ အတွက်တော့ ကလေးမမွေးနိုင်လို့ အိမ်ပေါ်က မောင်းချတဲ့ ပြည်သူ့အချစ်တော် ဘမ်ဘီနိုပဲ”
“ပြန်တော့ ..ငါမှာ နင့်ကို သက်ညှာနေစရာ သံယောဇဉ်တောင် ရှိတာ မဟုတ်ဘူးနော်..”
“အခုတော့ ပြန်မယ်..နောက်လည်း လာ နေအုံးမယ်..”
ဇို့ ကို စိန်ခေါ်သလို ပြောပြီး ထွက်သွားတဲ့ သူကို လည်း လိုက်မကြည့်ချင်တော့ပါ..
ကားမောင်း ထွက်သွားမှ ဇို ခြံတံခါးဖွင့်ပြီး ၀င်ခဲ့လိုက်သည်..။
မမုန်းချင်လို့ တမင် မေ့ထားခဲ့ရသူက ဇို..
သုသု နဲ့ ပူး ရဲ့ ပုံရိပ်တွေ လုပ်ရပ်တွေကို ပြန်တွေးမြင်လိုက်မိရုံ နဲ့ နှလုံးသားအထိ တဆစ်ဆစ် နာကျင်ရပါသည်..။
“ဒုက္ခပါပဲ..ဇိုရယ်..”
“ဟွင်း “
ဇို နှုတ်ခမ်းတွန့်ပြုံးလိုက်တော့ ခိုင်ခိုင် က ခုံမှာ ၀င်ထိုင်လိုက်ပြီး..
“ရယ်တော့ရယ်ရသား..မင်းသားက အိမ်ရှေ့ လာကြောင်နေတာကို တို့တွေက စိတ်ညစ်နေရတာ..နည်းနည်း လွဲနေသလားပဲ..”
“မလွဲဘူး..ငါ့ စိတ်ထဲမှာ သူ မရှိတော့ဘူး..ခိုင်..”
“ဒါပေမဲ့ သူ့ဘက်က နောင်တနဲ့ တုန့်ပြန်လာတော့ နင် ပြန် စဉ်းစားသင့်တယ် ထင်တယ်..လူတိုင်းကလည်း နင့်ကို သူနဲ့ပဲ တွဲသိနေတော့မှာလေ..”
“တော်စမ်းပါ..နင်ကလေ..အရင် ကလည်း သူ့ဖန်ဆိုတော့ သူ့ဘက်လိုက်တာပေါ့..”
“နင် သူ့ ကို နည်းနည်းမှ မချစ်ခဲ့ဘူးလား..”
ဇို တစ်ချက် စဉ်းစား ကြည့်လိုက်တာနဲ့ အဖြေက တန်းပေါ်လာပြီ..
“မချစ်ခဲ့ဘူး..မီကိုးလ် အတွက် ကလဲ့စားချေဖို့ ဆုံးဖြတ်ခဲ့တာ..သူက ဘာမှမသိတဲ့ အဖြူထည်လေးမို့ သနားခဲ့တာ..အစ က ငါ အချစ်လို့ ထင်ခဲ့တယ်.. သူ့ ကို ပြန်တွေ့ရတဲ့ အချိန်မှာ ငါ သူ့ကို တကယ် မချစ်ခဲ့ဘူးဆိုတာ ပိုသေချာလာတယ်...ငါ သူနဲ့ဝေးလို့ ခံစားခဲ့ရတာမဟုတ်ဘူး..မိသားစု နွေးထွေးမှု ဆိုတာကြီးကို လိုချင် တပ်မက်ခဲ့ပြီးမှ ဝေးသွားလို့ ခံစားခဲ့ရတာပဲ...”
“ဘယ်လို..”
“ငါသာ တကယ်ချစ်ရင် သူ့  အလိမ်ခံထားတာတွေ ပြောပြလိုက်ပြီး သူ့ကို ပြန်နီးစပ်ဖို့ ကြိုးစားမိမှာ..ဒါပေမဲ့ ငါမပြောပြခဲ့ဘူး.. ငါ သူနဲ့ မျက်နှာချင်းကို မဆိုင်ချင်တော့တာ..မပတ်သက်ချင်တော့တာ..အသေအချာပဲ..”
“နင် စိတ်ချမ်းသာသလို ဆုံးဖြတ်ပါ..ဘေးက လူက အတွင်းကျကျ မသိပဲ ဘာမှ မတိုက်တွန်းသင့်ဘူးလေ..”
“သင့်ခ်ယူ..”
ဇို အိတ်ကို ယူပြီး အခန်းထဲ ၀င်လာခဲ့လိုက်သည်..။
“ကိုယ် ဟိုး အဝေးမှာ နေတဲ့ အခါ မျက်၀န်းတွေထဲ မင်းပဲမြင်..”
ဖုန်းသီချင်းသံသဲ့သဲ့ ကို ရေချိုးခန်းထဲ ရောက်နေတဲ့ ဇို ကြားရပြီ  ပြန်ထွက်လာခါ ဖုန်းကိုင်လိုက်ရသည်..။
“ဟလို...”
“လန့်လိုက်တာ..”
‘ဟမ်...”
“ ဖုန်းခေါ်ဖို့ လက်တောင် တုန်နေရတာ ဇို က ဟလို အော်လိုက်တော့ ဖုန်းတောင် လွတ်ကျတော့မယ်..”
သူဆက်တယ် ဆိုတာသာသိရင် လာမကိုင်ပဲ ရေဆက်ချိုးမိပါတယ်...၀ယ်သူမှတ်လို့ ရေစက်စက် ထွက်လာရတာ..
“အမ် လို့ မထင်လို့ အော်လိုက်မိတာပါ ဟို ရက်က ဆက်မယ် ပြောထားပြီး မဆက်တော့ မတွေးမိလိုက်ဘူး..”
“အော်..ဟဲ..ဟဲ...သိပြီ...”
သူက ဘာကို သိသွားတာလည်း ဇို အလို မကျစွာ မျက်ခုံးတွန့်တက်သွားချိန်
“မျက်ခုံး မတွန့်နဲ့နော်..”
“ဟင်..”
“ကိုယ် ဖုန်းဆက်မလို့ပါပဲ ဒါပေမဲ့ မရဲဘူး ဖြစ်နေတယ်..ပြီးတော့ ဇို့ ရဲ့ စိတ်ကို ပြန်သုံးသပ်လို့ ရအောင် ကြိတ်မှိတ်သည်းခံနေရတာ..”
“ဘာကို သုံးသပ်ဖို့လည်း..”
“ဇို ကိုယ်တိုင် မသိတဲ့.ကိုယ့် အပေါ် ဘယ်လို သဘောထားလည်း ဆိုတာ မျိုးပေါ့..”
“ဘာတွေလည်း..”
“အဖြေပြန်ပေးဖို့ စဉ်းစားချိန်ပေးထားတာလေ..အခုပြောတော့.....စဉ်းစားပါရစေ မလုပ်နဲ့နော်..စောင့်ရတာ တကယ်မောလို့ပါဇိုရယ်.” တောင်းတောင်းပန်ပန် လေသံ နဲ့ ပြောနေတော့..ဇို ရယ်ချင်သွားရသည်..။
“အဲဒါ ဘယ်လိုတွေလည်း မသိဘူး..စိတ်ရဲ့ တောင်းဆို ရာ အတိုင်းပဲ ချစ်ရင် ချစ်တယ်..မုန်းရင် မုန်းတယ် ပဲ ချစ်ရဲ့ သားနဲ့ စဉ်းစားပါရစေအုံး ဆိုပြီး အချိန်ဆွဲရတာမျိုးလည်း မကြိုက်ပါဘူး..”
ဇို့ရဲ့ ဘုဆပ်ဆပ် နိုင်သည့် အပြောတွေကို သူ က တစ်ဖက်က သဘောကျစွာ ရယ်မောနေသည်..။
“ဒါဖြင့် အခု ချစ်လား..မမုန်းဘူးလား ဖြေပါ..ဇို..”
“အခုတော့ ချစ်လည်း မချစ်ဘူး မုန်းလည်း မမုန်းဘူး..ဒီတိုင်းပါပဲ...အရင် အတိုင်းပဲ..”
တစ်ဖက် ကို မမြင်ရပေမဲ့ ဖုန်းပြောရင်း ပခုံးတွန့်ပြီး ဟန်ပါပါ ပြောလိုက်မိခါ ကိုယ့် အဖြစ် ကို ရယ်ချင်လာသည်..။
“ဟုတ်ပါပြီ..အရင်တိုင်းပဲနော်..နှလုံးသားကို မလိမ်ကြေး.. ကျောင်းကို လာရင် ရက်တွေ လွဲအောင် တွက်ချက်ပြီးမှ လာတယ်နော်..ကိုယ် ဗုဒ္ဓဟူးနေ့ မလာတော့ ဇို က အဲနေ့ လာတယ်..ဒါ က ရှောင်သိုင်း အသစ်လား..”
“ရှောင်စရာမလိုပါဘူး..ဇိုက အဲနေ့ပဲ အားလို့..”
ခပ်မာမာလေသံနဲ့ တမင်လုပ်ပြောလိုက်တာကို ရယ်နေပြန်ပြီ...
“ပါးပါးလေးတွေ လွဲ ကုန်ပါပြီ...မနက်ဖြန် ကျောင်းကို လာခဲ့နော်..”
“ဘာလို့..”
“တွေ့ချင်လို့ပါ..ဆရာမ ရယ်..”
“အားရင် လာတာပေါ့..”
ဇို ရဲ့ ဂရုမစိုက်တက်တဲ့ အမူအကျင့်တွေ ပျောက်ဆုံး ကုန်ပြိလား....
“ထမင်း စားပြီးပြီလား”
“နိုး..ဇိုရော..”
“အင်း..စားတော့လေ..နောက်ကျနေပြီ..”
“မနက်စာ က ညနေ ၅ နာရီကမှ စားထားလို့ မဆာသေးဘူး..”
ခုချိန်ထိမစားသေးဘူး
မာမာပြောတာ သူက ခဏခဏ နေမကောင်းဖြစ်တာဆို...
“.နေကောင်းခါစ ဘာဖြစ်လို့ ဂရုမစိုက်တာလည်း..”
“ကိုယ်တိုင် အမြဲ ဂရုစိုက်လာရတာ တစ်ပါးသူ ဂရုစိုက်တာလေး ခံချင်လို့ပေါ့..”
“ညစာနောက်ကျ ရင် အစာမကြေဖြစ်အုံးမယ်..”
“စိတ်ပူပေးလို့ ပိုချစ်တယ်နော်..”
“ဒါပဲနော်..”
“ဟာ..ဇို..ဇို...”
ဇို ဖုန်းကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်မိတာ ဘာကြောင့်မှန်း မသိ..။

。☆✼★━━━━━━━━━━━━★✼☆。

စပိုက်ကာတို့တော အမုန်းခံထိတော့မယ် ခစ်ခစ်😁
အခုဆိုရင်ဖြင့် ပူး ပရိသတ် တွေကလည်း ရန်တွေ့လာတော့မှာဖြစ်သလို😝
အမ့်ပရိသတ်တွေကလည်း ဒေါသဖြစ်ကြပါတော့မည်..။😝

ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now