Part 14

945 69 1
                                    

Zoe
အပိုင်း (၁၄)
#ဇိုစပိုက်ကာ

“ဇို ရေ..သွားပါအုံး..ဒီမှာ ၀ယ်ရမဲ့စာရင်း..”
အောင်စိုးရဲ့ စကား အသွားအလာ ကို ကြား ကတည်းက သုသု  စျေး၀ယ်ခိုင်းမှန်းသိလိုက်သည်..။
သွားလာနေရတာ အလုပ်တာ၀န် တစ်ခုပေမဲ့ စိတ်ထဲက မသက်သာပါ..။
“ကျော်ပိုင် ကို သွားခိုင်းလိုက်ပါလား..ငါ ဒီနေ့ လှိုင်သာယာ မှာ ပစ္စည်း ထုတ်ရမယ်..နယ် ပစ္စည်းတွေ ပို့ဖို့လည်း ရှိတယ်..”
အောင်စိုး မျက်နှာ က အလိုမကျမှုဖြင့် ရှုံ့တွရင်း..
“ပြောတယ်..သူတို့ က မိန်းကလေးပဲ လွှတ်ပါတဲ့ နှစ်ခါတောင် ထပ်မှာတာ..”
“ကျစ်..ပေးပါ စာရင်း...”
လက်ထဲရောက်လာတဲ့ စာရွက် ကို ရုံးခန်းထဲမှာတင် ဖတ်ကြည့်လိုက်တာ ကိုယ်၀န်ဆောင် လိုအပ်တဲ့ အသုံးအဆောင် ဆိုပဲ..။
“ဟွင်း..တော်တော် ရယ်ရတာပဲ..”
“ဘာကိုလည်း ဇို..”
ဇို ခေါင်းခါရမ်းရင်း ရုံးခန်း အပြင် ထွက်လာခဲ့လိုက်သည်..။
အပူချိန် ၃၉ လို့ ကြေညာ ထားပေမဲ့ မဟာရန်ကုန်မြို့ရဲ့ အပူချိန်က ၅၀ကျော်နေပြီ ထင်ရလောက်အောင်ပူပြင်းလှသည်..။
မိန်းကလေး ယောင်္ကျားလေး လူကြီး လူငယ် ၀မ်းစာရှာဖို့ အလုပ်လုပ်နေရပေမဲ့ နွမ်းလျမှုနဲ့ အတူ အဆီပြန်နေတဲ့ မျက်နှာ တစ်ချို့ မိတ်ကပ် ပျက်နေတဲ့ မိန်းကလေးတစ်ချို့ အပူချိန်နဲ့ အတူ ကိုယ်ချင်းစာစိတ်တွေလည်း အငွေ့ပျံကုန်ပြီ..။
“ဟာ..စောင့်ပါဆို..”
“ကျစ်..ကြာလိုက်တာ...လူက ငါးခြောက်ဖြစ်တော့မယ်..”
“ဦးလေး..ကျွန်မ အရင်နော်..”
“အေးဟေ့..အေး..နေအုံး..လာအော်နေတာ ငါ့ မိန်းမကျနေတာပဲ..”
ပါးစပ် အရသာခံပြောနေတဲ့ ထို စကားတွေ ကိုယ့် ပြောလာလည်း မသိချင်ယောင်ဆောင်နေရမည်သာ...။
ဇို သည်းခံစိတ်ကို မြင့်တင်ပြီး နေပူကြဲကြဲထဲ ဆောင့်ကြောင့်ထိုင်စောင့်နေလိုက်သည်..။
“တီ..တီ...”
“ပြော..”
“မမဇို..ပစ္စည်း လာမပို့သေးဘူးလား..”
“ငါ ကားဂိတ်ရောက်နေလို့..ကောင်လေး ကို လွှတ်လိုက်ရမလား..”
ဇို အခွင့်သာတုန်း အကြောင်းရှာလိုက်ပေမဲ့ သုသုလက်ခံမှာ မဟုတ်ဘူးဆိုတာ သိပါသည်..။
ဒါ က သူသာနေကြောင်း ပြချင်သည့် မိန်းမတစ်ယောက်ရဲ့ စိတ္တဇစိတ်..။
“မဖြစ်ဘူး..မမ ပဲ လာပို့လိုက်ပါ..”
“နောက်ကျလိမ့်မယ်..”
“ညနေကျရင်တော့ ကိုကိုလေး နဲ့ဆေးခန်းပြဖို့ ရှိတယ်..မမ  ညနေ ရောက်လာရင်တော့ ဒေါ်ညို ကိုမှာခဲ့လိုက်မယ်..”
“အိုကေ..”
မဆိုင်တာတွေ ကြားရတာ များလာတော့ စကားလုံးတွေကို မခံစားရတော့ပဲ အသိလွတ်နေတဲ့ သူတစ်ယောက်ရဲ့ စကားတွေလို ပြုံးပြီး နားထောင်တက်နေပြီလေ...။
မပတ်သက် သင့်တော့ဘူး ထင်လို့ ဒီကိစ္စ ကို အပြီးသတ် ဖို့ဆုံးဖြတ်လိုက်သည်..။
သူ ချိုးတိ်ုင်း ခံနေရတာ...ဇို မပီသ...။
“ဦးလေး..ပစ္စည်း ပို့မဲ့ လိပ်စာ တင်ခဲ့တယ်..ငွေရှင်းပြီးသား..”
“စောင့်အုံးလေ..”
“ဦးလေး ပြီးတဲ့ အချိန်ရောက်ရင်..ကျွန်မ လည်း ငါးခြောက်ဖြစ်ပြီ..”
ဇို နီးစပ်ရာ မားကပ် တစ်ခု ၀င်ပြီး စာရင်း အတိုင်း လိုက်၀ယ်ရသည်.။
“ဗိုက်ဖုံး အကျီ င်္က ဘာအရောင်လည်း အစ်မ..”
“လိမ္မော်လေးပေးပါ..”
“စတော်ကင် ကကော..”
“လိမ္မော်ပဲ ပေးပါ..”
ပစ္စည်း အားလုံး လိမ္မော်ပဲ ေ၇ွး၀ယ်လိုက်ပြီး..သုသု ရဲ့ ရတနာ စံအိမ်ကို ချီတက်လာခဲ့ရပြန်သည်..။
“ဟော..မမ..လာပြီ့..”
“ဒေါ်ညိုရေ....”
ခြံ၀င်းထဲမှာ ရပ်နေပြီး တံခါးလာမဖွင့်ပဲ ဒေါ်ညိုကို လှမ်းခေါ်နေတော့ ဒေါ်ညို အတွက် စိတ်မကောင်းဖြစ်ရသည်..။
“တစ်သိန်းခြောက်ထောင်..”
“မမကလည်း လောလိုက်တာ..အိမ်ထဲ၀င်ပါအုံး..”
“ခဏနေအုံး..သုသု...”
အိမ်ထဲ ၀င်ဖို့ ပြင်နေသည့် သုသု က ဇို့ အခေါ်ကြောင့် ပြန်လှည့်ကြည့်သည်..။
မျက်လုံးချင်း သေချာ ဆုံအောင် စိုက်ကြည့်လိုက်ပြီး..
“နင် က မရင့်ကျက်ဘူး.သနားဖို့ ကောင်းတယ်..မမြင်ဖူးတဲ့ စည်းစိမ်တွေကို အရသာခံနေဆဲ ကာလမို့ ငါ လိုက်လျောလာတာ..အခု ငါ ပင်ပန်းလာပြီ..အဲတော့ နောက်ရက်တွေ ငါတို့ဆီမှာ ပစ္စည်း မမှာပါနဲ့..”
“ဒေါ်ညိုက ပြောနေတယ်...မမက အရမ်းစိတ်ဓာတ်သန်မာတာ ဘာမှ မခံစားရသလိုပဲတဲ့..အခု မမ က ဒီကို လာရတာ ပင်ပန်း တယ်ဆိုတော့ ဒေါ်ညို ထင်တာမှားတာပဲ .”
ဇို စိတ်ပျက်လာရသည်.စျေး၀ယ်ချင်တာမဟုတ်ပဲ..အရင်မိန်းမ ရှေ့မှာ မယားငယ်ဂုဏ်ရည် တက်ချင်နေတာ သိလိုက်တော့
“နင် ဘယ်တော့ မွေးမလည်း..”
စကားလမ်းကြောင်းပြောင်းပြီး ...
ဒေါက် ဖိနပ် ၀တ် ထားတဲ့ သုသု ကို ဒေါက်၀တ်ပြီး လမ်းမလျှောက်ဖို့ သတိပေးချင်လို့ တကယ့် စေတနာနဲ့ မေးလိုက်မိသည်..။
“.၆ လ ကျော်ပြီလေ..ကလေးက အရမ်း တွားတယ်  ည ဆို အရမ်းလှုပ်တာပဲ..ကိုကိုလေး ဗိုက်ကို ပွတ်ပေးမှ ငြိမ်သွားတယ်....ဟင်း.ဟင်း..အဖေသိတယ် ပြောရမယ်.....ညစာဆိုလည်း  ကိုကိုလေး ခွံပေးမှ မြိုကျတာ..မနက်က လမ်းလျှောက်တာ ကိုကိုလေးပါလိုက်ရတယ်...ဒီမနက် ငါးရံ့ အူ ဟင်း စားချင်လို့ မာမီ စျေးသွား၀ယ်တာ ခုထိ ပြန်မလာသေးဘူး..တစ်အိမ်လုံးက ဂရုစိုက်နေတော့ သုသု ဝတောင်လာသလားလို့နော်..မမ...အင်း..မမ အတွက်လည်း စိတ်မကောင်းလိုက်တာ...တစ်သက်လုံး အမေ ဖြစ်ခွင့် မရတော့ဘူးပေါ့နော်..မိဘမေတ္တာ မသိခဲ့တဲ့ မမက ကလေးလည်း မရနိုင်တော့ဘူးဆိုတော့ တော်တော် ခံစားရမှာပဲ....”
“အေး..အခု ပိုခံစားရသလားလို့...ကလေး မရနိုင်တဲ့ သူရှေ့မှာ ကိုယ်၀န်သည် တစ်ယောက်ရဲ့ သာယာမှုကို တမင်ပြောပြနေတာ ဗိုက်ဆာပြီး အစားမရှိလို့ ဆာလောင်နေရတဲ့ သူ တစ်ယောက်ရှေ့ မှာ တမင်တကာ မုန့်စားပြပြီး အရသာ ရှိကြောင်း ကြွေးကြော်နေသလိုမျိုး အောက်တန်းစား ဆန်တယ်...”
“ဟား..ဟား..မမ ကလည်း ပြောလိုက်မှဖြင့် ဒါဆို မမ က မုန့်ငတ်နေတဲ့ သူပေါ့..ဟီး..ဟီး..”
မခန့်လေးစား ဂရုမစိုက်စွာ အော်ရယ်လိုက်တဲ့ သုသု ကို တစ်ခုခု လုပ်ပစ်ချင်ပေမဲ့ ..
“ဟား....ငါ့ အတွက်က ဘာမှ မလိုဘူး...ငါ က မတူတဲ့ လမ်းမှာလျှောက်နေတဲ့သူ....ငါ့ အတွက် မစိုးရိမ်ပါနဲ့...အခု.နင့်ရဲ့ အောက်တန်းစားစိတ်ကို သိအောင်ပြောပြတာပါ...နင် က ငါ့ ကို ချိုးလို့ ရတယ် ဆိုပြီး ဂုဏ်ယူနေတယ်ပေါ့ ..နင်နဲ့ လမ်း တစ်ခုတည်း လျှောက်နေတဲ့ ပူး နဲ့ အန်တီ့ ကို အားနာ စိတ် မရှိဘူးလား..”
“ဘာလို့ အားနာ ရမှာလည်း..ပြီးတော့ မမ သာ မိန်းမ တာ၀န်ကျေရင် ကိုကိုလေး က သုသု ကို စိတ်၀င်စားပါ့မလား..”
အခုလို ပြန်ပြောရဲနေတာ...အမှန်တရား တစ်ချို့ကို သိနေပေမဲ့ မပြောပဲ နေခဲ့လို့လေ...
မယားတာ၀န် မကျေသူလို့ ကင်ပွန်းတပ်တဲ့ အထဲမှာ သုသု ပါလာတော့ ဇို့ရဲ့ မခံချင်စိတ်ကြောင့် မနေနိုင်တော့...
“အဟက်.....မယားတာ၀န်မကျေလို့ ကျေတက်တဲ့သူကိုယူ သူများသွေးကို လွယ်ထားရတဲ့ မယားအသစ်ကို တာ၀န် ယူစောင့်ရှောက်ပေးနေတဲ့ ပူး လည်း နွားရူးပဲ..”
“ဘာ..”
သုသု မျက်နှာက အရိပ်မဲတစ်ခု ဖြတ်ပြေးသွားသလို ညိုသွားတော့ ဇို ပြုံးလိုက်ရင်း..
“ငါသိနေတယ်..သူတို့ကို သနားလို့ ပြောပြချင်ပေမဲ့ ကွာရှင်းပြီးသား မဆိုင်သူ လို့ ငါ့ကိုငါ သတ်မှတ်ထားလို့..
ပြီးတော့ နင့်ကို  ချွေးမ ဖြစ်သူ မသိအောင် ညဘက် အခန်းထဲ အောင်သွယ်ပို့ပေးနေတဲ့ မြေးရူး အန်တီ နဲ့ ကလေးမမွေးနိုင်ရင် ကွာရှင်းမယ် လို့ လွယ်လွယ်ပြောတဲ့ ပူး အတွက် နင် က ပို ထိုက်တန်တယ် သုသု..အဲတော့ ငါ ပြောပြဖို့ အစီအစဉ် မရှိဘူး....နင်တို့ အိမ်ထဲမှာ ဘယ်လိုသာယာနေနေ ငါနဲ့ မဆိုင်ဘူး..ဒါပေမဲ့ နင် က ငါ့ကို မျက်စိနောက်လောက်အောင် ဒီအိမ်ကို ခေါ်နေရင်တော့ ပြောမိမလားပဲ....ပူး အလိမ်ခံနေရတာတော့ စိတ်မ၀င်စားဘူး..ဒါပေမဲ့ ဘာမှ မသိတဲ့ အန်တီက နင့်ခိုင်းဘက် ဖြစ်နေတာ တွေ့ရင် ၀န်တိုတာမျိုး မဟုတ်ပေမဲ့ အလိမ်ခံနေတဲ့ လူကြီး တစ်ယောက်မို့ ငါ သနားတယ်...နောက်ဆို ငါ့ကို မခေါ်ပါနဲ့ သုသု..နင့်ရည်းစားဟောင်းကို လည်း အပြတ်ရှင်းထားအုံး..တော်ကြာ ရာဇ၀င် မကင်းတဲ့ ဒီ အိမ်သမိုင်း အတိုင်း တိုးမေထက် အကြောင်းဆိုးနေအုံးမယ်..ဟား..ဟား...”
“...မဟုတ်ဘူး....မဟုတ်ဘူး..”
ဇို ရဲ့ စကားလုံးတွေက အရှိုက်ထိသွားသလို သွေးရူးသွေးတန်းထပြောတာ စကားလုံးတွေ   က အထစ်အငေါ့ ပါနေသေးသည်..။
“ ကမ်စတမ်မာ ကို ဒီလို ဆက်ဆံတာ..တော်တော် ရိုင်းတဲ့ ဒယ်လီပဲ တိုင်လိုက်ရင်  အလုပ်တောင် ပြုတ်သွားအုံးမယ်..”
ဇိုက ဘာကိုမှ အသိအမှတ်မပြုတော့ပေမဲ့..သူကတော့ ဇို့ကိုချည်းရန်ရှာနေတာ ဘာကြောင့်မှန်းမသိ...
.အခုတော့တကယ် မနိုင် နိုင်ရာနဲ့ ဇို ဘ၀ ပျက်တဲ့ အထိ လုပ်ချင်နေပုံပါပဲ...
ကောင်းကောင်းမွန်မွန်ပြောဖို့ ဆုံးဖြတ်ထားပေမဲ့ သူဘက်က စပြီး ခြိမ်းခြောက်မှုတွေပါလာတော့
ဇို ပြုံးရင်း ဖုန်းထုတ်လိုက်သည်...။
“ဟ..အရက်သမားကို တော့ အပြစ်မြင်တယ်...ဟိုမသာမ သုသု ကို ဘယ်သူမှ အပြစ်မမြင်ဘူး.”
အသံထွက်လာတာနဲ့ သုသုမျက်နှာမှာ ထိတ်လန့်ကြောက်၇ွံ့မှုကြောင့်သွေးပျက်နေပြီလေ..။
“ဘယ်လို..”
“..ငါပြောလည်း ငါ မူးနေလို့ ပြောတာ ထင်အုံးမှာ..”
“အဟွင်း အချိန်ရရင် .ပြောပါ..”
“မင်း က နားထောင်ချင်တာလား..သုသု ကို သိလား..”
“သိတာပေါ့.”
“..အေ့...”
“ပြောပါအုံး..”
“သုသု က ငါ့ ကလေးကို ဗိုက်ထဲထည့်ပြီး လင်ငယ် နဲ့ ပျော်ပါးနေတာ...ခွေးမ...”
“ခင်ဗျား..ဘယ်သူပြောလည်း..”
“ဟ..သူပြောတာလေ...သူပြောတာပေါ့..ငါ့မယားနုနုသုသု ပြောတာလေ...သူ့ အိမ်ရှင်တွေက ကလေးရူးတွေတဲ့..အိမ်ရှင် မိန်းမက ကလေးမမွေးနိုင်လို့ ပေါက်ကွဲနေတာ..ငါနဲ့ ရထားတဲ့ ကလေးကို ဖျက်မချတော့ပဲ အယောင်ဆောင်မွေးမယ်..သူကောင်းစားရင် ငါလည်း ကောင်းစားမယ်ဆိုပြီး ပုံပြောသွားတာ..အခုလာတွေ့တော့ ငါ့ကို အရက်သမား အရူး ဆိုပြီး မောင်းလွတ်တယ်...မသာမ...နေအုံး..”
အသံဖိုင် နောက်တစ်ခု ဖွင့်ရင်း..
“ကျန်သေးတယ်...အင်း...ဒါလည်း.....နားထောင်ကြည့်ပါအုံး..”
ဇို ဖုန်းကိုထောင်လိုက်တော့ မျက်လုံးပြူးကြည့်နေပြန်သည်..။
“ဟိုတလောကပဲပေးထားတာလေ..”
“နင် မပေးရင် ဒီ အိမ်က လူတွေကို ငါတို့ အကြောင်း ပြောလိုက်မယ်..”
“ပြောပေါ့...ကိုကိုလေး နဲ့ ငါ နဲ့ အိပ်ပြီးသွားပြီ..သူတို့က နင်ပြောတာ ယုံမလား.”
“နင့်မို့လိုက် $ရှက် မရှိတာ..”
“မတက်နိုင်ဘူး..ရဲ လျှင် မင်းဖြစ်တယ်တဲ့...နောက်တစ်ခါ နင်လာရင် အမူးသမားရမ်းကားနေတယ် ဆိုပြီး တိုင်လိုက်လို့ အချူပ်ခန်းထဲ ထမင်းစားနေရမယ်..ရော့...ဒါပဲ ပါတယ်..ပြန်တော့...”
“ဟား..ဟား..ငါ့ကို မခြိမ်းခြောက်နဲ့ သုသု... နင် တိုက်တဲ့ အရက်မှာ အိပ်ဆေးခပ်ထားတာတွေ နင်တို့ တကယ် ဘာမှ ဖြစ်တာတွေ ဟာ..ကုန်အောင်ပြောရရင် ကလေးမွေးလာရင် ဆေးစစ်ကြည့်ပါလို့ ပြောလို့ရတယ်နော်..ဟဲ..ဟဲ...နောက်တစ်ခါ များများယူလာနော်..ချစ်တယ်..”
“လွှတ်စမ်းပါ...ငါ ပြန် တက်ရမယ်..”
“မရဘူးကွာ..သူတို့ အိပ်နေပါပြီ...”
ဇို ပြုံးလိုက်ပြီး ဖုန်းကို ပြန်သိမ်းလိုက်တော့ မျက်လုံးပြူးဖြင့်လိုက်ကြည့်ခါ
“ဒါက..”
“ဟား..ဟား..ငါက စုံစမ်းရေး သိပ်ကျွမ်းတာသုသု ရဲ့...နင်ပိုသိပါတယ်...”
“အား.. မဟုတ်ဘူး.. ဘယ်လိုရတာလည်း..ဒါ..ဒါ..နိုင်လူ အသံသွင်းသွားတာလား..”
သူ့ရည်စားနာမည်ပါထုတ်ပြောရင်း ကယောင်ခြောက်ခြားဖြစ်နေသည့်သုသုကို စိုက်ကြည့်ခါ..
“ပြောပြတာပါ..ဇို ဆိုတာ  နင် ခန့်မှန်း ထားတာထက် ပိုတယ်..ဟား..ဟား.....”
ဒေါ်ညိုက ပိုက်ဆံအိတ်ယူပြီး ထွက်လာတော့ သုသု က နေရာက မလှုပ်မယှက်ပေမဲ့ ဇို ပိုက်ဆံအိတ်ကို ဆွဲယူပြီး ရှေ့မှာ ပိုက်ဆံရေခါ ယူလာခဲ့လိုက်သည်..။
“သု...ဘာဖြစ်တာလည်း..”
ဘယ် အချိန်ကတည်းက အိမ်မှာရှိနေလည်း မသိသည့် မင်းသားလေးက အိမ်ပြင်ထွက်လာပြီး သုသု ကို ငုံ့ကြည့်ခါ မေးမြန်းစစ်ဆေးနေပြန်သည်..။
“ခင်ဗျားနေအုံး..”
ဇို ရောက်နေတဲ့ ခြံတံခါး နားမှာ ရပ်စောင့်နေလိုက်တော့ ဇို ဆီကို ခြေလှမ်းကြမ်းတွေနဲ့ ဆိုက်ရောက်လာခါ..
“ခင်ဗျား နဲ့ ကျူပ် မဆိုင်တော့ဘူး..ဒါက သုသု နဲ့ ဘာမှ မဆိုင်ဘူး..ခင်ဗျားလုပ်ရပ်ကြောင့် ခင်ဗျား အပြစ်ဒဏ်ခံရတာ..ခင်ဗျားကို ကျူပ်က ရွံတာ..မုန်းတာ..သုသု ကိုပြသာနာ မရှာပါနဲ့...”
ဇို လှည့်ကြည့်လိုက်တော့ သုသု က ၀မ်းနည်းရိပ်နဲ့ မျက်ရည်ကျခါ ငိုပြနေပြန်သည်..။
“သုသု..နောက်မခေါ်နဲ့ ..ငါ လည်း ပြောပြချင်စိတ် မရှိဘူး..အိုကေ..”
ဇို ခြံတံခါးကို ဆွဲဖွင့်လိုက်ချိန် အစိမ်းရောင် ဒေါသ မျက်၀န်းတွေနဲ့ စိုက်ကြည့်နေသူကို သေချာကြည့်ခါ..
“စိတ်မပူနဲ့ ဘုရားသခင် က တန်ရာ တူရာ တွဲပေးထားတာပဲ..ငါ ကျေနပ်ပါတယ်..”
“တောက်..”
ဇို ကျောခိုင်းထွက်လာချိန် နောက်ကျော ဘက်က တောက်ခပ် သံ ကြားလိုက်တော့ ပြုံးမိသေးသည်..။
အခုအချိန်မှာ ပူးဆိုတာ ဇို့ အတွက် သာမန် လူသား တစ်ယောက်ဖြစ်သွားခဲ့ပြီပဲ...။
ကလေးရူး ရူးနေကြသည့် သူတို့ကိုမှ ကလေး အကြောင်းပြပြီး အရူးလုပ်ခံနေရတာ သနားမိသလိုလို ရှိပေမဲ့ ..မတက်နိုင်ပါ..။
လူတိုင်းက ကိုယ့် အထင်နဲ့ ကို ဘုရင် ဖြစ်နေကျ သူချည်းသာ..။
ရုံးကိုပြန်ရောက်ပြီး ပစ္စည်းတွေ စစ်နေချိန်...
“ဇိုရေ..ကော်မရှင်တွေနဲ့ ထောနေတယ်မလား...ဟဲဟဲ..ညနေ မုန့်လိုက်ကျွေး..”
ရယ်ကြဲကြဲ နဲ့ အခွင့်အရေးယူချင်သည့် အောင်စိုးအပြောကြောင့် ဇို မျက်မှောင်ကြုတ်သွားရသည်..။
မပြောသင့်ဘူး တွေးထားပေမဲ့ ဆိုင်က ရောင်းအားတက်လာလည်း ကော်မရှင် က တိုးမပေးတော့ စိတ်ထဲမကျေနပ်စိတ်များ ကိန်းအောင်းလာရသည်..။
“အောင်စိုး ..”
“ဟမ်..”
“မဟန်နီက ရောင်းအားတက်လည်း ငါ့ကို တက်မပေးဘူး..”
“သိဘူးလေ...ကျွန်တော်နဲ့ မဆိုင်ဘူး..အစ်မ ကိုပဲ ပြောလေ..”
ဇို တိုင်ပင်သလို ပြောပြပေမဲ့ အောင်စိုးက အလုပ်ဆိုတာနဲ့ ပုတ်ထုတ်တက်တဲ့ လူစားမျိုး...။
“ငါ က နင့်ကို အားနာလို့ပါ..”
“ကျွန်တော့် အစ်မ တစ်၀မ်းကွဲပါ...”
“အေးလေ..ပြီးတာပဲ..”
သူတောင်မှ ကင်းနိုင်သေးတာ ကိုယ် လည်း အနေသာကြီး..။
ဇိုက ကော်မရှင် စား ဆိုပေမဲ့ အရောင်းတက်အောင် ကိုယ်ပိုင် အလုပ်တစ်ခု လို စေတနာ ထားပြီး လုပ်ပေးခဲ့ပေမဲ့...စေတနာ ဆိုတာ မှန် လို မဟုတ်ခဲ့ပါ...။
“အောင်စိုး...ဒီမှာ ပိုက်ဆံ..”
“အင်း..”
ဇို တင်ပေးလိုက်တဲ့ ပိုက်ဆံကိုယူပြီးမော့ကြည့်ခါ
“ဘယ်လိုဖြစ်တာလည်း..ဖုန်းပြောပြီးခါမှ ဆွေးလှချည်လား..ယောင်္ကျားနဲ့ ရန်ဖြစ်လို့လား.”
“မဟုတ်ပါဘူး..နင့် အစ်မ နဲ့ ခွါကွဲပြီ..”
“ဟား..ဟား..ဇို ကလည်း...လွန်တာကိုး..အစ်မတော့ ပေါက်ကွဲ နေမှာပဲ..”
“မတက်နိုင်ဘူးလေ...ငါကလည်း လောဘ ကြီးတယ်..သူ ကလည်း အတ္တကြီးတယ်....”
“နောက် ထပ်ရှာကြည့်ပေါ့ ဇို က အခု အဲ့လိုင်းကို ကျွမ်းနေပါပြီ..အစလောက် မခက်ခဲတော့ပါဘူး..”
အောင်စိုး နဲ့ စကားပြောလာတဲ့ တစ်လျှောက် စိတ်ပျက်စရာများပေမဲ့ ဒီတစ်ခါတော့ သူ့ပါးစပ်က အသုံး ၀င်တဲ့ စကားများထွက်လာသေးသည်..။
ဟူး..ထုံးစံ အတိုင်း မနွယ်ကိုပဲ အပူ ကပ်ရတော့မည်လေ..။
“မနွယ်...”
“အင်း..ကူညီပါရစေ..”
“ဟား..ဟား...လေးစားပါတယ်..”
“သိနေလို့လား..”
“ဟုတ်တယ်...လုပ်ပါအုံး..”
“ဘာတုန်း..”
“ဇို ဖန်စီလက်၀တ်လက်စားတွေ ရှယ်လုပ်ချင်လို့...”
“အလို...နင် ငါ့ကို ဘာထင်နေတာလည်း...ငါ့မှာ အဲလို အရည်အချင်းရှိရင် ဒီ ဆိုင် လုပ်စားပါအုံးမလား..ဇိုမ ရဲ့.”
“ဖန်စီ ဒီဇိုင်း သောင်း၀န်းကျင်လောက် က စရောင်းမှာပါ..မနွယ်ရဲ့..ဇို အွန်လိုင်းမှာ ရောင်းရတယ်...မိတ်လည်းရှိပြီးသား...အဲတာ ပိုက်ဆံထုတ်ပေးနိုင်မဲ့ ဘောစိ တစ်ယောက်လောက်ရှာပေးစမ်းပါ..ပြီးတော့ အာမခံပေးလိုက် ကျန်တာ ဇို ရှင်းလိုက်မယ်..”
ဇို ရှေ့က ခုံမှာ ထိုင်ပြီး မနွယ် နှုတ်က ထွက်လာမဲ့ စကားကိုမျှော်လင့်နေမိတာ..
မနွယ် က မျက်နှာ မသာမယာ နဲ့ ခေါင်းရမ်းပြီး..
“မဖြစ်ဘူးနဲ့ တူတယ်..ဒါတွေက ပိုက်ဆံလည်း များမယ်..ပြီးတော့ ကျားကြီးရင် ခြေရာကြီးတယ်ကွာ..သူတို့က အတိုးနဲ့ ချူပ်တာတို့ လ နဲ့ ချူပ်တာတို့က တော်ရုံ လည်တဲ့လူတောင် မခံနိုင်ဘူး..ကလေးက စီးပွားရေး အစိမ်းသပ်သပ်လေ..ကတ်ိပျက်တာနဲ့ ထောင် ထမင်းစားနေရမယ်ကွာ မစွန့်စားချင်စမ်းပါနဲ့..”
“လုပ်ပါ မ ရာ..ဇို မှာ နည်းလမ်းတွေ ရှိပြီးသားပါ..”
“အိုကွာ..တားနေတာကို ..”
“လုပ်ပါ..နော်...နော်...လို့..”
“ဟင်း...”
မနွယ်က သက်ပြင်းတစ်ခုကို ပေါ်တင် ချပြီး ခေါင်းညိတ်လိုက်တော့သည်..။
“ဒီတစ်ခါတော့ ကလေး အလုပ်လုပ်ရင် ကိုယ့် အတွက်ပါ လုပ်ပေးတယ်..သဘောထားပါ..တစ်ခုခု လွဲချော်သွားရင် ကိုယ်ရော ကလေး ကော မလွယ်ဘူးနော်..”
“ရက်စ်ဆာ..”
ဇို ရဲ့ အပျော် မျက်နှာကို မမြင်ဖူးသလို ငေးကြည့်ရင်း မနွယ်ကလည်း လိုက်ပြုံးနေသည်..။
နေ့ခင်းဘက်ပစ္စည်းပို့ရင်းဂေဟာဘက်ရောက်လာတော့
“...ဇို..လာတယ်..”
ကိုယ်ကမွေး..ကိုယ်သား အရွယ်ဆိုတဲ့ စကား အတိုင်း လေးနှစ် အရွယ် ကလေးက  ဇို လို့ ခေါ်တော့ ဇို ပြုံးလိုက်မိသည်..။
“မမကလည်း မလာတာကြာလှပြီ..”
“သုံးရက်ထဲပါကွာ...”
“လေးရက်ပါ...”
“သုံးရက်ပါဆို..”
ကလေးတစ်သိုက်နဲ့ အငြင်းပွားနေတုန်း အစ်မ မိုးက အနားရောက်လာသည်..။
“တို့များ ဇို့ ကို သတိရနေတာ...”
“ဖုန်းဆက်လိုက်ပေါ့ မမရယ်..ဇို လည်း အလုပ်နည်းနည်း ရှိနေလို့  မလာဖြစ်တာ...တီချယ် နီလာကို ဖုန်းဆက်သေးတယ်...မလာလည်း ရတယ်..ဆရာ ပြန်ရောက်နေတယ်ဆိုလို့ပါ..”
မမိုး က မြေပေါ်မှာ ထိုင်ဆော့နေတဲ့ အငယ်ဆုံးကလေးကို ဆွဲထူရင်း..
“ဇို နေမှ ကောင်းရဲ့လားလို့ပါ .ဒီလိုပဲ ကြံဖန်.စိတ်ပူမိတာပေါ့..ကိုယ့်ကလေးပဲဟာ..”
“...မမိုး ကို စိတ်ပူအောင်လုပ်မိတဲ့ အတွက်..ဒီနေ့ မီးဖိုဆောင် တာ၀န်ယူပေးပါမယ်..”
ဇို ရဲ့ အပြစ်၀န်ခံ မှုကို မမိုးက ခေါင်းညိတ်ထောက်ခံတော့ ဇို ပခုံးက အိတ်ကိုဖြုတ်ခါ သံချိတ်မှာ ချိတ်ခဲ့ပြီး မီးဖိုဆောင်ဘက် လျှောက်လာခဲ့လိုက်သည်..။
ဇို့ ရဲ့ ခြေလှမ်းတွေက မီးဖိုဆောင် တံခါး၀မှာတင် ဘရိတ်မိခါ ရပ်တန့်သွားရတော့သည်..။
ဟင်းချက် ဒယ်အိုးအကြီးကို  ရေတိုင်ကီဘေးမှာ ချပြီး တိုက်နေရင်း  ရေဖယားနဲ့ ရေခပ်လောင်း ပြန်သည်..။
စွပ်ကျယ် လက်ပြတ် အနက်ရောင်အောက်မှာ ပခုံးသားဖြူဖြူနုနု တွေက နောက်က ကြည့်ရသူ အဖို့ မိန်းကလေး တစ်ယောက်နဲ့ မှားနိုင်သည်..။
လည်ဂုတ် မရောက်တရောက် ဆံပင်တစ်ချို့ က လှိုင်းပြေလေးတွေ အဖြစ် ကိုယ်ခန္ဓာ လှုပ်ရှားမှု အတိုင်း လွန့်လူးနေသည်..။
သူ က အမ် ဆိုတာပဲလေ...ဂေဟာ တစ်ခုလုံးမှာသူက နာမည်ကြီးတစ်ယောက်...
အထင်ကြီး လေးစားမှု..နဲ့ အတူ ဂေဟာမှာ နာမည်ကျော် ဂုဏ်သတင်းမွှေးနေသည့် တစ်ဦးတည်းသော ဆရာဆိုတဲ့ အသိကြောင့် ဇို ခြေလှမ်းတွေရပ်တန့် နေမိသည်..။
“ဆရာမ..”
“အယ်..”
ကလေးတစ်ယောက်ရဲ့ ခေါ်သံကြောင့် ဇို လန့်သွားရသလို အိုးတိုက်နေတဲ့ သူကလည်း ခေါင်းလှည့်ပြီး တံခါး၀ဆီ အကြည့်ရောက်လာတော့သည်...။
ထိုင်ရာကနေ လက်ဆေးပြီးထလာခါ အနားရောက်တော့
“သမီး..စံပယ်..ဘာဖြစ်လို့လည်း..”
ဇို့ဘေးမှာ ရပ်နေတဲ့ ကလေးကို ဦးတည်မေးလိုက်မှ ဇို စိတ်ထဲ နည်းနည်း သက်သာရာ ရသွားသည်..။
ဒီ မျက်နှာ မြင်ဖူးသလိုလို အသံကတော့ ဖုန်း ထဲ က အတိုင်းပါပဲ..
“ဆရာမ စုက ဆပ်ပြာပေးခိုင်းလို့..”
“.အင်း..ပေး..”
ကလေး လှမ်းပေးတဲ့ ဆပ်ပြာခဲ ကို ယူပြီး ဇို့ ဆီကို အကြည့်တစ်ချက်ရောက်လာသေးသည်..။
“ဇို..ဒီနေ့ ပူတင်းမုန့် လုပ်ကျွေးပါလား..”
“ဟမ်...အေး.အေး..”
..ဆရာဆိုပြီး ကြောက်နေရအောင် ကလေးလည်း မဟုတ်..ကိုယ့်စိတ်ကို  စိတ်ပျက် ဒေါသ ဖြစ်မိသည်..။
“ဇိုလား..နာမည်ကြီးပဲ.....”
“ဟမ်..”
တရင်းတနှီး နှုတ်ဆက်လာတော့ ဇို မျက်လွှာပင့်ကြည့်လိုက်ချိန် ခင်မင်ရင်းနှီးသူ တစ်ယောက်လို ပြုံးပြသေးသည်...။
ရုတ်တရက် သတိရသွားသည့် မျက်နှာ တစ်ခုကြောင့်...
အားနာမှု နဲ့ ရှက်စိတ် ဆတူ ဖြစ်ခါ ..ဇို ဖြစ်နိုင်ရင် မြေကြီးထဲ သာ မြေလျှိုးပျောက်ကွယ်သွားချင်ရသည်...။
“ကိုယ်က အမ် ပါ...မာမာ ကတော့ ဇို လာကူပေးတဲ့ အကြောင်းတွေ ခဏခဏ ပြောပါတယ်..”
“သြော်..ဟုတ်..”
ဒီပုံစံ မျိုး နှုတ်ဆက်နိုင်တာ အရင်က အကြောင်းကို သူ မမှတ်မိတော့လို့ပေါ့..
ဇို စိတ်ထဲက မျက်နှာ ပူစရာ ကိစ္စ တစ်ခု လျော့သွားလို့ စိတ်သက်သာခါ မျက်နှာကို ပြင်လိုက်ချိန်.
“ဒါနဲ့ ကိုယ်တို့ တွေ့ဖူးသားပဲ...”
“ဟင်..”
“မှတ်မိလား...ကိုယ့်ကို တဏှားရူး ဆိုပြီး lesson တွေပေးသွားတာလေ...”
သူ့ပါးကို လက်နဲ့ကိုင်ပြီးပြောတော့ ဇို့  မှာ အားနာမှု ကြောင့် ဟန်မဆောင်နိုင်အောင် ဖြစ်သွားရသည်..။
ဆရာ တစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတာ...သေသင့်တယ်...ဇို...။
စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်း..
“အဲဒီ့ ကိစ္စ တောင်းပန်ပါတယ် အထင်လွဲပြီး ..အဲလိုတွေ ဖြစ်သွားတာ..တောင်းပန်ပါတယ်.”
“ဟား..ဟား...ဇို အထင်လွဲပြီး ဖြစ်တာ ကိုယ်သိ ပါတယ်..ကြည့်ရတာ အားနာနေပုံပဲ..မိတ်ဆက်တဲ့ အနေနဲ့ ထပ်ရိုက်ချင်လည်း ရတယ်နော်..”
“ဟာ..မရိုက်ပါဘူး..”
“တော်သေးတာပေါ့ တကယ် ရိုက်လိုက်မလား စိတ်ပူနေတာ...ဟား..ဟား..ဒါနဲ့ ကျောင်းမှာ အမြဲ ကူညီပေးနေတဲ့ အတွက်ကျေးဇူးတင်ပါတယ်.....”
ကိုယ့်စိတ်ကို မလုံမလဲ ဖြစ်မိတော့..ဒီကိစ္စကြီး မြန်မြန်ပြီးသွားစေချင်လို့ စကားတစ်ခု ရှာလိုက်ရင်း..
“ဟုတ်ကဲ့...ဇို ဘာလုပ်ပေးရမလည်း..ဆရာ..”
“အိုးတိုက်နေတာ...ဆရာမ ဇို မီးမွှေးပေးပါလား..ရမလား..”
“ရပါတယ်..ဇို လုပ်လိုက်ပါမယ်..”
သူက အိုးပြန်တိုက်ဖို့ ထိုင်လိုက်တော့ ဇို မိးမွှေးဖို့ ကြိုးစားရသည်..။
ထင်းစာက ရေစိုနေတော့ မီးခိုးမွန်ပေမဲ့ မီးတောက်အောင်သာ အပြင်းအထန် လုပ်ယူနေရသည်..။
အခုလို အလုပ်တူတူ လုပ်ရတာ မျက်နှာပူ ရပေမဲ့ ပြန်သွားလို့လည်း မဖြစ် မမိုး ကို ကတိပေးခဲ့လိုက်ပြီလေ..။
“ဇို က ဘယ်ဆိုးလို့လည်း..မီးမွှေးတာကျွမ်းသားပဲ..”
“ရပြီလား..ဆရာ...”
“အဟွင်း..ရပါပြီ...လှလှပပ မိန်းကလေး တစ်ယောက်ကို အခုလို မျက်ရည်ကျအောင် ခိုင်းတာတော့ လွန်သွားပြီ ထင်တယ်နော်..တော်ကြာနေ..လုပ်အားပေးမလာမှ ခက်မယ်..”
ရင်းရင်းနှီးနှီး ပြောလာတဲ့ စကားကြောင့် ဇို လည်း မျက်နှာပူရတဲ့ စိတ်တော့ လျော့နည်းသွားရသည်..။
တိုင်ကီထဲက ရေကို ဖလားနဲ့ ခပ်ယူပြီး ပေးတော့ ဇို အနီးမှာ ရှိတဲ့ ပြတင်းပေါက်မှာပဲ မျက်နှာ သစ်ပစ်လိုက်သည်..။
“ဘာလုပ်ရအုံးမလည်း..ဆရာ..”
“အာလူးခွါ ရအုံးမယ်..”
“ဟုတ်ကဲ့..”
ဇို ရဲ့ ဟုတ်ကဲ့သံ ဆုံး သူက ဟက်ခနဲ့ ရယ်လိုက်တော့ ဇို စိတ်ထဲ အလိုမကျမှု လှိုင်းလေး ဖြတ်ပြေးသွားရသည်..။
ဒါကို သူက ရိပ်စားမိခါ မျက်နှာ ပြင်လိုက်ပြီး..
“ကိုယ့်ကို ရင်းရင်းနှီးနှီးပဲပြောပါ ဇို....အခုလို ပြောနေတော့ တအားရိုသေ နေသလိုမျိုးကြီး ဖြစ်နေတယ်..”
ကလေးဆန်သည့်  မျက်နှာကျပေါ်မှာ အပြုံးတစ်ခုတင်ရင်း ရင်းနှီးစွာပြောလာတော့ ဆယ်ကျော်သက် တစ်ယောက်လို ဖြစ်နေသည်..။
သူပြောတာလည်း ဟုတ်တာပဲ ကြည့်ရတာ ဇို့ ထက် အသက်ငယ်မလားတောင် မပြောတက်...။
“ဆရာ  မို့လို့ပါ..”
“အမ် ပဲ ခေါ်ပါ..ကိုယ် လည်း ဇို လို့ပဲ ခေါ်မယ်နော်..ရတယ်မလား..”
“ဇို ဆိုတာ နာမည်ပဲလေ..  ခွင့်တောင်းစရာလိုလား”
စိတ်ထဲမှာ ပြောဆို မိပေမဲ့ လက်တွေ့မှာတော့ ခေါင်းညိတ်လိုက်ရသည်..။
ဇို က သူ့ကို ပါးရိုက်ထားမိသူလေ...။

。☆✼★━━━━━━━━━━━━★✼☆。
ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏

မကောင်းလည်း ရေးမိတာပဲ😭
တကယ်မနေနိုင်လို့ပါ💔😭💔
အတွေးထဲမှာ ဇိုချည်းသာ ကြီးစိုးနေပြန်တော့
ရေးမိတာပေါ့နော်🙈
စာရေးသူစပိုက်ကာ လည်း ဇို့ကို မနိုင်ဘူး 😍😁🙈
❤💪😭📖

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now