Part 12

929 71 0
                                    

Zoe
အပိုင်း (၁၂)
#ဇိုစပိုက်ကာ

“မတွေးချင်လည်း ပြန်တွေးနေမိ  မေ့ရင် လည်း ပြန်သတိရပြီး  အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ မှားနေလည်း ငါ ဆက်မှားပြီး ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက် နစ်ခဲ့  ဖြတ်တောက် တိုင်းလည်း ပိုဖြတ်ဖို့ ခက်တဲ့
သံယောဇဉ်..သံယောဇဉ် ငါလေ အပျက်အပျက်နဲ့ သွေးထွက်ခဲ့တဲ့
သံယောဇဉ်...သံယောဇဉ်...လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့..သံယောဇဉ်...နေမြင့်လို့..အရူး..”
“ဒုန်း..ဒုန်း..”
ရေချိုးနေချိန် အပြင်က တံခါးကို ထုလိုက်တဲ့ အသံကြောင့် သီချင်းအော်ဆိုနေတဲ့ ဇို တုန်သွားရသည်..။
တံခါး ကို နည်းနည်း ဆွဲဟပြီး ခေါင်းထုတ်ခါ.
“ဘာလည်း..”
“ဖုန်းလာနေတယ်..”
ခိုင်ခိုင်က ဖုန်းလှမ်းပေးတော့ ဇို လက်ကို တာဝါနဲ့ သုတ်ပြီး ဖုန်းကိုင်လိုက်သည်..
“မနွယ်..”
“ဘယ်မှာလည်း..”
“အမ်း..လုပ်မယ်လေ...”
ဖုန်းပြန်ပေးတော့ ခိုင်ခိုင် က ဘုကြည့်ကြည့်နေတာ
“ကျန်သေးလား.”
“တကယ်ပဲ..တော်တော် သံယောဇဉ်နေတာ..အော်ခေါ်တာတောင် မကြားဘူး..ဇို ငါတို့တွေညကျ ကေတီဗီ မှာ သွားဟဲမယ်..”
သူပြောလည်း ပြောချင်စရာ လေးဖြူရဲ့ သံယောဇဉ် သီချင်းကို ထပ်ခါထပ်ခါ ဖုန်းနဲ့ တစ်နေ့ကုန်ဖွင့်တာ အားမရလို့ ရေချိုးရင်းတောင် အော်ဆိုနေသည်ကိုး..
“နေပါ..ခု သွားရတော့မှာ..”
ဇို တံခါးကို ပြန်ဆောင့် ပိတ်လိုက်ပြီး ရေဖြည့်ထားတဲ့ ကန်ထဲက ရေကို ခွက်နဲ့ သုံးလေးချက်လောက် ခပ်ပြီး လောင်းချိုးလိုက်သည်..။
အလုပ်ရမှာ သေချာနေပေမဲ့ ကိုယ်ဘက်က သာစောရောက်ချင်လို့ အ၀တ်အစားလည်း အမြန် လဲ ရသည်..။
သူများတွေလို အင်တာဗျူး မလိုပဲ မနွယ်ကျေးဇူးကြောင့် တိုက်ရိုက် အလုပ်တန်းရတာပဲ တော်လှပြီ.။
“ဇို..အိတ်..”
“အေး..မေ့လို့..”
ခိုင်ခိုင် လှမ်းပေးတဲ့ အိတ်ကို ဆွဲယူပြီး စလွယ်သိုင်းခါ လမ်းပေါ်ရောက်လာပေမဲ့ ခေါင်းက ရေက  တစ်စက်စက်နဲ့ ပခုံးပေါ် ကျနေဆဲ..။
ဆံပင် ရှည်တွေကို လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ စိတ်ရှုပ်ရှုပ်နဲ့ ညှပ်ချပစ်လိုက်တာ တော်ပါသေး၏..။
လည်ဂုတ်ကိုတောင် လုံအောင် မအုပ်နိုင်တဲ့  ဆံပင် တ်ိုကို အစက ကြည့်ရတာ တစ်မျိုးဖြစ်နေပေမဲ့ အခုလိုကျပြန်တော့ အသုံး ၀င်သေးသည်..။
မနွယ် ပေးလိုက်သည့် လိပ်စာကို ရောက်တော့ ဇို ထင်ထားသလို ကုမ္ပဏီ အကြီးစားမဟုတ်ပါ..။
“၀င်ခဲ့မယ်နော်..”
“ဟုတ်ကဲ့...ထိုင်ပါ..”
ဇို ခုံမှာ ၀င်ထိုင်လိုက်စဉ် လူရွယ်တစ်ယောက်က ဖုန်းပြောရင်း အလုပ်ရှုပ်နေသည်..။
အလိုက်မသိပဲ စကားပြော ၀င်လာခဲ့မိတာကို ပြန်အားနာပြီး..နှုတ်ခမ်းစေ့ပိတ် ၍
ထိုင်နေမိသည်..။
ထိုလူကတော့ ဖုန်းပြောပြီးတော့ ဇို့ ကိုကြည့်ခါပြုံးရင်း..
“မနွယ်..ပြောထားလို့သာ..ကျွန်တော်တော့ ဒီက အစ်မ ဒရ်လ်ဘရီ လုပ်မယ်ဆို တာ မယုံနိုင်ဘူး.”
ဇို အပြုံးကနေ အလိုမကျမှုကြောင့် မျက်ခုံးက အနည်းငယ်တွန့်တက်သွားပြီး..
“ဘာလိုအပ်ချက်များ ရ်ှိလို့လည်း..”
“မဟုတ်ပါဘူး..ဒီအလုပ်က ပင်ပန်းတယ်..လူတွေက စမ်းသပ် လုပ်ကြည့်ကြပေမဲ့ ပြန်ပြေးတာပဲ..”
“ကျွန်မ က ပစ္စည်း ကြီးကြီးမားမားတော့ မနိုင်ဘူး..”
“ကျွန်တော်တို့ကလည်း အွန်လိုင်း ပစ္စည်း တစ်ချို့ ပဲ ပို့တာပါ..အထူးသဖြင့် အလှကုန်နဲ့ အ၀တ်အစားအဓိကပို့နေတာပါ..”
“ဟုတ်ကဲ့..”
“အစ်မ စက်ဘီးစီးတက်လား..ယာဉ်မောင်းလိုင်စင်ကော ရှိလား..”
“ဟုတ်ကဲ့...”
“ဟမ်...”
ရှေ့က လူက စဉ်းစားသလို တစ်ချက်တွေးပြီး သဘောပေါက်သွားတော့မှ ရယ်နေသည်..။
“ဒါဆို အဆင်ပြေတာပေါ့..ပစ္စည်း များတဲ့နေ့ဆို ကားနဲ့ လွှတ်ပါတယ်..”
“အင်း..”
“မနွယ် အာမခံပေးလို့ လခ ကြိုထုတ်ပေးလိုက်ပါမယ်..ကျွန်တော်တို့က ယုံကြည်မှုနဲ့ အလုပ်လုပ်သွားမှာဆိုတော့ ..စာချူပ်ကလေးတော့ ချူပ်ထားစေချင်တယ်..”
“ဟုတ်ကဲ့..ဘယ်နှစ်လ စာချူပ်လည်း..”
“အဲလိုပြောတာမဟုတ်ပါဘူး..ပစ္စည်း အတွက်စာချူပ်ပါ..အစ်မ တစ်ချက် ဖတ်ကြည့်ပါ..”
ဇို ရှေ့မှာရောက်နေသည့် စာရွက်ကို ကောက်ဖတ်လိုက်တော့ သူတို့ရဲ့ ပစ္စည်းတွေ ပျောက်ဆုံးပျက်စီးရင် လျော်ရမဲ့  စာချူပ်တစ်ခု..
ကိုယ်ကျင့်တရားကို စော်ကားတဲ့ သဘော သက်ရောက်နေပေမဲ့ သူတို့ ဘက်က ကြည့်တော့လည်း မလွန်ပါဘူး..
ဇို သဘောပေါက်နားလည်တော့ ရှေ့က စာရွက် ကို ကောက်ယူပြီး လက်မှတ် ထိုးပေးလိုက်သည်..။
“ဘယ်ကို ပို့ရမလည်း..”
“အခုလား.ပို့တော့မလို့လား.”လူငယ်က အံသြသလို မေးနေပေမဲ့ ဇို ခေါင်းညိတ်လိုက်သည်..။
ဇို က ခုံက မတ်တတ်ရပ်ပြီး အဆင့်သင့် ဖြစ်နေတော့ ထို လူကပဲ ပြုံးပြီး..
“ကျွန်တော်က ဒီ က တာ၀န်ခံ အောင်စိုးမိုးပါ..အစ်မကတော့ နာမည် တစ်လုံးတည်းလို့ ပြောတယ်..မေ့သွားလို့..”
တာ၀န်ခံ ဆိုသူက ပြုံးပြီးပြောပေမဲ့ ဇို့ မျက်နှာကတော့ အရယ် အပြုံး မရှိပဲ
“ဇို ပါ..”
“အင်း..ဇို...သိပြီ...ဒါနဲ့ အခုတော့ မန္တလေး ဂီတ် ကို ပို့ဖို့ ပစ္စည်း ၅ထုတ်ရှိတယ်...အချိန် မှီ ပါ့မလား ..ရုံးဆင်းချိန် က ၆နာရီလေ..”
“ရပါတယ်..”
အောင်စိုးမိုးလို့ ခေါ်တဲ့ ဇို့ ရဲ့ အကြီးအကဲ က ပထမဆုံး အလုပ်ဆင်းတဲ့ သူ အလုပ်လန့်ပြီး ပြန်ပြေးမှာကြောက်နေပုံ ရပါသည်..။တော်တော်လေးကို ဂရုတစိုက်ပြောဆိုဆက်ဆံနေတာ ...
“’ဒါဆို ကားနဲ့ ပဲ သွားလိုက်ပါ..”
“ကားခ ဘယ်လိုပေးရမလည်း ပို့ရမဲ့ လိပ်စာနဲ့ ဘယ်နေရာအထိလည်း..ဆိုတာပါ တစ်ခါတည်းပေးပါ..”
“အစ်မဇို က ဒယ်လ်ဘရီ အလုပ် လုပ်ဖူးတာလား..”
“မလုပ်ဖူးပါဘူး..”
“အဆင်ပြေပါ့မလား..ဒီမှာလုပ်တဲ့ ကျော်ပိုင် က ပြန်မရောက်သေးဘူး ရောက်ရင် တူတူ သွားလို့ ရတာပေါ့..”
“တစ်ယောက်တည်း ရပါတယ်...”
သူ က အကဲခတ်သလို ကြည့်ပြီး ခေါင်းညိတ်ရင်း..
“ကောင်းပါပြီ..”
ဇို လက်ထဲ ရောက်လာတဲ့ ပစ္စည်း အိတ်တွေကို တစ်ဖက်တည်း စုကိုင်ပြီး လက်ထဲက စာရွက် ကို ဘောင်းဘီ အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်..။
“ကားနဲ့ ပဲ သွားပါ အစ်မ..ဒီမှာသော့..”
လှမ်းပေးနေတဲ့ သော့ကို မယူသေးပဲ စဉ်းစားရသေးသည်..ကားခ လစာထဲက ဖြတ်ရင်တော့ စားဖို့တောင် ကျန်တော့မည် မထင်..
“ကားခ မဖြတ်ပါဘူး..”
“အိုကေ..”
ဇို ခေါင်းညိတ်လိုက်ပြီး ကားသော့ လှမ်းယူလိုက်သည်..
ရှေ့မှာ ရပ်ထားတဲ့ ရုံးတံဆိပ်ပါ ကားကို သော့ဖွင့်ပြီး တက်လိုက်သည်..။
လွန်ခဲ့တဲ့ ၃နှစ်လောက်က ကားမောင်းသင်ထားတာ မောင်းတက်ပါ့မလား မသေချာပေမဲ့ ကားစက်နှိုးလိုက်သည်..။
တစ်လမ်းလုံး ဖြည်းဖြည်း နဲ့ မှန်မှန် လေး ရင် တထိပ်ထိပ် မောင်းလာရတာ ကားဂိတ် ရောက်မှ သက်မ ချနိုင်တော့သည်..။
*“ဘ၀မှာ မထင်ထားတဲ့ အရာတွေနဲ့ ရင်ဆိုင် ကြုံတွေရတဲ့အခါ သင်ဟာ ထင်တာထက် ပို သန်မာကြောင်း သင်ကိုယ်တိုင် သိလာပါလိမ့်မည် ..”*
ဘယ်သူပြောထားတဲ့ ဒသနစကား မှန်း မသေချာပေမဲ့ ထိုစာသားက ဇို့ အတွက် မှန်နေပြီမို့ ပြုံးလိုက်မိသည်.။
“ဘယ်ဂိတ်ချမှာလည်း.”
“မန္တလေး “
“ဘောက်ချာပြန်ပေးပါအုံး..”
“ဟာ..ဒီမှာ ရေးနေတယ်လေ..ဘယ်လို ဖြစ်နေတာလည်း..”
ငေါက်တဲ့ လူက အရိပ်ထဲမှာ  အဲကွန်းနဲ့ စောင့်ရတဲ့ လူကတော့ နေပူပူ ကွန်ကရစ် အပူ လေပူ တွေကြားတဲ့ ချွေးထွက်လွန်းလို့ ရေဓာတ်ခမ်းခြောက်ချင်လာပြီ..။
အကျီ င်္ ကလည်း လက်ရှည်မဟုတ်တော့ လက်မောင်းနေရာတွေက ပူပြီး အနီရောင် ကွက်တွေ ထလာပြီ..
ဒါလည်း မပြီးနိုင်သေး..။
“..စောင့်နေတာကြာပြီ..ခင်ဗျား ကွမ်းယာသွား၀ယ်တယ်စောင့်နေတယ်..ဖုန်းပြောတာလည်းစောင့်နေတယ်..အခုမရနိုင်သေးဘူးလား..”
ဇို ခပ်ကျယ်ကျယ် ဆောင့်အော်ပြောလိုက်မှ စာရွက်မှာ ဖြစ်သလို ကုတ်ခြစ်ပြီး လှမ်းပေးသည်..။
ဒေါသလေးကိုလျော့ပြီး ကားဆီ ပြန်လျှောက်လာစဉ် မထင်ထားသော သူ တစ်ယောက်နဲ့ မျက်နှာ ချင်းဆိုင်တွေ့လိုက်ရသည်..။
ဇို အကြည့်လွဲပြီး ဆက်လျှောက်လာပေမဲ့ သူကတော့ ဇို့ဆီ တန်းလျှောက်လာခါ..
“မမဇို...မတွေ့တာကြာပြီနော်..”
“အေး...”
“ပစ္စည်းပို့တာလား..”
ဇို့ဖွင့်လက်စ ကားတံခါးက တံဆိပ်ကို ကြည့်ပြီး သိသွားတာ စိတ်ထဲ ခံပြင်းမိသည်..။
“အေး..”
“သုသု လည်း မမ ကို သတိရပါတယ်..အခုလိုတွေ့ရတာစိတ်မကောင်းဘူး..”
“ကိုယ်၀မ်းစာ ကိုယ်ရှာ စားနိုင်သေးတာ စိတ်မကောင်းစရာတော့ မလိုပါဘူး.သွားအုံးမယ်..”
ဘေးနားက လန်ခရုဖ်စာ ကားနက် ကိုမျက်လုံးတောင့်ကပ် မြင်လိုက်သည်..။
သူများပါသေးလားဆိုတဲ့ စိတ်ကြောင့် ရှက်ရွံ အားငယ် စိတ် ၀င်မိသွားပေမဲ့ ခေါင်းကိုခါရမ်းထုတ်ပစ်လိုက်ရသည်..။
ရှက်နေရအောင် ဘာအမှားလုပ်မိလို့လည်း...။
ကားကွေ့့လိုက်တော့ မောင်းသူနေရာမှာ ဦးဘအုံးကို တွေ့လိုက်ရတာ..
သုသု တစ်ယောက် ဘယ်လောက် ကောင်းစားနေလည်း...ဇို မရခဲ့တဲ့ အခွင့် အရေးတွေ တစ်သီ ကြီးနဲ့လေ...။
မနာလို မရှုစိမ့်စရာ အကြောင်းလည်း မရှိပါဘူး..ကိုယ်တိုင်လည်း မမက်မောခဲ့တာတွေပါ...။
ရုံး ကိုပြန်ရောက်တော့ ၅ နာရီ ခွဲကျော်နေပြီ..
“ကျွန်တော် က စိတ်ပူနေတာ အဆင်မှ ပြေပါ့မလားလို့..ကားဂိတ်ကို ဖုန်းဆက် ကြည့်သေးတယ်..”
“ကားလမ်းကြပ်နေလို့ နည်းနည်း ကြာသွားတာ လမ်းကြောင်းလည်း သိပ်မကျွမ်းကျင်သေးလို့့ပါ..”
“အင်း..အစ်မ အတွက် လခ က ဇို့ ခုံပေါ်မှာ တင်ထားတယ်..”
“ဟုတ်ကဲ့ ကျေးဇူး..”
ဇို ခုံပေါ်က ပိုက်ဆံ ကို ယူပြီး ရေကြည့်လိုက်တော့ တစ်သိန်းငါးသောင်း....တော်ပါသေးရဲ့...။
“ပြန်လို့ ရပြီလား..”
“အင်း..မနက်ဖြန် ၈ နာရီ လာခဲ့ပါ..”
ဇို ခေါင်းညိတ်လိုက်ပြီး ပိုက်ဆံယူခါ ထွက်လာခဲ့လိုက်သည်..။
ကားစောင့် နေချိန် နောက်ကျောပိုးအိတ်ကို တစ်ယောက်က ဆွဲလိုက်သလို ဖြစ်တော့ ပိုက်ဆံကို သတိရပြီး လှည့်ကြည့်လိုက်တာ တင်ပါးကိုပါ ပုတ်သွားတော့ လူက ဒေါသ ထွက်ရပြီလေ..။
“တောက်....ဖြန်း...”
“ဟာ...”
ဒေါသနဲ့ ဆတူ လွဲချလိုက်တော့ ပါးကို လက်ဝါးနဲ့ အုပ်ပြီး မျက်လုံးပြူးကြည့်နေသည်..။
“ဘာဖြစ်တာလည်း ဟင်..”
သူကပဲ ကြောင်တောင်တောင် နဲ့ အရူးကွက်နင်းပြီး ပြန်မေးနေတော့ ထပ် ရိုက်ချင်လာသည်..။
“တဏှာရူး...တောက် ..”
“ဗျာ...”
“သေအုံးမယ်...”
ဇို..လက်ဝါးစောင်းနဲ့ ရွယ်လိုက်တော့ မျက်လုံးမှိတ်ပြီး လက်ကာနေတာ..နောက်က လူ ရှေ့တိုးလာပြီး ဇို့ လက်ကို တွန်းပစ်ခါ
“မဟုတ်ဘူး..ဘာဖြစ်တယ်ဆိုတာပြောအုံးမှပေါ့ ..”
“တင်ပါးကို ပွတ်နေလို့..”ဇို မရှက်မကြောက်ပြောချလိုက်တော့  ခပ်လှမ်းလှမ်းကကောင်မလေး နှစ်ယောက်လည်း အနားရောက်လာသည်..။
“..အစ်မ လူမှားတာပါ..သူ နဲ့ ကျွန်တော် က ဖြတ်သွားတာ ဒီမှာ ရပ်နေတဲ့ ကောင်က ထွက်သွားပြီ..”
“ဘာ..”
“ဟုတ်တယ်...အဲဒီအကိုတွေက လျှောက်လာတာ နောက်ကို ရောက်တဲ့အချိန် အစ်မက ရိုက်လိုက်တော့ ညီမတို့တောင် အံသြနေတာ..”
ဇို့ဘေးက  ၀န်ထမ်းကောင်မလေးတွေက ၀င်ရှင်းတော့ ဒေါသလျော့သွားရသည်..။
အိတ်ထဲက ပိုက်ဆံကို ပြန်ကြည့်ပြီး ဇစ်ပိတ်ခါ ကားပေါ်တက်ဖို့လုပ်တော့ အနောက်က လှမ်းဆွဲတာ ခံလိုက်ရပြန်သည်..။
“ခင်ဗျား မှားတာ တောင်းပန်လေ..”
ဇို့ လက်ကို ဆွဲထားတဲ့သူကို စူးစူးဝါးဝါး ပြန်ဆိုက်ကြည့်လိုက်တော့ ဘေးက အရိုက်ခံရသူက..
“နေပါစေကွာ..သူလည်း ရှက်လို့ မှားရိုက်တာပဲ.”
“ဟာ..ဒါသပ်သပ်...”
“လာပါကွာ...သွားပါ...ညီမ..ရတယ်..”
ဇို လက်ကို ဆောင့်ဖြုတ်ပြီး ကားပေါ်ရောက်ခါမှ တောက်...သူတို့ခွင့်ပြုလို့ ကိုယ်က ကားပေါ်တက်ရတာလား..။
မှန်က တစ်ဆင့် ပြန်ကြည့်လိုက်တော့ ပါးကို လက်နဲ့ ကိုင်ထားဆဲ...။
ကျစ်..တောင်းပန်သင့်တာသိပေမဲ့..ဇိုတို့က သူများခိုင်းတာဆို ဘယ်တော့မှ မလုပ်ချင်...။
အိမ်ပြန်ရောက်တော့ ၇နာရီခွဲကျော်နေပေမဲ့ ဘယ်သူမှ ပြန်မရောက်သေးလို့ သော့ဖွင့် ၀င်ခဲ့လိုက်သည်..။
ထမင်းအိုးတည် ထားပေးခဲ့တဲ့ ခိုင်ခိုင် ကို ကျေးဇူးတင်ရသလို လဲ့ရည် ကြော်ပေးခဲ့တဲ့ ငါးခြောက်ကြော်ကြောင့် ညစာ ပြီးသွားရသည်..။
“ဟူး...”
အိပ်ယာပေါ် လဲချလိုက်တော့ မြင်ယောင်လာတာ သုသု မျက်နှာ ...။
အကြည့် မဆိုင်ခဲ့ပေမဲ့ ဗိုက်ဖုံး အကျီ င်္ အဝါနုရောင်လေးက မျက်လုံးထဲက မထွက်..။
“ကျစ်..အရေးမပါတာ..”
စိတ်ထဲမှာ ပျံဝဲနေတာတွေ ပျောက်သွားအောင်..ကုတင်အောက်က ဗစ်ဘူးကို ထုတ်ယူလိုက်သည်..။
လဲ့ရည်မ ကို ကတ်ိပေးထားတာ သတ်ိရတော့   ပြန်ထားလိုက်ပြီး ကုတင်အောက်က ဂစ်တာ ကိုပဲ ပြန်ထုတ်လိုက်ရသည်..။
ကုတင်ပေါ်မှာ ပြန်ထိုင်ပြီး ဂစ်တာကို ပွေ့လိုက်ခါ ကြိုးပြန် ညှိ လိုက်တော့ တိုးလျလျ ဂစ်တာသံက အခန်းထဲမှာတော့ ကျယ်လောင်နေသည်..။
”Another summer day
Has come and gone away
In Paris and Rome
But I wanna go home
May be surrounded by A million people
I Still feel all alone
Just wanna go home
Oh, I miss you, you know”
တိုးတိုးလေး ညီးနေမိတဲ့ သီချင်းက တစ်ပိုဒ်တောင် မဆုံးသေး ခိုင်ခိုင်က ၀င်လာတော့ ဇို ဆက်မဆိုဖြစ်တော့ပဲ ဂစ်တာ သာပိုက်ထားလိုက်ရသည်..။
“မအိပ်သေးဘူးလား ဇို..”
“အိပ်မယ်...မနက်ကျရင် ငါ့ကို ၇နာရီ နှိုးနော်..”
“နှိုးရင် ထအုံး..”
“အမ်းပါ..”
ဇို ဂစ်တာ  ကို ဘေးမှာ ကပ်ထောင်လိုက်ြ့ပီး ကုတင်ပေါ် ပြန်လဲချလိုက်ချိန် လက်နေရာက စပ်သွားတော့
“အော်..ခိုင်ခိုင်..ငါ နေလောင်ခံ ခရင်မ် ဘာသုံးရင် ကောင်းမလည်း..”
“အယ်..တကယ်ကြီးလား..”
အလှအပ စိတ်မ၀င်စားသည့် ဇို က ဒီလို ပြောလာတော့ သူ့ အတွက်လည်း ထူးဆန်းနေပါလိမ့်မည်..။
“ငါ ပစ္စည်းပို့တာ နေပူထဲမှာလေ..”
“အယ်..နင် က ဒယ်လီ လုပ်နေတာလား..”
“အမ်း..နင့် ဘီဒို ပေါ်မှာ ၅သောင်းတင်ထားတယ်..”
“ဘာလို့...”
ခိုင်ခိုင် က နားမလည် သလို ဘီဒိုပေါ် လှမ်းကြည့်ရင်း မေးခွန်းထုတ်တော့ ဇို ရယ်လိုက်ရင်း..
“ချေးတာ ၂သောင်းကျော်..ငါစားလာတာ နည်းလား..၂သောင်းနဲ့ မလောက်ပေမဲ့ အခုတော့ အဲလောက်ပဲ ယူထားပါ..”
ခိုင် က မျက်ခုံးတွန့်ကျသွားပြီး ဇို့ ကို မကြည်သလို ကြည့်ခါ
“တို့တွေက အဲလို ပြောရမဲ့လူလား..”
“နင်တို့စေတနာကို ငါနားလည်ပါတယ်..ကျေးဇူးလည်း တင်တယ်..အိပ်တော့မယ်..မနက်ကျ နှိုးအုံးနော်..မီး ပိတ်ခဲ့..”
ခိုင်ခိုင် ထွက်သွားတော့ မီးမှိတ်ခဲ့ပေမဲ့ အတွေးက မပျက်နိုင်သေး..
မနက်စောစော ထရမှာမို့ မျက်လုံးကို ဇွတ်မှိတ်ပြီး အတွေးတွေကို ကန့်လန့်ကာ ချလိုက်ရသည်..။
အိမ်မက်တွေထဲမှာ ဇို တစ်ယောက် ရင်ခွင် တစ်ခုထဲ ရောက်နေပြန်ပြီ..
အိမ်မက်ဆိုးတွေ.....။
“ဇို..ပြောတော့ဖြင့် တစ်မျိုး..ဇိုး..”
ဆောင့်အော်လိုက်တဲ့ ခိုင်ခိုင် ရဲ့ အသံစာစာ ကြောင့် နှိုးတစ်၀က် အိပ်တစ်၀က် ဖြစ်နေတဲ့ ဇို မျက်လုံး ပွင့်သွားရသည်..။
“ဟမ်..ထပြီ..”
ဇို ကုတင်ပေါ်မှ ချက်ချင်းထလိုက်ရသည်..မဟုတ်ရင်...ပြန်အိပ်ပျော်သွားမှာ..
“အင့် ..ရေချိုးပြီး ဒါလိမ်းသွား..ဒါက မျက်နှာလိမ်းဖို့..လက်ရှည် ၀တ်သွားအုံး..”
“အမ်း..”
ခိုင်ခိုင်လှမ်းပေးသမျှ ကို ကုတင်ပေါ် ပစ်တင်ခဲ့လိုက်ပြီး ရေချိုးခန်းထဲ ပြေး၀င်ရသည်..။
“ဟဲ့..၇နာရီ ခွဲတော့မယ်..”
“ပြီးပြီ...”
အပေါ်ထပ်ရှပ်ထူထူ ကို ၀တ်လိုက်ပြီး ဦးထုတ် ယူခါအခန်းထဲက ထွက်လာခဲ့လိုက်သည်..။
ရုံးကို အချိန်မှီ ရောက်ဖို့သာ အဓိက..။
ဇို လောအားတကြီးနဲ့ လာရတာ ရုံးကိုရောက်တော့ ၈နာရီ ပင် မဖြစ်သေး..။
ခိုင်ခိုင်ပေးလိုက်တဲ့ စက်ဘီးလေးကို ကျေးဇူးတင်မိသေးသည်..။
“အစ်မ.ရောက်ပြီလား..”
“အင်း..”
“အတော်ပဲ..စျေး၀ယ်ပေးဖို့ တစ်ယောက်ချိတ်ထားတယ်..အဲဒါ ၀ယ်ပြီး သွားပို့ပေးလိုက်ပါ..”
“..လိပ်စာနဲ့ ၀ယ်ရမှာတွေ..”
“အဟွင်း အောင်စိုးမိုး ပဲ ခေါ်ပါ အစ်မရယ်..”
“မကောင်းဘူထင်တယ်..ဂျာကြီး..”
“ကျွန်တော် အဲလောက်  အသက်မကြီးသေးပါဘူးဗျာ..”
“ကောင်းပါပြီ ဆရာ..”
“အယ်..”
နာမည်မခေါ်ပဲ ဆရာ ခေါ်တော့လည်း ကြိုက်ပုံမရ...ဘယ်လိုခေါ်စေချင်တယ်လို့ ပြောလိုက်ရင် ပြီးတာပဲ..
“ဒီမှာ ပစ္စည်း စာရင်း ..ဒီမှာက လိပ်စာ..ခန့်မှန်းချေ ၄သောင်းကျော်ပေမဲ့ ၅သောင်း ပေးလိုက်မယ်နော်..”
ဇို့ ကိုလှမ်းပေးတဲ့ ၅ထောင်တန် တွေကို သူ့ရှေ့မှာတင် ရေယူလိုက်သည်..။
“၅သောင်းအတိပါ..ဆရာ..”
မျက်နှာမှာ အလိုမကျမှု နဲ့ အောင့်အီးပြီး သည်းခံနေရတဲ့ အမူအယာက အထင်းသား..။
“ကျွန်တော်က ငယ်တော့ အောင်စိုးပဲ ခေါ်ပါ ရပါတယ်..၀န်ထမ်းချင်း တူတူပဲဟာ..ရင်းရင်းနှီးနှီးပေါ့ဗျာ ”
“ဒါဆို ငါ့ကို လည်း ဇို လိုပဲ ခေါ်..”
“ကောင်းမလား..”
“ကောင်းတယ်..သွားလိုက်အုံးမယ်...အောင်စိုးရေ..”
ဇို စက်ဘီးနဲ့နီးစပ်ရာ မားကပ် တစ်ခု ၀င်လိုက်ပြီး  ပစ္စည်း စာရင်း အတိုင်း ၀ယ်လိုက်တာ..ဟင်းချက်အမယ်တွေချည်း...။
ဒါတွေကို နီးစပ်ရာစျေးမှာ သွား၀ယ်ရင် ရတယ်..လူတွေ ချမ်းသာတော့ အိမ်မှာ ထိုင်နေရုံပါပဲလေ..။
လမ်းတစ်ခုလုံး သစ်ပင်အရိပ်တွေနဲ့ တိတ်ဆိတ်ငြိမ်သက်နေတာ ရန်ကုန်မြို့နဲ့တောင်မတူ..။
စက်ဘီးမနင်းရတာကြာပြီမို့ လွတ်လွတ်လပ်လပ် နင်းလာတာ ရုတ်တရက်ရှေ့မှာတွေ့လိုက်ရတဲ့ အဖြူရောင်တစ်ခုကြောင့် ....
ဘရိတ်ဆွဲညစ်လိုက်ပေမဲ့ စက်ဘီးက ယိုင်ကျသွားပြီး ခြေထောက်  အမြန်ထောက်လိုက်ရသည်..။
“အား..”
“ဘာဖြစ်သွားလည်း..ထိသွားလား..”
ဇို စက်ဘီးထောက်ပြီး အနားရောက်အောင်သွားလိုက်သည်..။
လမ်းမပေါ်မှာလေးဘက်ထောက်ဖြစ်နေသည့်ထိုလူက အကျီင်္ ဘောင်းဘီ ကလည်း အဖြူမို့ လူတောင် ဟုတ်ရဲ့လားတွေးမိသေးသည်..။
“ထိသွားလား..”
ခေါင်းရမ်းပြပြိး လက်ဖနောင့်ကို သဲခါနေတော့ ဇို စက်ဘီးပေါ် ပြန်တက်ပြီး ရှောင်နင်းလာလိုက်တာ..ဘေးကို ကျော်ချိန်..
“ခဏ...ခဏ...”
နောက်က အကျီ င်္စကို ဆွဲလိုက်တော့ စက်ဘီးလဲကျပြီး ဇို လည်းစောင်းကျတာ လူကိုတော့ သူ ဖမ်းပါသည်..။
သို့သော်..
“ဟာ...”
သူ ကျောခိုင်းပစ်လိုက်သလို ဇို လည်း ရှပ်အကျီ င်္ကိုဆွဲစေ့လိုက်ရသည်..။
“ကျွန်တော် မရည်ရွယ်ပါဘူး..”
ရည်ရွယ်တာ မရည်ရွယ်တာ မသိ ...
“ဘာလည်း....ဘာလုပ်တာလည်း..”
“ဟို..ဟို....လမ်းမေးမလို့ပါ..”
ဇို ကျစ်သပ်ရင်း မျက်မှောင်ကြုတ်ကြည့်လိုက်ချိန် သူက ပြန်လှည့်လာတော့
“...”
“ဟင်..နင်...”
“ဟာ...”
“တောက်...နင်..လုပ်ပြန်ပြီ...”
“ဟာ...မဟုတ်ဘူး..မဟုတ်ပါဘူး..”
ပထမအကြိမ်က ကားမှတ်တိုင်မှာ သက်သေမရှိလို့ အခုတော့ ေ၇ှ့နေ့လိုက်ဖို့ ဘယ်သူမှ မရှိ လက်ပူးလက်ကြပ် မိတာ...။
“ဖြန်း..”
မျက်လုံးစုံမှိတ်ပြီး နောက်ကို ဆုတ်ရှောင်လိုက်လို့ ဇို ရိုက်ချက်က လည်ပင်းပေါ်ကိုသာ ကျသွားသည်..။
“သေအုံးမယ်....သောက်ရမ်း နှာထနေရင် ..ဆော်ရှာပြီး ဟိုတယ်သွားလိုက်...”
“ဟာ..”
ဇို တစ်ခုခု ထပ်လုပ်ချင်ပေမဲ့ အလုပ်က အရေးကြီးနေလို့ စက်ဘီး ကိုဆွဲထူပြီး နင်းလာခဲ့လိုက်သည်..။
ပစ္စည်းပို့ပြီးတော့ နောက်ကျသွားပြန်ပြီ..နောက်တစ်နေရာ ထပ်သွားဖို့  ရှိသေးသည်မို့..အမြန်နင်းလာခဲ့လိုက်ရသည်..။
ဒီလမ်းကပဲ ပြန်ရတော့ ဒေါသထွက်ပြီး စက်ဘီးနင်းလာတာ နှာဘူးကောင်က ထိုင်နေတုန်းပင်..။
စိတ္တဇ များလား....။
“ဇို ဒီနေ့ ပစ္စည်းပို့ရတာ အဆင်ပြေလား..”
ခိုင်ခိုင် က အိမ်ကိုစောစောပြန်ရောက်ပြီး ထမင်းခူးနေပြီ...
“အေး..ပစ္စည်း ပို့ရတာတော့ ပြေပါတယ်..”
ဇို ခုံမှာ ပစ်ထိုင်လိုက်ပြီး ဆံပင်တွေကို ထိုးဖွပစ်လိုက်သည်..။
“ဘာက အဆင်မပြေလို့လည်း..”
“ဂျင်း အကျီ င်္အသစ်ကုန်ပြီလေ..တောက် နှာဘူး..သကောင့်သား..”
“ဘာလို့လည်း..”
“ကားစောင့်တုန်းကလည်း အနောက်ကနေ လာပုတ်သွားတယ်...နောက်တစ်ခါ လမ်းမှာတွေ့တော့ အကျီ င်္ကို မတော်တဆ ဆွဲသလိုနဲ့ ကြယ်သီးတွေ အကုန်ပြုတ်သွားပြီ..”
“တယ်ဟုတ်ပါလား..ခွေးသူခိုး သတ္တိရှိနေတာ..ဇို့ ကိုမှ..ဟား..ဟား..”
“တောက်..”
ဇို ဒေါသထွက်နေချိန် ခိုင်ခိုင်က စက်ဘီးကို ဘာတွေငုံ့ကြည့်ပြီး ရယ်နေမှန်းမသိ..
“မမ လူတကာ နှာဘူးထင်နေတော့တာပဲ..”
“ဘာလည်း..”
“တရားခံက နင့်စက်ဘီးပဲ အကျီ င်္ကြိုးကို မချည်ဘူးမလား..”
ခိုင်ခိုင်က ချိန်းကြိုးထဲက ခါးကြိုးစကို ဆွဲထုတ်လိုက်တော့မှ ဇို ဒေါသလျော့သွားရပြီး..
ရိုက်ခဲ့မိတာ မှားမှန်းသိလိုက်ရသည်...။

。☆✼★━━━━━━━━━━━━★✼☆。
ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏

ဒီနေ့ တင်တာ နောက်ကျသွားတယ် ဆောဒီး 🙏

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now