Part 6

1K 74 0
                                    

Zoe
အပိုင်း (၆)
#ဇိုစပိုက်ကာ

“ဇို..”
ဇို ကိုယ့် အတွေးတွေနဲ့ ကို  လုံးထွေးသတ်ပုတ်နေစဉ် မထင်ထားတဲ့ တံခါး ၀က အသံကြောင့် နည်းနည်း လန့်သွားရသည်..။
“ဇို..ဒေါက်..ဒေါက်...”
ခေါ်သံနဲ့ အတူ တံခါး ခေါက်သံတွေပါ ဆက်လာတော့ ဇို ဆေးလိပ်ကို တောက်ပစ်လိုက်ပြီး ပီကေ ကောက်ဝါးခါ ထွက်လာခဲ့လိုက်သည်..။
တံခါး ဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတာ မျက်နှာ နုနုဖက်ဖက်နဲ့ ပူး..
“ဘာလည်း..ကောင်လေး..”
“ဟို..စာသင်ဖို့လေ..အဲဒါလာခေါ်တာ..’
“အမ်း..”
ဇို ဖုန်းယူပြီး အခန်းတံခါး ပြန်ပိတ်ထားခဲ့လိုက်သည်..။
စားပွဲပေါ်မှာ ထိုင်နေပြီး စာကြည့်နေတဲ့ ပူး ကို ကြည့်ရင်း ဇို သူ့ အကို ဆိုတာကို မြင်ယောင်ကြည့်မိသည်..။
ဒီသွေး ဒီဗီဇ ရှိရင် အခုလို လွယ်လွယ် လက်ထပ်ဖို့ လိုက်လျော မှာ မဟုတ်ပါ...။
သာပိုဆိုးနေတာ သူက နိုင်ငံကျော်မင်းသား..။
“ဇို..ဒီ ကဗျာ က ဘာသာပြန် ရမှာလား..”
ဇို ရှေ့ကို တိုးလာတဲ့ စာအုပ်ကို ကြည့်ပြီး ခေါင်းတောင် ချာချာလည်ချင်သွားရသည်..။
“ဗီဒီယို ထဲမှာ ကြည့်လေ..”
“ပြောမထားဘူး..”
“ဒါဆိုလည်း မနက် ဦးအုန်းဆီမှာ မေးလိုက်ပေါ့..”
“ဗျာ..”
ပူးက နားမလည်တဲ့ စကားတစ်ခုအဖြစ် ဗျာ တစ်လုံးသာ တမ်းတ တက်သည်..။
ဇိုက တော့ မလုံမလဲဖြစ်ခါ ပီကေ သာ ဖိဝါးရင်း ကြောက်တက်တဲ့ စိတ်ကိုလည်း ဒေါသထွက်နေရသည်..။
“အင်း.ဒါဆို..ဒီစာကြောင်းလေး..”
“ငါ တစ်ခုမှ မသိဘူး..တစ်လုံးမှလည်း မတက်ဘူး..မြင်တောင် မမြင်ဖူးဘူး..”
“အယ်...”
ပူး က အံသြသွားသလို နှုတ်ခမ်းကလည်း တစ်ခုခု ပြောဖို့ ပြင်နေပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားပေမဲ့ ဘာမှတော့ ထွက်မလာ..။
“ငါလိမ်ထားတာ..ငါ အလယ်တန်းတောင် မအောင်ဘူး..”
“ခင်ဗျာ..ဇိုက ..ဒါဆို..ဟာ....”
သူ့ အမေးနဲ့ သူ့ အဖြေ အတွေးတွေထဲ ချာချာလည် နေမှာ သိလို့ ဇို ပြုံးလိုက်မိသည်..။
“ရပလား..ပြန်မယ်..”
ဇို ဖုန်းကို ကောက်ယူပြီး ကျောခိုင်းလိုက်တော့..
“ဇို..”
“ဘာလည်း..နင့်အမေ ကို ပြောပြီး မောင်းထုတ်ခိုင်းဖို့လား..”
“မဟုတ်ပါဘူး..ဇိုက ..ဒီမှာ အိပ်ရမှာလေ..”
“ဘာလို့..”
“ပူး နဲ့ ဇို က လက်ထပ်ပြီးသားလေ..”
ဇို့ ရဲ့ လှိုင်းတွန့် ဆံပင်တွေထဲ  လက်ထည့်ပြီး မွေပစ်လိုက်သည်..။
စိတ်ရှုပ်လာရင် လုပ်ဖြစ်တဲ့ အကျင့်ဗီဇ တစ်ခု...။.
“ဇိုက ကြောက်လို့လား..”
“ဘယ်လို...”
ဇို မခံချင်စိတ်နဲ့ နောက်ကို ရုတ်တရက် လှည့်ပစ်လိုက်ပြီး မျက်နှာချင်း ဆိုင်ခါ လှောင်ပြုံးလိုက်မိသည်..။
“ငါ က ဘာကို ကြောက်ရမှာလည်း..”
“ပူး နဲ့ အိပ်ဖို့ကိုလေ..”
“ဟား..ဟား..”
ဒေါသက လှိုင်းဂယက်ဖြစ်နေတော့ သူ့ ကုတင်ရဲ့ ဘေးဘက်ကို တက်ပြီး စောင်ဆွဲယူပြီး ြခြုံ အိပ်လိုက်သည်..။
တကယ်ဆို အိပ်ခါနီး စာအုပ်ဖြစ်ဖြစ် ဆေးလိပ်ဖြစ်ဖြစ် ပါမှ အိပ်တက်တာ..။
မင်္ဂလာဦးည ဆိုတာ ဒါမျိုးလား..
မျက်နှာကျက်ကို ငေးရင်း ဇို စိတ်တွေ ပေါ့ပေါ့ ပါးပါး ဖြစ်အောင်လျှောက်တွေးနေလိုက်သည်..။
လဲ့ရည် အစ်မ၀မ်းကွဲ မင်္ဂလာဆောင် အတွက် အိပ်ခန်း ပြင်ပေးခဲ့ဖူးပါသည်..။
တစ်ပတ်ကြိုစီစဉ် ပြီး လိုအပ်တာတွေ ဖြည့် အလှအပတွေဆင်ရတာ...။
ပန်းပွင့်တွေကော..ပန်းတွေကော ရှုပ်ယှက်ခတ်နေလို့ ဇို တောင် ဟာသ လုပ်ခဲ့သေးသည်..။
ဇို လက်ထပ်တာ အိမ်နေရင်း အ၀တ်အစားနဲ့ .ဆုတောင်းပေးမဲ့ သူ မရှိသလို အသိုင်းအဝိုင်း ဆိုတာလည်း မပါ..ကုန်စင်အောင်ပြောရရင် လာတဲ့ ဧည့်သည်၂ယောက်တောင်ရေမသောက်ပဲ  ပြန်သွားကြတာမျိုး...
မင်္ဂလာ အခန်း မရှိ သတိုးသားက  မလိုချင်ပဲ ယူ ရတာ..လက်မှတ်ထိုးတဲ့ အချိန် သတိုးသားလောင်း က သူ့အမေ ကို ကြည့်ပြီး မျက်ရည်ကျသေးသည်..။
အမေလုပ်သူ က ကျိန်စာပေးပြီး အခုတော့ ခွင့်မရှိတဲ့ အခန်းထဲ လာအိပ်ရသလိုပါပဲလား...
“ဇို..”
“အမ်း..”
“ခေါင်းအုံးလေး တစ်ချက်ယူမယ်..”
“ဟမ်..”
ဇို သတိ၀င်တော့ ခေါင်းထောင်လိုက်မှ ခေါင်းအုံး နှစ်ခုလုံး ယူထားတာ...တွန့်ဆုတ်နေတဲ့ သူ့ပုံစံ ကို စချင်နောက်ချင်လာတာနဲ့...။
“ငါက ခေါင်းအုံး နှစ်လုံး နဲ့မှ အိပ်တက်တာ..”
“အော်..အင်း..”
ခေါင်းသာ ညိတ်ပြီး လက်ကို ဖိပြီး လှဲ အိပ်လိုက်တော့ ဇို မနေနိုင်တော့ပါ..။
“ဟား..ဟား...”
“ဘာဖြစ်လို့လည်း..ဇို...”
“နင်..ဒီနေ့ ဖုန်း မနှိပ်ပါလား..”
“အင်း..”
“ခေါင်းအုံး မရှိပဲ အိပ်တက်လား..”
“မအိပ်ဖူးဘူး..ဒါပေမဲ့ ရပါတယ်..ဇို အိပ်ပါ..”
သူ့ဟာ့သူ ပြောပြီး မျက်လုံးမှိတ်ချလိုက်တော့ ဇို အနားတိုးသွားပြီး..
“ဟင်..”
နှုတ်ခမ်းမှာ နူးညံ့ပူနွေးတဲ့ အထိအတွေ့ တစ်ခုကြောင့် ပူး မျက်လုံးတွေ ဖျတ်ခနဲ့ ပွင့်သွားသလို..နှလုံးသွေးတွေလည်း ဆောင့်ခုန်လာပြန်သည်..။
“ဆုချတာ...ငါ က စလိုက်တာပါ..အင့် ပြန်ယူ..”
ဇို ခေါင်းအုံး တစ်လုံးကို ရင်ဘတ်ပေါ် တင်ပေးခဲ့ပြီး ပြန်လဲ အိပ်လိုက်သည်..။
“ဇို...”
“အမ်း..”
“ပူး ကို ချစ်လား..”
“မချစ်ဘူး ထင်တာပဲ...”
“ဟာ..ပူးကိုဆို မိန်းကလေးတော်တော်များများ ချစ်ကြတယ်..”
“အဲဒီ မိန်းကလေးတွေထဲ ငါ မပါလို့ပေါ့..ဟွင်း..နင်ကော ချစ်တက်လို့လား..”
“ပူးလည်း မသိဘူး..ဒါပေမဲ့  ဇို နဲ့ ပတ်သက်သမျှ ပြန်တွေးမိရင် ကြောက်တယ်..”
“ဟား..ဟား..”
ဇို လှောင်သလို ရယ်လိုက်တော့ သူက ဇို့ ဘက်ကို ကပ်လာပြီး..။
“ပူးလေ..ရည်စားတောင်မထားလိုက်ရပဲ မ်ိန်းမ တစ်ခါတည်း တန်းရမယ်လို့ မတွေးမိဘူး..”
“နစ်နာနေပြီပေါ့..”
“အဲလို မဟုတ်ပါဘူး..မယုံနိုင်တာပါ..ဇို တစ်ခုခု အကြောင်းရှိလို့ ပူး ကို လက်ထပ်လိုက်ရတာမျိူး ဖြစ်နေမှာလည်း စိုးတယ်..”
“ဟုတ်တယ်လေ..”
“ဟမ်..”
“ငါ့မှာ အကြံအစည် တစ်ခု ရှိလို့ နင့် ကို လက်ထပ် ထားတာ..”
“မနောက်ပါနဲ့ဗျာ..”
“မနောက်ပါဘူး.ဗျာ.”
“ဟာဗျာ..ဇိုကလည်း..”
ရှက်ပြုံး ပြုံးနေတဲ့ လူငယ် တစ်ယောက်ကို ဇို  မေးထောက်ပြီး စူးစိုက်ကြည့်နေမိသည်..။
ဒါကို ပက်လက် အနေတား နဲ့ သူက မနေတက်သလိုမျိုး အကြည့်ကို မျက်နှာကျက်ပို့လိုက် မီးအိမ်ဆီ ပို့လိုက်နဲ့ အလုပ်များနေသလို မျက်နှာ အထူး သဖြင့် ပါး နှစ်ဖက် က ပိုပို နီလာပြီ...။
တကယ်ဆို သူနဲ့ ဘာမှ မဆိုင်ပါပဲ....အသုံးချခံ ရတာ သပ်သပ်...။
“ငါ့ ကို သူငယ်ချင်းလို သဘောထားပေါ့ ဒါဆို နင် နေရတာ သက်သာ သွားလိမ့်မယ်..”
ရီုးသားပွင့်လင်းစွာ ဖိတ်ခေါ်လိုက်တော့ အရောင်တောက်သွားသည့် မျက်၀န်းကလေး ကို ဇို အချိန် ကြာမြင့်စွာ ငေးမော နေမိသည်..။
“အင်း..”
ဇို ကုတင်ဘေးက မီးခလုပ်တွေ့တော့ ပိတ်ချလိုက်ချိန် အခန်းထဲမှာ စိမ်းလဲ့လဲ့ မီးရောင်လေး ကျန်နေခဲ့သည်..။
ဓားစာခံ ကောင်လေး ကို သနားသောအားဖြင့် သူ့ ပါးကို  မထိတထိ နမ်းမိလိုက်ပေမဲ့...။
ရင်ခုန်သံတွေ နဲ့ တုန့်ပြန်မှုက အတောမသတ်တော့..ဘာများ တက်နိုင်မလည်း..။
“မောနင်း...”
“အယ်..ဆောဒီး..”
ဇို့ ရင်ခွင်ထဲရောက်နေတဲ့ ပူးပုံစံက သဘောအရ ကြည့်ရင် ပြောင်းပြန်တောင် ဖြစ်နေပြီလား..။
သူ ပျာပျာသလဲ ခေါင်းထောင် ထလိုက်တော့..
“အ..”
“ဟာ...ဆောဒီး..ဆောဒီးပါ..ဇို...”
မေးဖျားကို ခေါင်းနဲ့ ဆောင့်မိပြီး ဇိုလည်း မေးကို ပွတ်ရင်း ဒေါသက ထွက်လာတော့..
“ဆောဒီး ရမလား ဟေ့ကောင်ရ..”
စိုးရိမ်စိတ်နဲ့အတူ  တောင်းပန်သလို ကြည့်နေပြီး  ဇို့ ဆီက ခင်မင်ရင်းနှီးမှုကိ်ု ပြလိုက်တော့မှ သူက  ပြုံးတော့သည်..။
“အရမ်းနာသွားလား..မော့ပါအုံး..”
ဇို မေးဖျားကို မော့ပေးလိုက်တော့ ကိုယ်နည်းပြမှ လူငယ်ဘဝရောက်တဲ့ကောင်လေးက အလည်လွန်သွားပြီး နှုတ်ခမ်းကို မထိတထိ ဦးဆောင် နမ်းသည်..။
ပြီးနောက် သူ့ဟာသူ မလုံမလဲဖြစ်ခါ ရှက်သလိုလို မနေတက်သလိုလို နဲ့ ခေါင်းကြီးသာ ငုံ့နေတော့သည်..။
“နောက်ဆို သတိထားရမယ်..နင် က နမ်းမိရင် နေမကောင်း ဖြစ်တက်တာပဲ..”
“ဟင်..”
“ဟုတ်တယ်လေ..နောက်ဆိ်ု ငါလည်း မလုပ်ဘူး..နင်လည်း မလုပ်နဲ့..”
“ပူး နေကောင်းပါတယ်..”
“မသိဘူးလေ..နင် က နမ်းမိတိုင်း ခေါင်းကြီးစိုက်ကျသွားတာကိုး..”
“ဟာဗျာ...ဇို ကလည်း..”
“ဟား...ဟား...”
ဇို အော်ရယ်တော့..မှ သူက ပြုံးရုံသာ ရှိ သည်...။
လက်ထပ် လိုက်တယ် ဆိုပေမဲ့ လေး ပင်မှု မရှိ ...
ဇို ကတော့ အိပ်ယာထကတည်းက အခန်းထဲက ထွက်သွားပြီး အခန်းဟောင်း ထဲမှာလော့ချ နေတော့သည်..။
“ဒေါက်..ဒေါက်...”
ဇို ရေချိုးပြီး အ၀တ်အစားလဲ နေချိန် တံခါး ခေါက်သံကြောင့်  သွားဖွင့်လိုက်တော့ ဒီ မင်းသား.မသွားသေးပါလား...။
“ဘာလည်း..ပူး.”
“ဟို..ဟို...ပူး..သွားတော့မယ်..”
“သွားလေ...”
“အင်း..”
အင်း ဆိုပြီး ရှေ့တိုးလာခါ ကြည်လင် တောက်ပနေတဲ့ မျက်၀န်းတစ်စုံနဲ့ စိုက်ကြည့်ပြီး ခေါင်းပါ ငုံ့လာတော့ ဇို သိလိုက်ပြီး ရှောင်လိုက်သည်..။
“နေအုံး..”
“ဟင်..”
“နင် နဲ့ မတည့်ဘူးလေ..”
“တည့်ပါတယ်..”
“နေမကောင်းဖြစ်လိမ့်မယ်..”
“ဇို ကလည်း.ဗျာ..မနောက်ပါနဲ့..”
ဇို ကိုယ်လေး နောက်ကို ရုတ်လုပ်တော့ ကျောကို ဆွဲယူပြီး သူလိုချင်တာ ရအောင်ယူသွားသည်..။
မဆိုးပါဘူး..တွေ့စကလို..ကလေး..မဟုတ်တော့ဘူး...။
“သွားတော့မယ်နော်...”
“အမ်း..”
လှေကား ဆင်သွားချိန် ထိ လက်ပြနေတာ ဇို လည်း လက်ထောင်ပြလိုက်ပြီး အခန်းထဲ ပြန်၀င်နေလိုက်သည်...။
.
“မမစိမ်း..ဒီစာမှာ လက်မှတ်ထိုးပေးပါတဲ့..”
“ဟဲ့..ဘယ်သူကလည်း..”
“မသိဘူး..ပါဆယ်ဘုံးနဲ့လာတာ..”
“ဘာရေးထားမှန်း ဘာပစ္စည်းမှန်း မသိပဲ လုပ်စရာလား..နည်းနည်း ပါးပါး စဉ်းစားစမ်းပါအုံး လား ဒေါ်ညိုရယ်...”
ဒေါ်စိမ်းမြရည် လက်ထဲက စာရွက်ကို ယူပြီး မျက်မှန် ကောက်တပ်ခါ ဖတ်ကြည့်လိုက်သည်..။
ကိုယ်ကလည်း ဘွဲ့ရတစ်ယောက်ပေမဲ့ စကားလုံးဆန်းဆန်း ရှုပ်ရှုပ် တစ်ချို့ ကို နားမလည်တော့ မျက်ခုံးနှစ်ဖက်သာ စုနေအောင် ကျုံ့ထားမိသည်..။
“အန်တီ မြန်မြန်လေး..”
“နေပါအုံး ထိုင်ပါအုံးသား..ဒေါ်ညိုရေ ကလေးကို အအေးလေး တိုက်ပါအုံး..”
“သုသုရေ...ဇို့ ကို သွားခေါ်ခဲ့..”
“ဟုတ်ကဲ့..”
အချိန်မကြာခင် သုသု ပြန်ဆင်းလာပြီး နောက်မှာ ပါလာတဲ့ ဇို ကြောင့် ဒေါ်စိမ်းမြရည် မျက်လုံးပြူးပြီး ရင်ဘတ်လက်နဲ့ ဖိထားမိသည်..။
ရှပ် အကျီ င်္ ပေါင်လယ်လောက်ကို အောက်က ဘောင်းဘီတောင် ခံ၀တ် ထားရဲ့လား မသေချာ..မင်းသမီး မော်ဒယ် တော်တော် များများတွေ့ဖူးပါတယ်...မဂ္ဂဇင်း တွေမှာ တောင် ဒီလိုပုံမျိုးတွေ ပါရဲ့လား..။
အကြောက်တရားမရှိ သလို အရှက်တရားလည်း မရှိပါလား..။
“ဇို နင် ဘယ်လိုတွေ ၀တ်ထားတာလည်း..”
လှေကားက ဆင်းလာတာ အောက်မရောက်ခင် ဒေါ်စိမ်းမြရည် ခပ်သွပ်သွပ်တက်သွားလိုက်ပြီး မေးတော့မခန့်လေးစား ပုံစံနဲ့
“ခေါ်တယ် ဆိုလို့..”
“အေးခေါ်တယ်..နင် ဘယ်လိုတွေ ၀တ်စားထားတာလည်း..”
“အိမ်နေရင်း ၀တ်စုံပဲလေ...”
‘ဘယ်လို ဒီပုံစံ က အိမ်နေရင်း ၀တ်စုံ ...ငါ က ည အိပ်၀တ်စုံ ထင်တာ..”
“အိမ်မှာ သူစိမ်းမှ မရှိတာ..”
စကားမဆုံးခင် ခြေလှမ်းပြင်တော့ ဒေါ်စိမ်းမြရည် စိတ်မရှည်တာနဲ့ လက်ကို ဆောင့်ဆွဲ ထားလိုက်သည်..။
“အောက်မှာ ပါဆယ်ပို့တဲ့ ကောင်လေး ရောက်နေတယ်..နင် ဒီပုံစံ နဲ့ ဆင်းသွားမလို့လား..”
ဇို ပခုံးတွန့် ပြလိုက်တော့ ဒေါသရိပ်ပြေးနေတဲ့ ဒေါ်စိမ်းမြရည် က မျက်နှာ ပိုတင်းသွားတော့သည်..။
“ဘာပြောမလို့လည်း..”
“ဒီမှာ ဒါ ဘာသာ ပြန်ပေးစမ်းပါ...”ဒေါ်စိမ်းမြရည် လက်ထဲ ပါလာသည့် စာရွက်ကို ခပ်ဆောင့်ဆောင့် ထိုးပေးလိုက်တော့ ခေါင်းစောင်းကြည့်ပြီး..
“မသိဘူး..မဖတ်တက်ဘူး..”
“.ဒီလောက်တောင် ခက်နေတာလား..”
“စာတက်ပေတက် တစ်ယောက်ဆိုရင်တော့ ဘယ်ခက်လိမ့် မလည်း..ဒါပေမဲ့ ဇို့လို ဆယ်တန်း မအောင်တဲ့သူ တစ်ယောက် အဖို့တော့ ခက်တယ်..”
“ဘာ..”
“နင်....နင်...”
မယုံ နိုင်သေးလို့ ဆက်ထွက်လာမဲ့ ဖြေရှင်းချက်ကို သာ စောင့်ကြိ်ု နားထောင်နေတာ
“လိမ်ပြီး စာလာသင်တာ..ဘွဲ့လက်မှတ်တွေက အတုတွေ..”
“ဟင်...”
“ပူး ကို လိုချင်လို့ အခုလို ချည်းကပ်ရတာပါ...”
“အမလေး...အမလေး....ငါတော့...ဒေါ်ညို....”
ခေါင်းကို လက်နဲ့အုပ်ကိုင်ပြီး မျက်လုံး စုံမှိတ်ခါ အော်နေတဲ့ ဒေါ်စိမ်းမြရည် ကို ကျောခိုင်းပြီး လှေကားက ပြန်တက်ခဲ့ပေမဲ့ မတော်တဆ လှေကားပေါ်က ပြုတ်ကျ မှာလည်း တွေးမိသေးသည်..။
“လာ..အောက်ဆင်းရအောင်..”
ဇို လက်ကို  တွဲ လိုက်ပြီး အောက်ထပ် အခန်းထဲ ထိ ပို့ ပေးလိုက်သည်..။
ဧည့်ခန်းမှာ ထိုင်စောင့်နေတဲ့ ၀န်ထမ်း ကောင်လေး အကျီ င်္ ကို ကြည့်လိုက်တော့ ဇို သိတဲ့ ကုမ္ပဏီ တစ်ခု တံဆိပ်မို့ လက်မှတ် ထိုးပေးလိုက်ပြီး ပြန်လွှတ်လိုက်ရသည်..။
“ဒေါ်ညို...”
“ဟုတ်ကဲ့..”
“အန်တီ သွေးတိုးနေပြီထင်တယ်..ဆရာ၀န် ဖုန်းဆက်ခေါ် ပြီး လိုအပ်တာ လုပ်ပေးလိုက်ပါ..”
“ဟင်..”
နားမလည် သလို မယုံနိုင်သလို ဖြစ်နေမှာ သိပေမဲ့ အပေါ် ပြန်တက်လာခဲ့လိုက်သည်..။
ချွေးမ တစ်ယောက်ရဲ့ တာ၀န် ဘယ်လို ဆိုတာ သိပေမဲ့..တာ၀န်ကျေရလောက်အောင် စေတနာ မကောင်းပါ...။
မီးကိုးလ် ကို ဘယ်လိုတွေ နှိပ်စက်ခဲ့ကြလို့ တည်ငြိမ် ဆေးဆေးသူက စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီး သေတဲ့ အထိ...
ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်သူ တစ်ယောက်က လောက ကို စောစော စီးစီး နှုတ်ဆက် ထွက်ခွါသွားရတာ..ဘယ်သူတွေ ကြောင့်လည်း..
“ဟုတ်တယ်..ဒီ တစ်အိမ်လုံးကြောင့်...”
“ငါ့ကြောင့်လည်း ပါတယ်...မီးကိုးလ်....နင် ရန် ကုန် မှာ ရှိတာ ကို ငါ စောစော သိခဲ့ရင်..သတင်းရကတည်းက နင့် ကို လိုက်ရှာ ခဲ့ရင်..ဒီလိုတွေ ဖြစ်မှာ မဟုတ်ဘူး..ငါကြောင့်..”
“မာမီ..ဘယ်လိုနေသေးလည်း..”
“သေမှာ..သေရမှာ...”
“မာမီရာ...”
မာမီ ဆီက မကြားဝံ့တဲ့ စကားတွေ ထွက်လာတော့ ပူး ခေါင်းခါ ငြင်းဆန် မိသည်..။
စိတ်မကောင်းသလို..မာမီ ကို သနားလွန်းလို့ ငိုချင်လာသည်..။
ရှုတင်က ပြန်လာတိုင်း ထွက်ကြိုနေတက်တဲ့ မာမီ ကို မတွေ့ကတည်းက ပူး စိတ်တွေ ပူလောင်နေတာ..ဒေါ်ညိုပြောလိုက်တဲ့ မာမီ နေမကောင်းဘူးဆိုတဲ့ စကားကြောင့် အခန်းထဲ ပြေး၀င်လာရသည်.။
“မာမီ..ဆေးသောက်ဖို့..”
“လာ မပြောနဲ့ ပူး..နင် ယူလိုက်တာ ဘယ်လို မိန်းမ စားလည်း သိလားပူး..သိလား..”
“ဇို က လူကောင်းပါ...”
“လူကောင်း...လူကောင်း..ဟလား..ရွံဖို့ကောင်းတဲ့ မျော့လို မိန်းမ...”
“ဟာ..မာမီ..”
မာမီ ကို မဟန့်တားရဲသလို ဇို ကြားသွားမှာလည်း တစ်ဖက် က စိုးရိမ်နေမိသည်..။
“ပညာ အရည်အချင်း ဆယ်တန်းမအောင်..အနေအထိုင်က အပျက်ဆန်ဆန်..ဒါတွေနဲ့ နိုင်ငံကျော်မင်းသား တစ်ယောက်ရဲ့ ဇနီးမယား ဖြစ်အောင် လုပ်နိုင်တာ နည်းတဲ့ အရည်အချင်းလား..”
“မာမီ ထင် သလို မဟုတ်ပါဘူး..”
“မရတော့ဘူး..နင်လည်း ကန်းပြီ..”
ဇို ပြောလိုက်လို့ မာမီ သိသွာြး့ပီ ဆိုတာ ပူး သိလိုက်ရတော့ စိတ်ပြေသွားအောင် အကြောင်းတစ်ခု ရှာရသည်..။
“ဇို လိမ်ထားတာတွေ ပူး အကုန်သိပါတယ်..”
“ဘယ်လို...”
“ပူး သူ့ ကို ချစ်တယ်..ပြီးတော့ သူ့ဆီမှာ ကိုယ်၀န်ရှိနေလို့..”
“ဘာ....နင်တို့က တွေ့တာဖြင့် နှစ်လ ရှိသေးတာ မလား..”
“ဟုတ်ပါတယ် ဒါပေမဲ့...”
“သေချာလား...”
မာမီက မယုံသလို ထပ်မေးတော့
“အင်း..မာမီ ခွင့်မပြုရင် ပူး ဖျက်..”
“ဖြန်း ဖြန်း..”
ပူးကျောပေါ် ကျလာတဲ့ မာမီ လက်ဝါးစာ ကို နှစ်သိမ့်ကြည်နူး စွာ ခံယူလိုက်ရသည်..။
“တွေးတာတောင် ဘယ်လောက်ငရဲ ကြီး မလည်း..ပြီးတော့ ငါ့မြေးဦးလေး.ကို ထိရဲ ထိကြည့်..”
“ဂရုစိုက်လိုက်ပါ..သူ့ခမျာ မိဘမဲ့လေး..”
မာမီ မျက်၀န်းက ဒေါသကနေ ကြင်နာ သနားရိပ်ကလေးတွေ ပြောင်းသွားတော့ ပူး ရယ်ရင်း
“စောစောကပဲ အပျက်ဆိုလား..ဘာလား..”
“ငါတော်တော် ဒေါသထွက်နေတာ..သူ့ အနေအထိုင် အပြောအဆို တစ်စက် မှ ကို အချိုး မပြေဘူး...”
မာမီက ဒေါသကြောင့် အသံ မြှင့်လာပြန်တော့
“ပူး ပြောလိုက်ပါမယ်..”
“အမ်း..”
ဒေါ်စိမ်းမြရည် ခေါင်းညိတ် သည်းခံ ဖို့သာ ဆုံးဖြတ်လိုက်ရသည်..။
ချွေးမ အကြီး က ကျောင်းပြီးမှ ကလေးမွေးပေးနိုင်မယ် ဆိုပြီး အာဏာပြ ထားသောကြောင့် ကိုယ့်မှာ မြေးလိုချင်စိတ် ကို မြိုသိပ်ထားရသည်..။
ရွယ်တူ သက်တူတွေ မြေးရရင် ကြွားလွန်းလို့ တစ်ခါတစ်လေ..ကိုယ့် ဘ၀ က မျိုးဆက်ပြတ်နေသလိုတောင် ခံစားရသည်..။
အခုတော့လည်း..ဒေါသ မာန တွေကို လျော့ချ မြိုသိပ်ရတော့မည်..။
မြေးဦးလေး မျက်နှာကြောင့်သာပေါ့..
တွေးရင်း အပြုံးဝေဆာ လာတာ ရောဂါတောင် ပျောက်သွားသလိုလို...
ကျန်းမာ မှ ဖြစ်မှာ..”ဒေါ်ညို..ဆေး ယူလာစမ်း..”
“အို..မုန့် နဲ့ ရှားစောင်းဖျော်ရည် ပါ ယူလာ...မုန်လာဥနီ ဖျော်ရည် လည်း လုပ်ထားအုံး..”
“ဒေါက်...ဒေါက်..”
“၀င်ခဲ့လေ..”ဘယ်သူဆိုတာ သိလို့ ဇို ဖုန်း ဆက်မလို့ ကိစ္စကို ခေါင်းထဲက ထုတ်ပြီး ဖုန်းကို ပြန်ချထားလိုက်သည်..။
“ဇို..”
အ၀တ်အစားတောင် မလဲ နိုင်ပဲ အခန်းရှေ့ ရောက်လာတာ မနက်ကလို ကြည်ကြည်ပြုံးပြုံး မဟုတ်..တောင်းဆိုလို သော မျက်၀န်း တစ်စုံဖြင့်...။
“ငါ ထွက်လာပေးရမလား..”
ဇို ပြောလိုက်မှ တံခါး၀မှာ ရပ်နေရင်းက အခန်းထဲ ၀င်လာသည်..။
“မာမီ ကို ဇို ဘွဲ့မရတာ ပြောလိုက်တယ်နော်..”
“..ဒေါသပုန် ထနေပြီမလား..”
“ဟုတ်တယ် အခု ပူး..မာမီ ကို လ်ိမ်ထားတယ်..ဒေါသတွေ လျော့သွားအောင်ပါ..မာမီ က သွေးတိုး ရှိတယ်လေ..”
“လိမ်ပြောရတာ စိတ်မလှုပ်ရှားဘူးလား...”
“ဟင်..”
စကားတွေ နဲ့ မသက်ဆိုင်တဲ့ အမေးတစ်ခုကြောင့် ဘာတွေ ပြန်ပြောရမှန်း မသိ.ဖြစ်နေသည့်ပုံ .။
“နင့် ဘ၀မှာ ပထမဆုံး လိမ်လာတဲ့ ပုံပဲ..နေရတာ သက်သာရဲ့လားလို့..”
ပူး နဖူးစပ်က ချွေးစတွေကို ကြည့် ပြီး ဝေဖန်လိုက်တာလား..ဒါမှ မဟုတ် ရင်ထဲ အထိ ၀င်ရောက် ကျူးကျော်နေတာလား...။
“အင်း မသက်သာဘူး..ဒါပေမဲ့ ကောင်းဖို့ အတွက်ဆိုတော့ ဖြည့်တွေးလို့ ရတာပေါ့...”
ဇို ခေါင်း ညိတ်ပြီး ထောက်ခံပေးလိုက်သည်..။
မဟုတ်ရင် မုသားစကားလေး တစ်ခုကြောင့် မျက်၀န်းတွေက ပြိုတော့မဲ့ မိုးလို့ အရည်တွေ ပြည့်အိုင်နေပြီလေ...။
“ထိုင်လေ...”
ပြောတော့မှ စားပွဲ ဘေးကခုံကို ဆွဲယူပြီး လျင်မြန်စွာ ထိုင်ချလိုက်ခါ..
“မာမီကို ဇို့ မှာ ကိုယ်၀န် ရှိနေတယ်လို့ လိမ်လိုက်တယ်..”
“ဘာ..”
“မာမီက ဇို့ နဲ့ ပတ်သက် ပြီး ခါးခါးသီးသီး ဖြစ်နေတာ..ဇို ကလည်း သည်းမခံ နိုင်ဘူး ဆိုတာ ပူးသိပါတယ်..အခုလို ပြောလိုက်တော့ မာမီ ဘက်ကလည်း အများကြီးလျော့သွားလိမ့်မယ်..”
“ဟား...ဟား..တကယ် မရှိတဲ့ ကိစ္စ ကို နင် ဘယ်လိုရှင်းမလည်း..”
“တစ်နေ့နေ့တော့ ဖြစ်လာမှာပဲလေ...”
“ဟား..ဟား..”
ဇို စိတ်ကူးယဉ်တက်တဲ့ ကောင်လေးကြောင့် အော်ရယ် မိသည်..။
ဘယ်လိုတောင် လွယ်လွယ်လေး တွေးလိုက်တာလည်း ကောင်လေးရယ်..
“တစ်နေ့နေ့ ဖြစ်လာမယ် ဘာလို့တွေးတာလည်း..”
“အဲဒါက ဇိုနဲ့ပူး က လင်မယားတွေပဲဟာ..”
“အော်..အော်...လွယ်တယ်နော်...’
ဇိုရဲ့ မခန့်လေးစား ပြောဆိုမှုကို သူ က အတည်အတံ့ယူပြီး မျက်နှာကို သာ လိုက်အကဲခတ်နေပြန်သည်..။
“ဒီတော့ ပြောချင်တာက နင့်မာမီ ကို လိမ်ထားချိန်လေးမှာ တို့က ကိုယ်၀န်ရှိအောင် ကြိုးစားကြမယ် ဒီလိုတွေလား..”
“ဟာဗျာ..ဇိုကလည်း..အဲလိုပြောတာကြီးက..”
မျက်နှာ တစ်ခုလုံး နီရဲပြီး အကြည့်ပါ တစ်ဖက်လွဲလိုက်တာ..ဇို ပြောတာ ဘာမှားလို့လည်း..။
“ဘာလည်း အဲလို လုပ်ဖို့ ပြောတာမဟုတ်ဘူးလား..ဒါဆို..နင် က တခြားမှာ ကလေး ၀ယ်ပြီး ပြဖို့ စီစဉ်ထားတာလား.ရုပ်ရှင်ထဲကလိုတွေလေ..”
ပူး ရှင်းလေ ရှုပ်လေ ဖြစ်နေတဲ့ ဒီကိစ္စကို မျက်နှာမပူရပဲ ဘယ်လိုတွေ ပြောပြရမှန်း မသိတော့ပါ..။
ပြောရင်လည်း..တည့် မပြောရင်လည်း နားမလည်သည့်..ဇို့ကြောင့် ပူး မျက်နှာတွေလည်း ဘယ်လို ဖွတ်ထားရမှန်းတောင် မသိတော့ပါ..။
“ဟုတ်တယ်...စောစော က ဇို ပြောတာလေ အဲဒါမျိုးပြောတာ..”
“ဟား...ဟား....”
ဇို အော်ရယ်လေ ပူးမှာ စိတ်ရှုပ်ရလေ ဖြစ်လာသည်..။
မခန့်လေးစား ပြောတက်လွန်းတာလည်း မခံချင်ပါ..
ပူးက သူ့ အတွက် အမြဲတမ်းလှောင်စရာ ဖြစ်နေရအောင် ဘာတွေများ ချို့ယွင်းနေလို့လည်း..
“မရယ်ပါနဲ့..”
“နင် ကြောင့်ရယ်နေတာလေ...ဟား..ဟား..”
ကိုယ့်လို မင်းသားတစ်ယောက်ကို အသေရရ အရှင် ရရ လိုချင်လှပါချည်ရဲ့ဆိုပြီး လိုက်နေတဲ့ မိန်းကလေး တွေထဲမှာ ဇို့ ထက် များစွာ သာတဲ့ မိန်းမတွေ ပါ၀င်ပါသည်..။
ဇို့ ရဲ့ မာန ကို လက်ခံပေမဲ့ လှောင်ရယ်တာတော့ ခံပြင်းလွန်းလှသည်..တကယ်ဆို နစ်နာထားသူမို့ အလိုလိုက်နေတာ..ယောင်္ကျား မာန သိက္ခာကိုတော့ ဇိုက ခလုပ်တိုက်လိုက် တက်နင်းလိုက် လုပ်နေတာ အကြိမ်ကြိမ်..စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်ပစ်လိုက်တော့လည်း ပခုံး တွန့်ပြီး ရယ်ပြန်သည်..။
“အယ်..”
ဇို ကုတင်ခြေရင်းမှာ ကျနေတဲ့ မျက်မှန် ကို ကောက်ပြီး စားပွဲပေါ် တင်လိုက်ချိန် မထင်ထားပဲ သူ က နောက်က သိုင်းဖက်လာသည်..။
လက်တွေက ကတုန်ကယင် ဖြစ်နေတာ  သိတော့ ဇို ဟက် ခနဲ့ တစ်ချက်ရယ်လိုက်မိသည်..။
ဒါဟာ..အမှားတစ်ခု ဖြစ်မှန်း ဇို မကြာမီ သိခွင့် ရလိုက်တော့သည်..။
“ဟား..ဟား..နင် တောင် ရဲလာပြီ..”
မျက်နှာကျက်က စုတ်ထိုးနေတဲ့ အိမ်မြှောင်ကို စိုက်ကြည့်ပြီး ပြောလိုက်တာဖြစ်ပေမဲ့ ပူးရဲ့ လက်ချောင်းတွေက ဇို့ ပခုံးသားတွေကို ဆွဲယူပြီး သူ့ ရင်ခွင်ထဲ ဆွဲသွင်းတာခံ လိုက် ရသည်..။
“ဇို့ ကြောင့် ဖြစ်လာတဲ့ သတ္တိတွေလေ..”
“ဟား..ဟား..”
“မရယ်ပါနဲ့တော့ ဇို ရယ်...လှောင်ရယ်သံတွေက ခါးတယ်..”
“လှောင်လို့ အနိုင်ယူပြီးပြီ.”
“မဟုတ်ပါဘူး....”
ဇို နဖူးပေါ် ကျလာတဲ့ အနမ်း တစ်ခုကြောင့် ရင်ထဲမှာ လှိုင်း တစ်ချက်သိမ့် သွားရသည်..။
ဒိလို ခံစားမှုမျိုးက ဘ၀မှာ ပထမဆုံး ဘာမှန်းမသိတဲ့ လှုပ်ရှားမှု အထူး အဆန်း တစ်ခုပါလား..
စိတ်တွေ ရှုပ်လာလို့ ရေချိုးခန်းထဲ ၀င်ပြီး အ၀တ်အစားလဲ လိုက်သည်..။
ထွက်လာတော့ မင်းသား ဖြစ်သူက မျက်နှာ ငယ် နဲ့ ဘာတွေ တောင်းဆို အုံးမှာလည်း..။
“ဇို..”
“ဟမ်..”
“အိမ်မှာနေရင် ဒါမျိုးတွေ မ၀တ်ပါနဲ့လား..”
“ဘာလို့..”
“မသင့်တော်ဘူးလေ..”
“မကြိုက်ဘူးဆိုပါတော့..”
“ပူး ကတော့ ကြိုက်တာပေါ့ .လူငယ် ဆန်ပြီး .ရင်ခုန်ချင်စရာကောင်းတယ်..ဒါပေမဲ့ တခြားသူတွေရဲ့ အမြင်နဲ့ ဘယ်တူမလည်း..ဘောင်းဘီ ရှည်တို့ ဒူးကျ တို့ နဲ့ တွဲ၀တ်ရင် တော့ ပိုကောင်းတာပေါ့..”
“အမ်း..”
“ကျေးဇူးတင်ပါတယ်..ဇို ရယ်..”
ကျေးဇူး နောက်ဆက်တွဲ တစ်ခု အဖြစ် တင်းကြပ်နေအောင် ပွေ့ဖက် ပြန်ပြီ...။
………………

အရေးအသားမကောင်းပေမဲ့😭
သည်းခံပြီး ဖတ်ပေးကြလို့😙
ကျေးဇူးအထူးတင်ပါတယ် နော် 📖💪❤
Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now