Part 19

1.1K 78 1
                                    

Zoe
အပိုင်း (၁၉)
#ဇိုစပိုက်ကာ

သူ့ကို လမ်းထိပ်မှာ မတွေ့ရတဲ့ နှစ်ရက် အတွင်း ဇို ပိုလို့စိတ်ရှုပ်ရသည်..။
ဖုန်းခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ ကိုယ့် ဦးနှောက်က လက်မခံနိုင်သလို..ကိုယ့်မာန ကလည်း တားဆီဟန့်တားနေပြန်၏..။
သတင်းတွေ လိုက်ကြည့်ဖတ် တော့လည်း ဘာမှ အထွေအထူးမရှိ....။
သူနေကောင်းရဲ့လား...နေများမကောင်းလို့လား..။
ကိုယ်တိုင် တောင် မသိပဲ မမြင်ကွယ်ရာမှာ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ သံယောဇဉ် တစ်ချို့က ရုတ်တရက်ပေါ်လာတော့ ဇို ကိုယ်တိုင် တုန်လှုပ်ခြောက်ခြားရသည်..။
သူ့ကို မုန်းရမယ်...မေ့ရမယ် လို့ သတိပေးနေတယ် ကြားက မပြတ်မသားဖြစ်နေတော့ ကိုယ့်ကိုယ်ကို ပိုမုန်းရသည်..။
“🎶၀မ်းနည်းတက်သူကို..မင်း ထပ်မနှိပ်စက်နဲ့တော့..အချစ်က ကိုယ့် အတွက် ဆို အမြဲတမ်း ရှုံးမယ့် တိုက်ပွဲ တစ်ခု...နောက် တစ်ခေါက် မရှုံးချင်ပါ ..မင်း ငါ့ အတွက် မတွေးနဲ့တော့..🎶”
ပူးသတင်းတွေ လိုက်ဖတ်ပြီး ပုံတွေကြည့်နေချိန် ဖုန်း၀င်လာလို့ လန့်သွားရပြီး တစ်ခါတည်းကိုင်လိုက်ရသည်..။
“ဟလို..”
“ချစ်လား..”
“ဟမ်..”
“ဟောဗျာ..”
“ဘယ်သူလည်း..”
“ဟင်..ဇို့ဆီ အဖြေတောင်းထားတာ ဘယ်နှစ်ယောက်တောင်လည်း..”
“ကျစ်..”
ဇို ယောင်နေတာကို စိတ်မရှည် လို့ ကျစ်သပ်ပြီး ဆံပင်တွေ ထိုးဖွ ပစ်လိုက်မိသည်..။
“နေကောင်းရဲ့လား..”
“ကောင်းပါတယ်..နေမကောင်းဖြစ်လည်း ကောင်းတယ်”
“ဘာလို့..”
“ဇို့ စိတ်ထဲမှာ ကိုယ် ရှိနေတာ သိခွင့်ရသွားမှာလေ..”
ဇို ကိုယ့်စိတ်ကို ကိုယ် ဒေါသထွက်လာသည်..ဒီလောက် ချစ်ပြနေတဲ့ လူကို ခေါင်းထဲ မထားပဲ နှလုံးကို အစိမ်းလိုက်ခွဲခဲ့တဲ့ ဒင်းကိုပဲ အတွေးထဲထည့်ထားတာ..မုန်းသည်..။
“ဇို့ ကို ချစ်တယ် ပြန် ချစ် ပေးပါလား..ဇို..”
“အမ်..နင် သိလား ..ငါ က တစ်ခုလပ်..”
စိတ်ပျက်သွားလောက်အောင် ရင့်ရင့်သီးသီး နင် ငါ သုံးပစ်လိုက်သည်..။
“သိတယ်လေ...”
တုန့်ပြန်လာတဲ့ အမ့်ရဲ့ လေသံက တည်တည်ငြိမ်ငြိမ်မို့ ဇို စိတ်မရှည် ဖြစ်ရသည်..။
“ငါ က တစ်လင်ကွာ..”
“အယ်..သိပြီးသားလေ..”
“ငါက...”
“ဟိုး..ကွာရှင်းထားတဲ့ မိန်းမ လို့ ပြောမလို့လား သိပြီးသားပဲလေ.အဲဒါ ဘာဖြစ်လည်း...”
သူ့ရဲ့ မေးခွန်းကို ဖြေဖို့ ဇို နှုတ်ဆိတ် သွားရသည်.သတိပေးခဲ့တာကို အဲဒါ ဘာဖြစ်လည်း ဆိုတော့...ဒီဘက်က ဘယ်လို ပြန်ပြောရမလည်း...။
“နင့် မှာ ရွေးချယ် စရာတွေ အများကြီး ရှိပါတယ်..အမ်..”
“ဟလား..”
“ဟုတ်တယ် ရုပ်လည်းချော အလုပ်အကိုင်လည်း ရှိတယ်.လူပျိုလူလွတ် တစ်ယောက်...”
“အဟွင်း အဲလို အရည်အချင်းတွေ ရှိတာတောင် မိန်းကလေး တစ်ယောက် က လက်မခံဘူးလေ..နည်းနည်း ကူပြောပေးပါလား....”
ဇို့ ကို ရည်ညွန်းပြီး ပြောလိုက်မှန်းသိတော့ မျက်နှာက နွေးလာသလိုလို...။
“နင်က ရွှေဆို မြလို မိန်းမ မျိုး ရှာသင့်တယ်..နင်က နေ ဆို လလို မိန်းမ မျိုးက ပိုသင့်တော်တယ်”
“ဟလား..ဇို က မြ မဟုတ်တော့ ဘာပါလိမ့်..”
“တစ်ခုလပ်..”
ဇို့မှာ ရှင်းလေ ရှုပ်လေ..ဖြစ်နေသည့် အခြေအနေ ကို စိတ်တိုလာလို့ ဘုဆပ်ဆပ်ပဲ ပြန်ပြောလိုက်သည်..။
“ပတ္တမြားလေ ပတ္တမြား မှန် ရင် နွံ မနစ်ဘူးတဲ့ နေတွေ လတွေ က အချိန်မှန် ပျောက်ဆုံးနိုင်ပေမဲ့ ကောင်းကင် ဆိုရင်ကော..”
“တော်စမ်းပါ..အမ် စဉ်းစားဖို့ ပြောနေတာ..” 
“ဇိုရယ် ရွေးချယ်ပြီး ချစ်လို့မှ မရတာ..သူ့ဟာသူ ဖြစ်ပေါ်လာတဲ့ အချစ်စိတ်ကို တားဆီး ထိန်းချူပ်ပုံဖော်ခွင့် ရှိမယ်ဆိုရင် ဒုတိယလူ အဖြစ် ချစ်ခဲ့မိမှာ မဟုတ်ဘူး သိရဲ့လား...”
“အဲဒါကြောင့်ပြောတာ အမ်  ပြန်စဉ်းစားဖို့ လိုနေတယ်..”
“ဇို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုနေတာပါ..”
“ဘာကိုလည်း..”
“ကိုယ့် ကိုချစ်လားဆိုတာ..”
“ကျစ်..”
“ဖြေလေ..”
“မသိဘူး..” ဇို့ရဲ့ ခပ်ပြတ်ပြတ် ဖြေသံအဆုံး သူရဲ့ ရယ်သံသဲ့သဲ့ထွက်လာပြီး..
“အိုကေလေ..ဒါဆို ကူပြီး သိအောင်လုပ်ပေးမယ်..”
အပိုတွေ စလာပြန်ပြီ လို့ တွေးရင်း ဇို မျက်မှောင်ကြုတ်မိသည်..။
“အခုနေ ကိုယ်နဲ့ မင်းသား အရေးပေါ်ခန်းထဲ ရောက်နေတယ်ဆိုရင် ..ဇို ဘယ်သူဆီပြေးမလည်း...”
“ဟာ..”
ဇို ခေါင်းက ဆံပင်တွေထောင်ပြီး ကြက်သီးတောင် ထသွားရသည်..။
ဒါဘယ်လို မေးခွန်းလည်း.....။
ဇို ရင်တွေလှိုက်ခုန်လာပြီး  သူ ဘာတွေ ဖြစ်နေလို့လည်း..။
“အခု ဇို စိတ်ပူလာတဲ့ သူကို ဇို ချစ်လို့ပဲ..”
“ဟင်..”
ဇို ရင်ဘတ်ထဲမှာ  မွန်းကြပ်လာသလို ခံစားရသည်..။
“မလိမ်ပဲ အမှန်..အဟမ်း....”
“အမ် နေကောင်းရဲ့လား....”
“ဟား..ဟား..ကိုယ်ပျော်လိုက်တာ.. အဖြေရပြီ ပေါ့ ရက်စ်.....”
သူ့ဟာသူ ထအော်လိုက်တဲ့ အသံကြောင့် ဇို ရင်တွေ တုန်သွားရသည်..
ဘယ်တုန်းက အဖြေပေးမိလို့လည်း..
ချောင်းဆိုးသံကြားလိုက်လို့ မေးလိုက်မိတာလေးကို ဘာတွေ ထအော်နေမှန်းတောင်မသိပါ...။
“ဇို မနက်ဖြန် တစ်နေရာမှာ တွေ့ရအောင်နော်..”
တက်တက်ကြွကြွ ပြောလာသည့် သူ့စကားကို ဇို မျက်မှောင်ကြုတ်ရင်း..
“မအားဘူး...”
“ဒါဆို ဇို့ ဆီ လာမယ်လေ..”
“မလာနဲ့..”
“ဟောဗျာ..ဒါဆိုဘယ်လို ဒိတ်မလည်း..”
“ဘယ်သူ နဲ့ ဒိတ်မှာလည်း..”
“ဇို နဲ့ ပေါ့..မချစ်နိုင်တောင် ဒိတ်လောက်တော့ လက်ခံပေးပါနော်...နော်...”
ရှေ့က မှန်ပေါ်မှာပေါ်နေတဲ့ ဇို့ ပုံရိပ်ကိုငေးကြည့်ရင်း အလိုမကျစွာ မျက်ခုံးတွန့်တက်သွားရသည်..။
အံဆွဲထဲမှာထည့်ထားသည့်  ကွာရှင်းစာချူပ် နဲ့ အတူ သုသု နဲ့ ပူးရဲ့ ပုံတွေ...
အစိတ်စိတ်အမွှာမွှာဖြဲထားပြီး မပစ်ပဲ သိမ်းထားမိတဲ့ အနမ်းဖလှယ်နေသည့် ပုံတွေ ရင်ခွင်ထဲ ဖက်ထားသည့် ပုံတွေ ကိူ လက်နဲ့ တို့ထိရင်း.. ရင်ထဲ နာကျင်အောင့်မျက်သွားရသည်..။
နှလုံးသားက တောင်းဆိုလည်း ဦးနှောက်က ရိုက်ချိုးသင့်ပါသည်..။
“ဇို...”
“အင်း....အအေးဆိုင်မှာပဲ တွေ့မယ်..”
“အအေးဆိုင်မှာတွေ့ ပြီးရင် နှစ်ယောက်တည်း အေးဆေး တစ်နေရာ သွားမယ်နော်..”
“မသွားဘူး..လူမြင်ကွင်းတွေမှာပဲ တွေ့မယ်..”
“ဟာ..လူကို ဘာထင်နေတာလည်း....”
တကယ်တော့ ပတ်၀န်းကျင်ရဲ့ ပြောဆိုမှုတွေ အောက်မှာ အမ် စိတ်ပြောင်းသွားလိမ့်မယ် ဆိုတာ ဇို သိနေပြီးသားပါ...။
တစ်ခုလပ် ချစ်သူ ဆိုတဲ့ ဘွဲ့ကို သူ ဘယ်လာက်ခံနိုင်မှာလည်း..။
“ဒိတ်တာပဲနော်..အသားကို လုံး၀ မထိရဘူး ...”
“အင်း..ရပါတယ်...လက်ကိုတော့ ကိုင်ခွင့်ပြုမယ် မလား..”
“လက်လည်း အသားပဲ..”
“ဟာ..”
“ဒါပဲ...ဘိုင်...”
“နေပါအုံး..”
“ဖုန်းပြောတာ ဒီနေ့တော်တော်ကြာနေပြီ.....တစ်နာရီတောင် ကျော်လာပြီ..”
“အလွမ်းတောင် မပြေသေးဘူး..”
“Good Night..”
“ဟာ ဇို...”
ဖုန်းချလိုက်ပြီး လှည့်ကြည့်မိစဉ် အခန်း၀ကို အကြည့်ရောက်သွားတော့
“အား...နင်တို့..”
“အဟီး..မျက်နှာကို ပုရွတ်ဆိတ် တက်ကိုက်တော့ မှာပဲ...”
ခိုင်ခိုင် နဲ့ အလတ်မ ကို အကြည့်စူးရှရှ နဲ့ ဝေ့ကြည့်လိုက်တော့
“နင့် မျက်နှာကြီး ချိုအိ နေတာပဲ..”
“ဘယ်မှာချိုလည်း..”
“သိဘူးလား မှန်ကြည့်လေ..”
“ဟာကွာ..ခိုင်..”
ဇို ရှက် လာသလို ရှိတာနဲ့ ကုတင်ပေါ်က ခေါင်းအုံး နဲ့ ပစ်ပေါက်လိုက်သည်..။
.
“ဟူး...”
အမ် ရဲ့ သက်ပြင်းချသံ ရှည်ကို ဇို မကြားချင်ယောင်ဆောင်ပြီး အအေး ခွက်ကို သာလှမ်းယူသောက်လိုက်သည်..။
မျက်ခုံးထင်းထင်း နှာတံပေါ်ပေါ် နဲ့အတူ ညိုလဲ့လဲ့ မျက်၀န်းတွေက အရောင်လက်နေသည်..။
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ အမ် ရဲ့ မျက်လုံးတွေကို မရင်ဆိုင်ချင်လို့ ဆိုင်အပြင်ဘက်ဆီ အကြည့်ရွေ့ ထားရသည်..။
“ဇို..”
“ဟမ်..”
“ပြောလေ အမ်...”
“အော်.နာမည်တွေ ဘာတွေ ပြန် မိတ်ဆက်ရမယ် ထင်လို့..”
အမ့် ရဲ့ ခနဲ့တဲ့တဲ့ စကားတွေကြောင့် ဇို မျက်မှုန်ကြုတ်ပြီး ပြန်စိုက်ကြည့်လိုက်သည်..။
“မျက်ခုံးကြီးတော့ မတွန့်လိုက်ပါနဲ့ ဇို ရယ်..တွေ့ဖို့ ချိန်းတာ တစ်ပတ်ကြာတယ်နော်..”
“နေ့တိုင်းဖုန်းပြောနေသားပဲ ပြီးတော့.ဆိုင် ဖွင့် ဖို့ အလုပ်တွေ ရှုပ်နေလို့ပါ..”
အမှန်တရားတစ်ခုကို သူသိအောင် ချပြော လိုက်ပေမဲ့ ကျေနပ်ပါ့မလား..သမီးရည်းစား တွေ့ ဆုံမှုဆိုတာ ဘယ်လိုမျိုးလည်း မသိခဲ့ပေမဲ့ ဇို က တော့ နားလည်မှုက အဓိက လို့ သာ သတ်မှတ်မိသည်..။
“အမ် ရောက်နေတာကြာပြီလား..”
“နှစ်နာရီပဲ ရှိပါသေးတယ်..”
သူ့ ရဲ့ အပြောကြောင့် ဇို လှစ်ခနဲ့ ရယ်မိသွားပြီး မျက်နှာ ပြန်တည် ထားရသည်..။
“ဘာပဲ ဖြစ်ဖြစ်ပါ ရောက်လာပြီ ဆိုကတည်း  က ဂရုတစိုက် ရှိလို့ပေါ့နော်..”
သူစကားနဲ့ သူ အပိုင်ပြောလိုက်လို့ ဇို မျက်နှာ ပူ ရသည်..။
“ချစ်တယ် လို့ မသေချာ ခင် ဒိတ်ကြည့်မယ်လေ..အပျော်တွဲတယ်ပဲ ပေါ့ပေါ့တွေးလိုက်ပေါ့..”
တစ်ဆင့် တက်လာတဲ့ ထို စကားကြောင့် ဇို သူ့ မျက်နှာကို ကြည့်ပြီး ခေါင်းညိတ်လိုက်မိသည်..။
“ဒါဆို အခေါ်အဝေါ်လေးတွေ အရင် ပြင်ကြရအောင်..ဇို့ အသက် ဘယ်လောက်လည်း..”
လိုအပ်တဲ့ မေးခွန်းတစ်ခုလား..လိုက်တွေးမိပေမဲ့ ကိုယ်တိုင်လည်း မသိပါ..။
“၂၄..”
“ကိုယ် က နှစ်နှစ် ကြီးတယ်..”
“ဟင်..”
ဇို့ထက် ငယ်တဲ့ပုံ မို့ နင် ငါတောင် ပြောလာပြီးခါမှ သူက နှစ်နှစ်ကြီးတယ် ဆိုတာ ဘယ်လို ယုံနိုင်မလည်း..။
တကယ်ဆို ပူး နဲ့ ရွယ်တူလို့တောင် ထင်ရသည်..။
“အဲတော့ ကိုကိုလို့ခေါ်..”
“ဟမ်...”
အလိုမကျတဲ့ မျက်နှာ တစ်ခု ကြောင့် သူကစိုး၇ိမ်တကြီး ခေါင်းယမ်းပြီး..
“မဟုတ်ဘူး..ကိုကြီးလို့ခေါ်မလား..”
“ဟာ...ဘာတွေလည်း..”ဇို စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်အော်မိတော့
“ဒါဖြင့် ကို လို့တော့ ခေါ်ပေးပါ...ကိုယ် က  ကို ပဲလေ..နော်..”
သူဘက်က ပထမဆုံး တောင်းဆိုမှုကို ဇို လက်မခံချင်ပါ..
ဟန်မဆောင် နိုင်မှုကြောင့် စိတ်အလိုမကျမှုက မျက်နှာ မှာ အထင်းသားပေါ်သွားတော့ သူက ပျာပျာသလဲပုံစံဖြင့်
“စိတ်မဆိုးပါနဲ့ ဇို...ဇို ခေါ်ချင်မှ ခေါ်ပါနော်...”
ဇို့ နဲ့ အသက်ကွာခြားမှု သိပြီးခါမှ နင် ငါ အမ် သုံး ဖို့ ကလည်း မကောင်းသလိုလို..ကို ခေါ်ဖို့ ကလည်း ဇို့ အတွက် ခက်လွန်းနေသည်..။
သို့ပေမဲ့..ဇို့ စိတ်တွေ ပြောင်းလဲပစ်ဖို့ လိုနေပါပြီ...တစ်ပတ်ကျော်ကျော် တွေ့ခွင့် ရဖို့ ကြိုးစားထားတာရယ်..နှစ်နာရီတောင် ထိုင်စောင့်နေရတာ စတွေ့ကတည်းက သူက ဇို့ အတွက်ဆို ပေးဆပ်သူ သပ်သပ်ချည်းမို့အားနာစိတ် ဖြစ်ပေါ်ခါအလိုလို ခေါင်းညိတ်မိသွားသည်..။
“..ဒါနဲ့ ဇို ဆိုင်ဆင် တာ ပြီးပြီလား..”
“မပြီးသေးဘူးကို ..ဟား...ဟား..ဆောဒီး..”
ဘယ်လိုမှ မဖြစ်နိုင်လို့ ရယ်လိုက်မိပြီးမှ အားနာရပြန်သည်..။
“...အလုပ်တွေကော ..အဆင်ပြေလား.”
“အင်း...”
“ဟာ...ကို လို့ ခေါ်ကြည့်ပါဆို..”
“ဘာဖြစ်နေတာလည်း..အမ်..အဲ.ကို...”
စကားလုံး အသစ်အဆန်း တစ်ခုကြောင့် လှည့်ပတ်နေတဲ့ သွေးတွေ အထိ ရှိန်းမြမြ ဖြစ်သွားပေမဲ့ နှုတ်က အလွယ်တကူ ထွက်သွားတာ ဇို အံသြမိသည်..။ အစပထမမို့ ပါ လို့ သက်သာသလို တွေးလိုက်ရင်း..
“ဇို ဒီနေ့ လှနေတယ်..”
ပြုံးစစ နှုတ်ခမ်းကို မျက်နှာပိုးသတ်ခါ ပြောတာမို့ ဇို စိတ်ထဲ ဘ၀င်မကျချင်..။
“အရင်က မလှဘူး..”
“မဟုတ်ပါဘူး..မဟုတ်ပါဘူး..ဒီနေ့ ပိုလှနေတာ...”
“ဒါထက် လက်ကလေး ကိုင်လို့ ရမလား..”
တောင်းဆိုလွန်းတဲ့ သူ့ ကို အမြင်မကြည်သလို မော့ကြည့်လိုက်ချိန် အပြုံးယဲ့ယဲ့ တစ်ခုကြောင့်
“ဇို့ လက်က မနူးညံ့ဘူး..”
နင် ငါ ပြောလာပြီးခါမှ ကို ဖြစ်သွားရတော့ ဇို က အငယ် တစ်ယောက်လို ခံစားပြီး ပြောနေရတာ အဆင်မပြေလှပါ..။
“အင်း..”
သူ က ဇို့ ရဲ့ လက်ကို  တို့ထိ ဆွဲကိုင်ယူပြီး သူလက်ထဲမှာ ဖွဖွ ဆုပ်ကိုင်ထားသည်..။
“ဟာ..ဆိုင်ထဲမှာ..”
“ဘာဖြစ်လည်း..လက်ကလေး ကိုင်တာပဲကို..”
သူ့ ရဲ့ ဂရုမစိုက်သလို ပြောလိုက်တဲ့ မျက်နှာပေးကြောင့် ဇို အံသြမိသည်..။
“ဇို..ဒီနေ့ အလုပ်ရှိလား..”
“အင်း...ဘာဖြစ်လို့လည်း..အမ်....”
“ဟော..”
“ကို..”
ဇို အကြည့်လွဲပြီး စကား ပြန်ပြင်ပေးလိုက်တော့မှ  ပြုံးဖီးသွားပြီး..
“ကို ဂေဟာ အသစ်သွားမလို့ ဇို က အလုပ်ရှိနေတော့ နောက်တစ်ခေါက်မှ သွားကြတာပေါ့....”
“အင်း..”
“အခု ဘယ်သွားကြမလည်း..”
ဇို ခဏ တွေဝေသွားချိန်..
“၀မ်းနည်းတက်သူကို..မင်း ထပ်မနှိပ်စက်နဲ့တော့..အချစ်က ကိုယ့် အတွက် ဆို..”
“ခဏ..ဖုန်းလာလို့..”
“ဟလို..”
“မဇို မှန်ဆင်ဖို့ အဆင်သင့် ဖြစ်နေပြီ..”
“အေး..လာမယ်..”
ဇို ဖုန်းချပြီး ရှေ့က ထိုင်နေသူဆီ အကြည့်ရောက်သွားတော့ မျက်နှာငယ်နဲ့ ထိုင်ကြည့်နေသည်..။
“ဆောဒီး..”
“နောက်နေ့သွားမယ်နော်..”
“အင်း..”
“ကိုယ်လိုက်ပို့ပေးမယ်..”
“ဆိုင်ကိုသွားရမှာ..လမ်းကြပ်လိမ့်မယ်..”
“ရတယ် လိုက်ပို့ချင်လို့ပါ..ဒါမှ အချိန်ကြာကြာတွေ့ရမှာ..”
တကယ် ကားလမ်းကြပ်နေချိန် ဆို ဇို့ဘက် လှည့်ပြီး စကားတွေပြောနေပေမဲ့ ဇိုကတော့ ဆိုင်ကိုစိတ်ရောက်နေတော့ကြားတစ်ချက်မကြားတစ်ချက်သာရှိသည်..။
“ကို သွားမယ်နော်..ည ကျ ဖုန်းဆက်လိုက်မယ်..” အပြုံး နဲ့ အတူ လက်ပြနှုတ်ဆက်နေတော့
ဇို ပြုံးရင်း လက်ပြန်ပြလိုက်သည်..။

ZoeWhere stories live. Discover now