Part 9

892 63 0
                                    

Zoe
အပိုင်း (၉)
#ဇိုစပိုက်ကာ

“ဇို..ရေ..”
“ပြော...”
“ပူးလေး ခေါ်ပါဆို...”
ဇို မျက်ခုံးက်ို လက်သည်းဖျားနဲ့ ခြစ် လိုက်သည်...။
အတူတူနေတာ ၁နှစ်ကျော်လာပေမဲ့ သူ က ပိုပို ပြီး ကဲလာတာ..
မသိရင် သမီး ရည်စား ချစ်စ ခင်စ လို...။
“ပြောလေ..ခေါ်ပြီးတော့..”
“အလုပ်သွားတော့မလို့...”
“သွားလေ...”
“ဟာ..ပေးအုံး...”
ပါးထိုးပေးလာတော့ ဇို နှာခေါင်း ရှုံ့ပြီး တစ်ဖက် လှည့်လိုက်တာ ပခုံးက ဆွဲလှည့်ယူပြီး သေချာ စိုက်ကြည့်ပြန်သည်..။
“ပူး...ယူရ မှာလား..”
“..နင်...တော်တော် တက်နေတာနော်...”
“ဘယ်သူ သင်ပေးတာလည်း..”
“ဟား...ဟား...”
ဇို အမြင်ကပ်လို့ သူ့ ပါးကို ဆွဲ ပစ်လိုက်သည်..။
အခုလို မိသားစု ဘ၀ ချိုမြိန်မှု ကို တစ်သက်လုံး မခံစားဖူးခဲ့သူမို့ ဇို ဘ၀မှာ ဘာနဲ့မှ မလဲနိုင်သည့် စိတ်ချမ်းသာမှုကို ဖြစ်စေသည်..။
တစ်ယောက်တည်း အထီးကျန်နေတဲ့ ဘ၀မှာ နွေးထွေး ကြင်နာမှုကို မတောင့်တ ရဲလို့ လူတွေ အားလုံး နဲ့ ကင်းကင်း နေခဲ့တာ..
အခုတော့ အိမ်ပြင်သွားရင် စိတ်မချ သလို...
အိမ်ပြန်၀င်ရင် လည်း ကြိုဆိုမဲ့ သူတွေ ရှိနေပြီ...
“မိသားစု ဆိုတာ ပျော်ဖို့ ကောင်းတယ်..”
“အင်း..ပိုပျော်ဖို့ကောင်းအောင်..သားသား..မီးမီး..လေးတွေ မွေးပေးရအုံးမယ်နော်..”
ဇို စိတ်ကြည်လင် နေတာလေးတွေ လျော့သွားရသည်..။
“ဆေးကောသောက်ရဲ့လား..ဇို..”
“သောက်တယ်..”
“အင်း ဒါ ဆို မကြာခင် ရောက်လာမှာပါ..”
ဇို့ လက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး အားပေးသလို ပြောရင်း လက်ဆွဲခေါ်တော့ အောက်ထပ်ဆင်း လိုက်ခဲ့ရပြန်သည်..။
“သွားတော့မယ်..မာမီ...”
“..ဂရုစိုက်နော်..”
“ဟုတ်..”
မာမီ တစ်ဖက်လှည့်တာနဲ့ ကားထဲကနေ ဖလိုင်းကစ် လှမ်းပေးပြီး မျက်လုံးလည်း မှိတ်ပြခဲ့သေးသည်..။
“သမီး..အားဆေး သောက်ရဲ့လား..”
လူတွေ့တာနဲ့ ဒါကိုပဲ နူးနူးညံ့ညံ့ မေးတက်တော့ ဇို အားနာရသည်..။
မြေးဦး ကို ရူးလောက်အောင် လိုချင်နေတဲ့ မာမီ နဲ့ ကလေး ချစ်တက်တဲ့ ပူး ..
ကိုယ့်ဘက်က အထင်လွဲပြီး ကလဲ့စားချေခဲ့တာတွေရှိခဲ့ပေမဲ့ သူတို့ က ဇို့ အပေါ် တအားကောင်းနေတော့ သူတို့လိုချင်တာတွေကိုလည်း  ဇို ပြန်ဖြည့်ဆည်းပေးချင်ပေမဲ့...
လက်တွေ့ကတော့ ထင်သလောက်မလွယ်ကူပါ...။
သူတို့ရဲ့ ရူးသွပ်မှုကို သိလေ..ဇို့ မှာ သနားရလေ...။
စစ်ဆေးမဲ့နေ့ဆို သူပါ အိပ်ရာက အစောကြီး ထပြီး လှုပ်လှုပ်ရှားရှား ရင်ခုန်နေပြီး..
ဇို လက်ထဲက စစ်တံကို မရွံ့မရှာ ဆွဲယူပြီး မျက်လုံးပြူးလေးဖြင့် စစ်ဆေး ကြည့်သည်..။
မထူးခြားရင် မျက်နှာကလေး ညိုးကျသွားတာ...သနားမိသည်..။
အရင်က တစ်ယောက်တည်း နေရတာ နှစ်သက်ပေမဲ့ အခုတော့
လိုချင်ပါတယ်...မိသားစု ဘဝလေး..
မိဘမဲ့ ဖြစ်ခဲ့တဲ့ ဇို....ငါ့ ကလေးကျရင် ဘယ်လိုဆိုပြီး စိတ်ကူးလေးတွေလည်း ယဉ်တက်လာပြီ....။
စောင့်ရတာ စိတ်မရှည်တဲ့ ဇို
မိန်းမ မဆန်တဲ့ ဇို..
ဆေးလိပ် ကြိုက်တဲ့ ဇို...
အခုတော့ ရင်သွေး အတွက် ဆိုပြီး အားလုံး ဆန့်ကျင်ဘက်တွေ ပြုပြင် နေထိုင်နေပါပြီ...။
မနူးညံ့တက်တဲ့ ဇိုက အခုတော့ အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီ...။
တစ်ခါတစ်လေ..ဘယ်သူမှ မသိတဲ့ ကိုယ့် အပြစ်ကြွေးတွေ ကြောင့်များလားလို့ တွေးရင်း တိတ်တဆိတ် ငိုကြွေးရသေးသည်..။
အခုလည်း မေးလာတဲ့ ဒီ စကားကို ဘာတွေ ဘယ်လို တုန့်ပြန်ရမလည်း..ဆေးတွေလည်းစုံ ဆေးနည်းလည်း ကုန်လုနေပြီ..။
ဒါပေမဲ့ ဇိုကတော့ မျှော်လင့်နေမိတုန်းး.။
“သမီး ဆေးထိုးသေးလား..”
“မထိုးပါဘူး..မာမီ...”
“အင်း..တစ်ခါက ပျက်ဖူးလို့များလား မသိပါဘူး..မနက်ဖြန် ဒေါက်တာ နွယ်ရီ ဆီ သွားပြလိုက်လေ..”
“ဟုတ်ကဲ့..”
ဇို မီးဖိုခန်း ထဲ ၀င်ပြီး အိမ်ထောင်ရှင်မ ပီသ စွာ ချက်ပြုတ်ရင်း မီးဖိုချောင် တာ၀န် ကို ပခုံး လွဲယူလိုက်ရတာ ကြာခဲ့ပြီ..။
“မာမီ ဒီနေ့ ဘာစားချင်လည်း..”
“ကြက်သား ဘူးသီးလေး ဆို ကောင်းပါလိမ့်မယ်..”
“အင်း.”
ဇို စျေးလွှတ်ဖို့ သုသု ကိုသာ အားကိုးနေရသည်..
“သုသု ရေ..ဒီနေ့ ဘူးသီး၀ယ်ခဲ့....ကြက်သား ရေခဲသေတ္တာ မှာ ရှိသေးတယ်မလား ထုတ်ထားလိုက်...”
“ဟုတ်ကဲ့..”
‘သုသု ကိုများလွတ်ရင် မိုးမချူပ်ခင် ရောက်တောင် ကံကောင်းလှပြီ..သူ ပြင်မှာ ဆင်မှာက တစ်နာရီ မက ကြာအုံးမှာ..”
ဒေါ်ညို  က နှုတ်ခမ်းတွန့်ပြီး တိုင်ပြော ပြောနေတော့ ဇို ပြုံးလိုက်ပြီး.
“သူလည်း မိန်းကလေးပဲ ဒေါ်ညို ..လှချင်..မှာပေါ့...”
“ကြည့်နေပါ..ဘယ်နေ့ ပါသွားမလည်းသာ စောင့်နားထောင်..”
သုသု ကတော့ နှုတ်ခမ်းက လှုပ်လှုပ်ရွရွ အသံမထွက်အောင်ပြောပြီး စျေး၀ယ်ခြင်းထောင်းယူခါ တစ်ကိုယ်လုံး ကို တွန့်လိမ်နေအောင် ခါပြီး ထွက်သွားသည်..။
.ဒေါ်ညို က ကြည့်ကြည့်လို့ မေးငေါ့ပြပေမဲ့ ဇို ကတော့ ရယ်နေမိသည်..။
လဲ့ရည် လည်း မာဗီ နဲ့ အဆင်ပြေပြီး အခုဆို ကလေးနဲ့တောင် ဖြစ်နေပြီ..
သူ့ အမေ ရှိတဲ့ ပဲခူးကို ပြန်သွားတော့ ဇို မှာ ဒီက အပေါင်းအသင်းလည်း သိပ်မရှိတော့ အိမ်မှာ ချည်းနေပြီး အိမ်က လူတွေနဲ့ပဲ ပျော်နေရသည်..။
ပူး နဲ့ တစ်ခါတစ်လေ..ညဘက် တူတူ အပြင် ထွက်ပေမဲ့ သူ့ ပရိသတ်တွေ သိမှာ စိုးလို့ ညနက် ပိုင်းလောက်ပဲ ထွက်ခွင့် ရသည်..။
ညနက်ချိန် ဘယ်ကို မှ သွားလို့ အဆင်မပြေတဲ့အပြင် ဘအုံး နဲ့ သုသု ပါ ကားထဲ ခေါ်လာရတော့နှစ်ခါလောက် အပြင်ထွက်ပြီး ဇို သူနဲ့ အပြင်ထွက်ဖို့ စိတ်ကုန်သွားရသည်...။
“ဆေးခန်းကို ပူးနဲ့ သွားရရင် ကောင်းမယ်.”
“သွားပေါ့..ဇိုရဲ့..”
ဇို့ ရဲ့ ရင်ထဲငြီးတွားသံက နှုတ်ဖျားက ထွက်သွားတော့ ဘေးမှာ ဆန်ဆေးနေတဲ့ ဒေါ်ညိုက ထောက်ခံမဲ ပေးသည်..။
“ဒါပေမဲ့ သူ မအားဘူးလေ..ပြီးတော့ လူတွေသိရင် ဒုက္ခရောက်အုံးမယ်..”
“လူတွေ သိရင် ဆို့ပြီး ဘယ်အချိန်ထိ ဖုံးကွယ်ထားနိုင်မှာမို့လည်း..ဇို့ နေရာမှာ တခြား မိန်းမတွေသာဆို လက်ချိတ်ပြီးလျှောက်လိုက်နေတာ..ဇို ကတော့ စိတ်ချ လက်ချ လွှတ်ထားတယ်..အခွင့်အရေးလည်း မတောင်းဆိုဘူး..ဇို့ အတွက်တော့ ရင်လေးတယ်..တကယ်..တကယ်..”
ဇို ပြုံးလိုက်ပြီး..လက်ထဲက ရေခွက်ကိုသာ စိုက်ကြည့်နေမိသည်..။
သူက ဇို နဲ့ အပြင်ထွက်ဖို့ကြောက်သလို အိမ်သားတွေရှေ့မှာတောင် တယုတယ မလုပ်တက်ပါ..။
တကယ်များ ဒီလိုတွေဆို...။
“မာမီ ကို ဆေးတိုက်ရအုံးမယ်...”
ဇို ဆေးနဲ့ ရေခွက် ယူပြီး ထွက်လာတော့ သုသု က တိုက်နေပြီ..
ဒီကောင်မလေး ဘယ်တုန်းက ပြန်ရောက်နေတာလည်း မီးဖိုခန်းထဲ မလာပဲ..
“သုသု ဘယ်တုန်းက ပြန်ရောက်တာလည်း..”
“ခုလေးမှ မမ..မာမီ့ ကို ဆေး မတိုက်ရသေးလို့..အချိန်ကကျော်နေပြီလေ..”
“ဟုတ်တယ်..မေ့သွားလို့...တိုက်ပြီးရင် ခြင်းယူသွား..လုပ်စရာ ရှိတာလုပ်ထားလိုက်..”
ဇို စကားကို အရေး မစိုက်သလို လှုပ်ရှားမှုတောင် မပြတာ က လူကို ဒေါသထွက်စေသည်..။
ထားခဲ့တဲ့ စေတနာ တစ်ချို့ကိုတောင် နှမျောရတော့ မလိုလို...
“ဟဲ့..သေချင်နေလား..”
“ဟယ်..သမီး...”
ဇို ရဲ့ တုန့်ပြန်မှု ပြင်းထန်တော့ အံသြသလို မျက်လုံးလေး ဝိုင်းသွားပြီး ဆွဲခြင်းယူပြီး ထပြေးသည်..။
“စိတ်လျော့ပါအုံးလား..သုသု က မာမီ ကို သိတက်တယ်..”
“ဇိုတော့ အလုပ်ခိုနေတယ်ပဲ..မြင်တယ်..ဒေါ်ညိုက လူကြီး ဖြစ်ပြီး အိုးတွေ ပန်းကန်တွေ အကုန်ဆေးပြီးချိန်မှ သူ ၀င်လာတာ..၃ ..၄..ရက် ရှိပြီ...”
“မာမီ့ ကို နှိပ်ပေးနေလို့ပါ...ကဲ..လာ ထိုင် အုံး..သား.ရိုက်တဲ့ ကြော်ငြာ အပိုင်းလေး တွေပြန်ကြည့်နေတာ..”
မာမီက ဇို့ လက်ကို ဆွဲပြီး ထိုင်ခိုင်းတော့ တီဗီ ပေါ် မှာ ပူး နဲ့ သရုပ်ဆောင် မင်းသမီး တစ်ယောက်..။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အကြည့်တွေ အပြုံးတွေကလည်း တောက်ပလွန်းနေသည်..။
“မာမီ..ပူး နဲ့ အဲဒီ သရုပ်ဆောင်တွေ တအား ရင်းနှီးလား..”
“အင်း အလုပ်တူတွေဆိုတော့ ခင်တာပေါ့..သားကလည်း အပြင်မှာတွေ့တာ မရှိပါဘူး..အလုပ်ကိစ္စပဲ တွေ့ကြတာ များတယ်...”
ဇို မျက်နှာပြောင်းသွားတာ  ကို မာမီက ရိပ်မိပြီး..
“မစိုးရိမ်ပါနဲ့ သမီးရယ်..သား က သမီး ကိုချစ်ပါတယ်..”
“ဇို သိပါတယ်..ဒါပေမဲ့..သူက ကလေးယူဖို့ချည်း အတင်းတိုက်တွန်းနေတာ.”
“..အဲဒါဆို မွေးပေးလိုက်လေ..ပိုလို့တောင် ချစ်သွားအုံးမှာ..”
“ဇို လည်း လိုချင်ပါတယ်..”
“အေးလေ....စောင့်ရမှာပေါ့..”
မာမီ က ဇို့လက်ကို ဆွဲယူကိုင်ခါ တီဗီ ဆက်ကြည့်နေပေမဲ့ ဇို ကတော့ သူတို့ပုံရိပ် တွေကြောင့် စိတ်ရှုပ်ရသည်..။
လင်မယားဆိုပြီး စာချူပ်တစ်ခုသာ ရှိတဲ့ မိန်းမဘ၀မှာ လူမသိသူမသိ တိတ်တိတ် ဆိတ်ဆိတ်နေခိုင်းပြီး..ကလေးတစ်ယောက်သာ အသည်းအသန်လိုချင်နေတဲ့သူကြောင့် တစ်ခါတလေ ဇို က သူ့အတွက်ဘာလည်းလို့ တွေးမိသည်..။
“ဒီမှာ..ဇို့ အတွက်၀ယ်လာတာ..”
ဇို့ ပခုံးကို ကိုင်ပြီး ဆိုဖာ မှာ ထိုင်ခိုင်းခါ..သူ့လက်ထဲက စက္ကူခေါက်ကို ဖြန့်ပြသည်..။
“ချစ်စရာလေးတွေ..”
“အင်း..အဲဒါမျိုးလေး မွေးပေးနော်..”
ဇို အပြုံးတစ်ခုနောက်က နာကျင်မှုကို ပူးက မသိပဲ ကလေးပုံလေးတွေကို ကြည့်ပြီး ပြုံးနေတော့သည်..။
“မာမီက မြေးအရမ်းလိုချင်တာ..ပူးလေ ကလေးသိပ်မချစ်တက်ပေမဲ့ မာမီ စိတ်ချမ်းသာအောင် မဖြစ်မနေ သားသမီးလိုချင်တယ်..မာမီက ရောဂါအခံရှိတော့ မြေးတစ်ယောက် ရသွားရင် စိတ်ပြောင်းသွားမှာနော်..”
သူ့ဟာသူ တွေးစစပြောရင်း ပုံလေးတွေကို တစ်ပုံချင်း ပြန်ကြည့်နေပြန်သည်..။
“ပူး..”
“ဟင်...”
“အငှား ကိုယ်၀န်ဆောင် ဆိုတာ ဘယ်လိုမျိုးလည်း..”
“သိဘူးလေး..ကလေး ကိုယ်စား မွေးခိုင်းတာနေမှာပေါ့...”
“ပူး အဲလို မျိုးကို သဘောကျလား..”
“မကျပါဘူး..ကလေး မမွေးပေးနိုင်ဘူးပြောတဲ့ ကိုကို့ မိန်းမကိုတောင် ပူး ကြည့်မရဘူး..ကိုကို ကလည်း မိန်းမရှားနေတာ..ကလေးမမွေးနိုင်ရင် ကွာပြီး နောက်တစ်ယောက်ထပ်ယူလိုက်ပေါ့ ပူးဆို အဲလို လုပ်ပစ်မှာပဲ...ပူးတို့ မိသားစု မှာ  ဇနီးမယား ဆိုတာထက် မျိုးဆက်တစ်ခု အဖြစ် သားသမီးက ပိုပြီးလိုအပ်နေတာ....အိမ်တအိမ်မှာ ယောင်္ကျားက အိမ်ထောင်တာ၀န်တွေ ယူရသလို မိန်းမ ကလည်း မျိုးဆက်သစ် အတွက် တာ၀န်ယူရမယ်လေ..ကလေးမမွေးချင်တဲ့ မိန်းမ ဆိုတာ တာ၀န် မကျေတဲ့ မိန်းမပဲ..”
ဇို အံသြထိတ်လန့်ပြီး ပူး  မျက်နှာကို ငေးကြည့်မိပေမဲ့ သူကတော့ ပုံလေးတွေက အကြည့်မရွေ့သေးပဲ ပြုံးနေတုန်း...။
“ဇို က မိဘမဲ့လေ..အဲဒါကျတော့ ဘယ်သူ့ တာ၀န်လည်း..မသိဘူးနော်..”
ဇိုရဲ့ မတူညီတဲ့ ဖြေရှင်းချက်ကြောင့် ပူးက ပိုစတာ ပုံလေးတွေကို ခုံပေါ်တင်လိုက်ပြီး ဇို့ ဘေးခုံ မှာ ၀င်ထိုင်ခါ ပခုံးကို ဖက်လိုက်သည်..။
“သေခြင်းတရားကို ဘယ်သူက တားဆီးလို့ရမလည်း...ဇိုရယ်..”
“မဟုတ်ဘူး..ဇို့ မိဘတွေက ကလေးတွေအများကြီး မွေးထားပြီး မစောင့်ရှောက်နိုင်လို့ ဘုရားကျောင်းမှာ လာပစ်သွားတာ..”
“ဘယ်လို..”
“ဟုတ်တယ်...အဲဒါကျတော့ မွေးပေးတဲ့ အမေတာ၀န်ကျေသွားပြီလား.”
ဇို ပြောရင်း ဒေါသနဲ့ ၀မ်းနည်းစိတ်လေးပေါင်းခါ အသံတွေက တုန်ယင်လာသည်..။
“ဘယ်မိဘကတော့ ဒီလိုလုပ်ချင်ပါ့မလည်း..ဖြည့်တွေးရမှာပေါ့ ဇိုရယ်..ဇိုက ဒါကို နာကြည်းပြီး ကလေးမမွေးချင်တာလား..”
ပူးဆီ က စကားလုံး တစ်ချို့ ကြောင့် ကိုယ့်ရဲ့ စိတ်ကို နားမလည်ရကောင်းလား ဆိုပြီး အချိန် ကြာကြာ စိုက်ကြည့်ပစ်လိုက်သည်..။
“အဲလို မဟုတ်ဘူးမလား..ဟင်..”
“ဇို..လိုချင်လား.မလိုချင်တာလား..ပူး မသိဘူးလား..”
“သိပါတယ်..ဒါပေမဲ့ မရတော့ လျှောက်တွေးမိနေတာ...”
“ဇို လည်း..ပူးနဲ့ မာမီကို အားနာတယ်.”
ပူးက ဇို့ ကို ဆွဲဖက်ပြီး သူ့ရင်ခွင်ထဲ ထည့်ထားတော့ ဇို အလိုက်သင့် ငြိမ်နေလိုက်ပြီး..။
“..ဒီအိမ်ရောက်စက မီကိုးလ်ကြောင့် ကလဲ့စားချေဖို့လာတာ..”
“ဟင်..”
“မီကိုးလ် ကို ပူး ကိုကို ရဲ့ ချစ်သူလို့ သတင်းကြားခဲ့တာကိုး...ပြီးတော့ မီကိုးလ်က ဇို့ ရဲ့ တစ်ဦးထဲသော သူငယ်ချင်းလေ..မီကိုးလ် ဘက်က နာပြီး.ဒီအိမ်ထဲ ရအောင်၀င်တာ..ပူးကိုလည်း ဖျားယောင်းမိတာ..”
“ဟာ...”
“ဒါပေမဲ့..အမှန်တရားတွေကို သိလိုက်ရတော့ မာမီ နဲ့ ပူး ကို အားနာတယ် ..စိတ်လည်း မကောင်းဘူး..”
“ပူး ကတော့ ဇို့ ကို နစ်နာသူဆိုပြီး အလေးထားလိုက် ရတာ..ဇို က အဲတုန်းက တကယ်အေးစက်စက်လေ..အခုကော သံသယတွေနဲ့ ကလဲ့စားချေနေတာလား..ရှင်းအောင်ပြော..”
“မဟုတ်ပါဘူး...”
“ဟား..ဟား..နေအုံး...အရင်ကကော  ဘယ်ကောင်တွေ နဲ့ ချစ်ခဲ့သေးလည်း..”
“မချစ်ပါဘူး..ဇိုက အချစ်ကို မယုံဘူး..ငယ်ငယ်က ဘုရားသခင် အကြောင်း ကျောင်းမှာပြောရင် အမြဲငြင်းတယ် အဲတော့ ဆရာမ က မနိုင်တော့လို့ ဘုရားသခင် ကို လိုအပ်လာတဲ့ အချိန်ကျရင် ဘုရားသခင် ရှိကြောင်း နင်သိလိမ့်မယ်..ချစ်တက်သွားရင် အချစ်ရှိကြောင်းသိလာလိမ့်မယ် တဲ့.”
“အခုတော့ ယုံပြီပေါ့..”
“အချစ်အကြောင်း တကယ် မသိသေးဘူး..”
“ချစ်တယ်မလား..”
“မချစ်ဘူး ထင်တယ်.”
“ဟာဗျာ...”
ပူးက တစ်ဖက်ကို ခေါင်းစောင်းပြီး လွဲလိုက်တော့...
“လက်မောင်းကို အခု ဖျစ်ထားတာ နာနေပြီ..”
“အော်..အော်...”
ပူး က လက်ကို နည်းနည်း လျော့ပေးပြီး..လက်ကို ထပ်ကိုင်ခါ ရယ်နေသည်..။
“မနက်ဖြန် ဆေးခန်းသွားမလို့..”
“ဟင်..နေမကောင်းဘူးလား..”
ပူးက စိုးရိမ်တဲ့ မျက်၀န်းဖြင့် ဇို့ တစ်ကိုယ်လုံးကို လိုက်ကြည့်ခါ မေးနေတော့ ဇိုရယ်လိုက်ပြီး
“မဟုတ်ပါဘူး..ကလေး ကိစ္စ သွားမေးကြည့်မလို့..”
“သြော်...ကောင်းတာပေါ့..သွားလေ..ဇို..”ဇို စိတ်ထဲ အလိုမကျမှု  လှိုင်းလေး ဖြတ်သွားရသည်..။
“ပူး နဲ့ သွားချင်လို့..”
စဉ်းစားသလို ခဏ တွေဝေ သွားပြီး ခေါင်းညိတ်ခါ
“ဒါဆို မနက်ဖြန်...ညနေစောစော ပြန်ခဲ့လိုက်မယ်လေ..”
“မမေ့နဲ့နော်..”
“မေ့ပါဘူးဗျာ..”
ပူးကို ချစ်တာမျိုး မဟုတ်ပဲနဲ့ ဇိုက ဒီမိသားစုနဲ့နေရတာကို ပိုပြီးပျော်မွေ့ စွဲလမ်းနေတာပါ..။
တစ်ခါမှ မခံစားဖူးရသည့် မိသားစု နွေးထွေးမှု မိဘ ရဲ့ ရင်ခွင်ဆိုတာတွေက ဇို့ကို ပြောင်းလဲ ချူပ်နှောင်ထားနေပြီလေ...။
သာယာစိုပြည်တဲ့ ထမင်းဝိုင်း တွေ..အပြန်အလှန် ကူညီ ဖေးမ စောင့်ရှောက်မှုတွေ..က ဇို့ အတွက် မက်လောက်စရာပါ..။
ခင်ပွန်း ဖြစ်သူကို  ဇို ချစ်နိုင်အောင် ကြိုးစားနေဆဲ..အားနာစိတ် နဲ့ အတူ သူတို့ လိုချင်တာလေးကို ဖြည့်ဆည်းပေးချင်ပါသည်..။
ဇို ရှေ့မှာ ချထားတဲ့ ပုံလေးကို ကောက်ယူကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်..။
ကလေးလေးကို သာ မဖျက်စီးမိခဲ့ဘူးဆို အခုချိန် လသား အရွယ်တောင် ရောက်နေလောက်ပြီ..။
၀မ်းလျားမှောက် အရွယ် ကလေး ပေါက်စန လေးကို သူတို့ ဘယ်လောက်တောင် ချစ်လိုက်မလည်း..။
အတွေးတွေနဲ့ နာကျင်လွန်းလို့ မျက်ရည်ဝဲတက် လာသည်..။
“ဇို..မပြီးသေးဘူးလား...”
“ပြီးပြီ..”
ဇို တစ်ခါမှ စိတ်မ၀င်စားဖူးသည့် အလှအပ အတွက် အချိန်တော်တော် ပေးလိုက်ရသည်..။
ပြင်နေကျ မဟုတ်လို့ များသွားမှာ စိုးရိမ်ပြီး ပြန်လျော့နေတာ အလှပြင်ပြီးတော့လည်း ဒီပုံစံပဲ ဘာမှ ထူးပြီး လှမလာပါ..။
“ဟင်...ဒီတိုင်းပဲလား..”
“ပြင်တာပဲ..”
“ဟား..ဟား..မင်းသား မိန်းမ ကတော့ အလှပြင်တာတော်တယ်နော်..”
“ပူး..”
ဇို အော်လိုက်တော့ ပူး က ရယ်ပြီး ပခုံး ကိုင်ခါ လှေကားဆီရောက်အောင်ခေါ်လာသည်..။
“သွားတော့ မလို့လား..”
“ဟုတ်..”
“သမီး က မာမီတို့ရဲ့ မျှော်လင့်ချက်ပဲ...သားကိုကို ကလည်း ကလေး မရနိုင်ဘူးဆိုတော့ မာမီ အတွက် မြေးလေး တစ်ယောက်ရရင် သေပျော်နေပါပြီ...”
“ဟုတ်ကဲ့..”
“ကဲ...ကဲ...ဆေးခန်း ပြပြီးရင် လျှောက်လည်ကြပေါ့..”
“ပူးက အချိန်မရဘူး..မာမီ..”
ဇို ဒီနေ့ အပြင်သွားဖြစ်ရင် လဲ့ရည် နဲ့ ခိုင်ခိုင် ကို သူနဲ့ မိတ်ဆက်ပေးဖို့ တွေးထားမိတာ..။
ကိုယ့်ဘက်က အသိုင်းအဝိုင်း မရှိသူ  တစ်ကောင်ကြွက်ပေမဲ့ ခင်မင်သူတွေကိုတော့ သူ အသိအမှတ်ပြုစေချင်သည်..။
“ဇို..လာလေ..”
“အမ်း..”
ဇို ကားရှေ့ခန်းမှာထိုင်လိုက်ပြီး ပူး မောင်းတဲ့ ကားကို ပထမဆုံး စီးဖူးခြင်းပါ..။
“ပူး အလုပ်ပြန်သွားရမှာလား..”
“မဟုတ်ပါဘူး...မာမီ က တကယ်လျှောက်သွားစေချင်တာ..ပူးက မသွားချင်ဘူးလေ..”
“ဘာလို့...”
ဇို မေးလိုက်တဲ့ ရိုးရှင်းတဲ့ မေးခွန်း တစ်ခုကိုဖြေဖို့ ပူးက မိနစ်ပိုင်း ကြာတဲ့ အထိ စဉ်းစားပြီးမှ..
“ဒီတိုင်းပါ..နားချင်လို့...”
“ဇို က သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့..”
“ဟာ..ဘယ်ဖြစ်မလည်း..ဇို..ပူး ကို သိသွားပြီး ဖွလိုက်ရင် သွားရောပေါ့..”
“အဲလိုမဖြစ်ပါဘူး..ဇို မှာထားလိုက်မယ်လေ..ဇို့ ရွာက ကျောင်းမှာပဲအသိရှိတာ..ရန်ကုန်ရောက်ကတည်းက လဲ့ရည်နဲ့ပဲ နေလာရတာ သူက ဇို့ ညီမ လို ဖြစ်နေပြီ...ပူး..သူ့ကိုတော့ မိတ်ဆက် သင့်တယ်ထင်တယ်..”
“ပူးကို နားလည်ပေးစမ်းပါ ဇိုရာ..ဇို့ကို လိုလိုသေး မရှိ ဖြည့်ဆည်းပေးနိုင်တယ်..ဒီလို လူတွေ နဲ့ လိုက်တွေ့ဖို့ က လုံး၀ မဖြစ်နိုင်ဘူး..အခုလို ကားတစ်စီးထဲ ထွက်လာရတာတောင် များနေပြီ..”
ဇိုက သူ့ အတွက် တရား၀င် ဇနီးမယား မဖြစ်နိုင်သေးပါလား..။
ဇို စကားတွေ ရှေ့ဆက်မပြောပေမဲ့ ရင်ထဲက အဖုအထစ်လေးတွေ တော့ ကျန်နေသေးသည်..။
“ကဲ..လာထိုင်..ဇို...”
“အဖော် မပါဘူးလား..”
“ပါပါတယ်..”
“ခေါ်လိုက်လေ..”
“ရပါတယ်..ဆရာမ..”
“ခေါ်လိုက် ဒီကိစ္စမျိုးက နှစ်ယောက်စလုံးနဲ့ ဆိုင်တာလေ...”
ဇို ငြင်းမရလို့ ကားပေါ်မှာစောင့်နေတဲ့ ပူးကို ပြန်ခေါ်ရသည်..။
ပူးက ဆင်းလိုက်လာပေမဲ့ မျက်နှာတော့ မကောင်း...။
“သြော်..”
ဆရာမ က သိသလိုမျိုး တစ်ချက်ပြုံးပြီး..
“ထိုင်လေ..သား..”
“ဟုတ်..”
ပူးက ဘေးခုံမှာ ၀င်ထိုင်လိုက်တော့..ဆရာမ က ဇို့ဘက်ကိုလှည့်ခါ..
“ဇိုက ကိုယ်၀န်ဆောင်ဖို့ အခုလောလောဆယ် အဆင်မပြေဘူး..ဖြစ်နေတယ်..”
“ရှင်..”
“ဆရာမ တို့ အထွာဆောင်း ရိုက်ကြည့်လိုက်တော့ သားအိမ်က ပုံမှန် မဟုတ်ဘူး..ခွဲစိတ်စရာမလိုပေမဲ့ အချိန်တော့ ယူရလိမ့်မယ်..”
ဇို ခေါင်းတွေ ချာချာလည်အောင် မူးသွားပြီး လက်တွေလည်း ချွေးစေးပြန်လာသည်..နဖူးဆံစပ်က ဆံပင်တွေကလည်း ချွေးကြောင့် စိုကုန်ပြီ..
ပူးက ဇို့ လက် ကို ဆုပ်ကိုင်ဖျစ်ညစ်ပြီး အားပေးနေတာလား မချိတင်ကဲ အလိုမကျ ဖြစ်နေတာလား ဇိုလည်း မသိတော့ပါ...။
“ဖျက်ချဘူးလား..”
“ရှင်..”
ဆရာမနဲ့ ပူး ရဲ့ မျက်လုံးတွေက ဇို့ မျက်နှာကိုသာ စိုက်ကြည့်ပြီး အဖြေတစ်ခုကိုစောင့်နေတော့ ဇို ထ ပြေးချင်လာသည်..။
“ဟုတ်...ဟုတ်....တစ်ခါ...”
“မိုက်လိုက်တာ..”
ပူး မျက်နှာ ဘယ်လို ပုံစံပြောင်းသွားလည်း ဇို မကြည့်ရဲပါ..။
“ကြာပြီလား..”
“တစ်နှစ်လောက်ရှိပါပြီ...”
ဇို့ လက်ကို ဆုပ်ကိုင်ထားတဲ့ ပူး လက်တွေ ဆောင့်လွှတ်လိုက်တာလား ပုံမှန် အတိုင်း လွှတ်လိုက်တာလား မသိပေမဲ့ ရင်ဘတ်ထဲ လှိုက်ဟာ သွားရသည်..။
“အင်း..အဆိုးဝါးကြီး မဖြစ်တာပဲ ကံကောင်းလှပြီ..လက်သည်တွေကို အားကိုးတဲ့ ခေတ်ကုန်သွားပြီ မှတ်တာ..”
“ဆရာမ ကျွန်တော့် ကို ခွင့်ပြုပါအုံး..”
“ကောင်းပါပြီ...”
ပူးက ခွင့်တောင်းပြီး ထွက်သွားတော့ ဆရာမ က ဇို့ ကို ကြည့်ခါ..
“စိတ်ဆိုးသွားပြီ ထင်တယ်..”
ဇို ခေါင်းညိတ်လိုက်တော့ ဆရာမ က ဆေးပေးပြီး လိုအပ်တွေ မှာနေပေမဲ့ ဇို့ရဲ့ စိတ်တွေကတော့ ပူးဆီမှာသာ..။
ဇို ကားပေါ်ရောက်တာနဲ့ ပူးက ကားကို အရှိန်တင်ပြီး မောင်းထွက်လာတာ ၁၅မိနစ် ကြာမဲ့ အိမ်ကို ၇မိနစ်လောက်နဲ့ ပြန်ရောက်သွားသည်..။
ကားတံခါးကိုဆောင့်ပြန်ပိတ်ပြီး ခြေလှမ်းကြမ်းနဲ့ ဆင်းသွားတဲ့ ပူးကို ဇို အလန့်တကြားဖြစ်မိသည်..။
“ဟယ်..မြန်လိုက်တာ..ရောက်ကော ရောက်ရဲ့လား..”
ပူးက ဆိုဖာ မှာ ၀င်ထိုင်လိုက်ပေမဲ့ ဇိုကတော့ အရှေ့နားမှာပဲ ရပ်နေလိုက်သည်..။
“ဘာဖြစ်လို့လည်း သား..”
မာမီ က သူ့သားရဲ့ဒေါသထွက်နေတဲ့ မျက်နှာကို ကြည့်ပြီး ဇို့ဆီကို အကြည့်ပြန်ရောက်လာသည်..။
“ဇို.အရမ်းယုတ်မာတယ်..မာမီ..”
“ဘယ်လို..”
“ကောင်းတယ်...သူ့ ဒုက္ခနဲ့သူပဲ...”
“အခုဆရာမ က ဘာပြောလိုက်လို့လည်း..” မာမီက ဇို့ ကို ကြည့်ပြီးမေးလိုက်ပေမဲ့
“ကိုယ်၀န်ဖျက်ချဖူးလို့ ကလေးမရနိုင်တော့ဘူးတဲ့..”
“ဘာ..”
မာမီရဲ့ ဒေါသမျက်၀န်းကို ဇို ခေါင်းရမ်းရင်း
“အဲလို မဟုတ်..”
“တောက်...ဒေါသ အတိုင်းသာ ဆို..ရိုက်သတ်မိတော့မယ်.....မာမီကြည့်နေ...သူလေ..သေတဲ့ အထိ အထီးကျန်ပြီး တစ်ယောက်တည်းနေရမှာ..လူသတ်တာ တခြားသူကို သတ်တာ မဟုတ်ဘူး..ကိုယ့်ရင်မှာကိုယ့်သွေး နဲ့ဖြစ်တည်နေတဲ့ လူတစ်ယောက်ရဲ့ အသက်ကို မညှာမတာ သတ်တာ..”
ပူးက အော်ဟစ်ပြောနေတော့ ဒေါ်ညိုနဲ့ သုသု ကလည်း မီးဖိုခန်း၀က ကြည့်နေသည်..။
“ဆရာမ က အချိန် တစ်ခုစောင့်ပြီး..”
“မသေချာဘူးဆိုတာ ထည့်ပြော..အဲဒါ ခင်ဗျား ရက်စက်ခဲ့တဲ့ ၀ဋ်တွေလေ..ခင်ဗျား က ခင်ဗျား မုန်းပါတယ်ဆိုတဲ့ မိဘတွေထက် ပိုယုတ်မာတယ်..သူတို့ကမှ လူစိတ် ရှိလို့ ခင်ဗျား လူဖြစ်အောင် မွေးပေးသးတယ်..ခင်ဗျားက လူစိတ်ကို မရှိတာ..”
“မဟုတ်ဘူး..”ဇိုခေါင်းတွေ မူးလာပြီး အမြင် တွေလည်း ေ၀၀ါးလာသည်..။
အမြဲတမ်း နူးညံ ညင်သာစွာပြောဆိုတက်သည့် သူက အခုတော့ ဇို့ကို ရန်သူတစ်ယောက်လို စူးစူးဝါးဝါးကြည့်ပြီး ရက်ရက်စက်စက်တွေ ပြောထွက်နေပါပြီ...။
“ဇို..သမီး..”
အိမ်တံခါး ဘောင်ကို ကိုင်ပြီး ထိုင်ချလိုက်တော့ မာမီ က အနားပြေးလာသည်..။
လူတွေ အားလုံး အနားပြေးလာပေမဲ့ ဇို့ အကြည့်က ကျောခိုင်းပြီး အပေါ်တက်သွားတဲ့ ပူးရဲ့ ကျောပြင်ကိုသာ...။
“ရပါတယ်..အန်တီ..ဇို နေလို့ကောင်းပါတယ်..”
“ခဏ ထိုင်နားနေလေ..”
“အပေါ်ပဲ တက်လိုက်တော့မယ်..”
“အော်...ခဏ နားပါအုံး ဆိုကာမှ..”
မာမီက တားမရလို့ ဒေါ်ညိုကို တွဲပြီး လိုက်ပို့ခိုင်းသည်..။
ဒေါ်ညိုက လှေကားထိပ် အထိပို့ ပေးပြီး ပြန်ဆင်းသွားတော့မှ ဇို အခန်းတံခါး ဆီကို လျှောက်လာခဲ့လိုက်သည်..။
အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ အထဲက လော့ခ်ချထားတာ...
“ပူး...”
တုန့်ပြန်မှု မရှိတဲ့ အခန်းတံခါးကိုသာ စိုက်ကြည့် ပြီး ဇို သက်ပြင်း ချခါ အရင်အခန်းဆီ ပြန်လျှောက်လာခဲ့လိုက်သည်.။
အရင်က ကိုယ့်ကမ္ဘာငယ် အဖြစ် ဖန်တီးထားတဲ့ ဒီအခန်းမှာ လော့ခ်ချပြီး တစ်ယောက်တည်းနေရတာ နှစ်သက်တက်ခဲ့တာပါ..။
အခုလို တစ်ယောက်တည်း ဖြတ်သန်းရမဲ့ ည လေး တစ်ည က အခုတော့ ဇို့ အတွက် အိမ်မက်ဆိုး တစ်ခုလို ခြောက်လန့်နေပြီ..
ပူး အရမ်းမျှော်လင့်ထားတာ...ဇို့ ရဲ့ ရက်စက်တဲ့ လုပ်ရပ်တစ်ခုကို သူဒေါသဖြစ်သင့်ပါသည်..။
စိတ်ကူးတွေ ယဉ်ပြီး လာလိမ့်နိုးနဲ့မျှော်ခါ တိတ်တိတ်လေး ၀ယ်ထားတဲ့ ကလေး ပုံလေးတွေ ကို ဘီဒို ထဲက ဆွဲထုတ်လိုက်ပြီး ပစ်ပေါက်လိုက်သည်..။
“အား..”
မျက်ရည်တွေက ထိန်းနေသည့်ကြားက ပိုးပိုးပေါက်ပေါက် ကျလာတာ ဇို ခေါင်းရမ်း ခါ ထုတ်ပေမဲ့ လွယ်လွယ်နဲ့ မရပ်ပါ...။

。☆✼★━━━━━━━━━━━━★✼☆。

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeМесто, где живут истории. Откройте их для себя