Part 18

1K 75 1
                                    

Zoe
အပိုင်း(၁၈)
#ဇိုစပိုက်ကာ

“ဟေး...ဆရာမ ဇို လာပြီ..”
ကလေးတွေရဲ့ အော်သံတွေကြောင့် ဇို ရဲ့ ခြေလှမ်းတွေက ခြံတံခါး အ၀င်ကျော်လေးမှာ တန့်သွားရသည်..။
သရက်ပင်အောက်မှာ ရေခဲချောင်းဝေနေတဲ့ အမ် က လည်း ဇို့ ဆီ အကြည့်ရောက်လာတော့ ဇို ဆက်လျှောက်လာလိုက်သည်..။
“ဆရာမ ဇို နောက်ကျနေတာ..အခုတော့ ကုန်ပြီ...”
“အဲလို..ရမလား..”
ဇို လွယ်အိတ်ကို ဖြုတ်ပြီး ကွပ်ပျစ်ပေါ် ထိုင်ချလိုက်တော့ အမ် က လိုက်ကြည့်နေပြန်သည်..။
ဇို အကြည့်မဆုံအောင် ရေခဲဘုံးထဲငုံ့ ကြည့်ရင်း..
“ဒီမှာ တစ်ခု ကျန်သေးတယ်..”
“အဲဒါ ဆရာ့ အထုတ်..”
အမ့် ရဲ့ သက်တော်စောင့် လေး စံပယ် က အိတ် ထဲက ရေခဲထုပ် ကို ထုတ်ပြီး သူ့ဆရာ လက်ထဲ အမြန်ထိုးထည့်ပေးသည်..။
“ဆရာမ ကို ပေးလိုက်ပါ..ဆရာမ က အခက်အခဲတွေ အများကြီး ကျော်ဖြတ်ပြီး လာရတာ..”
အမ် ရဲ့ စကားကြောင့် ဇို မလုံမလဲဖြစ်ခါ ကလေးလှမ်းပေးသည့်ရေခဲထုပ်ကို ခေါင်းရမ်း ငြင်းမိသည်..။
ဂေဟာလာခါနီး လမ်းမှာ ပူးနဲ့ တွေ့ခဲ့ပြီး
“ဇို  ဘယ်လည်း..”
“ငါ့ဟာ့ငါ ဘယ်သွားသွား နင်နဲ့ ဆိုင်လား..”
“ဆိုင်တယ်..အခု ပူး အချိန်မရလို့ ဘယ်သွားမလည်း ပြော လိုက်ပို့ပေးမယ်..”
“မလိုက်နိုင်ဘူး..”ဇို ကွေ့ရှောင်ပြီး ထွက်လာတော့ နောက်ကနေ...
တစ်ခုလပ်ဆို ဘယ်သူမှ အတည်မကြံဘူးနော်လို့ သတိပေးသွားသေးသည်..။
သူ နဲ့ တွေ့တိုင်း ဇို့ စိတ်တွေ ဒေါသထွက် မွန်းကြပ်ရပါသည်..။
အမ် ပြောသလို ကလေးတွေကို သတိရလို့ အခက်အခဲတွေကြားက ရောက်အောင်လာခဲ့ရသလိုပင်..
“ဒါဆို..ဆရာနဲ့ ဆရာမ တူတူ စားလိုက်ပေါ့..”
သူ့ဆရာလက်ထဲ ရေခဲထုပ် ထည့်ပေးပြီး ပြေးသွားတော့ ဇို ရယ်မိသည်..။
တော်တော် မျက်နှာလိုက်တဲ့ ကလေးတွေ..။
“အဟမ်း...ဘယ်လို လုပ်မလည်း..ဇို..ကိုယ် အရင်စားရမလား..”
ရေခဲထုပ်ကို ကိုင်ရင်း ပြုံးစစ နဲ့မေးလာတော့ ဇို  အကြည့်လွဲခါ
“စားလိုက်ပါ....”
“ကလေးတွေက စေတနာနဲ့ ကျွေးတာ အသိအမှတ်ပြုသင့်ပါတယ်..”
အမ် က မျက်နှာတည်တည် နဲ့ စောင်းချိတ် သလို ပြောလာတော့ ဇို ရယ်မိပြီး..မျက်နှာလွဲရင်း
“သူတို့ဆရာအတွက်လို့ ပြောသွားတယ်...”
“အဟွင်း..အဲဒီ အပြုံး မျက်နှာလေး ကို တွေ့ချင်နေတာ...”
အဆင့်တက်လာတဲ့ စကားကြောင့် ဇို ထိုင်နေရာက ထရပ်မိသည်..။
“ဆောဒီးပါ..ဇို...ကိုယ် က သိစေချင်လို့ပါ..အဝေးကိုတော့ ထွက်မသွားလိုက်ပါနဲ့..ဇို မကြိုက်ရင် မပြောတော့ဘူး...”
အမ် က တောင်းပန်သလို ပြောပြီး ဖော့ဘုံးကို ကိုင်ခါ..
“ကလေးတွေကို တစ်ချက် ကြည့်ထားပေးပါ ဇို..”
ကွပ်ပျစ်မှာ တစ်ယောက်တည်း ထိုင်ပြီး ကလေးတွေ ကစားနေတာ ကို ငေးရင်း အတွေးတွေက ငယ်ဘဝမှာ ပျံ့ လွင့်နေသည်..။
ကလေးတွေ အဆောင်ထဲ ပြန်၀င်သွားတော့လည်း ဇို့ မှာ တစ်ယောက်တည်း ငူငူ ကြီး ထိုင်နေရတာ ကြာတော့ ပျင်းလာပြီ..။
ဇို မီးဖိုဆောင် ဘက် ကို လျှောက်လာတော့ အမ် နဲ့ မာမာ က ဟင်းချက်ဖို့ ပြင်ဆင်နေကြသည်..။
“ဟာ..ခေါ်လိုက်ပြီးရော.ဇို က တစ်ယောက်တည်းထိုင်ပြီး ပျင်းနေတာ..”
အသီးတွေ ခွါနေတဲ့ အမ့်ဘေးနားမှာ ထိုင်လိုက်ပြီး မုန်လာဥ တစ်လုံး ကောက်ကိုင်လိုက်သည်.။
“မာမာ..မနက် အတွက် လိုတာတွေ အမ် သွား၀ယ်လိုက်အုံးမယ်..”
ဇို့ ကို မကြည့်ပဲ ပြောသွားတဲ့ စကားလေသံတွေက တမင်ရှောင်နေမှန်း သိသာလာသည်..။
သူက ဘာဖြစ်ရပြန်တာလည်း....။
“ဇို လည်း လိုက်သွားပေးပါလား..”
"ဟုတ်”
“နေပါ.ဇို ..ဒီမှာ ကူလိုက်ပါ..”
အမ့်ရဲ့ တားဆီးတဲ့ စကားကြောင့် ဇို မတ်တက်ရပ်ပြီးခါမှ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရသည်..။
“ရတယ်..လိုက်သွားလိုက်ဇို ဒီကလေး လက်နာနေလည်း ပေနေတာ..”
မာမာ ရဲ့ စကားကြောင့် ဇို ပြုံးမိပြီး ခေါင်းညိတ်ခါ သူ့နောက် လိုက်လာခဲ့လိုက်သည်..။
သားအမိတွေကျနေတာပဲ.....။
“ဘာတွေ သွား၀ယ်မလို့လည်း.များလို့လား.”
ဘေးချင်းယှဉ်လျှောက်နေပေမဲ့ စကားသံတိတ်နေတာ မကောင်းတက်လို့ ဇို ပဲ အရင်စ ပြီး ပြောလိုက်ရသည်..။
“မနက် ဖြန် နန်းကြီးသုပ် လုပ်ကျွေးမလို့ လိုတာတွေ သွား၀ယ်မှာလေ..”
“သြော်..”
စကားသံတွေက ဒုတိယ အကြိမ် တိတ်ကျသွားပြန်သည်..။
လမ်းတစ်၀က်ကျော်လာပေမဲ့ အမ် ဆီက ဘာစကားမှ မကြားရတော့ ဇို စိတ်ရှုပ်လာရသည်...။
“အမ် က လူ နှစ်မျိုးပဲ.”
“ဟင်..”
“သြော်..ဖုန်းထဲမှာဆို နေပါအုံး ..နေပါအုံး နဲ့..စကားပြောစရာများတယ်...”
သူက ဘာပြောချင်တယ်ဆိုတာ သဘောပေါက်သလို ခေါင်းညိတ်ပြီး
“အင်း အခုလည်း ပြောစရာတွေ အများကြီး ရှိပါတယ်..ဇို မှ ခွင့်မပြုတာ..”
“ဟာ..ဘာပြောမိလို့လည်း..”
အမ်က ခြေလှမ်းတွေ နှေးကျသွားပြီး ဇို့ ကို ငဲ့စောင်း ကြည့်ခါ သက်ပြင်းတစ်ချက် ချလိုက်သည်..။
“ဇို့ ကို ချစ်တယ်..ဒါပေမဲ့ ကိုယ် ပြောလိုက်တိုင်း ဇို အသိအမှတ် မပြုဘူး...”
“ဇို က တစ်ခုလပ်..”
မဆိုင်တဲ့ အဖြေ တစ်ခုကြောင့် အမ်က မျက်နှာမှာ အလိုမကျမှု ဖြင့် မျက်ခုံးတွန့်ခါ
“အဲဒါ ဘာဖြစ်လည်း..”
ဇို ခေါင်းရမ်းလိုက်ပြီး  ဆက်လျှောက်လာလိုက်သည်..။
အပျိုဘ၀နဲ့ တရားဝင်လက်ထပ်ထားတဲ့ ချစ်ပါတယ်ဆိုတဲ့ ပူးတောင် လူရှေ့မှာ တွဲချင်တာမဟုတ်...။
သူ့လို လူပျိုလူလွတ်တစ်ယောက်က ဇို့လို နိုင်ငံကျော် တစ်ခုလပ်ကို တွဲရဲပါ့မလား...
တစ်ခုလပ် ကို ဘယ်ယောင်္ကျားမှ အတည်မကြံဘူး..လက်ထပ်ယူဖို့ မပြောနဲ့ တွဲသွားရင်တောင် သိက္ခာ ကျလို့ တိတ်တိတ်ပုန်းပဲ တွေ့တယ်တဲ့လေ..။
ဒါဆို အမ် ကရော ဘယ်လို ယောင်္ကျားမျိုးလည်း..
လူတွေရှေ့မှာ ထားမဲ့ သူ့ သဘောထား သိရဖို့ ဇို အမ့်နောက်က ဖြေးဖြေးချင်း လျှောက်လာခဲ့တော့ သူ က ရပ်စောင့်နေပြန်သည်..။
စျေးအ၀မှာ လူများလို့ အမ် နဲ့ ဇို နှစ်ယောက်တွဲ လို ဖြစ်သွားရသည်..။
အ၀ စျေးတန်းတွေက အသီးအနှံမို့ ရှေ့က ဖြတ်ပြီး နောက်ဘက်က ကုန်စုံ တန်း ကို သွားရသည်..။
“ကြက်သွန် နီ ၃ပိသာပေးပါ..အကြီးပဲ ပေးပါ..”
“ဟဲ့ စောစော က ဖြတ်သွားတာ မင်းသားဘမ်ဘီနို ရဲ့ မိန်းမ မလား..”
“ဟုတ်တယ်လေ..လူပြောလည်း ပြောချင်စရာ ပါ အခုလည်း နောက်တစ်ယောက်နဲ့..”
“ယောင်္ကျား ငယ်ငယ် တွေကို ဂွင်ဖန်တာ တစ်ခုလပ်တွေ ပိုဆိုး..”
“ဘေးက ကောင်လေးက ငယ်ငယ် ချောချောလေးရယ် အချူခံနေရတာ မသိရှာဘူး..”
ဇို နောက်တန်းမှာ စျေး၀ယ်နေချိန် ရှေ့ဘက်က ကိုယ့်အကြောင်းကို ကျောခိုင်း ပြောနေတာ သိပေမဲ့ ကြားနေကျစကားတွေမို့ မသိချင်ယောင် ဆောင်နေလိုက်သည်..။
ကြက်သွန် အိတ်ကို လှမ်းယူစဉ် မထင်ထားပဲ အိတ်နဲ့ အတူ ဇို့ လက်ကို ဆုပ်ကိုင်ခံလိုက်ရသည်..။
ဇို ရုန်းတော့ ပို ဖိဆုပ်ကိုင် ထားပြီး သူ ၀ယ်စရာ ရှိတာတွေကိုသာ ဂရုတစိုက် အစုံအလင် ၀ယ်နေသည်..။
စျေးရောင်းသူတွေ ရှေ့မှာမို့ အတင်းရုန်းလို့ မကောင်းတာနဲ့ ဒီတိုင်းနေလိုက်ရပေမဲ့ မျက်ခုံးကတော့ တာ၀န်ကျေ ကြုတ်ထားရ၏..။
အပြန်လမ်းမှာ စောစော က ဇို့ အကြောင်း အတင်းပြောနေတဲ့ ဆိုင်ရှေ့မှာ အမ်က ရပ်လိုက်ပြီး..
“အန်တီ..လိမ္မော်သီး ဘယ်လောက်လည်း..”
“အသေးက တစ်လုံး တစ်ရာပါ..”
လိမ္မော်သီးသည်က မလုံမလဲဖြင့် ဇို့ကို မကြည့်ပဲပြောနေတာ.ဇို လည်း အနေရခက်ပေမဲ့..သူက ပြုံးလိုက်ပြီး..
“မြည်းကြည့်လို့ရလား..”
“ရပါတယ်..”
လက်ထဲက အထုတ်တွေကို ချလိုက်ပြီး လိမ္မော်သီး တစ်ရာတန် သေးသေးလေးကို အကျအန အခွံနွာနေတာ..
ပတ်၀န်းကျင် ကို ဂရုမစိုက်တဲ့ ဇို တောင်ရှက်လာပြီ..
၀ယ်မယ်ဆို ၀ယ်တာမဟုတ်ပဲ အမြည်းတောင်းနေသေးသည်..။
“ဝိုး..တကယ်ချိုတာပဲ..”
“အင့် စားကြည့်ဇို..”
စျေးထဲ လူတွေအများကြီး ရှေ့မှာ ဇို့ပါးစပ်အနားကို လိမ္မော်သီး တစ်စိတ်ရောက်လာတော့ ဇို မျက်လုံးပြူးသွားရသည်..။
“စားလေ...”
ဇို လက်နဲ့ လှမ်းယူဖို့ လက်မြှင့်လိုက်တော့ လက်ကိုမြှောက်ပြီး ခေါင်းရမ်းရင်း
“ကိုယ် ခွံတာစား..”
ဇို မျက်ခုံးကြုတ်ပြီး စိုက်ကြည့်လိုက်တာ ဂရုမစိုက်ပဲ ပြုံးစေ့စေ့ဖြင့် ပါးစပ် အနားကို  လက်ပိုတိုးပေးတော့ ဇို မကြည်မလင်ဖြင့် စားလိုက်ရသည်..။
“ချိုလား..”
“အမ်း..”
“ဟား..ဟား..အဲဒါ အမ် ခွံ့ လိုက်လို့...ဟုတ်တယ် မလား..အန်တီ...”
“ဟမ်....ဟုတ်တယ်..ဟုတ်တယ်...ကောင်လေးက ချောတယ်နော်..အန်တီက ကိုရီးယား မင်းသားလေး မှတ်လို့..အချောလေးတွေ နှစ်ယောက်က တော်တော် လိုက်တယ်...”
သူက ဇို့ လက်ကို ပြန်ဆုပ်ကိုင်ထားတော့ ဇို လက်သည်းနဲ့ ထိုးဆိတ်လိုက်ပေမဲ့ တကယ့်ကို မလွှတ်..
စူးစူးရဲရဲ မော့ကြည့်လိုက်တော့လည်း မသိချင်ယောင်ဆောင်ခါ
“ဟား..ဟား...၅ထောင်ဖိုးပေးလိုက်..”
“ဟုတ်ပြီ..ဟုတ်ပြီ...”
“အများကြီး ၀ယ်တယ်..ဆုပေးအုံးလေ..ဟဲ...ဟဲ..”
ဇို နဲ့ သူ့လက်ကို မျက်စပစ်ပြပြောတော့ စျေးရောင်းတဲ့ အဒေါ်ကြီးက..
“သြော်...သြော်...ဒီလင်..ဒီမယား..အိုအောင်းမင်းအောင် ပေါင်းနိုင်ပါစေ...”
“ဟဲ..ဟဲ...ပေးတဲ့ ဆုနဲ့ပြည့်ပါစေ..”
အိတ်တွေကိုင် ထားတာတောင် လက်ကို လွှတ်မပေးပဲ တင်းကိုင်ထားတော့ ဇို စိတ်တွေ မွန်းကြပ်လာရသည်..။
စျေး အပြင်ရောက်မှ ထပ်ရုန်းကြည့်လိုက်တော့ အသာတကြည်  လွှတ်ပေးလိုက်တာ..အံသြရသေး၏..။
ဘယ်လိုတွေလည်း....။
လက်ကို ပိုင်စိုးပိုင်နင်း ကိုင်ပြီး လူရှေ့မှာ အမျိုးမျိုးလုပ်တာ ဒေါသဖြစ်လို့ ရှေ့က လျှောက်သွားလိုက်ပေမဲ့..
အထုတ်တွေ အပြင် လိမ္မော်သီး ၅ထောင်ဖိုး တစ်အိတ်ကို ဆွဲထားတာ တွေ့တော့ ကိုယ့်ကြောင့် လက်နာ ထားသူမို့....
“ပေးလေ..သယ်ပေးမယ်..”
“နိုင်ပါ့မလား..”
“လက်ကျိုး ထားတာ ဘယ်သူလည်း..”
“အဲဒါ ပျောက်သွားပါပြီ..အခုက ဇို လေးနေမှာဆိုးလို့ပါ..”
“..ဒယ်လီ လုပ်လာသူပါ..”
ဇို ပြောရင်း သူ့ လက်ထဲက ကြက်သွန်နီ ထုတ်ကို လှမ်းယူလိုက်သည်..။
အပြန်လမ်းမှာ သူက နှုတ်ဆိတ်နေပေမဲ့ ဇို့ မှာ ဒေါသစိတ်ကြောင့် မြိုသိပ်မထားနိုင်ပဲ...
“နောက်တစ်ခါ လက်ကို မကိုင်ပါနဲ့ မကြိုက်ဘူး..”
“အဟွင်း...ရိုင်းသလို ဖြစ်သွားတယ်...ကိုယ် မရည်ရွယ်ပါဘူး..စောစောက စျေးထဲမှာ ဇို့ အကြောင်းတွေ ပြောတာ ကိုယ် ကြားတယ်.”
ဘာမှ မဖြစ်သလို ပြောနိုင်သည့် သူ့ ကို ကြည့်ခါ ဇို အံသြရသည်..။
ချစ်တဲ့သူတစ်ယောက်ကို အခုလို မှိုချိုး မျှစ်ချိုးပြောနေတာ ဘယ် ချစ်သူ က များခံနိ်ုင်လိမ့်မလည်း..
ပူးပြောသလို တစ်ခုလပ်မို့ သူ့ အတွက် အပေါစားဆန် တာလားလို့ သံသယ ၀င်လာမိသည်..။
“ဟုတ်တယ်..ကွယ်ရာမှာ လူတိုင်းပြောကြတာပဲ...ခါးတယ်..”
“ပြောပါစေ..ပြောရမှာ သူတို့ အလုပ်ပဲ..”
“ဘယ်လို..”
“ဟုတ်တယ်လေ..ပြောရမှာက သူတို့ အလုပ်ပဲ သူတို့ ပါးစပ်နဲ့ သူတို့ပြောနေတာကို လိုက်ပိတ်လို့မှ မရတာ..စိတ်ချမ်းသာ သလိုနေရမှာ က ဇို့ အလုပ်..”
အမ် ရဲ့ ဒသန အတွေးတွေကြောင့် ဇို ပြုံးချင်သွားသည်..။ တစ်သက်လုံး ဒီလို တွေးတက်ရင်တော့ ကောင်းတာပေါ့...။
“ပြီးတော့..အဲဒီ့ အန်တီကိုယ်တိုင်က ဆုတောင်းပေးလိုက်တယ်လေ..”
“ဘာလည်း..”
“ဟဲဟဲ..ဒီလင်မယား အိုအောင် မင်းအောင် ပေါင်းရပါစေတဲ့..ဟား..ဟား...နောက်နေ့လည်း စျေးတူတူ သွားကြမယ်နော်..”
“ကျစ်..”
ဇို သတိမထားမိလိုက်တဲ့ သူ့ လုပ်ရပ်ကို ပြန်တွေးမိတော့ မျက်မှောင် အော်တို ကြုတ်သွားရသည်..။
ဂေဟာရှေ့ ရောက်တော့ အထုတ်တွေ လွဲပေးလိုက်ပြီး..
“ဂေဟာ မ၀င်တော့ဘူး..အလုပ်ရှိလို့.”
“အဲဒါဆို ခဏစောင့် ဒါတွေထားပြီး ပြန်လာမယ်..”
ဇို့ လက်ထဲက အထုတ်တွေကို ယူပြီး အဆောင်ထဲ ၀င်ပြေးသွားတော့ ဇို မစောင့်ပဲ ဆက်လျှောက်လာခဲ့လိုက်သည်..။
“တိ...တီ...တီ...”
ဘေးက ကပ်လာသည့် Range Rover  ကားအဖြူကို ဇို လမ်းဘေးဆင်း ပြီး ရှောင်လိုက်ပေမဲ့ ဟွန်းသံ ဆက်ထွက်နေဆဲ..။
စိတ်တိုလာလို့ ခပ်စူးစူး လှမ်းကြည့်လိုက်တော့ တွေ့လိုက်ရတာ ကားထဲမှ ခေါင်းထုတ်ရင်း
“စောင့်ပါဆို..လာတက်..”
“တက်ပါ..ဇို..”
ဇို့ရဲ့ မယုံနိုင်မှု အံသြခြင်းနဲ့ အတူ ခေါင်းခါရမ်း ပြီး ငြင်းဆန်မိသည်..။
“ရတယ်လေ..အဲ့ဒါဆို ဒီတိုင်းပဲ ဘေးကလိုက်ခဲ့မယ်..”
ဇို ခြေလှမ်းလှမ်းတိုင်း ဘေးမှာကား အကောင်းစားကဘီးလှိမ့်ပြီး ပါလာတော့ ပတ်၀န်းကျင်က လူတွေက ပြုံးစစဖြင့် ရပ်ကြည့်နေကြသည်...။
ဇို ခပ်မြန်မြန်လျှောက်တော့လည်း အရှိန်တင်ပြီး လိုက်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး ပြောနေကြပြီ..။
“လိုက်သွားလိုက်ပါ..”
“ဘဲလေးက အချောလေးဟ..”
“သနားပါတယ်..”
“ရိုဆန်တယ်နော်..ဟီး.”
ကျောင်းသူလေး အုပ်စုက ဘေးက ဖြတ်သွားရင်း မကြားတကြားပြောသွားတော့ ဇို ဒေါသထွက်ရသည်..။
ဇို ရပ်ပစ်လိုက်ပြီး မှုန်ကြုတ်ကြုတ်ကြည့်တော့မှ ပခုံးတွန့်ခါ ကားပေါ်က ဆင်းလာပြီး ကားတံခါးဖွင့်ပေးပြန်သည်..။
ဇို ဘာမှထပ် မပြောပဲ ကားပေါ်သို့ ရောက်လာရသည်..။ ဂေဟာ မှာ အောက်ချေသိမ်း ၀င်လုပ်ပေးနေတဲ့ သူက အခုကျပြန်တော့လည်း တန်ဖိုးကြီး မော်ဒယ် အသစ်ကားကို စမတ်ကျကျ  မောင်းနေတာ အံသြစရာ..။
“ကား ရှိ တာကို စျေးကို ဘာလို့ လမ်းလျှောက်သွားလည်း..”
“ဇို နဲ့ အချိန် ကြာကြာ ရှိနေချင်လို့လေ...”
“အဟက်..”
ဇို့ ရဲ့ မခန့်လေးစား အပြုံး တစ်ခုကို သူက လိုက်ငေးရင်း
“ဇို့ စိတ်ထဲမှာ ကိုယ့်ကို ဘယ်လို သတ်မှတ်လည်း..သိခွင့် ရှိမလား..”
“မသိသေးဘူး..”
“ဘယ်တော့ သိမလည်း..”
“အဲဒါလည်း မသိဘူး..”
“အပိုင်ပဲ..”
သူ့စကားကြောင့် ဇို ရယ်ချင်သွားပေမဲ့ မြိုသိပ်ခါ ကားရှေ့ကိုပဲ ကြည့်နေလိုက်သည်..။
“ဇို့  ကို တွေ့တော့ ကို အစ က အရိုင်းအစိုင်းလေး ဆိုပြီး သတ်မှတ်ခဲ့တာ ဂေဟာမှာ ဇို ကူညီနေတာသိလိုက်တော့ ကို နောင်တ ရတယ်...”
ကားမောင်းရင်း ရှေ့ကြည့်ခါ ပြောနေပေမဲ့ ဇို စိတ်မဆိုးပဲ ခေါင်းညိတ်ခါ
“တကယ်လည်း ရိုင်းတာပဲလေ..”
“ဇို့ ကို ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် က တစ်ချိန်တည်း သုံးခါတွေ့ဖူးတယ်....သုံးခါစလုံးတောင်းပန်သွားတယ်နော်..နောက်ပိုင်း ပြန်တွေ့တော့ နည်းနည်း ကြမ်းတမ်းလာသလိုပဲ.....အခုမှ ဘာကြောင့်မှန်းသိတော့တယ်..”
သူ့စကားတွေကြောင့် ဇို အံသြရရင်း ဘယ်မှာတွေ့ဖူးလည်း..လျှောက်စဉ်းစားကြည့်တာ ဘာမှ လည်း မသေချာ..။
“..ဘယ်မှာတွေ့တာလည်း..”
“ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက မီးပွိုင့်မိနေတုန်း ဇို ကိုယ့်ဘေးက ကားကို မှန်ကြည့်ပြီး နှုတ်ခမ်းနီ ဆိုးနေတာ ကို ရယ်မိသေးတယ်...မီးပွိုင့်လွှတ်တော့ ကို ကားရှေ့ရောက်လာပြီး လက်ထောင်ပြပြီး တောင်းပန်ပါတယ် ပြောသွားတယ်...နောက် အဲဒီနေ့ကပဲ မီနီမားကပ် ထဲက ပြေးထွက်လာတော့ ကို့ကို ၀င်တိုက်မိပြီး တောင်းပန်ပါတယ်တဲ့....နောက် ကားမှတ်တိုင် အနားက မုန့်ဆိုင်မှာ ထိုင်နေရင်း ရေနဲ့ ပတ်ပြီး တောင်းပန်သေးတယ်..တစ်နေ့တည်း သုံးခါတောင် တောင်းပန်သွားတာ..”
ဇို မယုံနိုင်လွန်းလို့ ပါးစပ်အဟောင်းသားဖြင့်သာ နားထောင်နေရသည်..။
အဲဒီနေ့က  ပူးနောက် လျှောက်လိုက်နေတာပဲလေ...
ကားမှန်ကြည့်ပြီး ပြန်ပြေးလာတော့ ကားတိုက်မိမလို့ဖြစ်တာ မှတ်မိပြီ....မားကပ်ထဲက ပူးမတွေ့အောင် ပြေးထွက်လာတော့ လူတစ်ယောက်နဲ့ တိုက်မိသေးသည်..။
ဓာတ်ပုံစတူဒီယို အနားက အသုပ်ဆိုင်မှာ အသုပ်စားရင်း ပူးလာမဲ့ အချိန်ကို ထိုင်စောင့်နေတုန်း ရေခွက် သွန်တော့ လမ်းသွားတစ်ယောက်ကို စင်မိပြီး တောင်းပန်လိုက်ရသေးသည်..။
အဲဒါတွေက  သူ တစ်ယောက်တည်းလား...။
“ဟုတ်လို့လား...” ဇို မယုံသင်္ကာံဖြင့် မျက်မှောင်ကြုတ်ရင်းမေးလိုက်တော့
“ဟုတ်တယ်...အဲကတည်းက ဇို့ကို ကို သိနေတာပါ...နောက် မှတ်တိုင်မှာ ပါးရိုက်ခံလိုက်ရတော့ ဒေါသတော်တော် ဖြစ်သွားတာ..ဇို မှန်းသိလိုက်တော့ ခွင့်လွှတ်ချင်သွားတယ်..နောက်ပိုင်း ဂေဟာမှာ ပြန်တွေ့တော့ တော်တော်ပျော်သွားတာ..အချိန်တိုအတွင်း သံယောဇဉ်ဖြစ်နေတာလို့ တွေးခဲ့ပေမယ့် မတွေ့ရတဲ့ နေ့တွေဆို လွမ်းတက်လာတယ်..ဇို့ ကိုချစ်မိသွားတာသေချာပြီးတဲ့နောက် ဖွင့်ပြောချင်ပေမဲ့ မဝံ့ရဲ ခဲ့ဘူးလေ..တွေ့တဲ့ နေ့က ပြောဖို့ ရည်ရွယ်ခဲ့ပေမဲ့ ယောင်္ကျားရှိတယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကို့ အသည်းတွေ ကွဲကြေရတယ်..လူတောင် ဖျားသွားတာ..”
သူ့ ခံစားချက် အကြောင်းတွေ ကို အစီအရီ တစတဆုံး ပြောပြနေတော့ ဇို စိတ်ထဲ မနေတက် သလိုလို ဖြစ်လာပြီး ပစ္စည်းယူဖို့ ရှိတာ သတိရတော့ .စကားလမ်းကြောင်းလွဲခါ
“အိမ် ကိုပဲ လိုက်ပို့ပေးမလား..”
“ခွင့်ပြုရင်တော့ ပို့ချင်တာပေါ့..”
“အဲဒါဆို စီရုံး ဘက်ကို ယူလိုက်..”
ဇို ရဲ့ လမ်းညွန်မှု အတိုင်း သူ ကားကို ပတ်ကွေ့ပြီး မောင်းလာခဲ့လိုက်တာ ဇို ကားသုံးဆင့် စီးရမည့်  အချိန်မှာ ခဏလေးနဲ့ အိမ်ရောက်လာရသည်..။
“ကျေးဇူးပဲ..”
“အဖြေလေး စဉ်းစားပေးထားနော်..ည ဖုန်းဆက်လိုက်မယ်..”
“ဒါပဲ..”
ဇို မကြားတကြားပြောပြီးဆင်းလာခဲ့လိုက်တော့ ရယ်သံသဲ့သဲ့ ကြားလိုက်ရပြီး လက်ပြနှုတ်ဆက်ခါ ထွက်သွားသည်..။
.
“ဇို..”
မနက်စောစော ပစ္စည်းပို့ဖို့ ထွက်လာတာ လမ်းထိပ်ရောက်တာနဲ့ သူ့ ခေါ်သံကြောင့် လန့်သွားရသည်..။
“အစောကြီး..ဘာလုပ်နေတာလည်း..”
သူ့ဟာသူ ဘာလုပ်လုပ်ပေါ့လို့ နောက်မှ တွေးမိပြီး စကားက နှုတ်ကျွံသွားခဲ့ပြီ..။
“ဇို့ ကိုစောင့်နေတာ..ပူး ခြေထောက်တောင် ထုံနေပြီ..”
ဇို သူနဲ့ စကားရပ်မပြောပဲ ဆက်လျှောက်လာခဲ့လိုက်သည်..။
မနက် ၉ နာရီ အိမ်က ထွက်တိုင်း လမ်း၀မှာတွေ့နေရတာ စိတ်ရှုပ်လို့ စောစော ပြောင်းထွက်တာ ၄ရက်ပဲ ရှိသေးတယ်..အခု မတွေ့ချင်သူ နဲ့ တွေ့ရပြန်ပြီ..။
“ဇို့ကို မနေ့ က ကားနဲ့ တင်သွားတဲ့ ကောင်က ဘယ်သူလည်း..”
“နင် နဲ့ ဘာဆိုင်လည်း..”
“ဟာ..ဒီလို သဌေး ကောင်တွေက ဇို့ ကို အတည်တွဲ မယ်ထင်နေတာလား..”
“ငါ က တစ်ခုလပ် ပဲ ဘာနစ်နာမှာလည်း..”
“ဇို့ကို ပတ်၀န်းကျင်မှာ ဘယ်လို မြင်ကြမလည်း..”
“ဟား..ဟား..ပတ်၀န်းကျင်ဆိုတာကိုသာ ဂရုစိုက်နေရင် နင် ငါ့ အကြောင်း ဖေ့ဘွတ်ပေါ်တင်ကတည်းက ရှက်လို့ သေသင့်နေပြီ..ငါ က မရှက်တက်ဘူး..ပတ်၀န်းကျင်ဆိုတာလည်း ခေါင်းထဲမထည့်ဘူး..”
“ဇို ယောင်္ကျားတွေ အကြောင်းမသိပါဘူး..သူ ဇို့ ကို လူရှေ့ချပြတွဲရဲမလား သိချင်သေးတယ်..”
“အစကတော့ စိတ်မ၀င်စားဘူး..နင် ပြောမှ သူက နင့်ထက် အဖိုးတန် ကြောင်းသိသွားတယ်...”
“ဘာ...”
“ငါ့ဟာငါ တွဲချင်တွဲမယ်..အိပ်ချင်အိပ်မယ်..နင်နဲ့ မဆိုင်ဘူး..”
“ဇို့ အတွက်ပြောနေတာ..ဇို့ အတွက်ပြောနေရတာ..နားလည်စမ်းပါ ဇိုရယ်..လူတွေ အာရုံစိုက်လာတာနဲ့ ဒီကောင် ဇို့ကို ပုတ်ထုတ်လိမ့်မယ်..”
“ဆက်လိုက်မလာနဲ့ လူရှုပ်လာပြီ..”
ဇို ဘာရယ် မသေချာပဲ သူ့ အတွက် စဉ်းစားမိပြီး ပြောလိုက်ရသည်..။
“ဇို ညနေ စောင့်နေမယ်နော်...”
နောက်ကလှမ်းအော်လိုက်တော့ ဇို မျက်မှောင်ကြုတ်လိုက်မိသည်..။
အသွားအပြန် လမ်းထိပ်ကနေ လမ်းစုံ အထိ သူ အမြဲပါလာတက်တာ..ဇို မလိုလားပေမဲ့ စကားတွေ ပြောချင်ရာပြောတက်သည်..။
တစ်ခါတစ်လေ..ဒေါသထွက်ပြမယ်..တစ်ခါတစ်လေ..ချစ်ခွင့်ပန်ပြီး..တစ်ခါတစ်လေ..ညဘက်လွမ်းတဲ့ အကြောင်းတွေ ပြောပြပြန်သည်..။
မနက်စောစော လာစောင့်နေတယ်ဆိုပြန်တော့ စိတ်ပူမိသည်..။
ဇို့ စိတ်တွေ သူ့ဘက်ပြန်ယိုင်သွားရင် ဆိုတဲ့ အတွေး တစ်ခုက မနက်စောစော ချွေးပြန်သွားရသည်..။
အမှတ်သည်းခြေ မရှိလိုက်တာ...ပြန်စဉ်းစားစမ်း...ကိုယ့်ကိုယ်ကို သတိပေးရင်း...မသက်သာသည့် မြင်ကွင်းတွေက မျက်လုံးထဲ အစီအရီ ပြန်ပြီး ပုံပေါ်လာသည်..။
တစ်နေကုန် စိတ်လေး မကြည်မလင် နဲ့ နှစ်ပါးသွားရင်း ညနေ အပြန်ကို နောက်တစ်လမ်းက ပတ်ပြန်လိုက်သည်..။
သူနဲ့ တွေ့ပြီး ရန်စကားချည်း အမြဲပြောနေရတာ စိတ်ထဲက တကယ်မသက်သာတော့ပါ..။
တစ်ခါတစ်လေ..ခွင့်လွှတ်ပေးဖို့ အထိ ရူးကြောင်ကြောင် အတွေးတွေက ၀င်ရောက်နှိပ်စက်တက်သည်..။
..တောက်..မုန်းဖို့ကောင်းလိုက်တဲ့စိတ်တွေ...ဇိုရေ နင်တော့ ရူးနေပြီထင်တယ်..
ဘေးမှာ တီဗီကြည့်နေသည့် ခိုင်ခိုင်ဆီ အကြည့်ရောက်သွားပြီး..
“ခိုင်ခိုင်..”
“ဟမ်..”
“ငါ ရည်းစားထားရင် ကောင်းမလားလို့..”
“ကောင်းတယ်..ထား..ငါ တောင် ကောင်းမြတ် နဲ့ ပြတ်သွားလို့ အသစ်ရှာနေတယ်..”
“နင်ကတော့ ပြောမှာပေါ့..ငါ က တစ်ခုလပ်..”
“သောက်ပိုက ပါလာပြီ...”
“....ငါ့လို တစ်ခုလပ် တစ်ယောက်မှာ ဒီလို အခွင့်အရေး မရှိမှန်းသိတယ်...ဒါပေမဲ့ ငါ့ ကိုယ် ငါ မဝေခွဲ နိုင်သေးဘူး..ခံစားမှုတွေ မသေချာခင် အခြေအနေအရတော့ ငါ က အားနည်းချက်ရှိတဲ့ တစ်ခုလပ်..ငါ စိုးရိမ်တာ..ငါ့ အားနည်းချက်ကို အနိုင်ယူပြီး ပြောဆိုလာရင် ...ဟာ..ငါတော့ သွားပါပြီ...”
“ဟာ ရူးတာ..ဇိုရယ်..ကိုယ်က ချစ်တယ်.သူက ချစ်တယ် သူ့ အသိုင်းအဝိုင်းက တစ်ခုလပ်မို့ လက်ထပ်ခါနီ တားဆီး ပိတ်ပင်နေလို့ စိတ်ပူတာဆို ကြားကောင်းသေး..အခုက မသေချာသေးတဲ့ ခံစားချက်ကို ကြိုတင်မှန်းဆပြီး ပွဲပြင်ဆင်နေတာ ..နင့် ဟာက မဟုတ်သေးပါဘူး..”
“နှလုံးသားက တောင်းဆိုလာလို့ မေတ္တာရှိတောင် တစ်ခုလပ်ဆိုတဲ့ ဘွဲ့က တားဆီး ကာရံ ပိတ်ပင်နေအုံးမှာပါ....ငါက ကမ္ဘာကျော် တစ်ခုလပ် ဘွဲ့ရထားတာလေ ဟား..ဟား...”
“အောင်မလေး စာဖွဲ့နေတာ နင်  အိမ်မက်မက်နေတာလား..”
“ငါလည်း မသိဘူး..ငါ တွေးကြောက်နေတာ..”
“ ဒိတ်ကြည့်လိုက်..ပြီးမှ အဆင်မပြေရင် ညောင်းပေါ့ဟာ..နင်ကလေ  ရည်းစားမထားဖူးမှန်း သိပ်သိသာတာပဲ..”
“မျက်တောင်တစ်ဆုံးပဲ မကြည့်နဲ့လေ....တကယ်လို့ ဒုတိယအကြိမ် စွန့်ပစ်ခံရရင် ငါ  ခံနိုင်ရည် ရှိမှာ မဟုတ်တော့ဘူး..အစက အချစ်မပါပဲနဲ့တောင် အရမ်းခံစားရတာ..တကယ်ချစ်မိသွားမှ...သေပြီပဲ..”
“နင် က တစ်ဖက်သက်ကြီးလား..”
ခိုင်ရဲ့ အမေးကြောင့် ဇို မျက်၀န်းမှာ မာနရောင်လေး လဲ့တက်သွားရသည်..။
“မဟုတ်ပါဘူး..သူ ပြောတာပါ...ငါ က ကြိုက်စရာလား.”
“သိဘူးလေ..တစ်ခုလပ်ဆိုပြီး ရင်ထုနေတော့  ရှင့်မှ မရရင် ဘ၀ပျက်သွားနိုင်တယ် ဖြစ်နေပြီလားလို့..ဟီး..ဟီး..”
“ခွေးမ..”
“ဟား..ဟား..တွဲလိုက်..အပျင်းပြေပေါ့ဟာ..မင်းသား ရန်ကလည်း လွတ်သွားတာပေါ့..”
“နင်က ပူးကို သဘောမကျဘူးလား..”
“ဟဲ့ အဲဒါငါ့မင်းသားလေ..နင်ပဲ မကြိုက်တော့ဘူး..မုန်းတယ်ဆို..မမုန်းဘူးလား..လက်ခံလိုက်..လက်ခံလိုက်..ငါတို့ ဓာတ်ပုံ ဖရီး ရိုက်ခွင့်ရမှာ..ဟီး..ဟီး...”
“ကျစ်...အိနြေ္ဒ ကိုမရဘူး..”
ဇို အခန်းထဲ ရောက်ပြီး ဖုန်းကို ယူလိုက်ချိန်..
အချိန်တွေကြာပြီး ဖုန်းပြောင်းလည်း မဖျက်ရသေးသည့် ဖုန်းနံပါတ် P ကို လိုက်ရှာမိရင်း..
မနက်က လက်ပိုက်ပြီး ရပ်စောင့်နေတဲ့ ပုံရိပ်က ပြန်ပေါ်လာပြန်သည်..။
ညနေက ဘယ်အချိန်ထိ စောင့်နေမလည်း..။
P ဆိုပြီး.. ပူးအကောင်ဖြူဖြူလေးထည့်ထားတာ..ဇို စိုက်ကြည့်ရင်း လက်ထိပ်တွေက တားဆီးနေသည့် ကြား က ထိမိသွားသည်..။
နေကောင်းရဲ့လား အိမ်ပြန်ရောက်ပြီလား သိချင်ရုံလေးပါ..။

。☆✼★━━━━━━━━━━━━★✼☆。

အခုဆိုရင်ဖြင့် စာဖတ်သူလေးတွေ ကျိန်ဆဲ တည်ခင်း မှုကို စပိုက်ကာတို့ ချိုမြိန်စွာ သုံးဆောင်ရတော့မလားပဲ..😎😥😁😂😭💔❤

ဖတ်ရတာ အဆင်မပြေကြတာ💔 တကယ့်တကယ့်တောင်းပန်ပါတယ်🙏

ကော်မန့်မှာပြောထားသလိုပါပဲနော်..ဟွင်းဟွင်း 😎

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeOnde histórias criam vida. Descubra agora