Part 24 (Final)

4.1K 144 7
                                    

Zoe
အပိုင်း (၂၄) ဇာတ်သိမ်း
#ဇိုစပိုက်ကာ

ဇို့ဘဝမှာအရေးပါတဲ့သူ တစ်ယောက်အတွက် စိုးရိမ်ပြီး လှုပ်ခုန်နေတဲ့ နှလုံးကြောင့် အခန်း  ရှေ့မှာ တစ်ကိုယ်လုံး မောဟိုက်တုန်ယင်နေပြီ..။
“ကို...”
တံခါးကိုဆောင့်တွန်းပြီး ၀င်လိုက်ပေမဲ့ အထဲမှာ အေးစက် တိတ်ဆိတ်လွန်းပြီး ကုတင်ပေါ်မှာ ကို တစ်ယောက်တည်း..။
“ကို...”
နှုတ်က ခေါ်လိုက်ပေမဲ့ အသံကတော့ ထွက်မလာနိုင်လောက်အောင် တိုးလျနေသည်..။
ဘာတွေဖြစ်ကုန်တာလည်း..ကို ဘာဖြစ်သွားတာလည်း..ဇို ဘာတွေ လုပ်မိလိုက်တာလည်း..
ဇို့ကို တွေ့လိုက်ရင် နှုတ်ခမ်းမှာ အပြုံးတစ်ခု နဲ့ ကြည်လင်၀င်းပ သွားတက်သည့် မျက်နှာက အခုတော့ တည်ငြိမ် အေးစက်လွန်းနေသည်..။
ကို့ အနားကိုဇို လေးကန်တဲ့ခြေလှမ်းတွေနဲ့ ရှေ့သို့တိုးသွားရင်း ရင်ဘတ်ပေါ်တင်ထားသည့် လက်ကို ခပ်ဖွဖွကိုင်လိုက်ချိန် မျက်ရည်တွေက တားဆီးမရအောင် ရေတာကျိုးသလိုကျလာရသည်..။
ဘယ်တော့မှ မလွှတ်ဘူးလို့ သူ အမြဲတောင်းဆိုဖူးသည်..။
ဇိုပြောပါမယ်...ဘယ်တော့မှ မလွှတ်ပါနဲ့ကိုရယ်..
ကို ဘာမှ မဖြစ်ပါနဲ့ ဇို့ ကိုမထားခဲ့ပါနဲ့ ဇို့ဘ၀မှာ ကို မရှိလို့ မဖြစ်ဘူး...။
“ကို...”
ဇို ရှိုက်သံမထွက်အောင် ပါးစပ်ကို လက်ဝါးနဲ့ အုပ်ထားလိုက်ပြီး..အသံမထွက်နိုင်အောင် ဖိပိတ်ထားမိသည်..။
ကို့ မျက်နှာကို မကြည့်ရက်ပေမဲ့ ဇို အကြည့်မလွဲနိုင်.။
အသံမထွက်အောင် ကြိုးစားနေပေမဲ့ မျက်ရည်စက်တို့က ကို့ပါးပြင်ပေါ်သို့ ခုန်ဆင်းကုန်ပြီ...။
မျက်ခွံလှုပ်ရင်း မျက်လုံးဖွင့်လာတဲ့ ကို့ ကြောင့် ဇို အသက်ပင်မရှုနိုင်...
“ကို...”
“ဇို..”
“ဟင်...ကို သတိရပြီ..ကိုရယ်..”
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတစ်စုံက ဇို့ နာမည်ထွက်လာတော့ ဇို မျက်လုံးမှာ အပျော်မျက်ရည်က ပြည့်တက်လာပြန်သည်..။
“ဇို့ကြောင့်...ဇိုတောင်းပန်ပါတယ်..”
“ကို......ကို........ ဇို နဲ့...လက်မထပ်နိုင်တော့ဘူးပေါ့နော်..” သူ့ရဲ့ တိုးလျလျ အမေးစကားကြောင့် ဇို လက်ကို ဆုပ်ကိုင်ပြီး..
“မဟုတ်ဘူး..မဟုတ်ဘူး..လက်ထပ်မှာပေါ့ ကို..ဇို ကတိပေးပါတယ်..ဇို ကိုနဲ့ ပဲ လက်ထပ်မှာပါ..တစ်သက်လုံး မခွဲဘူး...ကို အချစ်တွေကိုလည်း တန်ဖိုးထားပါ့မယ်....ဇို ဒီလက်ကို မလွှတ်တော့ဘူး..ကို့ဆီက ထွက်မပြေးတော့ပါဘူး...”
ပျာပျာသလဲ ခေါင်းရမ်းရင်း ကတိပေးနေမိပြီ..ဝေးရမှာကို ကြောက်လွန်းလို့ပါ ..ကိုရယ်..
“ဟာ တကယ်..”
ကုတင်ပေါ်က ခုန်ထလိုက်တော့ ဇို လန့်သွားရသည်..။
“ကို..ကို...ဘာမှ မဖြစ်ဘူးလား..”
“အဲ...ဟို...”
“၀မ်းသာလိုက်တာ ကိုရယ်...”
ကို့ရဲ့ ခါးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ြ့ပီး ရင်ခွင်ထဲ ထိုး၀င်လိုက်မိသည်..။
ရုတ်တရက် ရင်ခွင်ထဲတိုး၀င်လိုက်သည့် ဇိုရဲ့ မထင်ထားတဲ့ အပြုအမူကြောင့် ကို က အံသြနေပေမဲ့ စက္ကန့်ပိုင်း အတွင်း ဇို့ ကို ပြန်ပွေ့ဖက်လိုက်တော့ ရေခဲစိုင်ဖြစ်နေတဲ့ ဇို့ နှလုံးသားမှာ နွေးထွေးတဲ့ နှလုံးသွေးတွေ စီး၀င်လာသည်..။
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားမှာ စိုးသလို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း..ဇို မျက်ရည်တွေကျလာပြန်ပြီ...။
“ဇို...”
“ဟင်..”
“ငိုနေတာလား..”
ဇို အဖြေမပေးပဲ မျက်လုံးစုံမှိတ်ထားမိသည်...။အိမ်မက်ဆိုရင်လည်း မနိုးပါရစေနဲ့..။
“ဟာ..လွှတ်အုံး...ကို့ကို ကြည့်စမ်း..ဇိုရယ်...ဟာကွာ..”
ဇို့ရဲ့ အပျော်မျက်ရည်တွေကို ကိုက ကျစ်သပ်ရင်း တယုတယသုတ်ပေးနေချိန် ကို့ ရဲ့ အကြင်နာ မျက်၀န်းညိုညိုတွေကို ပြန်တွေ့ရတော့ ဇိုရင်ထဲ အေးမြသွားရသည်..
“ကိုရယ်..”
ကို့ရင်ခွင်ထဲမှာ ပါးအပ်ရင်း နွေးထွေးမှုနဲ့ အတူ ကို့ရဲ့ ရင်ခုန်သံ စည်းချက်တွေကို နားစွင့်နေမိသည်..။
ကို့ မျက်နှာကို လွမ်းလွန်းလို့ စူးစူးစိုက်စိုက်မော့ကြည့်ပြီး ကို့ ပါးလေးကို မထိတထိ ကိုင်ကြည့်မိသည်.။
ကို့ရဲ့ နဖူးနဲ့ နားထင်ပေါ်ဝဲကျနေတဲ့  ဆံပင်လှိုင်းလေးတွေကို လက်ညိုးနဲ့ သပ်တင်ပေးပြီး အလွမ်းဝေဒနာ သက်သာအောင် ရင်ခွင်ထဲ ပြန်တိုး၀င် နေလိုက်သည်..။
“ဇို ဒီလောက်ခံစားရမယ်မှန်းသိရင် ကို မကြိုးစားခဲ့ပါဘူး..”
“ဟင်..”
“ဒါ...ဒါ...ခိုင်ခိုင်တို့ အကြံပါကွာ...ကို တားပါသေးတယ်..သူတို့က ဇို ကိုယ်တိုင်ဝေခွဲလို့ရသွားအောင် ဆိုပြီး အခုလို စီစဉ်လိုက်တာပါ...”
ဘာတွေ စီစဉ်လိုက်တာလည်း...ဇို စဉ်းစားကြည့်ရင်း သိလာသလိုလို ရှိတော့...
“ဒါဆို..ကို အက်စီတန့်ဖြစ်တယ်ဆိုတာ..”
“ဖြစ်တယ်..ဇို့နောက်ကို ပြေးလိုက်လို့ ချော်လဲသေးတယ်..”
“ဘာ...”
ဇို့ရဲ့ ဒေါသမျက်လုံး စိမ်း နဲ့ အတူ ပွေ့ဖက်ထားတဲ့ လက်တွေကို ဖြုတ်ချလိုက်ပြီး သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ ပိုတိုးလို့ဖက်တာကိုသာ ခံလိုက်ရခါ..
“ကို တောင်းပန်ပါတယ်..ကို ခိုင်ခိုင်တို့ကို ပြောပါသေးတယ်..သူ့တို့တာ၀န်ထားပါတဲ့..အခု ဇိုက စိတ်ဆိုးတော့ကို့ ကိုပဲ ဆိုးတာလေ..”
တကယ်စိတ်ပူသွားရသည့် ခံစားချက်...နောင်တ..ယူကြုံးမရဖြစ်ရတဲ့ အချိန် စိုးရိမ်လွန်းလို့ ဘာကိုမှ မတွေးနိုင်တဲ့ အခိုက်အတန့်..ဒါတွေကို ပြန်တွေးမိတော့ ဒေါသက တကယ်ကို အစိုင်အခဲ ကြီးမားလာသည်..။
“တောက်....လွှတ်..”
“မလွှတ်ဘူးကွာ...မလွှတ်တော့ဘူး...ဇို့ မှာ အကြောင်းပြချက်တွေ ထောင်သောင်းမက နဲ့ ကို့ဆီက ထွက်ပြေးဖို့ ကြံနေအုံးမှာပဲ...ဇို့ အချစ်တွေကို သိချင်လို့ အခုလို လုပ်ရတာပါ..ဒီနည်းနဲ့ ဇို့ အချစ်တွေကို သိအောင် လုပ်လို့ရတယ်ဆိုရင် ကို တကယ် အက်စီတန့် ဖြစ်အောင် လုပ်ပစ်မယ်...”
“ဘာ...”
ဇို့ စိုးရိမ်မှုနဲ့ အတူ ဇို့ခံစားချက်ကို မငဲ့ဘူးဆိုတဲ့ အသိကြောင့် ၀မ်းနည်းစိတ်က လှိုက်ပြီး ငိုချင်လာပြန်သည်.။
“ဇို ဒီလောက်ခံစားရမယ် မထင်လို့ပါ...”
“ကို မရည်ရွယ်ပါဘူး..ဇိုရယ်...”
စို့နစ်ကြေကွဲသံ နဲ့ အတူ ဇို့ တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်ရင်းပြောလာတော့...
မုန်းတီးသူမှ မဟုတ်ခဲ့ပဲလေ....
“မရည်ရွယ်ပဲ မုန်းမိတော့မယ်..”
“ဟာ..မလုပ်ပါနဲ့ကွာ..ကို သေလိမ့်မယ်..”
“သေစကား မပြောစမ်းပါနဲ့..” ဇို ခပ်ငေါက်ငေါက် အော်လိုက်မိတာ ကြောက်လို့ပါ ...။
“ဟုတ်..”
“ခိုင်ခိုင် အစုတ်အပြတ်မ...”
ဇို့ အပြောကို သူက ရယ်ရင်း  ပိုတိုးဖက်ပြီး  ...
“ညက မနွယ်ဆိုတဲ့ အစ်မ ဖုန်းဆက်တော့မှ ကိုတို့ အပူလုံးကြီးကျသွားရတာသိလား..”
“ဒါပဲနော်..ဇို ကတိပေးပြီးသားပဲ နောက်လလယ်မှာ  လက်ထပ်ပွဲလုပ်မယ်...ဒါပဲ...”
“ဘယ်လို..” လက်ညိုးထောင်ပြီး ကျိန်းသလို ပြောလာတော့ ဇို အံသြရသည်..။
“လက်ထပ်ဖို့ ကြောက်နေတဲ့ ဇို့ကို ဒီနည်းနဲ့ပဲ ကတိတောင်းရတာပေါ့...”
“ဇိုက မကြောက်ပါဘူး..ကို့အတွက်စဉ်းစားနေရလို့ပါ..”
“ဟား..ဟား..ဟုတ်ပါပြီ..”
မယုံနိုင်သလို လှောင်ရယ်လိုက်တော့  ခိုင်ခိုင် တို့ လုပ်တဲ့ အစီအစဉ်ကို ပြန်တွေးမိပြီး ဇို စိတ်ထဲ မကျေမနပ်ဖြစ်ရသည်..။
“ကို..ဇို တို့ လက်ထပ်ရအောင်.”
“ဟာ...တကယ်...တကယ်လား...ဇို ..တကယ်ပြောနေတာလား..”
မယုံနိုင်သလို ဇို့ ပခုံးကိုကိုင်ရင်းမေးနေတော့ ဇို ပြုံးရင်း ခေါင်းညိတ်လိုက်ရသည်..။
“ဟာ..ကို ပျော်လိုက်တာ..ဒီနေ့ အပျော်ဆုံးပဲကွာ...လွမ်းရတဲ့ ဝေဒနာက ပြင်းပေမယ့် တန်တယ်..”
“လာလေ..သွားမယ်..”
“ဘယ်ကိုလည်း...”
“ဂေဟာ က ကျောင်း မှာ လက်ထပ်မယ်လေ..”
“ဟာ..အခုလား...”
“အင်းပေါ့..”
ကို က အိမ်မက်ထဲက လူတစ်ယောက်လို ဇို နောက်က လိုက်ခါ ဇို ပြောသလို လုပ်ပေမယ့် အိမ်မက်လား တကယ်လားလို့ ခဏခဏ မေးခွန်းတွေ ထုတ်နေသည်..။
စံပယ် နဲ့ မွန်လေးတို့က အရံ အဖြစ် ပါ၀င်ကြသလို...
လက်ထပ်ပွဲ ပရိသတ်က ကလေး အများစုမို့ ပိုပျော်ရသည်..။
အမှတ်တရ အနေနဲ့ သတိုးသမီး ၀တ်စုံက ကော်ဖီရောင်.....။
“ကို..”
“ဟင်..”
“ဘာဖြစ်လို့လည်း..”
“မယုံလို့..”
“ဟာ...”
ကားပေါ်ရောက်တာကြာနေပြီ..စက်မနှိုးသေးလို့ မေးလိုက်မိတာ..ကို့ ရဲ့ အဖြေကြောင့် ဇို မျက်မှောင်ကြုတ်သွားရသည်...။
“ကို့ နဲ့ ပဲ လိုက်နေမှာနော်..”
“ဟင်..”
စကားလုံးတိုင်းကို တဟင်ဟင် တုန့်ပြန်လာတော့ ဇို ဒေါသထွက်လာပြီ...။
“ဘာလည်း..မခေါ်ဘူးလား..”
“မဟုတ်ဘူး..ကို..ကို...အတွက် မထင်ပဲ..အရမ်း မြန်...ဘယ်လိုတွေ...”
“တော်တော့..တစ်ခုလပ် ကို ယူရမှာကြောက်နေလည်း ပြန်မယ်..”
ဇို့ လက်က ကားတံခါးဆီ အရောက် နောက်ကနေ လက်ကို လှမ်းဆွဲ လိုက်လို့ ရင်ခုန်သွားရသည်..။
“ကို အရမ်းပျော်တာပဲ..ခိုင်တို့ ကို ဖုန်းဆက် အုံးမယ်..”
“မဆက်နဲ့..သူတို့က အခုလို ဖြစ်စေချင်လို့ ဇို့ ကို ဒုက္ခပေးတာလေ...မသိဘူး..စိတ်ဆိုးတယ်.....ရှင်ခန်းပြတ်ပဲ..ဘယ်တော့မှ မခေါ်တော့ဘူး....”
“ဟာ..အဲဒီကိစ္စ ကို ပါဘူးနော်..သူတို့ခိုင်းတာလုပ်..သူတို့ထားရာနေရတာ..ဟီး....”
ကို က ပြောရင်းကားစက်နှိုးခါ အရှိန်တင်မောင်းလိုက်တော့ ဇို မျက်မှောင်ကြုတ်ထားမိသည်..။
ဇို့လက်ကို တွဲပြီး ခေါ်သွားတာ..နိုင်ငံခြားရုပ်ရှင်က အခန်းတစ်ခုထဲ ရောက်သွားသလို အခန်းအပြင်အဆင်တွေက အစ ထူးဆန်းသေသပ်လွန်းနေသည်..။
“ဟင်..”
ဧည့်ခန်းပုံစံ ပြောင်းသွားသည့်  နံရံ့ပေါ်မှာ သူဆွဲထားတဲ့ဇို့ပုံ က အထင်အရှားကြီး မို့  မျက်မှောင်ကြုတ်မိစဉ်..။
“လာလေ..ဇို..”
အိပ်ခန်း ဆီ ဦးတည်ခေါ်နေတော့ ဇို ရင်တွေ အပြင်းအထန် ခုန်လာသည်..
“...ဒါတွေ..”
“ကို ၀န်ထမ်းတွေ ဖုန်းဆက်ထားတာ လှရဲ့လား..”
နှစ်ယောက်ကုတင် ဖြူဖြူ ပေါ်မှာ ပန်းပွင့်ဖက်တွေ ပန်းစည်းတွေနဲ့ အတူ ဖယောင်းတိုင် အမွှေးနံ့ သင်းသင်းတွေက စိတ်ကို ကြည်လင်သွားစေသည်..။
“လှလိုက်တာ..ဘာလို့လုပ်တာလည်း..”
“ဇို နဲ့ ကို ရဲ့ မင်္ဂလာအခန်းလေ..အမြန်ဖြစ်သွားလို့ ဒီလို ဖြစ်သွားရတာ...ကို စိတ်ကူးထားတာ ဒီထက် ပိုခမ်းနားတယ်..”
စိတ်ကူးယဉ် ဆန်ဆန်တွေးတက်လွန်းသည့် သူ့ ဗီဇ ကို သတိရတော့...
“ကို...ဇိုတို့ လက်ထပ်ပွဲမလုပ်တော့ဘူးနော်..”
“ဘာလို့..”
“ဇို မကြိုက်ဘူး....ပြီးတော့..”
စကားတွေ ရှေ့မဆက်နိုင်လို့ ရပ်နေသည့် ဇို့   လက်ကို ဆွဲယူကိုင်ပြီး...
“မရဘူး ဇို ရှေ့လ ၀ယ်ဒင်.. အတွက် ကို  စီစဉ်ပြီးပြီ..ဒီက ဟိုတယ်မှာ တစ်ပွဲ စင်ကာပူ ဟိုတယ်မှာ တစ်ပွဲ လုပ်မယ်..”
“ဘယ်လို..”
“မနက်ဖြန် prewedding ရိုက်ဖို့ ချိန်းထားပြီးသား  သတင်းစာလည်းထည့်ရအုံးမယ်..”
“များနေပြီနော်...ကို...”
အကျဉ်းချုံ့ဖို့ပြောမိသူကို အရွဲ့တိုက်နေတာများလား..
“ဟုတ်တယ်...များရမယ်.....ဇိုက ကို့ အတွက် အဖိုးတန် ရွှေမင်းသမီးပဲ..ဒီလောက်နဲ့ မလုံလောက်ပါဘူး..ဇို စိတ်ပင်ပန်းမှာစိုးလို့သာ ဒီလောက်လေးပဲ လုပ်ရတာ..”
“..ဇိုက..”
“ကို အ၀တ်အစားလဲ လိုက်အုံးမယ်..ဇို့ အတွက် အ၀တ်အစားတွေ ဘီဒိုထဲ ထည့်ထားတယ် လဲချင်လဲလိုက်နော်..လိုက်ကာတွေ ချပေးလို့ရမလား..”
သူက ခိုင်းပြီး အ၀တ်လဲခန်းဘက်ကို လျှောက်သွားတော့  ဇို မယုံနိုင်လို့ ဘီဒို ဖွင့်ကြည့်တာ ဇို ၀တ်တက်တဲ့ တီရှပ်အပွတွေ ရှပ် တွေ နဲ့ ဂျင်း တော်တော် များများထည့်ထားသည်...ဆိုဒ်တွေက အစ ဇို့ ဆိုဒ်တွေ...။
ဇို နဲ့ ပတ်သက်ပြီး သူသိတာတွေ များနေပါပြီ..ဇိုကရော..ဘာသိလည်း..သူ့ကို ချစ်မိသွားတာပဲ သိပါသည်..။..
လိုက်ကာမချခင် မြို့ရဲ့ ညရှုခင်းကို ငေးရင်း ရင်တွေပူရတဲ့ မနက်ခင်း အကြောင်းတွေးမိတော့ သူ ဘာမှ မဖြစ်တာကို ကျေးဇူးတင်မိသည်..။
“အိမ်ပြန်ပြေးချင်ပြီလား..”
အသံနဲ့ အတူ ခါးကနေ ထွက်လာတဲ့ လက်နှစ်ဖက်ကြောင့် ဇို လန့်ပြိး တုန်သွားရသည်..။
တွဲလာတဲ့ အချိန် အတွင်း လက်ကလေး ကိုင်ရုံက အဆင့်မကျော် ခဲ့တဲ့ ကို..
အခုတော့..ကို နဲ့ နီးကပ်လွန်းနေသည့် အနေအထားနဲ့ သူရဲ့ ကိုယ်သင်းနံ့လို ဖြစ်နေတဲ့ ရေမွှေးနံ့ ကြောင့် လက်ဖျားတောင် အေးချင်လာသည်..။
ဆွဲပွေ့ ခံလိုက်ရပေမယ့် မငြင်းဆန်မိသလို လက်ခံဖို့လည်း ကြောက်စိတ်က တိုးနေသည်..။
မွေ့ယာထက်မှာ ချလိုက်စဉ် နှင်းဆီ ပွင့်လွှာလေးတွေ ပိပြားကြေမွ ကုန်တာသိပေမယ့် ဇို့ရင်ခုန်သံတွေကြောင့် သူတို့ကို လည်း မကူညီနိုင်တော့ပါ...။
ဒါဟာ တစ်ခုလပ် ဇို့အတွက် ရင်ခုန်ရတဲ့ ပထမဦးဆုံးမင်္ဂလာဦးည ဆိုတာ ဇို က လွဲပြီး ဘယ်သူမှ သိမည် မထင်..။
လက်ထပ်ခဲ့ဖူးပေမဲ့ အကြင်နာ အယုအယ မသိခဲ့သူပီပီ အခုတော့ ကို့ကြောင့် အရာရာတိုင်းက ရင်ခုန်သံအသစ် တွေ ဖြစ်နေရသည်..။
“ဘာလည်း..”
“ဘာလည်း...”
“ဟာ..ကို...”
ကုတင်ပေါ်မှာ သေချာ နေရာချပေးပြီး ဘေးမှာ ၀င်လှဲခါ ခေါင်းကို လက်တစ်ဖက် မှေးထောက်ပြီး လူကို စိုက်ကြည့် နေတာတော်တော်ကြာနေပြီ..။
ဘာတွေ ဒီလောက်ကြည့်နေတာလည်း..မနေတက် မထိုင်တက် နဲ့ ဖြစ်ပေါ်လာတဲ့ ရှက်စိတ်ကိုဒေါသထွက်ပြီး ဘာလည်း မေးမိတာ သူက မျက်ခုံးပင့်ပြီး ပြန်မေးနေပြန်တော့...
“ကို့ မိန်းမကို ချစ်လို့ ကြည့်နေတာ...ကြည့်မ၀ဘူး..”
“ဟာ....”
“ရဘူးလား..”
“မနေတက်ဘူးလေ..”
“အိုကေ..”
ဘေးမှာ လှဲအိပ်ခါ ဇို့ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားတော့ ဇို ငြိမ်ငြိမ်လေး နေပြီး  ပြုံးလိုက်မိသည်..။
“လက်ပေး..”
ဖိအိပ်ထားတဲ့ လက်ကို ထုတ်ရင်း ခက်လို့ အပေါ်လက်ပဲ ပေးလိုက်တော့
“ဆောဒီး..နောက်ကျသွားတယ်..”
တစ်ချိန်က သူလက်ထပ်ခွင့်တောင်းပြီး ပေးလာတဲ့  တန်ကြေးကြီးတဲ့စိန် လက်စွပ်ကို  ကိုယ့် ဘ၀အားနည်းချက်ကြောင့် ခါးခါးသီးသီး ငြင်းပစ်ခဲ့လိုက်သည်..။
လက်သူကြွယ်မှာ နေရာယူလိုက်တဲ့ အငြင်းခံ လက်စွပ်ကလေးကို ကြည့်ရင်း သူ့ကို ကရုဏာ ချစ်စိတ်လေး တိုးလာရပြန်သည်..။
“တွေ့လား..လက်စွပ်ကလေး.စောင့်ရလွန်းလို့ ဆံပင်ဖြူနေပြီ....”
“..ဟုတ်တယ်နော်...ဇို လက်စွပ်  မ၀တ်တက်ဘူး.”
“မချွတ်နဲ့ ပိုင်ရှင် ရှိတဲ့ အမှတ်အသား..”
အပြုံးနဲ့ အတူ ပိုင်ဆိုင် မှု တံဆိပ်တစ်ခုအဖြစ် နဖူးကို ဖွဖွ နမ်းတော့ ကို့ရင်ခွင်ထဲမှာနေရင်း ဇို မျက်ရည်ဝဲလာရသည်..။
ဒီလောက်သိတက်ဖို့တောင် မကောင်းပါဘူး..ဇို ဆိုတာ...။
“ကို...”
“ဟင်..”
“ကို တကယ်လို့ ကလေးလေး လိုချင်ရင်လေ..ဇို ဆေးခန်းမှာ......”
“တော်တော့ ဇို..”
ကို့ ဆီ က မကြားဖူးတဲ့  ခပ်ငေါက်ငေါက်လေသံ က အသည်းမာလွန်းတဲ့ ဇို့ ကို မျက်ရည်လွယ်စေသည်..။
“ဆောဒီးပါ ဇို ဒါပေမယ့် ကို့ကို နောက် အဲလို စကားမျိုးထပ်မပြောပါနဲ့ ဇို..ကို က ဇို့ကို ကလေးမွေးခိုင်းဖို့ လက်ထပ်ခဲ့တာမဟုတ်ပါဘူး..ချစ်လို့ ပိုင်ဆိုချင်လို့ယူခဲ့တာ..ဇို အဲလို ပြောတိုင်း ကို့ အချစ်ကို အသိအမှတ်မပြုသလို ခံစားရတယ်..”
“ဒါပေမဲ့ ကို က ကလေး ချစ်တယ်လေ..တစ်သက်လုံး.”
“ဇို ဆိုတဲ့ ကလေးကြီးနဲ့ ပဲနေမယ်ကွာ...”
“ဟာ ကလေးလို့ မခေါ်နဲ့..”
ဇို အလိုမကျမှုနဲ့ အတူ သူ့ရင်ခွင်ထဲက ရုန်းထွက်တော့ တင်းကြပ်စွာတိုးဖက်ထားပြန်သည်..။
“လောကမှာလေ သားသမီးလိုအပ် နေတဲ့ မိဘတွေချည်း ရှိနေတာမဟုတ်ပါဘူး..မိဘလိုအပ် နေတဲ့ သားသမီးတွေလည်း အများကြီးရှိပါသေးတယ်..ဒါကို မိဘမရှိခဲ့တဲ့ ဇို နဲ့ ကို နှစ်ယောက်စလုံး သိပါတယ်..ဇိုရယ်..ကလေးချစ်တဲ့စိတ်ဆိုတာ ကိုယ်သားသမီးရယ်မှ မဟုတ်ပါဘူး..”
“ဒါပေမဲ့ ကြာလာရင် ကို..ပျင်း..”
“ဟွန့်...ကို ပြောတာ မဆုံးသေးဘူး..ကိုယ်တို့ အမြဲတမ်းအတွက် အချိန်မပေးနိုင်ရင်တောင် အားလပ်ချိန်တွေမှာ သားသမီးအများကြီးနဲ့ ကုန်ဆုံးနိုင်ဖို့ ဂေဟာတွေကို သွားမယ်..ကလေးတိုင်းအတွက် မိခင် လိုအပ်ပါတယ်...ဆရာမဇိုမှာ သားသမီးတွေ အများကြီး ရှိနေတာ ပဲလေ..”
တည်ငြိမ်လေးနက်စွာ ရှင်းပြနေတဲ့ ကို့ စကားက ရင်ထဲကို ငြိမ်းချမ်းစေပါသည်..။
“ကို ဘာလို့ အဲလိုတွေးနိုင်ရတာလည်း..ဇိုကတော့ ပြောင်းပြန်ပဲတွေးတယ်..အဆိုးတွေချည်းပဲ..ဘ၀မတူလို့ ဖြစ်မယ်နော်...ဇို သတိမထားမိချိန်မှာတောင် မျက်မှောင်တွေကြုတ်ဒေါသတွေထွက်နေမိတာ..တစ်ဇွတ်ထိုး အရမ်းဆန်တယ်..ကို နဲ့ ဇို ပြောင်းပြန်ဖြစ်နေတယ်”
“အင်း..စိတ်မပူပါနဲ့ ကို့ အနားမှာ ထားပြိး ဇို့ အလိုကျ အားလုံးဖြည့်ဆည်းပေးမယ်...မျက်မှုန်ကြုတ်ထားရင် လက်နဲ့ ဆွဲဖြည်ပေးမယ်လေ..”
“ဇို့ ကို့ ကို အားနာတယ်..”
“ဟောဗျာ...”
“အားနည်းချက် တွေ အများကြီး ရှိနေတဲ့ ဇို့ ကို လက်ခံပေးလို့လေ..”
“ဇို့ အဲလိုတွေးရင် ကို လည်း အားငယ်တယ်..”
“ဟင်..”
“ကို က နိုင်ငံကျော်မင်းသား တစ်ယောက် မဟုတ်ဘူးလေ..”
“ဟာ..ကိုကလည်း...အဲဒါက..”
“အဲတော့ ကျေပြီ..ဇိုလည်း အားမနာနဲ့ ကို လည်းအားမငယ်ဘူး..”
“အင်း အိပ်တော့မယ်..”
“နေအုံး ကို မအိပ်ခင် တစ်ခုလုပ်သေးတယ်..”
“ဇို့ ပုံလေးတွေ ပြန်ကြည့်ကြမယ်..”
“ဟာ...”
ဇို့ ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဓာတ်ပုံ အလ်ဘမ် အုပ်ကြီးကို ဆွဲထုတ်လိုက်သည်..။
သူ့ ပုံလေးတွေ တွေ့ရမလားလို့ မျှော်လင့်ခဲ့ပေမဲ့.
“ဟာ..ဇို့ပုံတွေ.များလိုက်တာ.ဘယ်အချိန် ရိုက်တာလည်း...”
“ဇို လစ်တိုင်း ရိုက်တယ်..”
“ကြည့်ပါလား..ကလေးတွေ ပုံ မဟုတ်ပဲ ဇို့ ပုံချည်းပဲ..”
“ဒါက...”
“ဇို  နဲ့ ကို ဟင်းမကျက် လို့ ချွေးပြန်ရတဲ့ နေ့ကလေ..”
ထို အချိန်က သူ့ ပုံရိပ်ကို ဇို သတိမထားမိခဲ့..သူ က အဲဒီ့ အချိန်ကတည်းက မရိုးသားခဲ့တာလား...
“မသိအောင် ရိုက်တာနော်...ဆရာဖြစ်ပြိး...”
“ဟား..ဟား...ကို ချစ်တဲ့သူ ပုံ ရိုက်ထားတာလေ...အရင်တုန်းကတော့ တရားမ၀င်ပဲ..အခုတော့ တရား၀င်သွားပြီနော်..ပြန်တွေးကြည့်ရင် အိမ်မက်လိုပါပဲ..အဲတုန်း က အကြောင်း ပြောရင် တကယ်စိတ်မကောင်းဘူး..”
“ဟော..လုပ်ပြန်ပြီ..”
“ကို့မှာ မျှော်လင့်ချက်နဲ့ ဓာတ်ပုံလေး ပြမိတာ..ဆွဲလုပြီး ရက်ရက်စက်စက် ကျောခိုင်း ထွက်သွားတယ်လေ..”
“ဆောဒီး....”
ဇို လက်နှစ်ဖက်နဲ့ ကို့ ခါးကို ကလေးတစ်ယောက်လို ဖက်တွယ်ထားမိသည်...
“ဒါပေမဲ့ ပိုင်ရှင် မှန်ဆီ ပြန်ရောက်တာပါပဲ..”
ကို က ကုတင်ဘေးက အံဆွဲကို ဆွဲထုတ်ပြီး ဓာတ်ပုံ တစ်ခုထုတ်ပြသည်..။
“ဒါ..”
“ဟုတ်တယ်..ကို ပြန်လာတော့ ဂေဟာရှေ့နားမှာ တွေ့တာ..ရွံတွေပေလို့ မနည်းသုတ်ပစ်လိုက်ရတယ်..”
“အဲဒါကိုကြည့်ပြီး နံရံမှာ တစ်ခါထပ်ဆွဲတယ် ဇို သွားတွေဖြဲပြီး သရဲမလိုရယ်နေတဲ့ပုံက အခုတော့ လူတိုင်းသိသွားပြီ..အား...ရှက်ဖို့ကောင်းလိုက်တာ...”
“ဟား..ဟား..ချစ်ဖို့ကောင်းလို့ပါကွာ...”
“ဆိုင်ဖွင့်ပွဲကို ကို နဲ့ သွားရရင်ကောင်းမှာပဲ..”
ကလေးတစ်ယောက်လို ကို့လည်ဂုတ်ကို သိုင်းဖက်ထားရင်း ပြောလိုက်တော့ ကို ကဇို့မေးဖျားလေးကို လက်ညိုးနဲ့ ထိုးခါ ပြုံးရင်း..
“..ကို နဲ့ ပဲ သွားရမှာ..”
“ကို့ လက်ကိုချိတ်ပြီး လူတွေရှေ့မှာ သတ္တိရှိရှိ လျှောက်မယ် လို့ ပြောတာ...”
“ဟား...ဟား...ဇို အဲလိုတွေးတယ်ဆိုတော့ ကို အရမ်းပျော်တာပဲ..”
“အိပ်တော့မယ်..”
“ကို ဆုတောင်းလိုက်အုံးမယ်..”
“ဘာတွေလည်း..”
“အိမ်မက်မဟုတ်ပါစေနဲ့လို့..”
ဇိုကတော့ ဒီ ရင်ခွင်မှာ ထာ၀ရ မှေးစက်ခွင့်ရပါစေလို့...။
.
ဆိုင်ဖွင့်ပွဲနေ့မို့ သူ လက်ဆောင်ပေးခဲ့တဲ့ ဂါ၀န်အနီလေး နဲ့ လည်ဆွဲ ကို တိုက်၀တ် လိုက်သည်..။
အသိမများပေမယ့်လို့ ရင်းနှီးတဲ့သူတွေကိုချည်းဖိတ်ထားတာက ငါးဆယ်ကျော်သည်..။
“ကို မြန်မြန်...မပြီးသေးဘူးလား..”
“ပြီးပြီ..”
အ၀တ်လဲခန်းထဲက ထွက်လာချိန်ထိ အကျီ င်္က လက်ထိုးတုန်း...
“ဖယ်..”
သိနေတယ်..တမင်တကာ ဇို လုပ်ပေးတာ ခံချင်လို့ကို ကလေးတစ်ယောက်လို လုပ်ပြနေတာ....
စိတ်မရှည်တက်တဲ့ ဇို စိတ်မြန်လက်မြန် ကြယ်သီးတပ်ပေးနေချိန် ကို က အပြုံးတစ်ခုနဲ့ ကြည့်နေတာ သိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်..။
“ဟန်နီ အရမ်းလှတယ်...”
ရုတ်တရက် ဆွဲပွေ့ခံလိုက်ရလို့ ဇို လန့်သွားပြီးမှ ပြန်ဖက် ထားလိုက်မိသည်..။
ဆိုင်ဖွင့်ပွဲအတွက် ဇို က စိတ်လှုပ်ရှားနေရသူ...။
ပတ်၀န်းကျင်ဆိုတာကို ရင်မဆိုင်ရဲခဲ့ပေမယ့် ဆိုင် ကို စ၀င်ကတည်းက ကို က ဇို့ လက်ကို မဖြုတ်ပေးတော့ အားရှိလာသလိုလို...။
“မထင်တားဘူး သလား..ဇို အရမ်းကြိုးစားတယ်...ဒါကြောင့် အောင်မြင်တာ..”
“အန်တီ တို့ အကူအညီ အများကြီးပါပါတယ်..”
“အမျိုးသားက လည်း..ချော..ဇို ကလည်း ချော..ကလေးတွေလည်း ချောမှာနော်...”
“အဟင်း..”
ဇို နွမ်းနေသည့် အပြုံးတစ်ပွင့်နဲ့ သာ တုန့်ပြန်လိုက်ရသည်..။
“တစ်ခါလေး ကြားပြီး သက်ပြင်း မချနဲ့..အများကြီး ကြားရအုံးမှာလေ..ကို တို့ က တအားချောနေတာ အပြစ်ဖြစ်နေပြီ..မီးသွေးသွားလိမ်းကြမလား.”
“ကိုကလည်း..”
ဇို မိန်းမဆန်စွာ ကို့ လက်မောင်းကို လိမ်လိုက်မိတော့ ...
ဇို့ ပခုံး ကို ဆွဲဖက်ပြီး အပြုံး နဲ့ အတူ ဇို့ ရဲ့ ဆံပင်အခွေအလိပ် တွေကို လူမြင်ကွင်းကြီးမှာပဲ ခေါင်းငုံ့နမ်းပြန်သည်.။
လူတွေမြင်သွားလား လို့ တွေးပြီး ရှောင်မိပေမဲ့ သူ့ရဲ့ ပြုံးစစ နှုတ်ခမ်းနဲ့ ကြည်လဲ့နေသည့် မျက်၀န်းညိုညိုတို့ကြောင့် ကြည်နူးစွာ ခံယူလိုက်သည်..။
“အယ်..အယ်...”
အသံနဲ့ အတူ မျက်နှာလှည့်လိုက်ပေမယ့် မီးရောင် အရင်လင်းသွားသည်..။
“ပူး..”
“ဒီမှာကြည့်စမ်း...လွန်တယ်ကွာ..ဧည့်သည်တွေ ဖိတ်ပြီး..ရို ပြနေကြတာ..”
ပူး ထိုးပြသည့် ဖုန်းထဲက ပုံက လောလောဆယ်ရိုက်လိုက်တဲ့ ပုံမှန်းသိပေမယ့် ဇို့ ရဲ့ ချစ်စိတ်ပြည့်နေတဲ့ မျက်၀န်းတစ်စုံကို တရားခံမိသွားတော့ ရှက်စိတ်ကြောင့် ထွက်သာပြေးချင်လာသည်..။
“ဒါက ကို့ရဲ့ အက်စ်ဝိုက်..ဇိုလေ..ဟိုဘက်က သူ့အမျိုးသား အမ်..”
“ဟုတ်ကဲ့..”
ပူးဘေးနားက ဘိုဆန်ဆန် မိန်းကလေးက မြန်မာသံဝဲ၀ဲ နဲ့ ခေါင်းညိတ်နှုတ်ဆက်သည်..။
“ဒါက မော်ဒယ် ခရစ်စတီနား အိန်ဂျယ်..ဇို...နယူးဖရန့်လေး..ဟီး..ဟီး..”
ပူးရဲ့ ပြောင်ချော်ချော် အပြောကြောင့် ဇို မျက်မှောင်ကြုတ်လိုက်တော့ ကိုက တစ်ခါ ဇို မျက်ခုံးကို လက်နဲ့ ထောက်ပြန်သည်..။
“အိုး..တော်ပြီ...ကို ကလည်း..”
“ဟီး..မျက်မှောင်ကြုတ်နေလို့ သတိပေးတာလေ...”
မချိုမချဉ် မျက်နှာပေးနဲ့ ထို ပုရိသ နှစ်ယောက် ကို မိန်းမဆန်ဆန်ဖြင့်သာ မျက်စောင်းထိုးလိုက်မိသည်..။
“အိန်ဂျယ် ကို တန်ဖိုးထားနော်..”
“မပြောလည်း ဘဝပေး အတွေ့အကြုံအရသိပါတယ်ဗျ...ဟိုစကားလေ..ဟိုနေ့ကပဲ စာအုပ်ထဲဖတ်လိုက်ရတာ..”
“ဟား...ဟား..ထားလိုက်တော့ စာတော်တာသိသာတယ်..”
“Be careful who you push away...Some of us don’t  come back ..”
“ဘာတွေလည်း..”
“မင်း အဝေးကို တွန်းပို့ခဲ့သူတွေကို သတိထားပါ..တစ်ချို့တွေက ပြန်မလာဘူး.”*
“သြော်..” ဇို မလုံမလဲ ဖြင့် ကို့ကို လှည့်ကြည့်မိတော့ ကို က ပြုံးရင်း ဇို့ကိုသာ ငေးကြည့်နေတာ တစ်လောကလုံးမှာ ဘယ်သူမှ မရှိသလိုလို..
“အိန်ဂျယ်ကိုတောင် တွန်းမိပြီးမှ မနည်း ပြန်ဆွဲထားရတာ..ဟုတ်တယ်နော်..”
“ခစ်..ခစ်...ဟုတ်တယ်လေ..ကို ပြောတုန်းက ငိုလိုက်ရတာ..”
“ဆောဒီးပါဗျာ..”
“သြဇီ သွားစရာမလို့တော့ဘူးပေါ့..”
“နိုး..သွားရမယ်..အိန်ဂျယ်လည်း လိုက်ရမယ်နော်...”
“ဟုတ်..”
“မျက်စိနောက်လိုက်တာ..”
ဇို ၀င်ပြောလိုက်တော့မှ နှစ်ဦးသား အကြည်ဆိုင်နေတာ ရပ်သွားတော့သည်..။
“ရိုကြပါအုံး..ကျွန်တော်တို့လည်း ချစ်သူ အတွက် ပစ္စည်းတွေ ကြည့်လိုက်ပါအုံးမယ်..”
ရွှတ်နောက်နောက်ပြောပြီး ထွက်သွားတဲ့ ပူးတို့ စုံတွဲကို ကြည့်ပြီး ဇို ရယ်နေမိသည်..။
“ဟယ်..ဇိုလှလိုက်တာနော်..မှတ်တောင်မမှတ်မိဘူး....”
“ဟုတ်ကဲ့..မဟန်နီ...လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်...”
“သတင်းစာထဲမှာ လက်ထပ်သတင်းကြားရတယ်..၀မ်းသာတယ်နော်..သားသမီး မယူကြသေးဘူးလား....ဟွန်း..ဟွန်း..အလှပျက်မှာစိုးလို့လား....”
“ဟင်..”
အကြောင်းတိုက်ဆိုင်ရင်းတောင် ခံစားရတာ..အခုလို  လာမေးတော့  နာကျင်ရပြန်သည်..။
စီးပွားရေး ပြိုင်ဘက်တွေလည်း ဇို့ အကြောင်းကို အကုန်သိပြီး အားနည်းချက် အဖြစ် အမြဲ ထောက်ပြောနေတာ..
နောက်သလို ပြောင်သလို နဲ့ဒီလိုမေးရက်တာ သပ်သပ်စော်ကားနေသလိုပင်...။
ဇို စကားလုံးတွေ ပျောက်ဆုံးနေချိန် ကို က ရယ်ရင်း..
“ အလှပျက်မှာစိုးလို့မဟုတ်ပါဘူးဗျ..ကျွန်တော် မယူခိုင်းတာ..ကျွန်တော်တို့ က စိတ်တူတယ် ငါ့သွေးငါ့သားဆိုတဲ့ အတ္တစိတ်မရှိဘူး...တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတော့ သားသမီးက အဓိက မဟုတ်တော့ဘူးပေါ့......”
“ဟုတ်တာပေါ့...အင်း...အင်း..”
မိန်းမတစ်ယောက်နဲ့ အပြိုင် စကားနိုင်လုပြောလိုက်သည့် ကိုပုံစံကို အသည်းယားလွန်းလို့ ပြုံးရင်း မော့ကြည့်နေမိသည်...။
“ဇိုမ..”
“လဲ့ရည်..”
“နင် တစ်ခါလင်ရရင် တစ်ခါ မပြောမဆိုတဲ့ ပျောက်သွားတာပဲနော်..”
လဲ့ရည်မ ရိုက်ချလိုက်သည့် ပခုံးက နာကျင်မှုထက် ပြောလိုက်တဲ့ စကားကြောင့် ကို့ကို အားနာမိသည်..။
“နင် ကလည်း..”
“ဘာတုန်း..မဟုတ်လို့လား..”
“ဟုတ်ပါတယ်...ငါမှားတာ...မြလဲ့မိုးရေ...လာပါအုံး...”
ရန်စွာနေသည့် လဲ့ရည် စိတ်ပြောင်းသွားအောင် သူ့လက်ထဲက သူ့သမီးကို ဆွဲယူချီလိုက်ရသည်..။
“နင် ယောင်္ကျားက ချောသားဟ..ယောင်္ကျား စိတ်မ၀င်စားတဲ့ နင်က စပါရှယ်တွေချည်း ရတာပဲနော်..”
ဇို့ အနားကို တိုးတိုး ကပ်ပြောလိုက်ပေမဲ့ ဇို ရယ်ချင်စိတ်က မြိုသိပ်မရ...
“ဟား..ဟား...အဲလိုဖြစ်သွားတာလား..သိဘူး.”
“ငါ သမီးဖို့ ပစ္စည်း သွားကြည့်လိုက်အုံးမယ်.”
လဲ့ရည်က စပ်ကော့စပ်ကော့ နဲ့ ကလေးကို  ဇို့ ဆီမှာထားပြီးထွက်သွားပြန်သည်..။
လဲ့ရည်အတွက် ငွေမယူဖို့ ကောင်တာ ကို အချက်ပြလိုက်ပြီး မြလဲ့မိုးကို ချီခါ မုန့် ပန်းကန်နား ခေါ်လာခဲ့လိုက်သည်..။
“စားမလား..”
“ဒါကော...”
“ဒါလား...”
“ဟဲ့..ပြောစမ်းပါ တစ်ခုခု...မုန့်စားချင်ရင် ပေးလို့ပြော..”
“ပေး...ပေးပါ..လို့.ပြောလေ...”
“ပေ..ပါ...”
“လိမ္မာတယ်..အင့်..”
ပန်းသီးစိတ် က လက်ထဲ ထည့်ပေးလိုက်တော့ သွားနှစ်ချောင်းနဲ့ ခြစ်စားနေသည်.။
“ဇို..”
“ဟင်..”
ကို့လက်ထဲက ကင်မရာနဲ့ အတူ တစ်ပုံ ပါသွားပြန်ပြီ...။
အရင်တုန်းက လည်း ဒီလိုပဲ ကလေး ၇ိုက်သလိုလို နဲ့ လူကြီးပုံကို ရိုက်ယူသွားတာ...။
ပေါ်တင်ကြီး “ရယ်နေတာလေး ချစ်ဖို့ကောင်းလို့ တစ်ပုံရိုက်မယ်နော်”ဆိ်ုတုန်းက ကလေးကို ပြောတယ်မှတ်လို့ ခွင့်ပြုခဲ့တာ...သူ..အရမ်းလည်တာ.။
“ဟဲ့ ကောင်တာမှာ ငွေရှင်းတာ လက်ဆောင်တဲ့..”
“အေး..ကလေးပစ္စည်းမို့လို့ပါ..”
“နင့် အကြောင်း ခိုင်ခိုင် ပြောတယ်..ငါ စိတ်မကောင်းဖြစ်ရသေးတယ်..နင်ကတော့ တကယ်ချစ်တက်တဲ့သူနဲ့ တွေ့သွားပြီပဲ ..ငါ တကယ်၀မ်းသာတယ်..”
“ခိုင်ခိုင်ကော..”
“အောင်မလေး..အဲဒါပြောတာ..နင်ကလည်း မပြောမဆို ပျောက်သွား ခိုင်ခိုင် ကလည်း သူ့အမေခေါ်လို့ ရွာပြန်တာ အန်တီကြီးက ငါ့ ကို ဖုန်းဆက်ခေါ်ရောလေ...မတက်နိုင်လို့ အခုတော့ ငါတို့ တစ်မိသားစုလုံး အခန်းမှာ လကုန် အထိနေရတော့မယ်..”
“ငါ ခိုင်ခိုင်ကို စိတ်ဆိုးမပြေသေးဘူး..”ဇို မျက်မှောင်ကြုတ်ရင်း နှုတ်ခမ်းစူပြောလိုက်တော့ လဲ့ရည်က ပခုံးကို ရိုက်ပြီး.
“အောင်မယ်..ကြိတ် ကျေးဇူးတင်နေတာ သိပါတယ်နော်..ငါတို့ ခိုင်ခိုင်ရွာကို လိုက်သွားကြမယ်..နင်ကလည်း..အားရင် ငါတို့ဆီလာပါအုံး..”
“ငါလည်း အလုပ်က တစ်ဖက်..”
“ယောင်္ကျားက တစ်ဖက် ဆွဲနဲ့ မို့..”
“ဟဲ့..လဲ့မ..နင်နော်..”
“အဲ..အဲ..မိန်းမဆန်တဲ့ အသံလေးတွေနော်...ငါသိပြီ...ငါသိပြီ...ဟီး..ဟီး..”
“လဲ့ရည်း..”
ဇိုဒေါသကြောင့် လက်ထဲက ကလေးကိုမေ့ခါ လက်ရွယ်လိုက်တော့ ကို ကဘေးက ထိန်းကိုင်ပေးရင်း...
“ကလေး ပြုတ်ကျအုံးမယ် ဇို ရဲ့..”
“အောင်မလေး ကလေးနဲ့ ပစ်ပေါက်ဖို့ လုပ်နေတာ...ဟို အကိုကြီး ကိုယ့် ကလေး ကို ထိန်းပါ..”
“လဲ့ရည်..ခွေးမ..”
လဲ့ရည် က သူ့ သမီးနဲ့ လက်ပြရင်း ဆိုင်ထဲက ထွက်သွားတဲ့ အထိ ဇို ရယ်နေမိသည်..။
“ကို ဒီနေ့ ပျော်တယ်..”
“ဇို ဆိုင်ဖွင့်လို့လား..”
“မဟုတ်ဘူး.ဇို့ အပြုံးတွေ အများကြီး မြင်လိုက်ရလို့..ကိုနဲ့ တွဲနေချိန် မှာလည်း ဇို က သိပ်ပြီး အရယ် အပြုံးမရှိဘူး..”ဇို ဘေးမှာ ယှဉ်ရပ်နေသည့် ကို့ လက်ကို ဆုပ်ကိုင်ပြီး...
“တကယ်တော့ ကိုနဲ့ စတွေ့တော့မှ ဇို ရယ်တက်ပြုံးတက်ခဲ့တာပါ..အခုလည်း.ဇို တစ်ယောက်တည်း ဆို အားငယ်ပြီး တစ်ချောင်ချောင်မှာ ပုန်းနေမိမှာ..လူမြင်ကွင်းရှေ့ ရောက်လာမှာ မဟုတ်ဘူး.”
“ဇို...တစ်ပုံလောက်..”
“အယ်..”
စကားပြောနေလက်စမှာ ကင်မရာ သမား၀င်လာတော့ ဇို ဘာလုပ်ရမှန်းမသိခင်  ဇို့ ပခုံးကို ဆွဲဖက်လိုက်ပြီး ဇို့ လက်ကို သူ့ခါးပေါ်တင်ပေးလိုက်သည်..။
“ဟုတ်ပြီ...ရပြီ ကျေးဇူးပါ..”
“ဟုတ်ကဲ့..”
တစ်နေကုန် လူတွေ ကို ဧည့်ခံရတာရယ် ကိုယ်တိုင်က မထိုင်ပဲ နေခဲ့တာမို့ ခြေထောက်တွေ တော်တော် ညောင်းနေပြီ..။
ပင်ပန်းခဲ့ပေမဲ့ စာရင်းတော့ ပြီးအောင်စစ်ရအုံးမည်...။
“ဇို ..”
ခေါ်သံကြောင့် နောက်လှည့်ကြည့်တော့ ကုတင်ပေါ်မှာ လက်ကိုနောက်ပြန်ခေါင်းအုံးပြီး စူပုတ်ပုတ် နဲ့ကြည့်နေသည်..။
“ဟာ ကို မအိပ်သေးဘူးလား..”
“ဇို့ကို စောင့်နေတာလေ...”
“ဆောဒိး ဇိုမေ့သွားလို့..”
“...မေ့တယ်ဟုတ်လား..မေ့မှာပေါ့...မေ့မှာပေါ့.. တော်ပြီ..နောက်နေ့ ရှစ်နာရီ နောက်ပိုင်း အလုပ်မလုပ်ရဘူး..ဒါပဲ”
“..ပြီးရော.....”
တုန့်ပြန်မှု မရှိပဲ ရှုတည်တည် မျက်နှာထားကြောင့် ဇို စိတ်ထဲ အသည်းယားလာရသည်..။
မျက်နှာကို တမေ့တမော ငေးကြည့်နေမိပေမဲ့  ကို ကတော့ နှုတ်ခမ်းစူရင်း ရှေ့က ခေါင်းအုံးကိုပဲ စိုက်ကြည့်နေသည်..။
စိတ်ကောက်တယ် ဆိုတာ မိန်းကလေး အလုပ်မလား...။
ဇို လပ်တော့ပိတ်ချလိုက်ပြီး ကုတင်ပေါ် ပြေးတက်ရင်း ကလေးတစ်ယောက်လို နွေးထွေးတဲ့ သူ့ရင်ခွင်ထဲ တိုး၀င်မိသည်..။
အလိုက်တသင့် ပြန်ပွေ့ထားပေမဲ့ မျက်နှာကြီးကိုတော့ ပြင်မဲ့ပုံ မပေါ်..
“စိတ်ဆိုးပြေပြီလား..”
“သိပ်မပြေချင်ဘူး..”
ဇို့ ကို ရင်ခွင်ထဲ ဆွဲသွင်းခါ လူတစ်ယောက်လုံး ဘေးမှာ ထားပြီး မနက်က ရိုက်ထားတဲ့ ပုံတွေကိုသာ အပြုံးတဝေ၀ နဲ့ ကြည့်နေသည်..။..။
“ကို က ဇို့ ကို တကယ်ချစ်တာနော်..”
“အင်းပေါ့..ဇိုကော..”
ကြည်လင် နေသည့် မျက်၀န်းညိုညိုနဲ့ အတူ ဖြတ်သန်းစီးဆင်းနေသည့် အကြင်နာရိပ်တစ်ချို့ကြောင့်
“မချစ်ဘူး..”
ဇို့ရဲ့ စကားကြောင့် မျက်နှာ ညိုးသွားပြီး ဓာတ်ပုံကိုပဲ ဆိုက်ကြည့်နေတာမို့  ဇို စလိုက်မိတာ နောင်တ ရပြန်သည်..။.
“အရင်ကပါ..”
“ဒါဆို အခုကော..”မျှော်လင့်တကြီးမေးလာတဲ့  ကို့ ကို  ချစ်မျက်၀န်းတွေ နဲ့ မော့ကြည့်ပြီး ...
မိန်းမပျို တစ်ယောက်လို ရှက်စိတ်နဲ့ မဝံ့ရဲဖြစ်နေပေမယ့် ရင်ခုန်သံ စစ်စစ် နဲ့ အတူ ချစ်သော အနမ်း တစ်ပွင့် သက်သေ ထားလိုက်သည်..။
“ကို တော့ ဖျားအုံးမယ်ကွာ.....”
“ဟင် ..ခရီးသွားရအုံးမလား..”ဇို စိုးရိမ်တကြီး မေးလိုက်မိတာ ကို နဲ့ မခွဲနိုင်တော့လို့ပါ..။
“မဟုတ်ဘူးဗျ..”
“ဘာလည်း.”စိတ်မရှည်ခြင်း တွေနဲ့ အတူ ချွန်မြမြ ကို့ နှာခေါင်းကို ဆွဲပြီး မေးခွန်းထုတ်လိုက်သည်..။
သူက သွားစွယ်လေးတွေ ပေါ်သည် အထိရယ်ရင်း ခေါင်းညိတ်ခါ .
“အချစ် ..ဖျားလေ....ဇို့ရဲ့ အနမ်းကြောင့် ဖျားတော့မယ်..”
“ဟာ..”ဇို  မိန်းကလေးဆန်ဆန် ရှက်ရွံစွာ ခေါင်းငုံ့ရင်း ကို့ ရင်ခွင်ထဲကို တိုး၀င်လိုက်မိသည်..။
အတွေးတစ်ခုနဲ့ အတူ စိတ်ကြည်နူးစွာ ပြုံးလိုက်ရင်း..
ဇို့ ရဲ့ ဇို(ဘ၀) က တကယ် ပြည့်စုံသွားပါပြီ ..။

ZoeDonde viven las historias. Descúbrelo ahora