Zoe
အပိုင်း (၈)
#ဇိုစပိုက်ကာ“သေစမ်း..”
ဇို ရေချိုးခန်း ကြမ်းပြင်မှာပဲ ထိုင်ချပစ်လိုက်သည်..။
လောက မှာ ဇို့ အတွက် ကြောက်စရာ ဘာမှ မရှိဘူးလို့ သိထားခဲ့တာ အခုတော့ မှားပြီ..။
လက်ထဲက ကော်ချောင်းလေးကို မျက်မှုန်ကြုတ်ပြီး စိုက်ကြည့်လိုက်တော့ ပိုသေချာလာပြန်သည်..။
“တောက်...ဘာတားတာလည်း..ကျစ်...”
ဆေးရောင်းသူ ကိုသာ စိတ်ရှိတိုင်း ထုရိုက်သတ်ပစ်ချင်လာသည်..။
နှစ်လလောက် ကိုယ်၀န်ရှိသလို ဦးစားပေးဆက်ဆံ နေကြတာ..နောက်တစ်လ နေပြီးရင် ဒေါ်စိမ်းမြရည် အသည်းကို ခွဲဖို့ ဆုံးဖြတ်ပြီးသား..
ကိုယ်၀န် မရှိတော့ပါဘူး လို့ ပြောလိုက်ချိန် ဒေါ်စိမ်းမြရည်ရဲ့ မျက်နှာ အမူအယာကို မြင်ယောင်ကြည့်ပြီး ဇို စိတ်ချမ်းသာနေတာ..အခုတော့...ကိုယ် ချောက်ချားရမဲ့ အလှည့်များလား..။
ဇို့ အစီအစဉ် ထဲမှာ ကလေး တစ်ယောက်မပါ၀င် ပါ..
မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဒီဧည့်သည် ကို ဘယ်ကို ပြန် ပို့ရမလည်း..။
ပုံမှန် အချိန် ဇယားကို ပြန်တွက်ကြည့်လိုက်တော့ နှစ်လသာ ရှိသေးသည်..။
“တီ..တီ...တီ...”
စိတ်ရှုပ်နေစဉ်ဖုန်း၀င်လာလို့ ဇို ကြည့်လိုက်တော့ လဲ့ရည်ဖုန်း..
“ပြော..လဲ့ရည်..”
“ငါ့ကို လာခေါ်ပါအုံး..”
“ဘယ်မှာလည်း..”
“ငါ မသိဘူး..လှိုင်မှာလား..ဘာလား..”
“ဟာ..ကြည့်လေ..နေခင်းကြောင်တောင်ကြီး တစ်ယောက်ယောက် မေးပေါ့ဟာ..”
“အေး.”
စကားသံ ခဏ တိတ်သွားပြီး..
“သိပြီ..သိပြီ...”
“အိမ်နားမှာပဲ ဟ..”
“လဲ့ရည်း...”
ဇို ဒေါသနဲ့ ပိတ်အော်လိုက်ပြီး ဖုန်းချပစ်လိုက်သည်..။
“တီ...တီ...”
ခေါ်ပြန်ပြီ......
“ငါ နင့်ကို သတိရနေတာ နင် မလာတာ ဘယ်လောက်တောင် ကြာနေပြီလည်း သိလား..”
“လာမယ်..အိမ်က စောင့်နေ ဘယ်မှ မသွားနဲ့..”
ဇို သိလိုက်ပါပြီ.. အသည်းကွဲပြန် ပြီ...။
“အန်တီ..အပြင်ခဏ သွားချင်လို့..”
“သွားလေ..ဘအုံး ကိုတော့ ခေါ်သွား..”
ဇို သွားရဖို့သာ အဓိက မို့ ကားထည့်ပေးတာကို လက်ခံလိုက်သည်..။
“ဦးဘအုံး ပြန်လိုက်ပါ...ပြန်ခါနီးကျ ဖုန်းဆက်လိုက်မယ်..လာခေါ်ပေါ့...ဒါ ဇိုရဲ့ သူငယ်ချင်းအိမ်လေ.”
“အော်..ဟုတ်ကဲ့..”
ကား ပြန်ကွေ့ ပြီး ထွက်သွားမှ ဇို ခြံတံခါးဖွင့်ပြီး ၀င်ခဲ့လိုက်သည်..။
“ဇို...အချစ်..”
အိမ်ထဲ ရောက်တာနဲ့ ပြေးဖက် လိုက်တဲ့ လဲ့ရည် ကို ဇို ဆွဲခွါ လိုက်သည်..။
“ပေးစမ်း အဲဒါ..”
“ဇို...မလုပ်ပါနဲ့..”
“လဲ့ရည်..နင် စွဲနေပြီ..ဖြတ် စမ်းဟာ..”
“ငါ စိတ်ညစ်လို့ ပြန်သောက် တာပါဟာ..”
“စိတ်ညစ်လို့ သောက်လိုက် မသောက်လို့ စိတ်ညစ်လိုက်နဲ့..နင် ဒါတွေ ဘယ်က ပိုက်ဆံနဲ့ ၀ယ်နေတာလည်း...အခု မာဗီ ဘယ်မှာလည်း..”
“မာဗီ က သူ နဲ့ ဒါ တစ်ခုရွေးတဲ့..ငါ မှ မနေနိုင်တာ..”
“နင်ဟာ...ငါ ထုချင်လိုက်တာ..”
“ထုပါ ဇို..ထုပါ..”
ရေချိန်ကျော်ပြီး မူးမူးရူးရူး နဲ့ထိုင်ပြီး ငိုနေတဲ့ လဲ့ရည် တိတ်သွားတာကို ထိုင်စောင့်ပြီးမှ..
“လာ ဆေးခန်းသွားမယ် လိုက်ခဲ့..”
လဲ့ရည် က အနည်းငယ် တွန့်သွားပေမဲ့ ဇို့ စကားကို မလွန်ဆန်ပဲ အခန်း ထဲ ၀င်သွားတော့ အ၀တ်အစား ၀င်လဲနေပြီဆိုတာ သိပါသည်..။
“ငါတို့ အဖမ်းခံရမလား..”
“မသိဘူး..”
လဲ့ရည် က ဇို လက့်ကို ဆုပ်ကိုင်ပြီး လွဲလျှောက်နေသည်..။
“ငါ့ ဘ၀ကလေ..နင်သာ မရှိရင် သွားပြီ..”
“အစကတည်းက ရပ်နေလို့လား သွားနေတာပဲဟာ..”
“အုပ်ထိန်းသူ မရှိတာကို ပြောတာဟ..”
လဲ့ရည် သွားနေကျ ဆေးခန်းကို လိုက်ပို့ ပေးတော့ ဆရာမ က ဆေး ကုန်တာ ပြန်မလာလို့ ဆူသေးသည်..။
ခရီးလွန်နေလို့ပါ လို့ လိမ်လိုက်ရတာ လိပ်ပြာတော့ သိပ်မသန့်ပါ..။
“လဲ့ရည်..”
“ဟမ်..”
“သွားနှင့်..”
လဲ့ရည်က နားမလည်သလို တစ်ချက် ကြည့်ပြီး ခေါင်းညိတ်ခါ ထွက်သွားသည်..။
“ဘာဖြစ်လို့လည်း..ဇို..”
“ဟို..test တွေက မှန်လား..”
“အများ အားဖြင့် မှန်ပါတယ်..ဘာလည်း ရှိနေပြီလား.”
“နှစ်လဆို လူဖြစ်ပြီလား.ဟင်”
ဆရာမ က အကြည့်စူးစူး နဲ့ ကြည့်လိုက်တော့ ဇို မလုံမလဲ ဖြစ်မိသည်.။
“မလုပ်ရဘူးနော်...ငယ်ငယ်ရွယ်ရွယ် လွယ်လွယ်ကူကူရတာ ဘုရားပေးတဲ့ လက်ဆောင်ပဲ...”
“ဟုတ်ကဲ့..”
“လူသတ်တာ လုံး၀မလုပ်နဲ့ ကြားလား..”
ဇို ဆေးခန်းက ပြန်ထွက်လာတော့ လဲ့ရည်က စပ်စုတဲ့ အကြည့်နဲ့ စောင့်ကြိုနေသည်.။
“ဘာဖြစ်လို့လည်း..”
“ဗိုက်ထဲ ဧည့်သည်ရောက်လာလို့..”
“ဘယ်လို...နင်လား..”
ဇို မျက်နှာတည်ပြီး ခေါင်းညိတ်ပြလိုက်တော့ လဲ့ရည်က လက်ခုပ်တီးပြီး ရယ်ပြီလေ..
“ဟား..ဟား...ဘယ်သူနဲ့ လည်း...ဟား..ဟား..ဇို..ရယ် တကယ် မထင်ဘူး..ဘယ်သူလည်း..”
နိုင်ငံကျော် မော်ဒန် မင်းသား ဘမ်ဘီနို လို့သာ ပြောလိုက်ရင်..လဲ့ရည် ရယ်လွန်းလို့ အူတက် သွားမှာ စိုးရသည်..။
“ဘယ်လိုလည်း တကယ်ယူမှာလား..’
“သေလေ...”
“ဟား...ဟား...ဒါဆို..”
“ဆရာမ ကတော့ကောလွှတ်တာပဲ...”
“ဒါမျိုး ဆရာမ ကိုသွားပြောရလားဟ..”
လဲ့ရည်က ဆရာလုပ်လာတော့ ဇို စိတ်၀င်စားသွားသည်..သူက နယ်စုံ...။
“နင် ဖြစ်ဖူးလား..”
“ခဏခဏ..ပဲ..ပြီးခဲ့တဲ့ နှစ်လ ကပဲ လုပ်လိုက်ရသေးတယ်..”
“ဘယ်လို.လုပ်လည်း...”
“ဆေး၀ယ်ပြီး သုံးလိုက်တာလေ..”
“ဘယ်လိုလည်း....”
“ပုံမှန်ပါပဲ..”
လဲ့ရည်က အိမ်ရောက်တာနဲ့ သူ့ဆေးထုတ်ပြီး သုံးပုံ သုံးနည်းပါပြောပေးသည်..။
“နင် လည်း ဆရာမပေးတဲ့ ဆေးပုံမှန်သောက်အုံးနော်..”
ဇို သတိပေးရင်း အိမ်ဝရောက်တော့ လဲ့ရည်က
“ဇို..ဘယ်သူလည်း..ငါ သိချင်တယ်...”
“နင်ယုံမှာ မဟုတ်ဘူး..”
“ဘာလို့..”
“အရမ်းမြင့်နေလို့..”
“အရမ်းမြင့်တဲ့ သူကို မယုံတာ မဟုတ်ဘူး..ဇို့ ကို ဘယ်လိုလူက သိမ်းပိုက်ခွင့်ရှိလည်းဆိုတာ သိချင်တာလေ..ဟား..ဟား..နင် မိန်းမ ယူမယ် ထင်ထားတာ..”
‘ခွေးမ..”
ဇို ကျောခိုင်းထွက်လာတဲ့ အထိ လဲ့ရည်ရဲ့ လှောင်ရယ်သံ လွင့်လွင့် လေးက နားထဲမှာ ဝဲပျံ နေဆဲ..။
လမ်းတစ်လျှောက် စဉ်းစားလာတာ က ဖြစ်ခြင်းလား ပျက်ခြင်းလား..
ငယ်ငယ် ကတည်းက ဖြတ်သန်းလာတဲ့ ခါးသီး မှုတွေကြောင့် လူလောက ထဲမှာ မပြည့်မစုံ ပင်ပန်းဆင်းရဲ မခံစေချင်ပါ..။
ဇို့ ရဲ့ ရည်ရွယ်ချက်က ဒီအိမ်မှာ တစ်သက်လုံးနေဖို့ မဟုတ်ပါ..။
ဒေါ်စိမ်းမြရည် ကိုယ်ချင်းစာ တက်သွားရင်..ခံစားတက်သွားရင် တာ၀န်ကျေပြီ..။
အရင် နေရာပြန်ပြီး အရင်ပုံစံ အတိုင်းနေရဖို့ သာ အဓိကမို့..။
ဒီမိသားစုက ဇို့ မိသားစုပါလို့ တစ်ခါမှ လည်း မတွေးခဲ့ပါ..။
လူလောက ဆိုတာ လာရလွယ်လား ခက်လား မသိပေမဲ့..
မိစုံဖစုံ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှ လူဖြစ်ရတာ တန်တာ...
မဟုတ်ရင်တော့...။
ဆုံးဖြတ်ချက် တစ်ခု ကို ပိုင်နိုင်စွာ ချပြီး ချိန်မှာတော့..
ထိုလုပ်ရပ် မှန်သည်..မှားသည်..မစဉ်းစားတက်တာ ဇို ရဲ့ အကျင့်..။
အတွေးတွေနဲ့ လျှောက်လာစဉ် လမ်းထိပ်၀မှာ ကလေးတစ်ယောက် ကားလာတာကို မရှောင်..
ဇို့ ရဲ့ မနေတက်တဲ့ စိတ်တစ်ခုကြောင့် သတိမထားမိခင် ဆွဲ လှဲချပစ်လိုက်သည်..။
အရှိန်နဲ့ ပစ်ကျ သွားပေမဲ့လို့ များများစားစား ထိခိုက်တာ မရှိပဲ ဗိုက်နေရာက စူးနာ သွားသည်..။
လဲကျနေတဲ့ ကလေးကိုသာ ထူပေးရင်း..
“လမ်းကို သေချာ ကြည့်ကူးစမ်းပါ..”
“ပိုက်ဆံတွက် နေတုန်းမို့လို့ ပါ မမ...”
“ကျစ်..အသက် အပို မပါဘူး..”
ဇို ဆူပြော ပြောပြီး ဆက်လျှောက်လာခဲ့လိုက်သည်..။
အိမ်ပြန်ရောက်တော့ နောက်ကျလို့ အကြောင်းပြချက် အဖြေတစ်ခု ရှာပေးရသေးသည်..။
“ဇို အိပ်တော့ဖို့လား..”
“အမ်း..”
“မနက်က အပြင်သွားတယ်ဆို..”
“ဟုတ်တယ်...”
“ဘယ်ကိုလည်း ဟင်..”
“ဟာ..ဘာလို့ လိုက်မေးနေတာလည်း..”
ဇို ဆောင့်အော်လိုက်လို့ မျက်နှာ ညိုးကျသွားပြီး..သူ့ အကျီ င်္ကိုသာ အပြစ်ပုံပြီးလွင့်ပစ်လိုက်တာ သိပေမဲ့ စိတ်မ၀င်စားမိပါ..
သူ့ကို တစ်ခုချင်းလည်း ရှင်း မပြချင် ခုလောလောဆယ် ကိုယ်ခံစားနေရသည့် ဝေဒနာက လူသတ်မှုကြောင့် တန်ပြန်သက်ရောက်တာလား..
“နှစ်လဆိုတာ အသားစလေးပဲ ရှိတာပါ”လို့ ပြောလိုက်တဲ့ လဲ့ရည် စကား ကိုကြားယောင်တော့ ဒေါသပိုထွက်လာရသည်..။
မှားပြီ..။
ဇို ရေချိုးခန်းထဲ ၀င်ပြီး အရွယ်ရောက်ချိန် ကတည်းက မရှိတော့တဲ့ မျက်ရည်တွေ အတားအဆီးမဲ့စွာ ကျလာသည်..။
လူတစ်ယောက်ရဲ့ ဖြစ်တည်မှု ကို ဖျက်စီးမိပြီ..
မိခင် မပီသမှု တာ၀န်မယူချင်မှု...အိုး..ဇို လူမဆန်လိုက်တာ...ကိုယ့်ကိုယ်ကို ရွံရှာ မုန်းတီးနေရင်း...
နာကျင်မှုထက် နောင်တ က သာပိုပါသည်..။
ရင်ဘတ်ထဲက နာကျင်မှုဝေဒနာက ပြောမပြတက်သလို..စို့နစ်ကြေကွဲမှုကလည်း အချစ်ဆုံးသူငယ်ချင်း မီကိုးလ် ကို ဆုံးရှုံးချိန်ကထက် သာပို ခံစားနေရသည်..။
အမှားတစ်ခုကို လုပ်မိတိုင်း အစား ပြန်ခံဖို့ ပြင်ဆင်ထားသင့်တာ သိပေမဲ့လို့..
အခုလုပ်လိုက်တဲ့ အမှားက ကြီးလေးတဲ့ လူသတ် ပြစ်မှု တစ်ခု...။
ဇို အားရအောင် ငိုပြီးမှ ပြန်ထွက်လာခဲ့တော့ ပူးက အိပ်နေပြီ..။
ကုတင်ပေါ် မှာ ၀င်လဲအိပ်လိုက်ချိန် ခါးစပ်နေရာက ဝေဒနာက ပိုဆိုးလာသည်..။
တစ်ဖက် ကို စောင်းအိပ်လိုက်တော့ သက်သာလာသလိုလို ရှိတာနဲ့ ဇို ပြန်မလှည့်တော့..
အမြဲတမ်းကျောပေးအိပ်တက်တဲ့ ဇိုက ပူးနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတော့
စိတ်ထဲက သနားသလိုလို အားနာသလိုလို ရှိလာသည်..။
တကယ်လို့ သူသိရင်...ဘယ်လိုတွေ တုန့်ပြန်လာမလည်း..
“ဇို..နေကောင်းရဲ့လား..”
“ကောင်းပါတယ်...”
“ကြည့်ရတာ နေမကောင်းသလိုပဲ ဖြူဖက်ဖြူရော် ဖြစ်နေတယ်..”
အလုပ်သွားခါနီးကိုတောင် ဇို့ မျက်နှာ ကို ကြည့်ပြီး စိုးရိမ်သလို နဖူးလာစမ်းသေးသည်..။
“ကိုယ်တော့မပူဘူး..ချမ်းလား..”
ဇို မျက်ခုံးတွန့်လိုက်တော့မှ ပြုံးပြီး ပြောသွားတာ...”စိတ်ပူလို့ပါတဲ့..”
“ဇိုရေ..ထမင်းစားဖို့တဲ့..”
ဇို မနက်မုန့်တောင် ဆင်းမစားနိုင်ပဲ အိပ်ယာထဲ လှဲနေတာ နေခင်း တောင်ရောက်လာပြီ...။
ပုံမှန် နာကျင်မှုထက် ပိုနေတော့ ဘယ်လိုနေရင် သက်သာမလည်း တွေးရင် ကုတင်ပေါ်မှာသာ လှဲနေမိတာ...။
ဒေါ်ညို လာခေါ်မှ နေ့ခင်းရောက်မှန်း သတိထားမိသည်..။
“လာမယ်..”
ဇို ရေချိုးခန်း၀င်ပြီး လိုအပ်တာ ပြင်ဆင်ခါအောက်ထပ် ဆင်းလာခဲ့လိုက်သည်..။
လှေကား နောက်ဆုံး သုံးထစ်မှာ တစ်ချက် မူးဝေသွားလို့ လက်ရန်းကို အားပြုကိုင်ထားစဉ် အနားရောက်လာသူက ဒေါ်စိမ်းမြရည်..
“ဘာဖြစ်လို့လည်း..သမီး..နေကောင်းရဲ့လား..”
သမီးလို့ ခေါ်လိုက်တာလား..
ဇို စိတ်တင်းပြီး သေချာအောင် ထပ် ကြားချင်ပေမဲ့ လူက ပြိုလဲကျ သွားသည်..။
“သမီး...သမီး..ဇို...”
“ဒေါ်ညို...ဘအုံး..လာကြစမ်း..”
“ဘာဖြစ်တာလည်း..”
“ဆရာ၀န်ကို ဖုန်းဆက်စမ်းပါ မြန်မြန်..ဆေးရုံ ခေါ်သွားရကောင်းမလား..”
“မမစိမ်း..ဇို့ကို ကုတင်ပေါ်တင်ထားရင် ကောင်းမယ်..”
“အေး..အေး...လုပ်အုံး..”
“ဆရာမ..သမီးလေးက ကိုယ်၀န်နဲ့ပါ ..အခု ဘာဖြစ်တယ်မသိဘူး..”
“ကိုယ်၀န်ပျက်တာ ပါ ..”
“ရှင်...”
“စိုးရိမ်ရလား ဆရာမ..”
“..သွေးပေါင် ကျသွားတာ...နောက်ရက်ကျရင်တော့ ဆေးခန်းလာလိုက်ပါ လိုအပ်တာတွေ လုပ်ရမယ်...အခု.ဆေးစာတွေရေးပေးခဲ့မယ်.ဆေးပါမလာလို့..”
“ဟုတ်ကဲ့ဆရာမ..ကျွန်မ ကလေး သတိလစ်နေတာလား..”
“မှိန်းနေတာပါ..မစိုးရိမ်ရပါဘူး..”
“ဟုတ်ကဲ့..”
ဇို လက်ဖျားတွေ ဆုပ်ညစ်ခံလိုက်ရသလို ရင်ဘတ်ထဲမှာ နာကျင်ရသည်..။
.
“မာမီ..ဇို...”
“သားရယ်...”
“မာမီ ဇို..ဘာဖြစ်တာလည်း..ဟင်...ဘာဖြစ်တာလည်း..”
“မြေးလေး မရှိတော့ဘူး..”
“ဟမ်..”
ဇို စကားပြောသံတွေကြားနေရပြီး သူ မယုံနိုင်ဖြစ်နေမှာလည်း သိနေသည်..။
“ဇို..ဇို..”
“ဟဲ့...သား..မခေါ်နဲ့လေ..သူ..ပင်ပန်းလို့ အိပ်နေတာ...”
“ဘာလို့ ပင်ပန်းတာလည်း..”
“ဇို က ကိုယ်၀န်ပျက် ထားတာလေ ဟယ်..”
“ဗျာ..”
ဇို ထင်သည့် အတိုင်း သူ့ဆီက ဆို့နစ် အက်ကွဲ စွာ ထွက်ပေါ်လာတဲ့ တုန့်ပြန်သံက နှမြောတသမှုတွေပါ၀င်နေသည်..။
“မာမီ လည်း စိတ်မကောင်းဘူး..ဒါပေမဲ့ ဇို ဘာမှ မဖြစ်တာပဲ တော်လှပါပြီ..”
ဇို စကားသံတွေကြားနေရတာက ရင်ဘတ် ထဲ နာကျင်မှုကို ဖြစ်ပေါ်စေသည်..။
ဒေါ်စိမ်းမြရည် တစ်ယောက် မြေးရူးနေတာ အခုလိုသာ ပျက်စီးသွားရင် ဇို ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးပြီး တစ်ခုခု တုန့်ပြန်လာလိမ့်မည်လို့ ထင်ခဲ့တာတွေ အခုတော့ လွဲနေပြီ..။
“ဘယ်လိုနေသေးလည်း..ဇို..သက်သာရဲ့လား..”
“အင်း..”
“သမီး..ဘာဖြစ်လို့လည်း..လှဲနေလေ..”
“ဇို ကောင်းနေပါပြီ...”
“ဟယ်..နားနေပါအုံး.လား..”
“အပေါ်တက်ချင်လို့ပါ..လိုက်ပို့ပေးပါ..”
“အင်း.”
ဇိုရဲ့ တောင်းဆို မှုကြောင့် ပူးက ခပ်သွပ်သွပ် ထသလို ဒေါ်စိမ်းမြရည် ကလည်း မတားဆီးတော့ပါ..။
“သတိထားတက်.”
လှေကားကို လက်တွဲပြီး လိုက်ပို့သော .ဒီလူသားဟာ..မီးကိုးလ် ကို ရက်စက်ခဲ့တယ်ဆိုတာ ဟုတ်ရဲ့လားလို့ ဇို သံသယ ၀င်မိသည်..။
“ဇို လှဲနေနော်..”
“အမ်း..”
ကုတင်ပေါ်လှဲအိပ်လိုက်တော့ စောင်ပါးတစ်ထည် ယူလာပြီး..သေချာ ခြုံပေးသည်..။
“ပူးက မယုံနိုင်သေးဘူး ဖြစ်နေတယ်..တကယ် ရှိနေတာလား..”
“အမ်း..ဆောဒီး..”
“ဇို လက်ခံခဲ့တာကိုပဲ ပူးက ကျေးဇူးတင်ရမှာပါ..”
လက်ကို ဆုပ်ကိုင်ရင်း ပြောလာတဲ့ သူ့ စကားတစ်ခွန်းက ဇို့ရဲ့ နှလုံးသားကို အပ်နဲ့ထိုးဆွလိုက်သလို..
ဒဏ်ရာ တစ်ခုသာဆို သွေးစိမ်းရှင်ရှင် ထွက်လောက်ပါသည်..။
“ပူး..”
“ဟင်..”
“ပူး..အကို ကြီးက တစ်ခါမှ မလာဘူးနော်..”
ပူးက မဆိုင်တဲ့ မေးခွန်းတစ်ခုမေးလိုက်မိတာမို့ စဉ်းစားသလို တစ်ချက်ငြိမ်ကျသွားပြီး.အသက်ကို ရှုသွင်းခါ
“ကိုကို့ မိန်းမ ဘက်က မလာချင်လို့ပါ..သူတို့က ချမ်းသာတယ် ဂုဏ်မောက်တယ်..မာမီ က ကိုကို့ အတွက်စဉ်းစားပြီး စီစဉ်ပေးခဲ့တာပါ ဒါပေမဲ့ ကိုကို က အိမ်စေဘ၀ပဲ ရလိုက်တယ်..သူ့ကိုယ်သူ မပိုင်ဘူး.ကိုကို သနားဖို့ကောင်းပါတယ်...ပူး..အဲ့ အသိုင်းအဝိုင်းကို အရမ်းမုန်းတယ်..”
သူ့လို ကလေးစိတ်ရှိသူလေးက မုန်းတယ် ဆိုတာ ကို နာနာကြည်းကြည်း ပြောတက်နေတာလား..။
“သတင်းထွက်နေတာက ပူး ကိုကို က ဆရာမ တစ်ယောက်နဲ့ လက်ထပ်ပြီးသားဆို..”
ပူးက အံသြတဲ့ မျက်၀န်းတစ်စုံနဲ့ ဇို့ကို မော့ကြည့်ပြီး ခေါင်းညိတ်ပြသည်..။
“လက်ထပ်တာ မဟုတ်ပါဘူး..ကိုကို က အိမ်ကူ တိုးမေ နဲ့ချစ်နေတာ...မာမီသိတော့ ဒေါသထွက်ပြီး သူ့သူငယ်ချင်း သမီးနဲ့ စီစဉ်လိုက်တာ..”
“အိမ်အကူ..”
ဇို နာကျင်မှုထက် ဒီကိစ္စ တစ်ခုက ခေါင်းထဲရောက်နေတော့ ဆေးရှိန် နဲ့ အိပ်ချင်တာတောင် ပျောက်သွားသည်..။
“ဟုတ်တယ်..”
“ဆရာမ မဟုတ်ဘူးလား..မီကိုးလ်ဆိုလားတစ်ယောက်လေ.”
“အော်..ဆရာမက မာမီ့ အသည်းကျော်လေ..ကိုကို နဲ့ ကြိုက်နေရင်တောင် သဘောတူမှာပါ..ဆရာမ မီကိုးလ်က တည်ငြိမ်အေးဆေးတာ မာမီက အရမ်းချစ်တာ..တစ်သက်လုံးမွေးစားဖို့တောင် ပြောထားတာ...ဒါပေမဲ့ ဆရာမ က နှလုံးရောဂါခံရှိနေတယ်..အိမ်ပြန်ဖို့ခွင့်တောင်းလို့ မာမီ ဆေးဖိုးတွေတောင် အများကြီး ထည့်ပေးလိုက်သေးတာ..ကိုကိုနဲ့ ငြိတဲ့တိုးမေ က သပ်သပ် တစ်ယောက်ပါ..”
“ဒါပေမဲ့ ရပ်ကွက်ထဲက သတင်းထွက်နေတာ ဆရာမနဲ့တဲ့လေ..”
တစ်ခါမှ အရေးတယူ မရှိသည့်ဇို က မိသားစုကိစ္စ ကို အခုလို ဝေဒနာ ခံစားနေရချိန်မှ မေးနေတော့ သူက မယုံနိုင်သလို မျက်ခုံးတွန့်သွားပြီးမှ....။
“ဆရာမ ပြန်ပြီး ခဏကြာတော့ ကိုကို က မင်္ဂလာဆောင်တာကိုး..ဒီကြားထဲ အိမ်ကူ ဒေါ်စံပပ က မာမီ နဲ့ စကားများပြီးထွက်သွားတာ.သူကလည်း လူရှုပ်ပဲ..ကိုကို နဲ့ ဆရာမ ရပြီး ကလေးမွေးခါနီးမောင်းထုတ်တယ်လို့ လျှောက်ဖြန့်တာလေ...အဲတုန်းကဆို ရပ်ကွက်ထဲမှာ တော်တော် မျက်နှာပျက်ခဲ့ရတာ..တိုးမေ ရဲ့ ရည်းစားဟောင်း ကလည်း ပွဲလာကြမ်းသေးတယ်..တစ်အိမ်လုံး စိတ်ဆင်းရဲစရာချည်းပဲ..အဲကတည်းက မာမီက အိမ်လူ၀င် လူထွက်ကို တင်းကြပ်ပလိုက်တာ..ဘယ်သူကိုမှလည်း မယုံတော့ဘူး..တစ်ခါတစ်လေ မာမီ အလုပ်သမားတွေကို ဆက်ဆံတဲ့ ပုံစံကို ကြည့်ပြီး ပူးတောင် ကြားထဲက အားနာရသေးတာ..”
သူ ရှင်းပြတဲ့ ဇာတ်ကြောင်း တစ်ခု အဆုံးမှာတော့ ဇို သိလိုက်တာ တစ်ခုက တော်တော် လွဲနေပါပြီ..
ည၉နာရီ ဖြစ်နေပေမဲ့ ရေချိုးခန်းထဲ၀င်ပြိး ဖုန်းထုတ်ခါသတင်းမြစ်ဖျားခံရာ တစ်နေရာကို ဆက်လိုက်သည်..။
“အန်တီ မီးကိုးလ် ရန်ကုန်မှာ အလုပ်လုပ်တယ် ဆိုတာ အန်တီ့ကို ပြောလား..”
“ပြောတယ်လေ..သမီးရဲ့...”
“သူ လက်ထပ်ပြီးသားလို့ သူပြောတာလား..”
“မဟုတ်ဘူး သူ့ကောင်လေး အိမ်မှာ အလုပ်လုပ်တဲ့ မိန်းမ တစ်ယောက်ပြောပြတာ...”
“ဒေါ်စံပလား..”
“အေး..အေး..ဟုတ်တယ်..”
“မီးမီးမှာ နှလုံးရောဂါခံ ရှိတာအန်တီသိလား..”
“အယ် သိဘူး..”
ဇို ဖုန်းချပြီးတာနဲ့ ထိုင်နေချင်စိတ်တောင် မရှိတော့ပါ..
“တောက်...”
“ဇို..တစ်ခုခု ဖြစ်လို့လား..”
“အိပ်ချင်လို့ပါ..”
“အင်း..”
လူတစ်ယောက်ရဲ့ လက်လွတ်စပယ် ဘေးစကားကြောင့် အခုလိုတွေဖြစ်လာရတာ..။
ခွင့်လွှတ်ပါ ကလေးရယ်..။
“ပူး..”
“ဟင်..”
“ငါ အမှားတစ်ခု လုပ်လိုက်မိတယ်..ဆောဒီး.....”
“ဟာ.....ဇို..ရယ်..ဇို့ အမှား မဟုတ်ပါဘူး..”
စာရွက်တွေကို ခေါက်ခဲ့ပြီး ဇို့ဘေးမှာ ၀င်ထိုင်လိုက်တော့ သူ့ မျက်နှာကို မော့ကြည့်ရင်း ၀မ်းနည်းမိသည်..။
“အရမ်းနာနေတာလား..”
“....”
“ပူးရေ...”
တံခါးခေါက်နေလို့ ပူးပဲ ထဖွင့်ပေးလိုက်တော့ ဒေါ်စိမ်းမြရည် က အခန်းထဲ ၀င်လာသည်..။
“သက်သာရဲ့လား သမိး..”
“ဟုတ်ကဲ့..”
“စိတ်မကောင်းဖြစ်နေမှာပဲ.ဖြစ်တက်ပါတယ်..လာဆေး သောက်လိုက်နော်..”
ပူးက ဆွဲထူပြီး ဇို့ လက်ထဲကို မာမီ က ဆေးထည့်ပေးသည်..။
“စိတ်မကောင်းဖြစ်နေလား..”
ဇို ခေါင်းညိတ်ပြလိုက်တော့ မာမီက ဇို့ကို ပွေ့ဖက်လိုက်ချိန် ဇို ကြက်သီးထသွားရသည်..။ “အင်း..တအားကြီးမခံစားပါနဲ့ ကလေးရယ်..”
မာမီက ဇို့ကျောကို တစ်ချက်ချင်းပုတ်ပြီး ကလေးတစ်ယောက်ကို ချော့သလို ချော့ပေးနေသည်..။
ဘယ်သူရင်ခွင်ကို မှ အားမကိုးဖူးတဲ့ ဇို ...
လူကြီးတစ်ယောက်ရဲ့ ရင်ခွင်က လာတဲ့ နွေးထွေးမှုကို ပထမဆုံး ခံစားရသည်..။
“တော်ပြီ..တအားမတွေးနဲ့ ပင်ပန်းမယ်...အိပ်တော့နော်...”
မာမီက ဇို့ ပါးကို ကိုင်ပြီး အပြုံးတစ်ခုနဲ့ ပြောတော့ ဇို ခေါင်းညိတ်လိုက်ပြီး လှဲအိပ်လိုက်သည်...။
“ဇို့ အထင်လွဲခဲ့တာတွေကို ခွင့်လွှတ်ပါ..”
ဇိုပြောတာကို နားမလည်ပဲ နဲ့ နှစ်ယောက်စလုံးက ပြုံးရင်း ခေါင်းညိတ်ပြတော့ ပိုခံစားရသည်လေ..။
“သား..နည်းနည်း..သတိထားအိပ်နော်..”
“ဟုတ်..”
ပူး က ကုတင်ပေါ်မှာလှဲအိပ်ပြီး ဇို့ပခုံးပေါ် လက်တင်ရင်း..
“ဇို စိတ်မကောင်း ဖြစ်တာ အခုမှ မြင်ဖူးတယ်...”
“ရုပ်ဆိုးလို့လား..”
“မဟုတ်ပါဘူး..မခံစားနိုင်တာ..ဇို ခံစား နေတာ မကြည့်ရက်ဘူး.”
“နင် နဲ့ မာမီ့ ကို သနားလို့ပါ..”
မာမီ လို့ ပထမဆုံးခေါ်လိုက်မိလို့ ကိုယ့်ကိုယ်ကို အံသြရသည်..။
“ဇို က နောက်တစ်ခါ ကျ အမြွှာလေး မွေးပေးလိုက်ပေါ့..”
“အမ်း..”
“တကယ်လား..”
ကြည်လင်၀င်းပနေတဲ့ သူ့ မျက်နှာကို အပြုံးတစ်ခုက ထပ်ဆင့် အလှတိုးစေသည်..။
“အေး..”
“ပျော်လိုက်တာ...”
“ဟာ..”
“ဆောဒီး..ဆောဒီး..မေ့သွားလို့..”
လက်တွေကို နည်းနည်းဖြေလျော့ပေးတော့ ဇို သက်ပြင်းတစ်ချက် ချလိုက်မိသည်..။
နောက်တစ်ကြိမ်မှာ ကောင်းကောင်း ကြိုဆို ပါမယ်..
ခွင့်လွှတ်ပါ...။
…………………
အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို📖❤
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤
Love u all ❤
#စပိုက်ကာ

ESTÁS LEYENDO
Zoe
Romance"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတို့က ဦးနှောက် နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းတယ် ငါမှားသွားလား နဲ့ ငါမှန်တယ် ဆို တဲ့ စိ...