Part 13

908 72 1
                                    

Zoe
အပိုင်း(၁၃)
#ဇိုစပိုက်ကာ

“ဇိုရေ..ပစ္စည်းပို့ရမယ်..”
“အမ်း..”
ပစ္စည်း ဘုံး ပေါ်က စာရွက်ကျောဘက်မှာရေးထားတဲ့..ပို့ရမဲ့ လိပ်စာကြည့်လိုက်တာ ဇို မျက်လုံး ဝိုင်းကျယ်သွားသည်..။
အလုပ်နဲ့ ပတ်သက်ပြီး ဘာဆင်ခြမှ လည်း မပေးချင်ပါ..။
ကိုယ့်အလုပ်ကို ပြီးဆုံးအောင် လုပ်နိုင်မှ တာ၀န်ကျေမှာမို့ စိတ်တင်းရင်း လမ်းသွယ်တွေကို ကျော်ဖြတ်လာခဲ့ရသည်.။
“တီတောင်...တီတောင်...”
“ဒေါ်ညို ခြံတံခါး သွားကြည့်စမ်း..”
“နေတော့ ငါပဲ သွားတော့မယ်..”
အိမ်၀က ထွက်လာကတည်းက အန်တီမှန်း သိလိုက်ပါပြီ..
“ဘာလည်း..”
“ပစ္စည်း လာပို့တာပါ..”
“ဟဲ့..သုသုရေ..ပစ္စည်း မှာထားသလား..”
“လာ..လာ..၀င်..နေပူထဲမှာ...ဟယ်...ဇို..မလား..”
“ဟုတ်...”
အံသြနေတဲ့ သူကို ဘ၀ရှင်သန်မှု အကြောင်း သိအောင် ဇို ပြုံးပြရင်း နှုတ်ဆက်လိုက်သည်..။
“လာ...လာ...၀င်...”
“နေပါစေ..အန်တီ..ပစ္စည်း ပို့ စရာ ကျန်သေးလို့..”
“လာပါ ..”
အထုတ်အပိုးတွေကို လူကြီးတစ်ယောက်ကို မသယ်စေချင်တာနဲ့ ဇို အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
နေခဲ့ဖူးတဲ့ အိမ် ဆိုပြီး လွမ်းတဲ့ စိတ် မရှိအောင် ကိုယ့် အခြေအနေ ကို သတိပေးလိုက်မိသည်..။
“ဟဲ့..အော်....ခေါ်နေတာ မကြားဘူး..”
သုသု က သူရဲ့ ခင်ပွန်းလက်ကို ကိုင်ပြီး လှေကားပေါ်က ဆင်းလာတာတွေ့တော့ ဇို ရင်ထဲ အမည်မတပ် နိုင်တဲ့ စို့နစ်မှုကို ခံစားလိုက်ရသည်..။
မသက်သာတဲ့ ခံစားမှု တစ်ခုပါ...မမြင်မတွေ့ပဲနေရချိန် ဘ၀ တစ်ခု အတွက် မပင်ပန်းပေမဲ့...။
“မာမီ..ရယ်..မအော်ပါနဲ့...”
“ဟုတ်ပါတယ်...ရှင်...အခု ပစ္စည်းလာပို့နေလို့..”
“အော်..မမ..ထိုင်လေ..”
ဘေးက လက်တွဲ ထားသည့် သူက အံသြသလို ဖြစ်နေသည်..။
သုသု က အပြုံးတစ်ခုနဲ့ ဆီးကြို ပြောလိုက်တာ ဇို ကတော့ ရင်ထဲ အထိ ဖောက်ထွင်းမြင်နေတာ ဒါ အပြုံးစစ် မဟုတ်ပါ...။
“ပစ္စည်း ပို့စရာ ရှိလို့ပါ...ပစ္စည်းဖိုးက လေးသောင်းနှစ်ထောင်..၀န်ဆောင်ခက သုံးထောင်..ပေါင်း လေးသောင်းငါးထောင်ပါ..”
“ဒေါ်ညို ရေ ပိုက်ဆံအိတ်ယူခဲ့ပါအုံး..”
ဆိုဖာ ပေါ်က မထပဲ ပြောလိုက်တော့ ဘေးနားမှာ မတ်တတ်ရပ်နေရသူ ဇိုက အောင့်သပ်သပ် ခံစားရသည်..။
မဆိုင်ပါဘူးလေ..ဒါ. အလုပ်သပ်သပ် ပါပဲ...။
ဖုန်းထုတ်ပြီး နှိပ်နေရင်း ဒေါ်ညို ပိုက်ဆံအိတ်ယူပြီး ဆင်းလာမဲ့ အချိန်ထိ ဖုန်းစကရင် ကို သာ ဆိုက်ကြည့်နေလိုက်သည်..။
“အယ်..ဇို...”
ဒေါ်ညိုက လည်း မယုံနိုင်သလို ရှိနေပေမဲ့..ဇို ပြုံးပြ လိုက်သည်...။
“ဒီမှာ..မမ...နောက်လည်း အားပေးမယ်နော်..”
“ကျေးဇူးတင်ပါတယ်...”
ကမ်းပေးတဲ့ ပိုက်ဆံကို လက်နှစ်ဖက်နဲ့ ယူပြီးဇို အိမ်ထဲက ထွက်လာချိန် စိတ်ကို တင်းထားပေမဲ့ အားငယ်စိတ် ရှက်ရွံ စိတ်တွေက ကပ်ညှိ ပါလာရသေးသည်..။
တောက်...ရှက်ရမှာ ဘယ်သူတွေလည်း..သစ္စာ မရှိသူရဲ့ အပြုအမူတွေကြောင့် ရှက်လို့မျက်ရည်ကျစရာတော့ လိုမယ် မထင်...။
ဒီအိမ် ဒီမိသားစု ဆိုတာ ဇို နဲ့ လုံး၀ မပတ်သက်တော့ပါ...။
“တီ...တီ....တီ...”
“ဟလို...”
“ဇို ဘယ်မှာလည်း..”
“ပစ္စည်းပို့ပြီး ပြန်ထွက်လာပြီ...”
“အဲဒါဆို အပြန် မှာ ပစ္စည်း ယူပြီး ပြန်လာလို့ ရမလား..”
“အမ်း..”
“လိပ်စာ ပို့လိုက်မယ်..”
ဇို အလုပ်တွေခေါင်းထဲရောက်တော့ အတွေးစပျက်သွားရသည်..။
စံအိမ်မှာတင်  တော်တော် ကြာနေပြီလေ...။
“ကွန်ဒို အသစ်ပါလား..”
“ဟုတ်တယ် တူမရေ ဆောက်တာမကြာသေးဘူး အထဲမှာလည်း တော်တေ်ာစုံတယ်. ဦးလေးတောင် အသွားအပြန်ကြည့်နေတာ..”
“ခဏစောင့်ပါ...ဦးလေး..”
ဇို ကိုယ်ရေးကိုယ်တာကြောင့် အချိန် ကုန်သွားလို့ ကိုယ့်ပိုက်ဆံ စိုက်ပြီး..တက္ကစီ ငှားလာလိုက်ရသည်..။
“မင်္ဂလာပါရှင် ..”
“ဟုတ်ကဲ့..ဂိုက် ဒယ်လီ ပါ..”
“သြော်..ဟုတ်ကဲ့..ခဏနော်...”
၀န်ထမ်း မိန်းကလေးက ဖုန်းနဲ့ အကြောင်းကြားနေစဉ် ဇို မျက်လုံးကို အလုပ်ပေးရင်း လျှောက်ကြည့်နေမိသည်...။
“ဟင်..ဒီလူ..”
သူ လည်း မျက်နှာချင်းဆိုင် လျှောက်လာသူမို့ ဇို့ကို  တွေ့တာနဲ့ လက်က သူ့ပါးဆီ ရောက်သွားသည်..။
ကိုယ်ကို ခပ်စောင်းစောင်းလုပ်လျှောက်ပြီး လက်နဲ့ မျက်နှာကို ကွယ်ရင်း ဓာတ်လှေကားဘက် ခပ်သွပ်သွပ်လျှောက်သွားတော့ ဇို ရယ်လိုက်မိသည်..။
နှုတ်ကြမ်း...လက်ကြမ်းကို ကြောက်သွားပုံပဲ...
ဇို့ ကိုတွေ့တာနဲ့ ပါးကိုစမ်းရလောက်အောင် ရိုက်ချက်ကလည်း ပြင်းထားသည်ကိုး..။
ရုံးကို ပြန်ရောက်တော့
“ဇို ရေ..ပျိုးပင်လေးများ ဆိုတဲ့ ဂေဟာကို ပစ္စည်း ပို့ရမယ်..”
“ဟင်..”
ဇိုရဲ့ ပစ္စည်းပို့ နေတဲ့ တစ်လျှောက် မှာ အခုလို မျက်နှာ ၀င်းပ သွားတာ မမြင်ဖူးတော့ အောင်စိုးက ပါကင်ဘုံးထဲ ပစ္စည်း ထည့်နေရင်း မေးခွန်းတွေ ထုတ်လာသည်..
“ဇို  သိလို့လား..”
“သိတယ်.”
တ်ိပ်ကပ် ထားသည့် ကတ်ထူဘုံး သုံးခုကို သယ်ပြီး ကားထဲ ထည့်လိုက်သည်..။
ကားနဲ့သွားရင် ပိုကြာတက်လို့ လမ်းမှာတင် တစ်နာရီ ခွဲကျော်သွားရသည်..။
လိပ်စာ အတိုင်း ကားကို လမ်းသွယ်လေးထဲ ဖြည်းဖြည်း ဘီးလှိမ့်ရုံ ၀င်လာခဲ့တော့ ကလေးတွေ ကစားနေတဲ့ ခြံ၀န်းကျယ် တစ်ခုရှေ့ကို ရောက်လာသည်..။
“အစ်မ..ဒါ ပျိုးပင်လေးများ ဂေဟာလား..”
“ဟုတ်ပါတယ်..”
ဇို ကားကို စက်သတ်ခါ ကားပေါ်က ဆင်းလိုက်ချိန်...
“ဟာ..မမ..”
ဇို့ ကို တစ်ခါ တွေ့ဖူးရုံဖြင့် မှတ်မိခါ ခင်တက်သော မွန်လေးက ခြံထဲက ပြေးထွက်လာပြီ..
ဇို လည်း မနွယ်ကို ဒိလို တွေ့ပြီး ခင်ခဲ့တာပဲလေ...။
“မမ လာလည်တာလား..”
“ဟုတ်ဖူးကွ..ပစ္စည်းလာပို့တာ..”
“ဟုတ်လား....မွန် သယ်ပေးရမလား..”
“နေပါစေ...”
သနပ်ခါးပါးကွက်ထူထူ နဲ့ ကောင်မလေးက ဇို လုပ်သမျှ ကို ပြုံး၍
လိုက်ကြည့်နေသည်..။
ခြံထဲ ရောက်တာနဲ့..အိမ် နောက်ဖက်ကို ၀င်ပြေးပြီး ခဏကြာတော့ တီချယ် နီလာ ထွက်လာတာ တွေ့ရသည်..။
“လာ..သမီး..”
“ဟုတ်ကဲ့..ပစ္စည်းလာပို့တာပါ တီချယ်..”
“သမီး ပစ္စည်းလား..”
“မဟုတ်ဘူး..ရုံးမှာ ဒယ်လ်ဘရီ နဲ့ ပို့ခိုင်းလို့ပါ..”
တီချယ် နီလာက မျက်မှန် ကောက်တပ်ပြီး
“အော်..Ames ..ပို့လိုက်တာပဲ..ဒီကလေး....အမြဲ ဒီလိုပဲ..”
ဆရာမ က ပို့နေကျ ပစ္စည်းတစ်ခု ကို သိနေသလိုမျိုး..တိတ်ကပ်ကို ခွါပြီး စာ တစ်စောင် ထွက်လာတာ ဇို အံသြရသေးသည်..။
“ဖတ်စမ်းပါအုံး..မွန်လေး..”
မွန်လေး စာသွက်အောင် ဖတ်ခိုင်းမှန်း ဇို သဘောပေါက်တော့ စာရွက်ဖြန့်ခါ ပါးစပ်က အသံထွက်ဖို့ ရွယ်နေသော မွန်လေးကို ကြည့်ရင်း ပြုံးမိသည်...။
“မာမာ...ရေ....အမ်..ဒီ..တစ်...ပတ်....မလာ...နိုင်လို့...ခွင့် ပါ..”
“ခွင့်လွှတ်ပါ..”
“ဟုတ်...ခွင့်လွှတ်ပါ...ပ စည်း ကို..”
“ဟား..ဟား...ပေးတော့.” တီချယ်နီလာ က မွန်လက်ထဲက စာကိုယူပြီး မွန်ဘေးမှာ ထိုင်ခါ
“ပစ္စည်းကို ပို့နေကျ ဒယ်လီ က ဆက်သွယ်မရလို့ပါ ..အသစ်နဲ့ ပို့လိုက်ရတယ်....ဒီတစ်ပတ် သန့်ရှင်းရေး ကို လူခေါ်လုပ်ပါ မာမာ တစ်ယောက်တည်း မနိုင်တာတွေကို မလုပ်ပါနဲ့...အမ် ပြန်ရောက်ရင် လာခဲ့ပါအုံးမယ်...အားလုံးရဲ့ အမ်...”
စာလုံးတွေကို အမြန်ဖတ်ပြနိုင်တဲ့ တီချယ် ကို အလိုမကျစွာဖြင့် နှုတ်ခမ်းစူခါ
“မာမာ က လူကြီးကိုး..”
“အေးပါ...အေးပါ...”
“ကျေးဇုးတင်တယ်နော်.သမီး...ပို့ခပေးမယ်..ခဏ..”
“ပေးပြီးသားပါ...”
ဇို စာထဲက အကြောင်းအရာကို တွေးမိတော့...
“ဒါနဲ့ သန့်ရှင်းရေးလူလိုလား မာမာ..”
“အင်း..လိုတယ်..အ၀တ်အခင်းတွေလျှော် ရအုံးမယ်..အရင်ရက်တွေက အမ်က ကူနေတာ..သူ မရှိတော့ မာမာ တစ်ယောက်တည်း မနိုင်ဘူး...မနွဲ့ နဲ့ စု နှစ်ယောက်က ကလေးတွေနဲ့ အစားအသောက်တာ၀န်ယူတာလေ..”
ဆော့နေတဲ့ ကလေး အုပ်စုနဲ့ ဆရာမ ၀န်ထမ်း ၃ယောက် ဘယ်လိုများ ဒီဂေဟာ လည်ပတ်နေလည်း ဇို စဉ်းစားကြည့်မိသေးသည်..။
“ဇို လာ ခဲ့ပါမယ်..”
“ဖြစ်ရဲ့လား အားနာတယ်..”
“ဖြစ်ပါတယ်....”
“ဒါဆို မမ မနက်ဖြန် လာမှာပေါ့..”
“အမ်း..”
“ရေး....”
ဇို အဖြေကို ကျေနပ်သဘောကျစွာ ပျော်နေသော မွန်လေးကို ကြည့်ရင်း ဇို လည်း လိုက်ပြုံးမိသည်..။
ရုံး ကို ပြန်ရောက်တော့  ဇို ပို့ရမဲ့ စာရင်းတွေကို ပြီးအောင် စစ်နေလိုက်သည်..။
“တီ..တီ...တီ....”
မက်ဆေ့ ၀င်လာတော့ ကြည့်လိုက်တာ မေ့တောင် နေပြီဖြစ်တဲ့ ဘိန်းစား စုံစမ်းရေးသမား..
“ဇို အအေးဆိုင် မှာစောင့်နေတယ်..လာခဲ့ပါ..သတင်းထူးပါတယ်နော်..”
သူ့ကို ခိုင်းထားတာ လွန်ခဲ့တဲ့ ၄ လ ကပါ အခုမှ သတင်းထူးတယ်ဆိုတော့ ဘာထူးမှာ မို့လို့လည်း..။
ဇို စာရင်း ပြန် စစ်နေတာ မက်ဆေ့ က ထပ်၀င်လာပြန်ပြီ...။
“ကျစ်..”
ဒီကိစ္စက လည်း အပြီးဖျက်ရမယ်...တွေးရင်း အောင်စိုး ကို ခွင့်တောင်းပြီး ထွက်လာခဲ့လိုက်သည်..။
“ဟဲ..ဟဲ...လာ..ဇို.....လမ်းပိတ်လို့ဖြစ်မယ်...ကြာနေတယ်နော်..”
“လမ်းမပိတ်ဘူး..မလာချင်လို့ ကြာနေတာ..”
“ဟား..ဟား...ပေါ်တင်ပဲ..အဲဒါကြောင့် ဇို ဖြစ်နေတာ...”
“လိုရင်းပြော..”
“...ဇို စုံစမ်းခိုင်းထားတာ့ရပြီ..”
“နင့် ကို ငါ လွန်ခဲ့တဲ့ လေးလက ခိုင်းထားတာ..အခုမှ ရတော့ ဘာသွားသုံးစားရမှာလည်း..”
“အချိန်ကြာတော့ သတင်းပိုစုံတာပေါ့..ဟဲ..ဟဲ..”
“နင်တွေ့တဲ့အတိုင်းပဲ အခု အခြေအနေ မှာ နင် သတင်းလာပေးတောင် အရင်လို ၅သောင်း မပေးနိုင်တော့ဘူး.ပြီးတော့ နင် ယူလာပေးတဲ့ သတင်းကလည်း ငါ့အတွက်အသုံးမ၀င်တော့ဘူး...”
“ဟာ..ဇို စုံစမ်းခိုင်းလို့ စုံစမ်းပေးရတာလေ...ငွေရေးကြေးရေး အဓိက မဟုတ်ပါဘူး..အချင်းချင်းတွေပဲ ၂သောင်းပဲပေး  ရတယ်..”
ဇို ဘောင်းဘိနောက်အိတ်ထဲက ခေါက်ပိုက်ဆံ အိတ်ကို ခုံပေါ် ပစ်တင်လိုက်သည်..။
“ကြည့်..”
“ဟား..ဟား..”
ပိုက်ဆံအိတ်ကို ကောက်.ယူပြီး ဖွင့်ကြည့်ခါ ခေါင်းယမ်းရင်း.
“တသောင်းငါးထောင် ငါးရာ ပဲ ရှိတယ်..”
“အေး..တစ်သောင်း .ယူနိုင်ရင် ယူသွား ငါ ခိုင်းထားမိတာမို့လို့နော်..နင် အသုံးမလိုတဲ့ ငါလည်း အသုံးမ၀င်တဲ့ အဲဒီ့ သတင်းကိုပေးခဲ့..မဟုတ်ရင်ဒိုးတော့ ငါ အလုပ်ကလာခဲ့တာ..”
“အရက်သမား သူ မိန်းမ နဲ့ စကားပြောတာကြီးကို ကျွန်တော်က ဘယ်မှာ သွားသုံးရမှာလည်း..အင့်..”
စားပွဲပေါ်ရောက်တာတဲ့ ကော်ဘူးသေးသေးထဲက မမ်မိုရီကဒ်ကို ထုတ်ကြည့်လိုက်သည်..။
“ဟ..1GB တစ်သောင်း တန်တယ်နော်..”
“ဇိုကလည်း..ဟဲဟဲ..သာတယ်နာတယ်..မတွေးပါနဲ့ အချင်းချင်းတွေပဲဟာ..နောက်တစ်ခါလိုလည်းပြောနော်..ကျွန်တော် အချိန်မှီ ကူညီပေးမယ်..”
“နင်တို့နဲ့ ပတ်သက်ဖို့ အစီအစဉ် မရှိတော့ဘူး.”
“စိတ်တောင်ကောင်းဘူး.”
စကားပြောရင်း မမ်မိုရီကဒ်ကို ဖုန်းထဲ ပြောင်းထည့်လိုက်သည်..။
“ပြန်မယ်..”
နှစ်လမ်းကျော်မို့ လမ်းလျှောက်ပြန်လာရင်း နားကြပ်ထိုးပြီး ကဒ်ထဲမှာပါတဲ့အသံဖိုင်ကို နားထောင်လာခဲ့လိုက်သည်..။
ပထမဖိုင် မှာ အရက်သမား အသံမို့ စိတ်၀င်စားစရာမရှိ..
ဒုတိယ ဖိုင် နားထောင်နေရင်း ကြားလိုက်ရတဲ့ စကားကြောင့် ဇို ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားမိသည်..။
.
“ဇို...ရေ...”
“ထမင်းစားတော့မယ်လေ..”
“စားနှင့်ပါ..အောင်စိုး..ငါ မဆာသေးလို့..”
“ပျင်းစရာကြီး...”
အောင်စိုးက ဇို့ ခုံနားကို ကပ်လာပြီး...
“ဇို ဘာတွေ လုပ်နေလည်း..”
“မနေ့က စာရင်း ပြန်စစ်နေတာ...”
“ဟူး...”
“ထမင်း အရင်စားရအောင်..”
“ငါ မရှိလည်း နင် စား နေတာပဲ..ဘာဖြစ်နေတာလည်း..”
“နှစ်ယောက်ဆိုတော့ ဟင်းစုံ လို့ပါ ဗျာ....”
အောင်စိုး စကား အသွားအလာကို မနှစ်သက်ပေမဲ့ ဇို ပြန်ပြောမနေတော့ပဲ စာရင်း တွေသာ တိုက်ကြည့်နေလိုက်သည်..။
“ဇို က အလုပ် ကြိုးစားတာပဲ..အခုလို အလုပ်ထက် ကိုယ်ပိုင် အလုပ်ဆို ပိုအောင်မြင်မှာနော်..”
မနက်ဖြန် ဂိတ်ချရမဲ့ ပစ္စည်း စာရင်း တွေကို ကူးရေးနေရင်း အောင်စိုးစကားကို ထောက်ခံမိသည်..။
“ငါလည်း လုပ်ချင်တာပေါ့..ဒါပေမဲ့ ဒီ အလုပ်က သေချာနေတာ..နောက်တစ်ခု လုပ်ဖို့လည်း အချိန်မရှိဘူး.”
“အွန်လိုင်းရှော့ ကို ရာခိုင်နှုန်း နဲ့ လုပ်မလား..”
အောင်စိုးက အားတက်သရော ပြောနေတော့ ဇို လက်ထဲက စာရွက် ကို ချလိုက်ပြီး အာရုံ စိုက်လိုက်ရသည်..။
“ကျွန်တော့် အစ်မ က ပလက်တီနမ် ဆိုင် ဖွင့်ထားတာ...သူက ရောင်းအားတက်အောင် ကော်မရှင် စား တစ်ယောက်လောက် လိုချင်တယ်တဲ့..”
“ငါမှ ရတနာ အကြောင်းတွေ နားမလည်တာ..”
“နားလည်စရာလည်း မလိုပါဘူး...အွန်လိုင်းမှာရောင်းရမှာ...တစ်ခုရောင်းရရင် တစ်ထောင်...အဲလို သူပေးတာ ရမှာ..”
ဇို မျက်ခုံး ပင့်တက်သွားရသည်..။
တစ်နေ့တည်း ဆယ်ခုရောင်းရရင် တစ်နေ့ တစ်သောင်း သေချာနေပြီ..။
“နည်းနည်း စိတ်၀င်စားတယ်..”
“အိုကေ..”
အောင်စိုးက သူခုံကို ပြန်ပြီး အံဆွဲထဲ မွှေနှောက်ရှာခါ ပြန်လာတော့ လက်ထဲမှာ လိပ်စာကဒ် တစ်ခုပါလာသည်..။
“ဒီမှာ ကျွန်တော် လည်း ပြောထားလိုက်မယ်..”
“သင့်ခ်ယူ..”
လက်ထဲ ရောက်လာသည့် လိပ်စာကဒ် အဖြူရောင်လေးမှာ ရေးထားသည့် စာလုံးမဲမဲ လေးတွေကို သာ စိုက်ကြည့်နေမိသည်..။
“ဒါနဲ့ တနင်္ဂနွေ အားရင် ကျွန်တော် နဲ့ သွားမယ်လေ..”
“ငါ မအားဘူး..”
“ဘာလို့လည်း..ရည်းစားနဲ့ ချိန်းထားလို့လား..”
အောင်စိုးက အတူ အလုပ်လုပ်လာတာ ကြာလာတော့ စပ်စုတာလား ရင်းနှီးမှု ကြောင့်လားမသိ သူ့မျက်၀န်းတွေကို ခန့်မှန်းလို့ မရပေမယ့် အရှင်းဆုံးနေဖို့ ဇို ခေါင်းယမ်းရင်း..
“မဟုတ်ဘူး..ငါ့ ယောင်္ကျား နဲ့သွားစရာ ရှိလို့ ..”
“ဟင်..ဇို က ယောင်္ကျား ရှိတယ်လား..”
“အမ်း..”
“မနောက်ပါနဲ့ ...မယုံပါဘူး.”
မယုံပါဘူးကြွေးကြော်နေသော်လည်း အရောင်မှိန် ကျသွားတဲ့ မျက်လုံးတွေကြောင့် ဇို စိတ်သက်သာ ရာ ရသွားရသည်..။
ညနေရုံးဆင်းတာနဲ့ အောင်စိုး ရဲ့ အမ နဲ့ တွေ့ဖြစ်ပြီး အလုပ်လက်ခံလိုက်မိသည်..။
အလုပ်နှစ်ခုလုပ်ရတာ မလွယ်ပေမဲ့ ရောင်းအားနဲ့ အတူ ပိုက်ဆံရနေတော့ လခစားထက် ပို ကောင်းပါသည်..။
“တီ..တီ...တီ...”
ဇို ဆွဲကြိုး ဒီဇိုင်းလေးတွေ အင်တာနက်မှာ ရှာနေချိန် အထိုင် ဖုန်းက ၀င်လာလို့ ကောက်ကိုင်လိုက်သည်..။
“ဟလို..ဂိုက် ဒလ်ရ်ဘရီ ဆာဗစ် မှ ကြိုဆိုပါတယ် ရှင်..”
“ဟုတ်ကဲ့..ကျွန်တော် ပစ္စည်း ပို့ချင်လို့ပါ..”
“ဘယ်လိုမျိုး ပို့ချင်တာလည်း ရှင်..”
“မဟုတ်ဘူး ခင်ဗျ..”
ဇို ဖုန်းပြောနေရင်း မျက်ခုံး တွန့်တက် သွားရသည်..သူပဲ ပစ္စည်း ပို့ချင်တယ်..ပြီးတော့ မဟုတ်ဘူးတဲ့..တစ်ဖက် က ယောင်္ကျားလေး အသံ ဖြစ်နေတာ က ပို ခံရခက်သည်..။
နောက်နေမှန်း မသိ ..အတည်မှန်း မသိ..။
“ဘယ်လိုမျိုး ကို ပြောတာလည်း ရှင်..”
“ကျွန်တော် က မအားလို့ ပစ္စည်း ၀ယ်ပြီး ပို့ပေးပါလား. ပိုက်ဆံလွဲပေးပါမယ်.”
“အော်..ဟုတ်ကဲ့..ရပါတယ်...ဘာပစ္စည်းလည်းဆိုတာရယ်..ဘယ်ကို ပို့ရမလည်း ဆိုတာ ရယ် တစ်ချက်လောက်ပြောပေးပါနော်..”
“ဂေဟာက ကလေးတွေ အတွက် စောင် ၀ယ်ပေးချင်လို့ပါ..ပို့ရမှာက ပျိုးပင်လေးများ ဂေဟာကိုပါ..”
“ဟင်..”ဇို မထင်ထားတဲ့ နေရာ တစ်ခုမို့ အံသြသွားရသည်. အပတ်တိုင်း ဂေဟာ ကို လုပ်အားပေးသွားနေပေမဲ့ တီချယ် နီလာ ပြောသံလည်း မကြားမိပါဘူး..
ဂေဟာ အတွက် အမြဲ ကူညီနေတဲ့ Ames (အမ်) ဆိုတာလား...
“ရမလား ..ခင်ဗျာ..”
“..ဟုတ်ကဲ့ရပါတယ်...”
“ဒါဆို ကျွန်တော် ငွေ ဘယ်လောက်လွဲရမလည်း..”
“ဒါ က အမျိုးအစားပေါ်မူတည်ပါတယ်..”
“ကလေးတွေနဲ့ သင့်တော်မယ့်ဟာမျိုး ၀ယ်ပေးပါနော်..အရင်ဒယ်လီ ကတော့ ၀ယ်နေကျမို့ သိနေတာ..ကျွန်တော်လည်း မ၀ယ်ဖူးတော့ မသိဘူး.ဖြစ်နေတယ်..”
“ဟုတ်ကဲ့ ရပါတယ်...ခန့်မှန်းခြေ ထွက်ပြီး ပြန်ပြောပါမယ်..၀န်ဆောင်ခ အနေနဲ့ ၃ရာခိုင်နှုန်းပေးရပါမယ်..ပို့ပေးခ သပ်သပ်ပေးရပါမယ်..”
“ဟုတ်ကဲ့ပါ..တစ်ချက် ဖုန်းပြန်ခေါ်ပေးပါနော်...”
“ဟုတ်ကဲ့..”
တီချယ် နီလာ ပြောတဲ့ ဆရာ အမ် ဆိုတာ များလား..။
ဇို  လုပ်အားပေးတဲ့ နေ့က စောင်တွေ ဟောင်းနေလို့ စိတ်မကောင်း ဖြစ်မိသေးသည်..။
ဒီနေ့  ပို့ရမဲ့ ပစ္စည်းတွေက များတော့ ကျော်ပိုင်သွားပို့နေတာ ပြန်မလာသေး..
သူ ပြန်မလာသရွေ့ ဇို လည်း အပြင်ထွက်ရမယ်..မထင်...။
“ဇို..”
“အောင်စိုး...ကျော်ပိုင် ပြန်မလာသေးဘူးလား..”
“ဒီကောင် မိုးချူပ်မှာ ထင်တယ်..”
“ကျစ်..”
ဇို့ ရဲ့ အလို မကျမှု တစ်ခုကို အောင်စိုးက ရိပ်မိသွားပြီး..
“ဘာဖြစ်လို့လည်း ဇို..”
“ဒီမှာ ဂေဟာ အတွက် ပစ္စည်း ပို့ဖို့ မှာလို့လေ..စျေးစုံစမ်းရအုံးမယ်..”
ဇို က ညည်းတွားသလို ပြောလိုက်မိပေမဲ့ အောင်စိုး မှာ ရယ်နေနိုင်သေးသည်..။
“ဘာလည်း..”
“မဟုတ်ပါဘူး..ဇို က ဂေဟာသွားဖို့ ဆို တစ်မိနစ်တောင် မဆိုင်းချင်ဘူး..”
ဇို မျက်နှာကို ခပ်တည်တည် အနေအထားရောက်အောင် ပြင်လိုက်ပြီး..
“ဂေဟာ.မှ မဟုတ်ဘူး..ပို့တဲ့ ပစ္စည်း တိုင်းကို အချိန်မှီ ရောက်စေချင်တာ...အချိန်မှီ မရောက်ရင် ငါ့ တာ၀န်မကျေသလို ခံစားရလို့..”
“ဟုတ်ပါတယ်..နောက်လိုက်တာကို တကယ်ကြီး တင်းပြနေတာ..ကြောက်လိုက်တာ...”
အောင်စိုးက ရယ်ကြဲကြဲ နဲ့ ပြန်ပြောမှ ဇို မျက်နှာ ထားကို တစ်ထစ်လျော့ချလိုက်ရသည်..။
“ဟူး ပူလိုက်တဲ့နေ..”
ကျော်ပိုင်က လွယ်အိတ်ကို ဖြုတ်ချပြီး ဦးထုတ်ချွတ်ခါ ညည်း ပြောလိုက်တော့
“အဲကွန်းထဲ ခဏနေလိုက် ငါ သွားအုံးမယ်..ဂေဟာ အတွက် ဖုန်းလာရင် ပြန်လာမှ ပြောမယ်လို့ ပြောလိုက်...”
“အိုကေ..ဟူး..”
ကျော်ပိုင်က ဖုန်းခုံမှာ ၀င်ထိုင်လိုက်ချိန် ဇို က နေပူထဲ တစ်ခါ ထွက်ရပြန်သည်..။
ဇို မားကပ်တွေမှာ လိုက်ရှာပြီး အဆင်မပြေမှ ပလာဇာ ကို သတိရတော့ တစ်ခေါက် ပြေးရပြီ..
ပေါ့ပေါ့လေးနဲ့ နွေးမဲ့ စောင်မျိုးကို လိုက်ရှာတော့  ခြောက်ထောင်တန် ပဲ အနိမ့်ဆုံး တွေ့ရသည်..
ဂေဟာမှာက သုံးဆယ်ဆို ၀ယ်ပေးတဲ့သူတော့ အဆင်ပြေပါ့မလား တွေးမိပြန်၏..။
ရုံးခန်း တစ်ခေါက်ပြန်ပြီး ဖုန်းစောင့် နောက်နေ့ ၀ယ် ငွေလွဲ ထုတ်နဲ့ လမ်းမှာတင် ငါးခြောက်ဖြစ်မည့် အရေး ကြိုတွေးမိတော့ ဇို ခေါင်းထဲ မှာ အစီအစဉ် တစ်ချို့ ပေါ်လာပြီး ကျော်ပိုင် ဆီ ဖုန်းခေါ်လိုက်သည်..။
“ကျော်ပိုင်ရေ..မီမို ထဲမှာ ထည့်ထားတဲ့ ဖုန်း နံပါတ် ပို့လိုက်..”
“အမ်း ခဏ..”
“ရောက်လား..”
“အိုကေ..”
ကျော်ပိုင် ဖုန်းကို ချပြီးတာနဲ့ တစ်ဆက်တည်း ဖုန်းနံပါတ် အသစ်ကို ခေါ်လိုက်သည်..။
“ဟလို..”
“ဟုတ်ကဲ့..ကျွန်မ စောစောက ဖုန်းပြောထားတဲ့..ဒလ်ရ်ဘရီ ဆားဗေ့ ကပါ.”
“သြော်..ဟုတ်ကဲ့..ပြောပါ..”
“စောင်က ခြောက်ထောင်တန် ဖြစ်နေတယ်..ရမလား..”
“ရပါတယ်...အရင် အကောင့်ပဲ ငွေလွဲ လိုက်မယ်နော်..မြန်မြန်လေးတော့ လုပ်ပေးပါ အစ်မ ကလေးတွေ အဆင်မပြေမှာ စိုးလို့ပါ..”
“ဟုတ်ကဲ့ စိတ်ချပါ..”
အရင် တစ်ခေါက် က ကျော်ပိုင်မှာ အကောင့်မရှိသေးလို့ ဇို အကောင့်ပေးထားတာ တော်ပါသေး..မဟုတ်ရင် ရုံး တစ်ခါ ပြန်ရအုံးမည်..။
ဇို စောင်တွေ ၀ယ်ပြီး တာနဲ့ ဂေဟာ တန်းပို့ပေးလိုက်သည်...။
“မမ လာရင် မွန်တို့ အတွက် ပစ္စည်း အမြဲ ပါလာတာပဲနော်..”
ရိုးသားတဲ့ ကလေး အတွေးနဲ့ အပြောကြောင့် ဇို ရင်ထဲ ဆို့နစ် သွားရသည်။
.တကယ်ဆို လိုအပ်ချက်တွေ ကို ကိုယ်တိုင်သိနေတာပဲ ကိုယ်တိုင် ဖြည့်ဆည်းပေးချင်ပေမဲ့ မတက်နိုင်သည့်ဘ၀တစ်ခု ကို ပိုင်ဆိုင်ထားရသူလေ..။
ဇို စိတ်မကောင်းဖြစ်လာလို့ ခြံထဲ ဝေ့ကြည့်လိုက်ရင်း  ဒန်းဆင်ထားတာတွေ့တော့
“ဟား..တယ်ဟုတ်ပါလား..ဒန်းတွေဘာတွေနဲ့...”
“ဟုတ်တယ်...ဟုတ်တယ်...ဆရာ အမ် လုပ်ပေးတာ...မွန်လေးတို့ ပူဆာလိုက်လို့ လုပ်ပေးတာ..”
တက်ကြွစွာ ပြောလာသည့် ကလေးတွေကို ငုံ့ကြည့်လိုက်ပြီး ဇို ရယ်ရင်း
:”ဝိုး..ဒါကြောင့် နင်တို့ ဆရာအမ် ကိုချစ်နေတာပဲ..”
“ဒန်းမ၀ယ်ပေးလည်း..ဆရာက ချစ်ဖို့ကောင်းပါတယ်..”
“ဆရာက ပြောတယ်..ဆရာမ ဇို ကို တွေ့ဖူးချင်တယ်တဲ့..”
“ဟမ်..ဘာလို့..”
“စံပယ်ပြောလိုက်တာ..”
အလယ်တစ်ယောက်က လက်ထောင်ပြီး ပြောတော့ ဇို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး...
“နင်က ဘာတိုင်ပြောလို့လည်း..”
“ဟာ..တိုင်ပါဘူး..ဆရာ က အိပ်ယာအခင်းတွေ အများကြီးပဲ ဘယ်သူလျှော်ပေးတာလည်း မေးလို့ပါ..”
“ဆရာမ ဇို လျှော်ပေးတာပြောလိုက်တော့ ဆရာက ကျေးဇူးတင်ပါတယ်ပြောပေးပါတဲ့..”
“အဟား...ကျေးဇူးတင်တယ် ဆိုပြီး ဘာမုန့်မှလည်း မကျွေးဘူး..”
“မနေ့ကတောင် ဆရာလာသေးတယ်..ဆရာမ ဇို မလာဘူးလား မေးနေသေးတယ်..”
“ဟုတ်တယ်..ဇို က ဘာလို့မလာလည်း..မနေ့က လာရင် မုန့်စားရမှာ..မနေ့က ဆရာ ရေခဲမုန့်၀ယ်လာတယ်”
“နင်တို့တိုင်ထားတော့ ကြောက်လို့ မလာရဲတာပေါ့.”
“ကြောက်ပါနဲ့..ကြောက်ပါနဲ့.....ဆရာ က ကြောက်ဖို့ ကောင်းပါဘူး..”
၄နှစ်ကျော်ကျော်သာ ရှိသေးသည့် ကောင်လေး က လက်ကို ခါရမ်းရင်း သေချာ အားပေးနေတော့
“ဟား..ဟား...ဟုတ်ပါပြီ..ဆရာ့ ဘက်တော်သားလေးတွေရယ်...”
“ဒီမှာလေ...ရေကန်လည်း ၀ယ်လာပေးထားတယ်..”
စံပယ် က ပြေးပြီး အဆောင်နောက်ကို လက်ညိုးထိုးပြနေတော့ ကလေးတွေ ကျေနပ်သွားအောင် လိုက်သွားကြည့်ပေးလိုက်သည်.။
အဆောင်နောက်မှာ အသစ်ဆောက်ထားပုံရသည့် အမိုးအောက်မှာ လေထိုး ကန်ကြီး ထဲ ရေဖြည့်ပေးထားတာ..ဇို ငယ်ငယ် က ရေကူးကွင်းလေးတွေ လက်ဆောင်ရတာကို သတိရမိသည်..။
“အင်း...ဆရာ က နင် တို့ကို တော်တော်ချစ်တာပဲ..”
“ဆရာက လိမ်မာတဲ့သူ အားလုံးကို ချစ်တယ်တဲ့..”
“ဇို လိမ်မာရင် ဇို့လည်း ချစ်လိမ့်မယ်..”
“ဟား..ဟား..ငါ က မလိမ်မာဘူးကွ..အဲတော့ ဆရာ ချစ်မှာ မဟုတ်ဘူး..”
“ဒါဆို ဇို လိမ်မာလိုက်ပေါ့...ဆရာ ချစ်ရင် အရုပ်တွေလည်း ရမယ်..မုန့်လည်း စားရမယ်..”
“ဟုတ်တယ်..”
“ဘယ်ရောက်သွားလည်းလို့ ဒီမှာလာပြီး ဇို့ ကို ကြွားနေတာပဲ..”
“ဟုတ်တယ်..မမစု ရေ..သူတို့ ဆရာ က သူတို့ကို  ၀ယ်ပေးတာတဲ့..”
“ဟား.ဟား..သွားသွား မာမာ ခေါ်နေပြီ..ခြေထောက်ဆေးပြီး အဆောင်ထဲ၀င်..”
“ဟုတ်..”
အားလုံး အဆောင်ဘက်  ပြန်ပြေးတော့ ဇို လည်း ပြန်ထွက်လာခဲ့လိုက်သည်..။
“အမ် နဲ့ ဇို မဆုံသေးဘူးနော်..”
“အင်း...မဆုံဖူးပေမဲ့ ကလေးတွေ ပါးစပ်ထဲမှာတော့ ဆရာ့ နာမည်ချည်းပဲ..”
“အမ်  ဒီကျောင်းကိုသိတာ မကြာသေးပေမဲ့ ကလေး အားလုံးနဲ့ ရင်းနှီးသွားတာပဲ...ပရဟိတ အခံစိတ် ရှိတယ် ပြောရမယ်..အလုပ်က အားတာနဲ့ ကျောင်းမှာ လာကူပြီး လိုအပ်တာတွေလည်း တစ်ခုပြီး တစ်ခု လုပ်ပေး နေတော့တာပဲ...”
“သူလို လူ တွေ များရင် ကောင်းမယ်..”
ဇို စဉ်းစားရင်းပြောလိုက်မိတာကို မမစုရယ်ရင်း..
“ဟား...ဟား...ဒီ နှစ်ယောက်ကတော့..”
“ဟင်..”
“ဟိုနေ့က  ဇို က အလုပ်တစ်ဖက်နဲ့ ရောက်ချလာပြီး ဒီကအလုပ်တွေပါ သိမ်းကျုံးလုပ်တော့တာပဲလို့. မာမာ ပြောတော့ အမ် ကလည်း ဇို့လိုပဲ ပြောတယ်..”
“ဇို့ လို လူတွေ များရင် ကောင်းမှာပဲတဲ့လေ..”
ဇို ရယ်လိုက်ရင်း နာရီ ကြည့်ခါ
“ဇို  ပြန်အုံးမယ်..တနင်္ဂနွေ လာခဲ့မယ်..”
“အင်း..”
ဇို တက္ကစီ ပေါ် ပြန်တက်တော့ ပြတင်းပေါက် ကနေ လက်ပြရင်း ကျန်ခဲ့သည့် ကလေးတွေက မျက်၀န်းထဲမှာ မပျောက်..
ကိုယ့်သွေးမှ ကိုယ့်သားဖြစ်လာမှာလား...။

。☆✼★━━━━━━━━━━━━★✼☆。
ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏

ဘယ်လိုတွေဆက် ရေးရမလည်း😭
ကိုယ်ဖတ်တာတောင်ရှုပ်ပြီးမကောင်းဘူး ဖြစ်နေတယ် 💔😭
မင်းသားလည်း မရွေးတက်ဘူး 😭
မရေးတက်တော့လို့ ရပ်လိုက်ရင်
ကောင်းမလားတွေးနေတာ🙏
နောက်တစ်ပုဒ် အသစ်ရေးရင်ကောင်းမလားဟင်💔😭💔
မနေ့ကဖြစ်သည် 😁🙈
❤💪😭📖
🙈မနေ့ကမရေးတော့ဘူးတွေးတယ် ညကျမနေနိုင်လို့ ထပ်ရေးတယ်
စာရေးသူစပိုက်ကာ လည်း ဇို့ကို မနိုင်ဘူး 😍

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now