Part 23

1.2K 69 1
                                    

Zoe
အပိုင်း (၂၃)
#ဇိုစပိုက်ကာ

“ဟယ် ဇို မအိပ်သေးဘူးလား..”
ခိုင်ခိုင် က တရေးနိုးလာပြီး ဇို့ အခန်းထဲက မီးမှိတ်ပေးဖို့ ၀င်လာချိန် ဇို ထိုင်နေတာတွေ့တော့ အနားလျှောက်လာသည်..။
“နင် ငိုနေတာလား..”
ဇို မျက်နှာလွဲလိုက်ပြီး မျက်ရည်တွေသုတ်ပစ်လိုက်သည်..။
“ဘာလို့လည်း..ဟာ..အမ် နဲ့ ရန်ဖြစ်လို့လား...”
“ဟုတ်တယ်...”
“ငါ့သူငယ်ချင်းကို ဒီကောင်ဘာပြောလည်း..ပြောစမ်း..”
ဇို ဖြစ်ပေါ်လာတဲ့ ပြသာနာတွေကိုတွေးရင်း ရင်ထဲက နာကျင်တာတွေ သက်သာသွားအောင်..
ခိုင်ခိုင်လည်း စိတ်ပူတာလျော့သွားအောင် မျက်နှာတင်းခါ.
“ယောင်္ကျားတွေ တစ်ယောက်မှ မကောင်းဘူး အားလုံး တူတူပဲ..”
“အယ်...ဘာဖြစ်လာတာလည်း..”
“နင်တို့ကြောင့်..နင်တို့ မကောင်းလို့ အဲလိုတွေ ဖြစ်လာတာ...”
“ကျွန်မ တို့ကြောင့်..ဟုတ်လား....ဘာဆိုင်လို့တုန်း..”
“ဆိုင်တယ်..ဆိုင်တယ်..နင်တို့ အတင်း ဒိတ်ခိုင်းလို့ အခုလိုတွေ ဖြစ်လာရတာ..”
“အခု အမ် နဲ့.ဘာဖြစ် လို့လည်း..”
“လက်ထပ်ဖို့ပြောလို့ လမ်းခွဲလိုက်ပြီ..”
“ဟေ..”
ခိုင်ခိုင်ရဲ့ အံသြတဲ့ အာမေဋိတ်သံကို လည်း ဂရု မစိုက်စွာကျောခိုင်း လိုက်ပြီး ထလာတော့ ခိုင်ခိုင် က အပြေးလိုက်လာပြီး လက်ကို ဆွဲထားသည်..။
“နေပါအုံး..”
“ငါ မငိုဘူးခိုင် ငါ လုံး၀မငိုဘူး..ငါရဲ့ အားနည်းချက်တွေကြောင့် ငါ့ ဘ၀ကို အားငယ်ပြီး ငိုရတာ ပင်ပန်းနေပြီ..မငိုချင်တော့ဘူးဟာ....မိဘမဲ့ တစ်ကောင်ကြွက် တစ်ခုလပ် အမြုံမ..ဟာ...ငါ့ဘ၀က ဘာလည်းဟာ...ဘာတွေလည်း....အဟင့်....ဟီး...”
“မငိုဘူးဆို..”
ခိုင်ခိုင် က ဇို ခေါင်းကို ဖက်ပြီး အားပေးလိုက်တော့  ခိုင်ခိုင် ပခုံးမှာ မျက်နှာဝှက်ရင်း ရှိုက်ငိုနေမိသည်..။
“ခေါင်းတွေ ကိုက်နေအုံးမယ်..ဟာ...”
“သူ က ကလေး ချစ်တယ်..”
“လူတိုင်း ချစ်တာပါဟ...”
“ငါ ..ရင်ထဲမှာ မွန်းကြပ်နေတယ်...အရမ်းခံစားရတယ်ဟာ...ပူးနဲ့ ဝေးတုန်းက..ငါလေ..မာနနဲ့ ခံပြင်းတာပါ..အခု တော့ ငါ့ အသည်းတွေက နာနေသလိုပဲ...သူ့ကို အရမ်းသနားတယ်..ငါ့အားနည်းချက်ကို ကြားပြီး သူ ထားခဲ့မှာစိုးတယ်...အနစ်နာခံပြီး ငါ့ကို လက်ခံလိုက်မှာကိုလည်း သနားတယ်...ငါ ရူးတော့မယ်ဟာ.....”
ဇို ခံစားချက် အတိုင်း  မျက်ရည်စီးချောင်းတွေကို လွတ်လပ်စွာ စီးဆင်းခွင့် ပြုရင်း ခိုင့် ကို ရင်တွင်းဝေဒနာ ပြောပြနေမိသည်...။
ခိုင် ကတော့ ဇို့ ဆံပင်တွေကို သပ်တင်ပေးပြီး ကျောကို ပုတ်ရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းက...
“နင် ချစ်တက်သွားပြီ..ဇို...”
အရင် အချိန်တွေဆို ပြန်ငြင်းမိမှာပါ..ခိုင်ခိုင်ကို ရင်ဖွင့်နေရသူမို့ ဇို ခေါင်းညိတ်၀န်ခံမိသည်..။
“ဟုတ်တယ်...ငါ သူ့ကို ချစ်မိမှာစိုးလို့ ရှောင်ခဲ့ပါတယ်..ကိုယ့်အားနည်းချက်ကို နှလုံးသွင်းပြီး သူ့ကို မြင်တိုင်း တစ်နေ့ဝေးရမှာလို့ သတိတွေပေးခဲ့တယ်...ဒါပေမဲ့ ဟာ...ငါ...ငါ...တားဆီးနေတဲ့ကြားက..ချစ်မိသွားတာ..”
“အမ်က နင့်ကို တကယ်ချစ်တာ..ငါတို့လည်း သိပါတယ်...နင် ဖွင့်ပြောလိုက်ပါလား..”
ဇို ခေါင်းကို တွင်တွင်ရမ်းရင်း မျက်ရည်တွေ စီးကျလာရပြန်သည်..။
လူတစ်ယောက်ကို ချစ်မိတာ ဒီလောက် ခံစားစရာလိုလား...။
“ငါ မပြောရဲဘူး..အဲဒီစကားကြားရလို့ ပြောင်းလဲသွားမဲ့ သူ့မျက်နှာအမူအရာ ကို ငါ မကြည့်ရဲဘူး..ဟာ...ငါမှားတာ...ငါ မချစ်ခဲ့သင့်ဘူး..အခု ရူးတော့မယ်..သူလက်ခံရင်လည်း ငါ သူ့ကို သနားရမယ်..သူလက်မခံရင် လည်း ငါ နာကျင်ရမယ်..ငါ အရင်အတိုင်း နေခဲ့သင့်တာ..ငါ့ဘ၀မှာလေ..သူနဲ့တွေ့ခွင့်ရလို့ စိတ်ထဲပျော်ခဲ့ရပေမဲ့...အခုတော့ တွေ့ခွင့်ရခဲ့တာ နောင်တရနေပြီ...”
“ဇိုရယ်...နင်က အရမ်းတွေးလွန်းတယ်..လူ တစ်ယောက်ကို သံယောဇဉ် ဖြစ်ပြီဆို သူ့ အတွက်ချည်းပဲ နင်တွေးတော့တာပဲ..အရင် က မီးကိုးလ် ကိစ္စတုန်းကလည်း ဒီလိုပဲ..အမှားတွေပါလာရင် မကောင်းဘူး...နင် နဲ့ အမ် က အရင်းနှီးဆုံးပါ..ပွင့်ပွင့်လင်းလင်းနေပေါ့..နင်က သူ့ဘက်ကတွေးလိုက် နင့်ဘက်ကတွေးလိုက် ပတ်၀န်းကျင်ဘက်က တွေးလိုက်နဲ့ ရှုပ်နေတာပဲ တော်သေးတယ်..အမ့်မှာသာ မိဘရှိရင် နင် ယောက္ခမအတွက်ပါထည့်တွေးအုံးမှာ လွန်ကို လွန်တယ်..”
ခိုင်ခိုင်ရဲ့ စူဆောင့်ဆောင့် စကားတွေကို ဇို မျက်ရည်သုတ်ရင်း ဟန်ဆောင်ရယ်မောလိုက်ပေမဲ့ ...မသက်သာလှပါဘူး..။
ခိုင်ခိုင်ပြောသလိုပါပဲ ဇို ချစ်တက်သွားတော့ သူ့ အတွက်ချည်း စဉ်းစားပေးရင်း မတွေ့အောင် ရှောင်နေလိုက်သည်..။
ဖုန်းခေါ်လည်း မကိုင် စာလည်း မပြန် ဖုန်းပါပြောင်းထားလိုက်တာ..ဇို့ အတွက်လည်း နာကျင်ရပါသည်..။
“ခိုင်ပြောချင်တာ..”
“ဟုတ်တယ်...သူက အမ့် အတွက် အရမ်းစဉ်းစားနေတယ်..ပြီးတော့ တကယ်ချစ်မိသွားတော့ သူ့ အားနည်း ချက်ကြောင့် ထားသွားမယ်လိုချည်း တွေးနေတာ..ခဲမှန်ဖူးတဲ့ စာသူငယ်လို့ပေါ့ဟာ..”
“ဟာ...ဒါတွေ ကျွန်တော်မှ မသိခဲ့တာ..ဇို က ကလေးချစ်တက်လားမေးတော့ ကျွန်တော် ရိုးရိုးပဲ ဖြေလိုက်တာ..မိသားစုပုံစံ မေးတော့ လိုချင်ခဲ့တဲ့ ပုံစံ ကို ချပြောမိတာပဲလေ..ဇို ပွင့်လင်းသင့်ပါတယ်..”
“ဟုတ်တယ်..အမ်က သူ့ခံစားချက်တွေကို သိလွန်းလို့ ဖွင့်ပြောရင် အားနည်းချက်ကို မတက်သာလို့ လက်ခံရမှာ စိုးနေပုံပဲ..”
“ဟာဗျာ..အဓိပ္ပါယ် မရှိတာ..”
“ကဲ..အဓိပ္ပါယ် ရှိရှိ မရှိရှိ အခုလို အချိန်က အမ့် အတွက် အခွင့် အရေးပဲ လမ်းခွဲ လက်စနဲ့ လျော်ပြီး နောက်ဆုတ်လိုက်လို့ ရတယ်..ဇို လည်း သိပ်မခံစားရတော့ဘူးပေါ့..”
“တစ်ပတ်ဝေးနေတာတောင် လူ က ရူးတော့မယ်..”
အိမ်တံခါး ဘေးဘက် ပန်းအိုးစင်နားမှာ ရပ်ပြီး နားထောင်နေမိတာ..စကားလုံးတိုင်းက ရင်ခုန်မှုကို မြန်စေသည်..။
မတွေ့တာကြာပြီ ဖြစ်တဲ့ သူ့ကို ပြေးတွေ့ချင်တဲ့စိတ်တွေကို မြိုသိပ်ရင်း ဆက်ရပ်နေမိသည်..။
သူ ဗုဒ္ဓဟူးနေ့ ဂေဟာ မလာတာ သိလို့ ဒီနေ့ မနက်အစောပိုင်းကို တမင်ရှောင်ပြီးသွားခဲ့ရတာ..
အခုတော့ သူ က အိမ်ရောက်နေတာပဲ...
၀ယ်လာခဲ့တာ ကြာပြီ ဖြစ်တဲ့ ကြေးအိုးထုတ်ကတော့ အေးကုန်ပါပြီ..။
သူများ စကားပြောနေတာ နားမထောင် သင့်မှန်း သိပေမယ့် ကို့ ရဲ့ စကားသံတွေကြောင့် ရင်တထိပ်ထိပ် နဲ့ နားစွင့်ခါ ခြေလှမ်းတွေကလည်း နောက်ဆုတ်မရ..ရှေ့တိုးမရ  ဖြစ်ရသည်..။
“အင်း.လေ..ဒါကလည်း ချစ်စိတ်မွန်နေချိန်ကိုး..ခိုင်အထင်တော့ ဇို ပြောသလိုမျိုး အတူနေလာတာကြာပြီး မှ စိတ်ကုန်သွားတာမျိုးလည်း ဖြစ်တက်တာပဲလေ..ဇို ပြောနေတဲ့ စကားအတိုင်းဆို..အမ် က လူပျိူ လူကောင်း လူချမ်းသာ တစ်ယောက်ပဲ..တစ်ခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီး လိုချင်တဲ့ ပုံစံမျိုး ဘ၀ကို ဖြတ်သန်းလို့ရပါတယ်..လူ နှစ်ယောက် လက်ထပ်တာ ခရီးရှည်ကြီး တစ်ခုထွက်ဖို့ စတင်လိုက်သလိုပဲ အချိန်အကြာကြီး အတူရှိရမှာ..အဲဒီ အခါမှ တစ်ယောက်ကို တစ်ယောက် စိတ်ကုန် ဒေါသဖြစ်နေရင် ဘယ်ကောင်းမလည်း အမ် ပြန်စဉ်းစားပါ...ဇို့ ကို လက်ထပ်တာက အမ့် အတွက် စွန့်စားလွန်းရာ ကျလိမ့်မယ်...”
“ဒါကတော့ ကျွန်တော့် အချစ်ကို တန်ဖိုး မထားတာပဲ.”
“ဟင်..”
ခိုင်ခိုင်ကတော့ နှစ်ဖက် ရန်တွေ့တာ ခံနေရပြီလို့ တွေးရင်း ဇို ပြုံးမိသည်..။
“ကျွန်တော် ဇို့ ကို ချစ်လို့ လက်ထပ်ချင်တာ..တကယ်လက်ထပ် ဖြစ်ရင်လည်း တစ်ခုလပ် ဆိုပြီး ကျမ်းသစ္စာဆိုရုံနဲ့ ပြီးမှာ မဟုတ်ဘူး..ခမ်းခမ်းနားနား လူသိရှင်ကြား လက်ထပ်မှာပါ..ဒါကို ဇို က သူ တစ်ခုလပ် မို့ ကျွန်တော် က ပစ်သွားမယ်..အခု နောက်တစ်ခု တိုးပြန်ပြီ..ကလေး မမွေးပေးနိုင်လို့ ပစ်သွားမယ်..ဒီစကားတွေက ကျွန်တော့် သစ္စာ တရားကို အရမ်းထိခိုက်စေတယ်...”
“ဒါဖြင့်..”
“ဇို့ ကို လက်ထပ်ဖို့ လောမိတာလည်း..သူ့ဘက်က မိန်းကလေးသိက္ခာကို ငဲ့တွက်နေလို့ပါ..ပတ်၀န်းကျင်ဝေဖန် ပြောဆိုမှုတွေက ဇို့ အပေါ် အရမ်းပြင်းထန်လွန်းတယ်..ဇို မခံစားရသလို ဟန်ဆောင်နေပေမဲ့ စိတ်ထဲမှာ အရမ်းခံစားနေရတာတွေ ကျွန်တော်သိတယ်..ကျွန်တော် မကြိုက်ဘူး.ကျွန်တော် ချစ်တဲ့ဇို.တစ်ယောက်တည်း ရင်ဆိုင်နေရချိန် ကျွန်တော် ရှေ့ကနေ ရပ်တည်ပေးချင်တယ်..ဒါကို ဇို နားမလည်ဘူး..ခိုင်..”
အိမ်ထဲက ထွက်လာတဲ့ ဒေါသမကင်းသံတွေနဲ့ အတူ ဇို့ နှလုံးသားထဲ အထိ လှိုက်၀င်လာတဲ့  အပျော်စိတ်လေးတွေ ကြောင့် မျက်ရည်စို့လာရသည်...။
“ဒါဆို အမ် က အားနည်းချက်တွေ ရှိနေတဲ့ ဇို့ ကိုပဲ ရွေးချယ်မယ်ပေါ့..”
“ဇို့ က ကျွန်တော့် အတွက် အရုပ်ကလေးလိုပါပဲ ..အရုပ်ကလေး တစ်ရုပ်ကို ပိုင်ဆိုင်ချင်တဲ့ စိတ်မှာ ငါ့ အတွက်ဘာတွေ ပြန်ရမလည်းဆိုတာ မပါပါဘူး..ဘာမှ မရဘူး ဆိုတာ သေချာနေလည်း ထွေးပွေ့ ယုယ နေအုံးမှာပဲ..ဘ၀မှာ အချစ်ရဆုံးဖြစ်တဲ့ ဇို ကို ဘာအကြောင်းပြချက်နဲ့ မှ မစွန့်လွှတ်နိုင်ဘူး..”
စကားလုံးတွေက မြင့်လွန်းလို့ ဇို့ရင်ထဲ ကြည်နုးမှု လှိုင်းလေး တစ်ချက်သိမ့်သွားပြီး ကြက်သီးတွေ ထကုန်ပြီ..
သူ ပြန်ဖို့ အစီအစဉ် ရှိရဲ့ လား ..
ခိုင်ခိုင် ကတော့ မေးစရာမေးခွန်း ကုန်မည် မထင်ပါ..
“ဒါဆို အမ်က ဘာလုပ်ချင်လည်း..”
“ဇိုနဲ့ တွေ့ပြီး ပြောရမယ်လေ...အခု သူဘယ်မှာလည်း..”
“ခိုင်လည်း မသိဘူးလေ..မနက်ကတည်းက ထွက်သွားတာ ဆိုင်မှာ မတွေ့ခဲ့ဘူးလား..”
“မတွေ့ခဲ့ဘူး..၀န်ထမ်းကောင်မလေးတွေကို မယုံလို့ ကိုယ်တိုင်၀င်ရှာခဲ့တာ..”
“အခုအိမ်မှာလည်း မရှိဘူးနော်..၀င်ရှာပြီးပြီမလား..”
“ကူညီပါ ခိုင်ရယ်..ဇို့ နဲ့ ဝေးရင်လေ...ကျွန်တော် ရူးရပါလိမ့်မယ်နော်..”
“အင်း..အင်း...သူ့ သဘောထားကို ထပ်မေးကြည့်ပြီး ဖုန်းဆက်ပေးမယ်..”
“ကျွန်တော့် ဘက်ကို ပိုပိုသာသာလေး ပြောပေးနော်..”
“အေးပါ...”
အိမ်ထဲက ထွက်သွားသည့် သူ့ကျောပြင်ကိုငေး ကြည့်ရင်း မျက်ရည်ဝဲရပြန်ပြီ...။
အခုအချိန်မှာ မပြတ်သားရင်..သူ့ အတွက် တစ်သက်လုံး ၀မ်းနည်းနောင်တရနေမည်သာ...။
“ဟော..ပြန်လာပြီလား..”
“အေး..”
ခိုင်ခိုင် က အိမ်ထဲ ၀င်လာတဲ့  ဇို ကို မျက်တောင်မခတ် လိုက်ကြည့်နေသည်..။
“ဘာလာ လုပ်တာလည်း.”
မျက်နှာချင်း မဆိုင်ရဲသေးလို့ ခိုင်ခိုင် ဘေးက ဖြတ်ကျော်လာစဉ် မေးလိုက်တဲ့ ဇို့ ရဲ့ အမေးစကားတစ်ခုကြောင့် မျက်နှာ က မချိုမချဉ် ပြုံးစပ်စပ် ဖြင့်
“နင့် ဆီလာတာ..”
“သြော်..အင်း..”
“ဟား...ဟား...” ခိုင်ခိုင် အော်ရယ်သံကြောင့် ဇို မျက်မှောင်ကြုတ်ရင်း စိုက်ကြည့်ခါ..
“ဘာလည်း...”
“ဘာမှ မဟုတ်ဘူး..ငါ က နင် ပြေးဖက်မယ်ထင်တာ.”
ဇို အဖြေမပေးပဲ လက်ထဲက အေးစက်စက် ကြေးအိုးထုတ်ကို ပန်းကန်ထဲ လောင်းထည့်လိုက်သည်.။
“သူ ပြောသွားတာတွေ နင်ကြားတယ်မလား..”
“အင်း..”
“ခုချိန်မှာ အဲလို အရူးအမူး အချစ်က ရှားသွားပြီ ဇို ၀မ်း ဂိုး တူး ကမ် ခေတ်မှာ..အမ့်ကို လက်မလွှတ်သင့်ဘူးထင်တယ်.ဇို....”
“ဦးနှောက် အတွေးအရတော့ ဟုတ်တာပေါ့..အခု ငါက သူ့ကို ချစ်မိသွားတာလေ...သူ့ဘ၀ငါ့ကြောင့်အထီးမကျန်စေချင်ဘူး..”
  “အဲတော့ နင်ကပဲ အမကျန် ဘ၀ကို ရွေးချယ်လိုက်တယ်ပေါ့..”
“အေး..”
“ဟွန့်..ပြီးမှ နောင်တမရနဲ့...သူ့မှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာ..”
“ဘာ..”စိတ်ထဲက အလိုမကျမှုနဲ့ အတူ ဇို မျက်မှုန်ကြုတ်လိုက်မိသည်..။
“ဟုတ်တယ်...ဒီလောက် ရုပ်ချော ဥစ္စာပေါကို လွှတ်ပေးရအောင် မိန်းမထုက ငတုံးမဟုတ်ဘူးဟဲ့..”
“အဲဒါက ဘာရုပ်ကြီး ဖြစ်သွားတာလည်း..ငါကိုလာပြီး စောင်ပေပေ လုပ်မနေနဲ့...နင်ပဲပြောတာလေ..အထီးမကျန်စေချင်ဘူးဆို..အဲတော့ သူ တစ်ယောက်ယောက်နဲ့တော့ တွဲရမှာပဲ အဲဒါမှ သူ နင့်ကို မေ့မှာလေ..ဟုတ်ဘူးလား..”
“မဟုတ်ဘူး..”
“ဟောကြည့်..အခုကတည်းက မပြတ်သားသူ..ဟိုက ဇို နဲ့ လမ်းခွဲလိုက်ပြီမို့အသစ်တွဲလိုက်ပါပြီသာပြောလာကြည့် သူအရင် လိုက်ပွဲကြမ်းမှာ မြင်ယောင်ပါသေးတယ်..”
“လူကောင်းသူကောင်းနဲ့ တွေ့ရင်တော့ ခွင့်ပြုမှာပါ..”
“အေးပါ ပြီးရော..”
ဇို ထို ည တကယ် အိပ်မပျော်တဲ့ ညတစ်ည....။
“ဇို..”
“ဟင်..”
“အင့် ..”
ပစ္စည်းအ၀င်တွေ စစ်နေချိန် လှမ်းပေးလာသည့် ကဒ်ကို ဇို့ယူပြီး မော့ကြည့်တော့ ခိုင်ခိုင်က နှုတ်ခမ်းမဲ့ခါ..
“နင်ဆုတောင်းပြည့်သွားပြီ..သူ့ အတွင်းရေးမှူး ချောချော လေးနဲ့သူတွဲနေပြီ..တကယ်မြန်တယ်.”
“ကောင်းပါတယ်..” မတွေ့ရတဲ့ ၁၅ရက် အတွင်းသူ ပြောင်းလဲသွားခဲ့ပြီလေ...
ဇို ရင်ထဲက ခံစားချက်ကို မြိုသိပ်ရင်း အပြုံးတစ်ခုနဲ့ လိမ်ညာလိုက်ရသည်..။
“နင် စိတ်မဆိုးဘူးလား..”
“မဆိုးဘူး..သူ့ အတွက်ငါ ၀မ်းသာရမှာလေ..”
“အေး..အဲဒါသိချင်လို့ဖြစ်မယ်..ကုမ္ပဏီညစာစားပွဲ ဖိတ်ခိုင်းလိုက်တယ်..နင်လိုက်ပြီး ဘာမှ မဖြစ်တဲ့အကြောင်းပြရမယ်..”
“ငါမလိုက်ချင်ဘူး..ခိုင်..” သူ့ကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလည်း....။
“ဟဲ့..နင် မလိုက်ရင် ခံစားနေရလို့ မျက်နှာချင်း မဆိုင်ရဲတာလို့ ထင်သွားလိမ့်မယ်နော်..”
“ကျစ်..”
“ကျစ်တွေကျက်တွေ နောက်မှ လုပ်..ထမြန်မြန်သွားမယ်..၈နာရီ ထိုးတော့မယ်...”
“ငါ့ သူငယ်ချင်းကို အပြတ်ရှိုင်းပေးရမယ်..ဒါမှ ဇိုပုံစံ အတိုင်းဖြစ်မှာလေ...”
“တော်ပါဟာ..”
“မတော်ပါဘူး..”
ခိုင်ခိုင်က အကျီ င်္ တစ်ထည် ပြီး တစ်ထည်ထုတ်ခါ ဇို့ ကိုယ်မှာ ကပ်ကြည့်ပြီး ညနေခင်းဂါ၀န်တစ်စုံ ဆွဲထုတ်လာသည်..။
“နင့်ဆီမှာ ဒါမတွေ့မိဘူး..”
“အေး မ၀တ်ဖြစ်လို့ အခု နင်၀တ် နင်က မိန်း..”
“ဟာ..ငါ ဂါ၀န်မကြိုက်တာ နင်သိသားပဲ..”
“မရဘူး နင်ကြိုက်တဲ့ လိမ္မော်နုရောင်လေး နင်၀တ်..ငါက အပြာရောင်၀တ်မှာ ဟိုတယ်အကောင်းစားမှာ လုပ်မှာဆိုတော့ ကောင်းကောင်း၀တ် ရမှာပေါ့...”
ခိုင်ခိုင်ရဲ့ မရမက တောင်းဆိုမှုကြောင့် ဇို ဂါ၀န် ရှည် ကို ၀တ်လိုက်ရသည်..။
ဟိုတယ်ရောက်တော့ ပိုလို့ပင် နောင်တ ရချင်လာသလိုလို လူတိုင်းက ဇိုတို့ ဆီ အကြည့်ရောက်နေတာ..ဒီဂါ၀န်ကြီးတွေ ကြောင့်များလား တွေးရပြီလေ...။
“ဟိုမှာ သူ့ကိုတွေ့လား လက်ထောင်ပြနေတယ်..”
ခိုင်ခိုင်ပြတဲ့နေရာကို လောအားတကြီး ကြည့်လိုက်မိပေမဲ့  ရင်ထဲဆွေးသွားရသည်..။
သူ့ဘေးမှာ ချောမောလှပ နူးညံ့သိမ့်မွေ့သည့် မိန်းကလေးတစ်ယောက် နေရာယူထားသည်ကိုး..။
ဇို အပြုံးတစ်ခုနဲ့ အသိအမှတ်ပြုလိုက်ရပြီး အကြည့်လွဲခါ နေရာပါ ရွေ့ပစ်လိုက်တော့ ခိုင်ခိုင်က ကျန်ခဲ့သည်..။
ပူး နဲ့တုန်းကလို စိတ်တိုတာ ဒေါသထွက်တာ မကျေနပ်တာ တစ်ခုမှ မခံစားရပဲ သူ့ အပြုံးကိုကြည့်ရင်း
တိတ်တိတ်လေး ဆွေးနေမိတာ..သူ လုပ်သမျှ အမှန်လို့သတ်မှတ်ပြီး စိတ်မဆိုးပဲ ကျေနပ် ခွင့်လွှတ် လက်ခံမိတာ..ဇိုသူ့ကိုတကယ်ချစ်သွားမိပြီကိုး...။
စားပွဲမှာ ချထားတဲ့ ခိုင်ခိုင် ယူလာတဲ့ဘူဖေးတွေကိုဇို မစားချင်ပေမဲ့ တစ်တို့တစ်ထိ တော့စားလိုက်ရသည်..။
နက်ပြာ suit နဲ့ ဖြူတဲ့ အသားအရည် လိုက်ဖက် ထင်ပေါ်လွန်းနေတဲ့ သူကတော့ လူအားလုံးကို အပြုံးချိုချိုလေးနဲ့လိုက်နှုတ်ဆက်နေသည်..။
မျက်နှာ နုနုလေးကို အပြုံးတစ်ခုတင်ရင်း လိုက်နှုတ်ဆက်နေတဲ့သူကိုငေးကြည့်ခါ အချစ်ကို အဓိပ္ပာယ်ရှာမိသည်..။
သူ့ အပြုံးကြောင့် နာကျင်မှုကိုတောင် ခုံမင် နှစ်သက်လာသလိုရှိသည်..။
အသည်းနှလုံးထဲက အချစ်က နှုတ်ခမ်းပေါ်က ပျားရည်စက်ထက် ပိုချိုမြိန်ပါတယ်..။
လူတစ်ယောက်က အချစ်ကို စတင်ခွင့် ရှိပေမယ့် အဆုံးသတ်ခွင့်တော့ မရှိခဲ့ဘူး....။
ဒါကြောင့် ရင်ထဲက ကို့ ကို မေ့ပစ်ဖို့ မကြိုးစားတော့ဘူး..ထာ၀ရလို့ အာမမခံနိုင်ပေမဲ့ အချိန် အတိုင်းအတာ တစ်ခု အထိတော့ ဇို့ နှလုံးသားထဲမှာ ကို ရှိနေမှာပါ..။
အားလုံးနီးပါးစားသောက်ြ့ပီးတော့ ခုံ၀ိုင်းတွေသိမ်းတာလည်း ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကြောင့် မြန်ပါသည်..။
တီးလုံးသံ ငြိမ့်ငြိမ့်လေးထွက်လာပြီး မီးတွေလည်း အရောင်းပြောင်းသွားခါ စကားပြောသံထွက်လာသည်..။
အတွင်းရေမှူးမလေးက သူ့ဘေးက ခွါပြီး မိုက်ယူခါ အင်္ဂလိပ်လို နှုတ်ဆက်စကားပြောပြီး ကျေးဇူးတင်စကားတွေပါ ပြောသွားတာ တကယ်ကျွမ်းကျင်လွန်းပါသည်..။
“မင်္ဂလာပါ..ကျွန်တော်ကတော့ Jack ဟိုတယ် ဥက္ကဌ  Jame Ames ပါ အခုလို ကြွရောက်အားပေးတဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်..
ကျွန်တော် တို့ ဘ၀မှာ ရုန်းကန်ရတာတွေ များတယ်...ဟုတ်တယ်နော်...ဒါကြောင့် ပါတီမှာ ဆက်ပြီးပျော်ကြဖို့ ဖ်ိတ်ခေါ်ပါတယ်...”
ဧည့်သည်တွေက ထောက်ခံလိုက်တော့မှ..သူက ပြုံးရင်း..
“အခု  ပါတီပွဲ မစခင်မှာ ရုန်းကန်ရတဲ့ ကျွန်တော့်ဘ၀ကို အားပေးကူညီပေးနိုင်မဲ့ မိန်းကလေး ကျွန်တော့်ကို အရမ်းချစ်ပြီး ကျွန်တော်ကလည်း အရမ်းချစ်တဲ့ မိန်းကလေးကို လက်ထပ်ခွင့်တောင်းပါမယ်..”
“ကျစ်...”
လှုပ်ခါ ရိုက်ခက်သွားသည့် ရင်ဘတ်ထဲက ခံစားမှုကြောင့် ဇို အားမရှိတော့သလို ခံစားလိုက်ရသည်..။
လူတွေအားလုံးက မထင်ထားတဲ့ သတင်းကို ကြားလိုက်ရလို့ စပ်စုသလို ဟိုကြည့်ဒီကြည့်တွေဖြစ်ကုန်ခါ
အတွင်းရေးမှူးမလေးကလည်း ဧည့်သည် တစ်ယောက်ကို လာ နှုတ်ဆက်ရင်း ဇို့ အနားမှ ပြန်သွားလို့ မရတော့ပါ...။
“ကျွန်တော့် အခုဟိုတယ်က  ရုဖ်တော့ ကို အားလုံး စိတ်၀င်စားကြတယ်...ခင်တဲ့သူတွေကလည်း မပေးလို့ စိတ်ဆိုးကြတယ်....အရမ်းကောင်းတဲ့ ဗျူး နဲ့ ရေကူးကန်..တွဲရက် ဥယျာဉ်တွေကို ထုတ်မပြလို့ ရူးနေတာလားလို့ မေးတဲ့ သူတောင်ရှိပါတယ်...ဒါကြောင့် ဒီမှာ ပွဲလုပ်ပြီး အားလုံးကို တစ်ခါတည်း တောင်းပန်လိုက်တာပါ...ကျွန်တော် တကယ် ဘစ်နက် အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ..ဒါပေမဲ့ ဗျာ မိန်းကလေးတွေဆိုတာ ကျွန်တော့် တို့ ယောင်္ကျားသားတွေအတွက် အဓိက ရန်သူဆိုတာ မှားမယ်မထင်ဘူး....”
သူ့ရဲ့ စကားကို ထောက်ခံသလို ဧည့်သည်တွေထဲက ယောင်္ကျားအများစုက လက်ခုတ်တီးကြသည်..။ဒါကို သူက ပြုံးရင်း အသံတွေတိတ်သွားတဲ့ အထိ စောင့်ပြီးမှ
“ တစ်နေ့  ကျွန်တော်..မီးဆင် လှေကားထောင်လျက်သားကိုတွေ့လိုက်တော့ ဝါသနာအရ မနေနိုင်ပဲ မိန်းကလေးတစ်ယောက် ပုံတူကို အက် လုပ်လိုက်မိတယ်..အခု အဲဒီကောင်မလေးကိုပဲ လက်ထပ်ခွင့်တောင်းမှာပါ...ပြီးရင်တော့ သူ့ပုံ ရှိနေတဲ့ ဒီမှာ သူနဲ့ ကျွန်တော် အတူနေမှာပါ..။ဒါဆို ကျွန်တော်မိတ်ဆွေတွေလည်း ဒီ အထပ်နဲ့ ပတ်သက်ပြီး ကျေနပ်လောက်ပါပြီ ထင်ပါတယ်နော်..”
လက်ခုတ်တီးသံတွေ ညံသွားပေမဲ့ ဇို နောက်သို့ ခြေလှမ်းဆုတ်မိသည်..။
သူ့အတွက် ၀မ်းသာပါတယ်လို့ ကြွေးကြော်ထားပြီး ဘာလို့ ၀မ်းနည်းလာမိတာလည်း..။
“သူကတော့...” အားလုံးက စိတ်၀င်တစားနားထောင်နေချိန်...
သူ့လက်တစ်ဖက်က ဇို့ဘေးက အတွင်းရေမှူးလေးဆီ ညွန်ပြနေတော့
လူတွေ ရှေ့ဘက်ကို အာရုံစိုက်နေချိန် ဇို ခြေလှမ်းတွေ နောက်ဆုတ် ကျောခိုင်းရင်း ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်..။
တံခါးအပေါ်ဘက် နံရံမှ ပိတ်စ အဖြူ ကြီး တစ်ခုပြုတ်ကျလာတော့ မော့ကြည့်လိုက်မိတာ...
“ဟာ...”
“ဟင်...”
ဇို နာကျင်စေတဲ့ မျက်ရည်စက်တစ်ချို့ လွင့်စင်ကျကျန်ခဲ့ပြီး  ပြေးထွက်လာခဲ့လိုက်သည်..။
“ဟယ်...ကလေး ဘာဖြစ်လာတာလည်း..”
“မေးနေတယ်လေကွာ..ဘာဖြစ်လာတာလည်းလို့...”
ညအိပ် ဂါ၀န်နဲ့ ဆိုင်ဘေးတံခါးကို ဆွဲဖွင့်လိုက်တဲ့ မနွယ်က ဇို့ကို ကြည့်ပြီး ထိတ်လန့်တကြား မေးနေသည်..။
“လာ..လာ...၀င်စမ်း..”
ဇိုလက်ကို ဆွဲပြီး ဆိုင်ထဲသွင်းလိုက်တော့ ဇို အလိုက်သင့်ပါသွားရသည်..။
ဆိုင်တံခါးပြန်ပိတ်ပြီးတာနဲ့ ဇို့မျက်နှာကို ကြည့်ပြီး..
“ဘာဖြစ်လို့လည်း..ဇို..”
ဇို ဂါ၀န်အရောင်နုနုလေး၀တ်ထားတာကို ဂရုမစိုက်ပဲ နံရံကိုမှီပြီး တစ်ရွတ်တိုက်ဆွဲချထိုင်ပစ်လိုက်သည်..။
“ကလေး..ရေသောက်မလား..”
ဇို ခေါင်းရမ်း အဖြေပေးလိုက်တော့ မနွယ်က ဇို့ဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်..။
“မနွယ်..”
“ပြောလေ..ကလေး တို့ နားထောင်နေတယ်...”
“ဘာလို့...ဘာလို့များ ဇို့က..သူများနဲ့ မတူတဲ့ဘ၀ထူးဖြစ်နေရတာလည်း..ဟင်....ဇို တစ်ယောက်တည်း ဘာလို့ ခဏခဏ နာကျင်နေရတာလည်း...ဇို့မှာလည်း ခုန်နေတဲ့ နှလုံးသား ၀မ်းနည်းတက်တဲ့ စိတ်ရှိပါတယ်.....ဇို မာကျောတဲ့ ပုံစံနေခဲ့တာဟာ..တကယ်တမ်း အားငယ်တက်လွန်းလို့ပါ...ငယ်ငယ်က ရွယ်တူတွေနဲ့ ကစားရင်လေ..ဇို့မိဘတွေက ဇို ဆိုးလို့ လာပစ်သွားတာ ပြောခံရတိုင်း ဇို နာကျင်ရတယ်..အဲဒါကြောင့် ဘယ်သူနဲ့မှ မကစားမိတော့ဘူး......မိဘမဲ့ ဆိုပြီး နှုတ်ခမ်းမဲ့ ခံရတိုင်း ဇို ဟားတိုက်ပြခဲ့တာ တကယ်တော့ နှလုံးသားက နာကျင်လွန်းလို့ပါ......ဘ၀မှာပေပေတေတေ နေပြခဲ့တာ မထူးခြားနိုင်တော့တဲ့ ဘ၀ကို လက်ခံလိုက်လို့ပါ..အရိုင်းအစိုင်းတစ်ယောက်အဖြစ်ဘာကိုမှ ဂရုမစိုက်သလို ရပ်တည်ရှင်သန်ခဲ့တာ.တကယ်တော့ဇို ကြောက်ရွံအားငယ် စိုးရိမ်နေရလို့ပါ..ဘ၀မှာ အချစ်ကို မရှာဖွေခဲ့ဘူး...ဇို နှလုံးသား နာကျင်ရမှာသိနေလို့လေ..တစ်ခုလပ်လို့ သူများတွေ လက်ညိုးထိုးနေချိန် ပခုံးတွန့်ပြီး ပြုံးနေတာ ....စိတ်ထဲမှာတော့ သိမ်ငယ်သလို ခံစားရတယ်...တကယ်တော့ ဇို့ ရင်ဘတ်ထဲမှာလေ..နာကျင်ရလွန်းလို့ ပြင်ပ အသွင်ကပိုပိုပြီး မာကျောလာတာပါ...မရယ်..ဇို လည်း..နူးညံ့သိမ့်မွေ့ပြီး မိန်းမပီသတဲ့ သမီး၊ မိန်းမ ၊ .မိခင် တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်...”
“..နူးညံ့သိမ်မွေ့ချင်ယောင်ဆောင်တဲ့ အလုပ်ကို မိန်းမတော်တော်များများလုပ်နိုင်ပေမဲ့ စိတ်ဓာတ် ကြံ့ခိုင်သန်မာတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ဟန်ဆောင်လုပ်ဖို့တောင် ခက်ခဲပါတယ်...”
“ဟား...ဟား...ဟုတ်တယ်နော်...အဲဒါတွေကို မုန်းတာပေါ့...”
“ငိုချင်ရင် ငိုချလိုက်ပါကလေး..ဘာလို့ ဒေါသထွက်ချင်ယောင်ဆောင်နေတာလည်းကွယ်..”
မနွယ်စကားကြောင့် ဇို အထိတ်တလန့်မော့ကြည့်မိတော့ မနွယ်က ခေါင်းညိတ်ပြသည်..။
“အဟင့်...ဟီး....”
ဇို ကလေးတစ်ယောက်လို့ ဒူးပေါ်မျက်နှာဝှက်ပြီး ရှိုက်ကြီးတငင် ငိုနေမိသည်...။
ငိုနေရင်း အသက်ရှုရတာ မ၀သလိုဖြစ်လာပြီး လည်ချောင်း၀မှာလည်း တစ်စို့လာပေမဲ့ ဆက်ငိုချင်နေတုန်း..။
မနွယ်က ဇို့ တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ပိုက်လိုက်ပြီး ဖက်ထားတော့ ဇို မနွယ်ကို အားကိုးတကြီး ပြန်ဖက်ထားမိရင်း ၀မ်းနည်းစိတ်က ပိုတိုးလာတော့ ပိုလို့ ရှိုက်ငိုမိသည်..။
“တော်ပြီ တော်ပြီ...ကလေး တစ်ကိုယ်လုံးလည်း ပျော့ခွေနေတာပဲ..နေကောင်းရဲ့လား...”
ဇို မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး.ခေါင်းညိတ်ရင်း...
“အင်း အိပ်ချင်လို့ပါ..”
“ဒါဆို အပေါ်ခန်းထဲမှာ အိပ်လိုက်နော်...ထပ်ငိုမနေနဲ့..”
“ဟုတ်...”
ဇို အခန်းထဲရောက်တော့ ရေသန့်ဘူးတွေ့တာနဲ့ လည်ချောင်းခြောက်နေတာ သက်သာသွားအောင် မော့ချလိုက်ရသည်..။
“ကလေး...ရော့ အ၀တ်တွေ လဲလိုက်..”
မနွယ်ယူလာပေးသည့် တီရှပ်ကို လဲလိုက်ပြီး ဘောင်းဘီကတော့ ဇို ၀တ်ထားတဲ့ ဂျင်းဘောင်းဘီ ကိုပဲ ဆက် ၀တ်ထားလိုက်သည်..။
“မငိုနေနဲ့နော်..”
“ဟုတ်..”
မုသားတစ်ခုသုံးပြီး ခေါင်းညိတ်အဖြေပေးလိုက်ပေမဲ့ မနွယ်လည်း သိပါလိမ့်မည်..။
တံခါးပိတ်ပြီး မီးမှိတ်ခါ ဘေးခန်းထဲ မနွယ်၀င်သွားတာနဲ့ ခေါင်းအုံးကို မျက်နှာ အပ်ပြီး ၇ှိုက်ငိုမိပြန်သည်..။
နံရံ ပေါ်က ဇို့  ပန်းချီပုံရိပ်ကြီးကို ပြန်မြင်ယောင်ရင်း ကိုယ့်ဘ၀ကို ၀မ်းနည်းရသည်..။
ဒီလို အရမ်း ချစ်တက်တဲ့  ချစ်သူတစ်ယောက်ရှိခဲ့ပေမဲ့ ဇို့ ဘက်ကကောဘာတွေ ပြန်ပေးနိုင်မှာလည်း..။
သူသာ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ နဲ့ တွဲရပ်ဖို့ တင့်တယ်မဲ့သူမျိုးပေါ့လေ..။
သူနဲ့ အတူ လက်ချိတ်ပြီး ပွဲတွေတက်နိုင်မဲ့ မိန်းကလေးမျိုး..
တစ်ခုလပ်မှန်း လူတကာသိနေတဲ့ဇို့ထက် အရည်အချင်းရှိတဲ့ အပျိုလေးက သူနဲ့ ပိုသင့်တော်ပါသည်..။
အသက်ကြီးတဲ့ ချိန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရမှာထက် သားသမီးမြေးမြစ်တွေနဲ့ ပြုံးပျော်နေတဲ့ ဖိုးဖိုး အမ် ပဲဖြစ်စေချင်ပါသည်..။
ကြမ်းတမ်း၇ိုင်းစိုင်းတဲ့ ဇို့ ထက် သူ့လိုမျိုး အပြုံးချိုချိုလေး ပိုင်ဆိုင်တဲ့မ်ိန်းကလေးက ပိုလိုက်ဖက်မှာပါ..။
ဇို့ဘ၀မှာ နာကျင်ရတွေ သိပ်များနေပါပြီ...အဝေးဆုံးကိုသာ ထွက်သွားပါရစေ....။
“ဂျီ..ဂျီ..”
ဖုန်းတွေဆက်တိုက်ခေါ်နေတာ သတိထားမိပြီး ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်သည်..။
“ဇို ရယ် ဖုန်းကိုင်ပါကွာ..ကို ဇို မကြိုက်တာတွေ မလုပ်တော့ဘူး..”
“စိတ်ဆိုးသွားတယ်ဆို ကိုယ်တောင်းပန်ပါတယ်..”
“ပန်းချီနံရံကို မကြိုက်ရင် ကို ဖျက်ပေးပါမယ်..ကို့ကို အကြောင်းပြန်ပါ တကယ်စိတ်ပူနေတယ်..”
“ဇို ကို ရူးတော့မယ်နော်..”
သူခေါ်ထားတာချည်း..တော်တော်များနေပြီး..ခိုင်ခိုင်နဲ့ အလတ်မ ဖုန်းတွေလည်း ပါသေးသည်..။
သူတို့ စိတ်ပူနေမှာတွေးမိတော့ ဇို အိပ်ရေးပျက်ထားတဲ့ ညတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းတွေ မူးနောက် လာရသည်..။
မနက်ကတည်းက နောက်ကျိ မူးဝေနေသည့် ဝေဒနာကြာင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ကုတင်ပေါ်လှဲအိပ်လိုက်ရသည်..။
“ဂျီ...ဂျီ...”
မနက် အိပ်ရာနိုးတော့ ၁၁ နာရီ...
ခေါင်းမမူးတော့ပေမဲ့ ဖုန်းသံကြောင့် ခေါင်းကိုက်ရင်း ယူကြည့်တော့
ခိုင်ခိုင့် ဖုန်းမို့ ကိုင်လိုက်သည်..။
“ဟလို..”
“ဇို...ဇို..တော်ပါသေးရဲ့...ဖုန်းကိုင်လို့..”
ခိုင်ခိုင်ရဲ့ အလောတကြီး ဖြစ်နေပုံကြောင့်...ဘယ်လောက်စိုးရိမ်နေမှန်းသိခါ ရယ်သံပေးပြီး.....
“အေး..ငါ မသေသေးပါဘူး..”
“အမ်ဖြစ်တာ...အမ်ဖြစ်တာ ဟ...”
ဆိုနစ်ကြေကွဲနေတဲ့ ခိုင်ခိုင့် အသံကြောင့် ဇို အိပ်နေရာက ငုတ်ထုတ်ထထိုင်မိသည်..။
“ကို...ကို..ဘာဖြစ်လို့လည်း..”
“ ညက အမ် နင့်ကို လိုက်ရှာရင်း အက်စီတန့်ဖြစ်လို့...”
“ဘာ...”ဇို လက်ထဲက ဖုန်းကို ယောင်ယမ်း ဖိဆုပ်ကိုင်လိုက်မိသည်..။
“နင် လာခဲ့ပါ....လာခဲ့နော်...GHP ..R-9 မှာ..”
“ပြီးမှ နောင်တ မရနဲ့ နင်ကြောင့်ဖြစ်ရတာ.......”
“ဟာ..”
ခိုင်ခိုင် ဖုန်းချသွားပေမဲ့ ဇို မယုံနိုင်သေးပါ...။
သူ တစ်ခုခု ဖြစ်သွားပြီလား  ဆိုတဲ့ အတွေးဆိုး တစ်ခုကြောင့်...
ဇို့ ရင်ထဲမှာ ပြင်းထန်တဲ့ လှုပ်ခတ်မှုက နှလုံးသားတည့်တည့်ကို ဝင်ဆောင့်သွားသည်..။

。☆✼★━━━━━━━━━━━━★✼☆。

စာဖတ်သူ တောင်းဆိုသလို မရေးမိလို့ တောင်းပန်ပါတယ် 💔

မနက်ဖြန် ဇာတ်သိမ်း လိုက်တော့မယ်😭

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now