Part 4

1.1K 75 0
                                    

Zoe
အပိုင်း (၄)
#ဇိုစပိုက်ကာ

ဒေါ်စိမ်းမြရည် စောင့်ကြည့် စစ်ဆေး ကာလ တစ်ပတ် အတွင်း ဇို က သားနဲ့ အပို စကား တစ်ခွန်း မပြောသလို နာမည်တောင် မမေးပဲ အလွယ် နင် ငါ ကောင်လေး သာ သုံးနှုန်းတက်သည်..။
တစ်လကြာတာတောင် ရင်းရင်းနှီးနှီး မရှိလှ..
ရှိသင့်တဲ့ မာန ထက် ပိုနေတဲ့ မိန်းကလေးတစ်ယောက်မို့ အရယ်အပြုံးလည်း မရှိသလို..တစ်ချိန်လုံး အခန်းထဲမှာ သာ နေတက်သည်.
တစ်ခါတစ်လေ.. အပြင်ဘက်ထွက်သွားတက်ပေမဲ့ ဘယ်သွားမယ် သွားခွင့်ပြုပါ ဘယ်အချိန် ပြန်လာမယ် တခွန်းမဟ ပဲ ထွက်သွားတက်လို့ စိတ်ဆိုးရသေးသည်..။
ပြန်လာရင် သတိပေးမယ်တွေးထားပေမဲ့ သား မရောက်ခင် အိမ်ပြန်ရောက်နေတော့ ပြောစရာ စကားလည်း မရှိတော့ပါ...။
သား အခန်းထဲမှာ ပြောင်းသင်တဲ့ရက်တွေဆိုလည်း ပုံစံပြောင်းမလား စောင့်ကြည့်ပေမဲ့ သူ့ ပုံစံ အတိုင်းအပို စကားမရှိ..။
အရင် ဆရာမတွေဆို အချိန်အားတာနဲ့ သားနဲ့ချည်း စကားပြောနေလို့ ဒေါ်စိမ်းမြရည် စိတ်မချ နိုင်ဖြစ်ပြီး အပူတိုးခဲ့ရသည်..။
ဒီလိုမှန်းသိခဲ့ရင် မာန ကြီးတဲ့ ဆရာမ ရှာခဲ့ပါတယ်...။
“ဇို နေရတာ အဆင်ပြေရဲ့လား..”
“အမ်း..”
လူကြီးကို ရိုသေရကောင်းမှန်း မသိတာလား မခန့်လေးစားလုပ်တာလား ဝေခွဲနေချိန်မရလို့
“သားက ပြန်လာတာ နောက်ကျမယ် ဆိ်ုတော့ ဒီနေ့တော့ နားရလိမ့်မယ်ထင်တယ်..”
“၁၂နာရီ ကျော်မှာလား..”ဇို ရေဘူး ဆင်းယူချိန် မီးဖိုခန်းဖက် လှေကားမှာ စောင့်နေတဲ့  ဒေါ်စိမ်းမြရည်က အပြုံးဝြေပီး စောင့်နေကတည်းက တစ်ခုခု ဆိုသိပြီးပါပြီ...။
“မကျော်ပါဘူး..၁၀နာရီလောက်ပြန်ရောက်မှာပါ..”
“သူ ထမင်းစားနားပြီးတောင် ၁၁လောက်ပါပဲ..နောက်တစ်ရက်မှသင်လည်း ရပေမဲ့ ဇိုကတော့ ဒီနေ့ စာမသင်ရပဲ စားခဲ့တဲ့ ထမင်းတွေကို အားနာတယ်..”
“အို..အဲလို မတွေးပါနဲ့ မိသားစုလိုပဲ သဘောထားပေးပါ ဇို..”
ဇို ရေဘူးကို ကိုင်ထားတဲ့ လက်က ပိုဆုပ်ကိုင်မိလိုက်သည်..။
“မိသားစုတဲ့လား..စောစောကတည်းက တွေးတက်ခဲ့ရင် မီကိုးလ်ဒီလို အဖြစ်ဆိုးမှာ မဟုတ်ဘူး..သဘောကောင်းလွန်းတယ်..ဒေါ်စိမ်းမြရည်..”
“၁၁ လောက်ကို သင်လိုက်ပါမယ်..နာရီ၀က်ပဲသင်မယ်..သူက စောစော အိပ်တက်လို့လား..”
ည ၁၂နာရီခွဲ တစ်ခါတစ်လေ ၁ချက် ကျော်တဲ့ အထိ အခန်းမီးလင်းနေတာ သိရဲ့နဲ့ သားရွှေခဲကို စိတ်မချတဲ့ မိခင် စိတ်ချမ်းသာအောင် မေးခွန်းထုတ်လိုက်တော့..ကျေနပ်တဲ့ အပြုံးတစ်ခုနဲ့..
“အဟင်း...မအိပ်ပါဘူး ဇိုရယ်..ဂိမ်းဆော့တာလေ..တစ်ခါတစ်လေဆို မိုးလင်းခါနီးမှ အိပ်တာ မနက်ဆို မိတ်ကပ်တွေ ထူထူ ဖုံးပြီး ရိုက်ကူးရေး လုပ်ရတယ်..ဆရာမ တပည့်ကို နည်းနည်း ပြောပေးပါအုံး..”
ကျေနပ် ယုံကြည် စိတ်ချတဲ့ အပြုံး ..တစ်နည်း ပြောရရင် ဒီ မိန်းမ နဲ့ ငါ့သား ပတ်သက်မှု မရှိဘူးလို့ ယုံကြည်ချက် ခိုင်မာသွားတဲ့ အပြုံးမျိုး..။
“ဇို လည်း မသိဘူး..ဒါပေမဲ့ ညနက်တဲ့ထိ ဂိမ်းဆော့တာတော့ ဘယ်ကောင်းမလည်း စာတွေ ဘာတွေ ဖတ်တာဆိုရင်တော့ တစ်မျိုးပေါ့..”
“အဲဒါပေါ့..အန်တီ လည်း အဲဒါပြောနေရတာ..”
“တီ..တီ...”
“အော် မွန်တို့ လာတယ် ထင်ပါရဲ့..”
ကားဟွန်းသံကြောင့် ပြောလက်စ ရပ်ပစ်ခဲ့လိုက်ပြီး အိမ်ရှေ့ခန်းထွက်လာခဲ့လိုက်သည်..။
“မမစိုး..လာလေ..မွန်မွန်ကော..မပါခဲ့ဘူးလား..”
“မပါဘူးကွယ်..သူ့ကောင်လေး မွေးနေ့ပွဲ သွားစရာ ရှိလို့လေ..”
ဒေါ်စိမ်းမြရည် မျက်နှာ အနည်းငယ် ပျက်သွားပေမဲ့ အပြုံး ပြန်တင်လိုက်ရသည်..။
ကိုယ်က လိုလားသလို စကားလမ်းကြောင်းခဲ့တာ တစ်ဖက်က ငြင်းသလိုလို တုန့်ပြန်လာခဲ့သည်ကိုး...။
“မမ စားသောက်ပြီးမှ ပြန်ရမယ်နော်..”
“မလုပ်ပါနဲ့ စိမ်းရယ်..ခုတောင် အတင်းခေါ်လို့ ရခဲ့ရတာ ခရီးက ပြန်ရောက်တာ မကြာသေးဘူး..”
“မမ ကြိုက်တဲ့ ငါးမြင်းပေါင်းလေး လုပ်ထားလို့ပါ မမရဲ့ စားသွားပါ..”
ဒေါ်စိမ်းမြရည် အောက်ကြို့ခံပြီး ပြောရတယ် မမှတ်ပေမဲ့ ၀မ်းတွင်း မာနနဲ့ တွက်ကြည့်ရင်တော့ မာနတွေ ကျိုးပဲ့နေပါပြီ..။
“မဖြစ်လို့ပါ စိမ်းရယ်..သားမွေးနေ့ပွဲမှာ လည်း အတင်းကျွေးကြအုံးမှာ..စိမ်း စိတ်ချမ်းသာအောင် အအေးလေးပဲ သောက်မယ်နော်...”
သူ့ သမီးရဲ့ မတော်ရသေးတဲ့ သတိုးသားလောင်းကိုသားတဲ့...ဒေါ်စိမ်းမြရည် သားဆိုတာလည်း နုနုဖက်ဖက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပြည့်သူ့ အချိန်တော် မင်းသားတစ်ပါးဆိုတာ မသိတာလား..။
ဒေါ်စိမ်းမြရည် အတင်းလိုက်ကပ်မိပြီလား တွေးရင်း သားလေး တန်ဖိုးမဲ့ရတာ တွေးမိတော့ရင်နာ ချင်လာသည်..။
စိန်တိုက် တစ်ခု ပိုင်တဲ့ သူတို့ မိသားစုထဲ သားလေးကို ထည့်ပေးချင်ပေမဲ့ တန်ဖိုးမထားတဲ့သူတွေ ဆီ ဘယ်လို စိတ်ချမလည်း..တော်ပါပြီ..ဒီတစ်ခါတော့...နောက်လည်း ဖုန်းဆက်ခေါ်ဖို့ အစီအစဉ် မရှိတော့ပြီ..။
“ဒေါ်ညိုရေ..”
ဒေါ်ညိုက အလိုက်တသိ လိမ္မော်ရည် ယူလာပြီး ချပေးသည်..။
“ဒါနဲ့ စိမ်းလိုချင်တဲ့ စိန်အစပ် ရပြီသလား..မမ က စိမ်းဖို့ချန်ထားရတာလေ..”
“အခု ရိန်းက ပို့လိုက်တော့ မ၀ယ်ဖြစ်တော့ဘူး မမရယ်..”
“အော်..အော်..ကောင်းတာပေါ့..မမ ဆီမှာလည်း ၀ယ်လက်က ရှိပြီးသားဆိုတော့ ရောင်းလိုက်တော့မယ်နော်..”
“ဟုတ်ကဲ့...အားနာလိုက်တာ..”
“ရပါတယ်..”
ရပါတယ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် မုန်းတီးပြောဆိုနေလိုက်မလည်း..။
ခြံတံခါး၀ အထိ လိုက်ပို့ပေးပြီး အိမ်ထဲရောက်တာနဲ့ မီးဖိုခန်းထဲ တန်း၀င်သွားလိုက်ပြီး..
“ဒေါ်ညို...”
“ရှင်..”
“အဲ ငါးပေါင်းတွေ..ခွေးကျွေးလိုက်..”
“ရှင်..”
“နားလေးနေသလား..”
“ဟို အကောင်းတွေ..မမစိမ်း ပစ်ချင်လည်း ကျွန်မတို့စား...”
“မလိုဘူး..ကျွန်မ အိမ်က ခြံစောင့်ခွေးတောင် မကျွေးနဲ့ လမ်းပေါ်က ခွေးလေခွေးလွင့်တွေကို သွားကျွေး ကြားလား..”
“ဟုတ်ကဲ့...”
ဒေါ်ညိုက အဆီအနှစ်ရဲနေတဲ့ လက်ရာမယွင်းသေးတဲ့ ငါးဟင်းအိုးကြည့်ပြီး သက်ပြင်းချလိုက်သည်..။
“ဒေါ်ညို ဆေးယူလာ...”
ဟင်းအိုး ကြီး ကိုင်ပြီးခါမှ လက်ပြေးဆေးပြီး ဆေးနဲ့ ရေခွက်ယူခါ ဒေါ်ညိုက အိမ်ရှေ့ရောက်လာရသည်..။
“ဘာဖြစ်လို့လည်း မမစိမ်း..”
“အကုသိုလ်တွေလေ..ဒေါသထွက်တာ လူက သွေးတက်ပြီ..သားကို တံခါးစောင့်ဖွင့် ပေးလိုက်နော်..သားမေးရင် နေ့ခင်းက မအိပ်ဖြစ်လို့ အိပ်နေတယ်လို့ပြော တော်ကြာနေ ကလေးက စိတ်ပူနေအုံးမယ်..”
“ဟုတ်ကဲ့...”
ဒေါ်စိမ်းမြရည် လက်ထဲရောက်လာတဲ့ ဆေးသုံးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ြ့ပီး ရေနဲ့မျောချလိုက်ရသည်..။
အိပ်ယာပေါ်ရောက်တဲ့ အထိ ဒေါ်စိုးစိုး လုပ်ရပ်တွေကို ပြန်မြင်ယောင်ရင်း ဒေါသက ပြာဖုံးမီးမို့ ပြန်တောက်လောင်လာတော့..
“ဒေါသနဲ့တောင် မတန်ပါဘူး..သူ့ အလှည့် ကိုယ့် အလှည့်ဆိုတာ လည်း ရှိအုံးမှာပါ..”
သားရှင် ဖြစ်ပြီး ဘာအောက်ကျို့စရာ ရှိလည်း..နောက်များတော့ အိမ်လာလည် မယ်ဆိုရင်တောင် လက်ခံတွေ့ဖို့ အစီအစဉ် မရှိ.တော့ဘူး...။
မနက် ကတည်းက ဧည့်သည်လာမယ် ကြွေးကြော်ြ့ပီး ကိုယ်တိုင်စျေးသွား ချက်ပြုတ်ထားရတာ..။
သား အတွက်တောင် ဒီလောက် အပင်ပန်း မခံရပါဘူး..
ကိုယ့်လုပ်ရပ်ကလည်း အပေါစားဆန်နေတာကိုး..
ဒေါ်စိမ်းမြရည် တွေးရင်း ကိုယ့်ကိုယ်ကို လည်း ဒေါသထွက် ရသည်..
ခေါင်းထဲ ရိပ်တိတ်တိတ် ဖြစ်လာတော့ မျက်လုံးမှိတ်ထားလိုက်ပြီးစိတ်ကိုလျော့ချလိုက်ရသည်..။
တော်ပါပြီ..တော်ပါပြီ...မတွေးဘူး...။
အကုသိုလ်တွေ...။
“ဒေါ်ညို မာမီကော..”
“အိပ်ပြီ..”
“ဟင်..ဘာလို့လည်း နေမကောင်းဘူးလား..”
“မဟုတ်ပါဘူး..နေ့လည်က မအိပ်ရလို့ပါ..”
“...”
ပူး စိတ်ပူတာ ငြိမ်ကျသွားမှ ဖိနပ်ကို အချိန်ယူပြီး ကြိုးဖြည်နေလိုက်သည်..။
“သား ထမင်းစားတော့မလား..”
“မစားတော့ဘူး..မိတ်ဆက်ပွဲမှာ စားလာတယ်..ဒေါ်ညို..”
ပူးပြောပြီး အပေါ်ထပ်ကို တန်းတက်လာခဲ့လိုက်သည်..။
ဒီနေ့တော့ နောက်ကျနေလို့ စာလည်း မသင်ရတော့ဘူး..ဟူး..။
အခန်းထဲရောက် တော့ ရေအရင်ချိုးလိုက်ြ့ပီး ည၀တ်စုံလဲခါ ကုတင်ပေါ် ပစ်ထိုင်ချလိုက်သည်...။
ကုတင်ပေါ်ပက်လက် ဖုန်းကြည့်နေစဉ် တံခါးခေါက်သံကြားလိုက်တော့ ပူးခေါင်းထောင်ထ သွားပြီး..
“ဘယ်သူလည်း..”
အဖြေစကားမလာပဲ တံခါးလက်ကိုင်နေရာက လှုပ်ပြီး တံခါးသာပွင့်လာသည်..။
“ဆရာမ..”
တံခါးကို သေချာပြန်ပိတ်ပြီး စားပွဲဆီ လျှောက်လာတော့ ပူး ကုတင်ပေါ်က ထပြီး စားပွဲမှာ ဦးအောင် ၀င်ထိုင်လိုက်ရသည်..။
ထုံးစံ အတိုင်း စကား တစ်ခွန်းမှ မပြောသေးပဲ စာအုပ်တွေ ထုတ်ချပြီး သူ့ဖုန်းကို ထုတ်ခါ သင်ခန်းစာ လုပ်ရမဲ့ အပိုင်းကို ဖွင့်လိုက်ပြီး အသံလည်း တိုးလိုက်သေးသည်..။
တစ်လကြာတဲ့ အချိန်ထိ စကားအပို တစ်ခွန်းမှ မပြောဖူးသလို အပြန်အလှန် ခင်မင် ရင်းနှီးမှုလည်း မရှိတော့ ပူး စိတ်ထဲမှာ ဆရာမဆိုပြီး အလိုလို ရှိန်နေရသည်..။
သင်ခန်းစာကိုသာ အာရုံစိုက်နားထောင်နေပေမဲ့  စာအုပ်ထဲမှာ လိုက်ရှာတာ မတွေ့..
“ဆရာမ ဒီ စာပိုဒ် က..”
ပူး စာအုပ်ကို ကြည့်ပြီး မေးပေမဲ့ ဆရာမ ဆီက တုန့်ပြန်သံ မလာတော့ မော့ကြည့်မိတာ..။
“ဇိုပဲခေါ်..”
“ဒါပေမဲ့..”အသက်အရွယ်ကွာတဲ့ အပြင် စာပြပေးနေသူ တစ်ယောက်ကို နာမည်ခေါ်ရမှာ အဆင်မပြေပါ..။
“အစ်မဇို..ဒီ ကဗျာက..”
“ဇို..”
“ဟင်..”
ဇို လို့ တစ်လုံးတည်း ခေါ်ခိုင်းနေတာလား...ပူး ခဏတွေဝေစဉ်းစားနေချိန်..
“ငါလည်း မသိဘူး...ဘာကဗျာမှ မသိဘူး..”
“ဗျာ..”
စာအုပ်ကို ကြည့်လိုက် ဇို့ ကို ကြည့်လိုက်နဲ့ စိတ်ရှုတ်ထွေးမှု နားမလည်မှုတွေက မျက်နှာပေါ်မှာ အထင်းသား...။
“နင့် နာမည် ဘယ်လိုခေါ်လည်း..”
“.မသိဘူးလား..”
“ဟအေး...”
ပူး ရယ်ချင်သွားသည်..တကယ်ဆို လူတော်တော်များများက ပူး ကိုသိပြီး ပူးကသာ မသိတာ..အခုကျတော့ ပူး ကို မသိတဲ့ လူနဲ့ တစ်ခုံတည်း ထိုင်နေရတာ..ဘယ်လို ခံစားမှုကြီးမှန်း မသိ...။
“ဘမ်ဘီနို ပါ သရုပ်ဆောင် မော်ဒယ်လေ..မသိဘူးလား..ဆရာမ ..အဲ ဇို..”
သူ့ဟာသူ ပြောပြီး သူ့ဟာသူ မနေတက်ဖြစ်ခါ လက်သွယ်သွယ်တွေကို လည်ဂုတ်သပ်လိုက် ဆံပင် သပ်လိုက်နဲ့ အလုပ်ပေးနေတော့သည်..။
“မသိဘူး..ရုပ်ရှင် သိပ်မကြည့်ဖြစ်လို့ပါ..”
ရှေ့က မသိဘူးဆိုတာ ခပ်ပြတ်ပြတ်ပြောပြီးခါမှ နောက်ဆက်တွဲလေသံက ဖျော့ကျသွာသည်..။
“ကြော်ငြာဘုတ်တွေမှာလည်း ပူး ကြော်ငြာတွေ ပါတယ်လေ..”
“အဟင်း..”
ပြောပြီးခါမှ ကြွားလုံးထုတ်ချင်တဲ့ ပုံစံ ဖြစ်နေပြီလားတွေးမိပြီး ပူး ရှက်လို့ မျက်နှာတွေ နီလာသည်..။
“ဒီလိုနေ့မျိုးမှာလည်း အပြင်မှာ အချိန်မဖြုန်းချင်ဘူးလား..”
ပူးကို ပြောနေတာသိပေမဲ့ အံသြသလို မယုံသလို လိုက်ငေးကြည့်နေမိသည်..။
တကယ်ဆို စကားတစ်ခါမှ မပြောပဲ စာသင်ချိန်ပဲ အနားမှာ ထိုင်နေသူက အခုတော့ မိတ်ဆက်ပြီး ရင်းနှီးသူလို အကြံတွေ ပေးနေသည်..။
“ဘာလည်း ဒီမိန်းမ ထင်သလာက် မဟုတ်ဘူးဆိုပြီး အထင်သေးသွားလား..”
“ဟာ..မဟုတ်ပါဘူး..ပူး အံသြမိလို့ပါ..ဆရာမက ..ဇိုက အရင်က စကားမပြောလို့ပါ..”
“ငါ က အ နေတာမှ မဟုတ်တာ...”
“အဲလိုပြောတာမဟုတ်ပါဘူး..”
သူ့ စကားနဲ့ သူ ရှုပ်နေပြီး အကြည့်ကလည်း တစ်ချက်မှ မငြိမ်.။
“ဒီလိုနေ့ကို အိမ်ပြန်လာသေးတယ်ဆိုတော့ သားလိမ်မာလေးပဲ..”
“အသိတွေကတော့ fullmoon ပါတီ ကို အတင်းခေါ်ပါတယ်..ဒါပေမယ့် ပူး ငြင်း လာရတာ..”
“ဘာလို့လည်း..လူရှုပ်တာ မကြိုက်ဘူးလား..”
“ပူး ငယ်ငယ် ကတည်း ရိုက်ကူးရေး ပြီးတာနဲ့ အိမ်တန်းပြန်နေကျဆိုတော့ လျှောက်မလည် တက်တော့လို့ပါ...ပြီးတော့ မာမီ ကလည်း လုံး၀ ခွင့်မပြုဘူးလေ...”
သူ့ဘ၀ သူ့ အကြောင်းကို ဖွင့်ပြောလို့ရမဲ့ ယုံကြည်ရသူကို တွေ့သလို ငယ်ဘ၀ချီပြီးပြောနေတော့သည်..။
ကလေးတစ်ယောက်လို ဖြူစင်လွန်းပါသည်..။
“.ဒါဖြင့် သူငယ်ချင်း အပေါင်းအသင်းလည်း မရှိသူ ဆိုပါတော့..”
ဇို မေးစကားကို ကြားလိုက်တော့ မျက်နှာက သိသိသာသာ ညိုးကျသွားပြီး..
“အပေါင်းအသင်းဆိုတာ အချိန် တစ်ခုပေးနိင်မှလေ...ပူးက သူတို့ အတွက် အချိန်မှ မပေးနိုင်တာ...”
“ဟား..ဟား..နိုင်ငံကျော်မင်းသားဆို...ဘ၀ကလည်း သနားစရာကြီးပါလား...”
ဇို အော်ရယ်လိုက်တော့ မခံချင်စိတ်လေးကြောင့် သူ့ မျက်၀န်းက စူးလဲ့လဲ့လေး ဖြစ်သွားပြီး..
“တခြားသူတွေ အားကျလောက်တဲ့ ဘ၀မျိုးကို ပိုင်ထားတာပါ..”
“ဟား...ဟား...ဟုတ်ပါပြီ...”
ပူး မျှော်လင့်မထားတဲ့ ရယ်မောမှု တစ်ခုအောက်မှာကျဆုံးသွားသည်..။
နှုတ်ခမ်းရဲရဲ နဲ့ အတူ စူးရှတောက်ပ လွန်းသည့် အကြည့်တွေကြောင့်
မျက်၀န်းတွေက မိနစ်ပိုင်းကြာတဲ့ အချိန်အထိ အကြည့် မလွဲနိုင်အောင် ဖြစ်နေရသည်..။
ဇို့ ဆီက တုန့်ပြန်လိုက်တဲ့ အကြည့်စူးစူးတွေ က သူလို ကောင်လေး တစ်ယောက် ကို ဆွဲဆောင်လွန်းအားကြီးနေသည်..။
အကြည့်တွေနဲ့ ဆွဲငင်ယူဆောင်ရင်း မျက်နှာချင်းဆိုင် နှစ်ယောက် ....
ပူး မျက်လုံး စုံမှိတ်လိုက်ြ့ပီး မထိတထိ နှုတ်ခမ်းတစ်စုံရဲ့ ချိုမြိန်မှုကို ခံစားမိသလို..ရင်ဘတ်ထဲက တဒိန်းဒိန်းနဲ့ တိုးဆောင့်နေတဲ့ နှလုံးခုန်နှုန်းကိုလည်း သတ်ိထားမိနေသည်..။
အခြေအနေ တစ်ခုကို သတိရပြီး ပူး အလျင်အမြန်နောက်ဆုတ်ရပ်တန့် လိုက်ရသည်..။
“ဆောဒီး..ဆရာမ..အဲဇို..တောင်းပန်ပါတယ်..မရည်ရွယ်ပါဘူး..ကျွန်တော် ဝိုင်တွေ သောက်ထားခဲ့လို့...”
ဇို ခေါင်းက ဆတ်ကနဲ့ထောင်သွားရသည်..ခေါင်းလွဲရှောင်တက်တဲ့ အကျင့် က သူ့ အကိုနဲ့ တစ်ပုံစံတည်း..။
“ အရက်မူးပြီး နမ်းမိတာပေါ့..ဖြစ်တက်ပါတယ်..ဖြစ်နေကျပဲမလား..”
“မဟုတ်ပါဘူး..ဒါ ပထမဆုံးပါ...”
“အို..”
ဇို စိတ်ထဲ သနားချင်သလိုလို တောင် ဖြစ်သွားရသည်.သူ က တကယ့်ကို အဖြူထည်..ဇို့ ရဲ့ အစီအစဉ်တွေ ရှေ့ဆက်သင့် မဆက်သင့် ဝေခွဲ မရချိန် ..။
“မင်းက နိုင်ငံကျော်ဆိုတော့ အခုလို အနမ်းခံရတာ နစ်နာတာပေါ့နော်...”
“တခြားသူတွေဆိုရင်တော့ ဟုတ်တာပေါ့...”
စကားပြောနေရင်း ခေါင်းငုံ့ချပြီး ဆက်မပြောပဲ နေတော့..
“တခြားသူ မဟုတ်တော့...”
“ကျွန်တော် ဇို့ ကို စိတ်၀င်စားနေခဲ့တာပါ..”
“ဘယ်လို...”
ဇို သူ ဘာပြောချင်တာလည်း သိအောင် ဦးနှောက် အဘိဓာန်သုံးပြီး ရှာဖွေနေရသည်...။
“တကယ်တော့ ဇို့ ကို ကျွန်တော် အိမ်မလာခင်ကတည်းက တွေ့ဖူးပါတယ်..အဲကတည်းက မမေ့တော့ဘူး..”
“ငါမေးနေတာ အခုဖြစ်သွားတဲ့ အကြောင်းအရာကိုပါ...နစ်နာသလားလို့..”
“မနစ်နာပါဘူး..တကယ်ဆို ဇိုကသာ မိန်းကလေးမို့..နစ်နာ..”
“နင် ပြောတော့ မူးပြီးနမ်းတာဆို..နင်ထင်ယောင်ထင်မှား ဖြစ်သွားရတာ ဆောဒီးပါ..အခွင့်အရေး ယူပြီး သစ္စာမရှိသလို ဖြစ်သွားတယ်..ဒီပုံစံ ဆို နီးစပ်နေတဲ့ နှစ်ယောက်စလုံး အန္တရယ် ရှိတယ်..မနက်ဖြန် ဒီ အလုပ်က ထွက်တော့မယ်..မနက်စောစော ထွက်သွားမှာမို့ နင့် အမေကို ပြောလိုက်နော်...ဂွတ်နိုက် ကောင်လေး..”
သူ့လို ကလေး စိတ်ဓာတ်နဲ့ လူငယ် တစ်ယောက်ကို ခုတုံး မလုပ်သင့်ကြောင်း တွေးမိပြီး..တကယ်ထွက်သွားတော့ဖို့ ဆုံးဖြတ်လိုက်သည်..။
ဒီကောင်လေးနဲ့ မပတ်သက်ပဲ ဒေါ်စိမ်းမြရည် ကို ကလဲ့စားချေဖို့ နည်းတွေ ရှိလာအုံးမှာပါ..
အခန်း တံခါးကိုလက်အရောက်...။
“မဟုတ်ဘူး..မသွားပါနဲ့...”
ဇို နောက်က သိုင်းဖက်ပြီး ဆွဲပွေ့ခါ တောင်းပန်သလို တိုးလျလျ အသံလေးနဲ့ ပြောနေတော့..ဇို ပြုံးလိုက်သည်..။
တကယ့်ကလေးလိုပါပဲလား ကောင်လေးရယ်..
“လွှတ်စမ်း...”
“မလွှတ်ဘူး...နေ့တိုင်း  အိမ်မက်တိုင်း ပါနေတာ..ဘယ်လိုမှ မေ့လို့ မရဘူး..”
“နင့် မာမီ သိရင်...”
“ဟင်..”
သူ့ မာမီ့ အသံကြားတော့ ဆုပ်ကိုင်ထားတဲ့ လက်တွေက ကြောက်လန့်တကြား ဆောင့်လွှတ်လိုက်သည်..။
ဇို ဒေါသကရေဆူမှတ်ထိတက်သွားရသည်..။တာ၀န်ယူစိတ်မရှိသည့် အပြင် အမေဆိုတဲ့ အသံကြားတာနဲ့ ဆန္ဒကိုပါချိုးနှိမ်ပြီး တွန့်ဆုပ်သွားနိုင်တာ..ဒေါ်စိမ်းမြရည်ရဲ့ မိခင်အာဏာကိုလည်း ချီးကျူးအမှတ်ပေးမိသည်..။
မလိုအပ်ပေမဲ့လို့...။
ရုတ်တရက်လှည့်လိုက်တဲ့ သူမ ကြောင့် ပုး လန့်သွားသည်..။
မျက်နှာ နှစ်ခု နီးကပ်လွန်းနေတော့ ပူး နှလုံးသွေး စည်းချက် အတိုင်း နှုတ်ခမ်းက ပါ တုန်ယင်ယင် ဖြစ်လာသည်..။
တောင်းဆို ရမလား ..ခွင့်ယူရမလား မသိ ..အနမ်းတစ်ခုကို တုန့်ပြန်လာတဲ့ သူမကြောင့် ရင်ဘတ်ထဲမှာ ဝုန်းဒိုင်းကြဲ ကုန်သည်..။
လက်ဖျားခြေဖျားတွ အေးလာသလိုလို ..
၀ဲဘတ်ရင်အုံကို ပွတ်သပ်ကျီဆယ်နေတဲ့ သူမရဲ့ လက်ဖျားထိပ်လေးတွေကို အကြောက်အလန့် တားဆီး ဆုပ်ကိုင်ထားမိသည်...။
ရေချိုးထားပါရဲ့နဲ့ ပူသလို အိုက်သလို...ကိုယ်ခန္ဓာထဲမှာ သွေးပူတွေ စီးဆင်းနေသလို..ဘာတွေ ဖြစ်ကုန်မှန်းမသိ...။
မိန်းမ တစ်ယောက်နဲ့ နီးကပ်တဲ့ အထိအတွေ့ကို အကြိမ်ကြိမ် ကျမ်းကြေလောက်အောင် သရုပ်ဆောင်ခဲ့ရဖူးပေမဲ့ ပူးဘ၀ရဲ့ ပထမဆုံး တကယ့် အစစ်အမှန် ခံစားမှုကတော့ ပူရှိန်းရှိန်း...။
ဘယ်သူ့ကြောင့်မှန်းမသေချာခင် ...
ရင်ခုန်သံတွေ ..အတားအဆီးမရှိစွာ ခုန်ပေါက်နေပြီ....။
ပူး ဖုန်း မြည်သံကြောင့် နိုးထလာသည်..။
ဖုန်းဆီ လက်လှမ်းပေမဲ့ ရင်ဘတ်ပေါ်တစ်ခုခု တင်နေလို့ တွန်းချပစ်လိုက်ပြီး မျက်လုံး မပွင့်သေးပဲ ဖုန်းကိုင်လိုက်သည်...။
“ဟလို..”
“ဟလို..ဟာ..ဘယ်သူလည်း...ကျွတ်..”
ဖုန်းပြန်ချပြီး အိပ်ဖို့ ပြင်လိုက်စဉ် မေးဖျားနားမှာရွေ့လျားတက်လာတဲ့ အထိအတွေ့တစ်ခု..
“ဟင်..”မျက်လုံး အပြူးသား ပါးစပ်တောင် ပြန်ပိတ်ဖို့ မေ့သွားပြီး အိပ်ချင်တဲ့ စိတ်တွေလည်း ကြက်ပျောက်ငှက်ပျောက်...။
“ဆရာမ...ဇို...”
“ဟာ....ဘာတွေလည်း..အိမ်မက်ပါနော်..”
ဇို တစ်ချက်ပြုံးလိုက်ပြီး ခြုံထားတဲ့ စောင်အပါးကို ရင်ဘတ်ပေါ်ထိ ဆွဲ ပတ်လိုက်သည်...။
“ဘာလည်း..အိမ်မက်ဖြစ်စေချင်တာလား...”
“ဟင်..”
ပူး..ည က အဖြစ်အပျက်တွေ ပြန်စဉ်းစားတွေးကြည့်နေချိန် ဇိုက စောင်နဲ့အတူ အ၀တ်အစားတွေကောက်ပြီး ရေချိုးခန်းထဲ ၀င်သွားပြီ..။
“ဘာတွေလည်း..သေတော့မှာပဲ...အား...”
အတွေးတွေနဲ့ ခေါင်းတွေ မူးနောက်နေချိန် ဇိုက အ၀တ်အစားလဲပြီး ရေချိုးခန်းထဲက ပြန်တောင်ထွက်လာပြီ...။
“ဘယ်လိုလည်း စိတ်ညစ်နေပြီလား..”
“အင်း..”ပူး ယောင်ယမ်း ခေါင်းညိတ်ပြီး မှ အားနာမိသည်..။
“ဟား..ဟား..ညကတော့ စိတ်မညစ်ဘူးနော်..မူးလို့မှားတယ် လုပ်မလား ဒါမှ ဘာမှ မသိလိုက်ဘူးပြောလို့ ရမှာလေ..”
“ဇို ဘာပြောချင်တာလည်း..”
“တာ၀န်မယူချင်တဲ့ သူတွေ ပါးစပ်က ထွက်တက်တဲ့ စကားမျိုးတွေလေ..ယောင်္ကျား မပီသသူတွေရဲ့ လက်သုံး စကားတစ်ခု...”
ပူး ချက်ချင်းဆိုသလို မျက်နှာရဲပြီး လူငယ် တစ်ယောက်ရဲ့ အသွင်ပြင် ပျောက်သွားခါ..
“ကျွန်တော်..ယောင်္ကျား တစ်ယောက်ပါ..ကိုယ့် အမှား ကိုယ် တာ၀န်ယူရဲတယ်..အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ ပြန်တွေးနေချိန် တွေဝေသလို ဖြစ်သွားတာ..”
ဇို ပခုံးတွန့်ပြီး အထင်ကြီးတဲ့ ပုံစံ နှုတ်ခမ်းတွန့်ပြလိုက်သည်..။
“နင့် အမေ ကို ဘယ်လိုပြောမလည်း..”
“မာမီ ကတော့ အပြင်းအထန် ကန့်ကွက်လိမ့်မယ်..မလိုလားတာတွေပါ ဖြစ်လာလိမ့်မယ်...အထူးသဖြင့် ကျွန်တော့် ကို သတ်မှာပါ..ဒါပေမဲ့ ဇို့ကို ပြသာနာ မရှာအောင် ကျွန့်တော်ကာကွယ်ပြောပေးပါမယ်..”
“သေဘာပါပဲ..”
ဇို  လက်ပြပြီး တံခါးဆီ လျှောက်သွားပြီးမှ ခုံပေါ် ကျန်ခဲ့တဲ့ ဖုန်းကို မမေ့မလျော့ ပြန်ယူရသည်...။
အခန်းတံခါး ပိတ်သွားတာနဲ့ ပူး ကုတင်ပေါ်မှာ လူးလှိမ့် ပစ်လိုက်သည်..။
“အား...”
ခေါင်းအုံးက်ို မျက်နှာပေါ်ဖိအုပ်ပြီး အာခေါင်ခြစ်အော်နေမိသည်..။
မှားပြီ...မှားတာမှ ဒိုင်ယာလော့ခ် အိုက်တင်မှားတာမဟုတ်..ဖြတ်ညှပ်လုပ်လို့ မရတဲ့ အမှားမျိုး..
ဘယ်လိုမျိုးလည်း တစ်ချိန် လုံး တည်ငြိမ်နေတဲ့ ဇို တစ်ညတည်းနဲ့ ကျားသစ်မလေး ဖြစ်သွားတာလား..ဒါမှ မဟုတ် ပူး ကပဲ လူစင်စစ် ကနေ ကျားစိတ် ပေါက်သွားတာလား..ထင်ထင်ရှားရှား မှတ်မိတဲ့ ပထမဆုံး အနမ်းကို ပြန်မြင်ယောင်တော့ နှလုံးသားက ဆောင့်ခုန်လာပြန်သည်...။
………………………
ရေးတာပဲ 😭
အရေးအသားကမကောင်း 😭
ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ပါ .
သည်းခံ ဖတ်ပေးကြလို့
ကျေးဇူးအထူးတင်ပါတယ် နော် ❤📖💪
Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now