Zoe
အပိုင်း (၅)
#ဇိုစပိုက်ကာ“ကြက်ဥ ဟက်ဖရိုင် ပဲလုပ်ထားတယ်..သား ကြိုက်တယ်မလား..”
“ဟုတ်ကဲ့..”
“ဘာဖြစ်လို့လည်း သား နေမကောင်းဘူးလား..”
သားမျက်နှာ ကြည့်ရတာ အခုတလော အလိုမကျသလို စိတ်ရှုပ်ထွေးနေတဲ့ ပုံစံမျိုး..။
“ဟင်..မေးနေတယ်လေ..”
“အော်..ကောင်းပါတယ် ..မာမီ..ဒီနေ့ ရိုက်ရမဲ့ အခန်း အကြောင်း တွေးနေလို့ပါ...”
“သားရယ် အပင်ပန်း သိပ်မခံပါနဲ့ ရစ်ချက်နဲ့ လွဲလို့ရတာ လွဲထားစမ်းပါ..”
“ဟုတ်..”
ပူး ရှေ့ပန်းကန်ထဲက ကြည်ဥကို ခက်ရင်းဖျားလေးနဲ့ ထိုးဖောက်မွေ လိုက်ပြီး ပေါင်မုန့်နဲ့ယူ စားလိုက်သည်..။
စားစိတ်ချင် မရှိသော်လည်း မာမီရီပ်မိသွားမှာလည်း စိုးရသေးသည်..။
“ပူး သွားတော့မယ်..မာမီ..’
ပူး မီးဖိုခန်းထဲက ထွက်လာတော့ အပေါ်ထပ်ကို တစ်ချက်လှမ်းကြည့်မိသည်..။
“တက်လေ..ပူး..ဘာကျန်သေးလို့လည်း..”
“ဟင်..အင်း..”
ကားတံခါးကို ကိုင်ပြီးရပ်နေမိတာ ကိုရစ်ချက်ပြောတော့မှ ကားပေါ်တက်ပြီး ထိုင်လိုက်ရသည်..။
“ဒီနေ့တော့ တစ်ဆင်းလောက်ပဲ ရိုက်ရမယ် ထင်တယ်..”
“အင်း..”
“ဘယ်လိုဖြစ်တာလည်း ဖုန်းတောင် မနှိပ်တော့ဘူး..”
“ဟင်း..”
ပူး လွတ်လွတ်လပ်လပ် သက်ပြင်းရှည် တစ်ခု ချလိုက်မိသည်...။
“ဒေါက်..ဒေါက်....ဇို...”
တ့ခါး ခေါက်သံနဲ့ အတူ ဒေါ်ညို့အသံ ထွက်လာတော့ သောက်လက်စ ဆေးလိပ်ကို ခွက်ပေါ်တင်ပြီး ထလာခဲ့လိုက်သည်..။
“ပြောပါ...”
ဇို တံခါးဖွင့်ပြီး မေးလိုက်တော့ ဒေါ်ညို က အခန်းထဲ တစ်ချက်ဝေ့ကြည့်ပြီးမှ...
“ဟို..ပူး..ဒီနေ့ စာမသင် ဖြစ်ဘူး..အဲဒါ လာပြောတာပါ..”
“ဘာဖြစ်လို့လည်း..”
“နားချင်လို့တဲ့..”
“အင်း”
ဇို အခန်းတံခါး ပြန်ပိတ်ပြီး နှုတ်ခမ်းတွန့်ပြုံးလိုက်ရသည်..။
ဒီကောင်လေး တစ်အိမ်ထဲ နေပြီး ဘယ်လောက်ကြာကြာများ ပုန်း နေနိုင်မှာလည်း..။
ဇို နဲ့ သူ မတွေ့အောင်ရှောင်ပြေးနေတာ တစ်ပတ်ကျော်ပြီ..။
ဒါနဲ့များ ကျွန်တော် တာ၀န်ယူပါမယ်တဲ့...။
ကလေးစိတ်မို့လို့ကြောက်လန့်ပြီး ရှောင်နေတာ နေမှာပါ လို့ ဖြည့်တွေးရင်း မိတ္တူကူးထားသည့် စာရွက်တွေဆီ အကြည့်ရောက်သွားရသည်..။
“မနက်ဖြန်တော့ ဖမ်းပြီ..”
.
“ပူး..ဒီနေ့ စောတယ်ကွ...”
“အင်း..”
အလုပ်မှာ စိတ်မပါပေမဲ့ အကောင်းဆုံးတော့ ကြိုးစား ပေးရသည်..စိတ်ထဲမှာမောဟိုက်ပင်ပန်း နေပေမဲ့ မျက်နှာမှာလည်း အပြုံးတင်ထားရသည်..။
ရှုတင်က အပြန် ညနေ ၆နာရီကျော်သာ ရှိသေးတာ..အရင်တုန်းက ဆို နားရလို့ ပျော်ပေမဲ့ အခုတော့ သွားခွင့် ရှိရင် တစ်နေရာရာ သွားနေချင်သေးသည်...အားလုံး အိပ်မှ အိပ်ထဲ ၀င်ချင်သည်..။
မျက်နှာချင်းမဆိုင်ချင်လို့ အကြောင်းပြချက်အမျိုးမျိုး နဲ့စာမသင်ပဲရှောင်နေရတာ ပူး အတွက် မလွယ်ကူပါ
“သား ပြန်လာတာ စောတယ်နော်..”
“ဟုတ်..”
“ညစာ စားတော့မလား..”
“မစားချင်ဘူး..မာမီ..”
“ဟယ်..နေကောင်းရဲလား ..လာစမ်း..”
မာမီ က ပူး နဖူးကို ညင်ညင်သာသာ စမ်းကြည့်ပြီး ခေါင်းရမ်းရင်း..
“ကိုယ်လည်း မပူပါဘူး..အစာကြေဆေး စားလိုက်..နေအုံး..ဒေါ်ညို..”
ပူး အိမ်ထဲမှာ မျက်လုံးဝေ့ပြီး လိုက်ရှာမိတာ မတွေ့တော့မှ စိတ်ထဲက နည်းနည်း သက်သာရသည်..။
“သား ဆေးသောက်ပြီး ခဏနားနေလေ..ပြီးတော့မှ စာသင်ပေါ့..”
“’ဒီနေ့တော့ မသင်ချင်ဘူး.မာမီ..ပူး နားချင်လို့..”
“တစ်ပတ်တောင် ရှိပြီိနော် စာတွေ မေ့ကုန်အုံးမယ်..”
“ရပါတယ်..”
“အေးလေ..မနက်ကျ နေလို့မကောင်းသေးရင် ဆရာ၀န်ပြမယ်..”
မာမီ့ အမိန့်တစ်ခု ကို ခေါင်းညိတ်လက်ခံလိုက်ပြီး လှေကားထစ်တွေကို ရင်တထိပ်ထိပ် နဲ့ တက်လာခဲ့ရသည်..။
စောင့်ကြိုနေရင် ဘာတွေ ပြောရမလည်း စကားလုံးတွေလည်း ရှာဖွေမရသလို..
တစ်နေရာရာ ကိုသာ အပြီးတိုင် ထွက်ပြေးချင်မိသည်..။
ပူး အခန်းထဲ ၀င်ပြီး ရေချိုး အ၀တ်အစားလဲခါ ကုတင်ပေါ် ထိုင်နေလိုက်သည်...။
ထိုင်နေရင်း ရင်ခုန်သံည ကို မြင်ယောင်လာတော့ မယုံနိုင်ခြင်း နဲ့ တုန်လှုပ်ခြောက်ခြားသာ ခံစားရပြီး အခန်းတံခါးလော့ခ် ကို အမြန်ပြေးချထားလိုက်သည်..။
ယောင်္ကျားမပီသတဲ့ တာ၀န်မယူချင်တဲ့ စိတ်များလား..
တကယ်ဆို သူ မိန်းကလေးတစ်ယောက်ပဲ ငြင်းသင့်တာပေါ့..
ပြီးတော့...။
“ဒေါက်..ဒေါက်..”
“ဟင်...ဘယ်သူလည်း..”
“သား..မာမီပါ..”
ပူး ကုတင်ပေါ်က ခုန်ထပြီး အခန်းတံခါးပြေးဖွင့်ပေးမိသည်..။
မာမီက အခန်းတံခါးလော့ချတာ လုံး၀မကြိုက်...။
“ဒီနေ့ အရေးတကြီး စာဆွေးနွေး စရာ ရှိလို့တဲ့ နာရီ၀က်လောက်တော့ သည်းခံပြီး သင်လိုက်နော်..”
“ဟို..အဲဒါ..”
မာမီ ဘေးက ဖြတ်ကျော်လာပြီး အခန်းထဲကို ရောက်နေပြီမို့ ပူးလည်း မတက်နိုင်တော့ပါ..။
“ဟုတ်ကဲ့..”
“ဇိုရေ..သား နည်းနည်း ပင်ပန်းနေလို့..”
ဇို ခုံပေါ်မှာ ထိုင်နေလျက်သားက သဘောပေါက်ကြောင်းကို ခေါင်းညိတ် အဖြေပေးလိုက်သည်..။
ဒေါ်စိမ်းမြရည် က အခန်းတံခါး ပြန်စေ့ပိတ်ခဲ့ပြီး အောက်ထပ်ပြန် ဆင်းသွားကြောင်း ခြေသံတွေက တစ်ဆင့်သိနေသော်လည်း သူက တံခါးအနားက မရွေ့့နိုင်သေး...။
“လာလေ...”
စကားသံ တစ်ခု က ပူး ကို လန့်ဖျပ်တုန်လှုပ်သွားစေသည်..။
“ဟား...ဟား..”
လှောင်ရယ်သံကို မခံနိုင်လို့ ခုံမှာ ၀င်ထိုင်လိုက်သည်..။
တကယ်ဆို ကိုယ် ကယောင်္ကျား..ဘာကြောက်စရာလည်း...။
“ဒီ သင်ခန်းစာတွေ မိတ္တူကူးလာတာ သေချာ ကြည့်ထားလို့တော့ ပြောတယ်..”
စာ အကြောင်းသာပြောပြီး ပူးရှေ့ ကို စာရွက် ပစ်ချပေးတော့ ပူး ကောက်ကိုင်ပြီး ဖတ်ကြည့်နေလိုက်သည်..။
“ည မအိပ်ခင် တစ်ခါ ထပ်ကြည့်လိုက်..မရှင်းရင် သင်ခန်းစာ ၃၄ ဖိုင်မှာ ထည့် ထားတယ်..”
ပူး.ခေါင်းငုံ့ပြီး စာရွက်တွေကို သာ အကြည့်ရွေ့ထားလိုက်သည်..။
ဘာတွေ ဘယ်လို စပြောရမလည်း..တစ်ခုခု တောင်းဆို ဖို့ လာတယ်ထင်မိခဲ့ပေမဲ့ လက်တွေ့မှာတော့ သင်ခန်းစာ အကြောင်းတွေသာ ပြောပြီး ခုံ က ပြန်ထနေတော့...
“ဟို..ဇို...”
“အင်း..”
“မာမီ ကို ကျွန်တော်ပြောပါမယ်..ဇို မပြောပါနဲ့...”
“ဘယ်လိုပြောမှာလည်း..အခုတောင် နင် ငါ့ကို ရှောင်နေတာမလား..”
“အဲဒါ...”
“မရှောင်ပါနဲ့ မနေတက်ရင်ပြောလေ..ငါ အလုပ်ထွက်ပေးမယ်..”
“မလုပ်ပါနဲ့..”
“ဒါဆို နင် ဘာဖြစ်ချင်တာလည်း..ပြောလေ..”
“အဲဒါ...အဲဒါက...ပူး တာ၀န်ယူချင်ပါတယ်..ဒါပေမဲ့.မာမီ က ကိုကို နဲ့ ပတ်သက်ပြီးလည်း အခုလို ဖြစ်ဖူးထားတော့ လွယ်လွယ်တော့ အလျော့ပေးမှာ မဟုတ်ဘူး..ပြီးတော့ ပူး ကိုလည်း သတ်မှာ..”
“သတ်မှာ..”
“အင်း..”
တကယ် ထိတ်လန့်နေပုံရသည့် သူမျက်နှာကို ငေးရင်း စိတ်ထဲ သနားလာသလိုလို ရှိသည်..။
“ဒါဖြင့် နင် မပြောရဲဘူးပေါ့..အဲလိုလား..”
“အချိန် တစ်ခုလောက်တော့...”
သူ ဆက်မလာတဲ့ စကားလုံးတွေကို ဇို ကပဲ..
“အချိန်တစ်ခုပြီးရင်ကော ပြောရဲမလား..”
“အဲဒါက.....”
“မသေချာဘူးလေ..အဲတော့ နင်နေလိုက်တော့ ငါ ပြောလိုက်မယ်..နင့်မာမီလည်း နင့် ကို စိတ်ဆိုးမှာ မဟုတ်ဘူး..”
“ဇိုက ဘယ်လိုပြောဖို့..”
“ငါလိုချင်လို့ အကွက်ဆင်တဲ့ အကြောင်းပြောလိုက်မယ်..”
ဇို့ စကားကြောင့် မျက်လုံး လှန်ကြည့်ပြီး ပြန်ငုံခါ..
“ဇိုက တကယ် အဲလို...:’
“ငါ ပုံစံ က အဲဒါနဲ့တူလား..”
“မဟုတ်ပါဘူး..”
“အမ်း..စာကြည့်ဖို့ မမေ့နဲ့..”
တံခါး ပြန်ပိတ်ပေးခဲ့ပြီး ထွက်သွားတော့ ပူး ရင်ထဲမှာ မောဟိုက်စွာ ကျန်ခဲ့ရသည်..။
မာမီ ကိုပြောနိုင်ဖို့ ဆိုတာ ဇို ပြောသလို မဖြစ်နိုင်ပါ..။
တာ၀န်မယူချင်လို့ စား ပြီး နားမလည် လုပ်တာမျိုး မဟုတ်ပါဘူး..။
သက်ပြင်းတစ်ခုကို ရှည်လျားစွာ မှုတ်ထုတ်မိသည်...။
“အဟ...ဒီနေ့တော့ ပုံမှန် ဖြစ်သွားပြီပဲ..”
ဖုန်းနှိပ်နေတဲ့ ပူးကို ရှေ့က ကိုရစ်ချက်က ကားမောင်းနေရင်း လှမ်းပြောလိုက်တော့ ပူး ပခုံး တွန့်ပြလိုက်သည်..။
“ကိုရစ်ချက် လက်မထပ်ပဲ အတူနေရင် ဘာတွေ ဖြစ်လာနိုင်လည်း..”
“ဗိုက်ကြီးတာပေါ့ကွ..”
“ဟာဗျာ..”ပူး ကိုယ့် စကားနဲ့ ကိုယ်ရှက်ပြီး မျက်နှာလွဲခါ ဘာမှ ဆက်မမေးရဲတော့ပဲ ဖုန်းကိုချည်း ဇွတ်နှိပ်နေတော့သည်..။
“ဘာကို မေးတာလည်း..”
ကိုရစ်ချက်က စကားပြန်စတော့မှ.ဖုန်းကို ကြည့်နေရင်း..
“ထောင်ကျတာဘာညာ..”
“အော်..ဒါကတော့မိန်းကလေးနဲ့ပဲ ဆိုင်တယ်..”
“ဗျာ..”
“ဟုတ်တယ်လေ..အသက်ပြည့်တယ် သဘောတူတယ်ဆို မင်းက သူ့ရဲ့ ခင်ပွန်းလောင်းပေါ့..အသက်ပြည့်တယ် သဘောမတူဘူး ဆိုရင် မင်းက ကာမ လိမ်လည် ရယူမှုနဲ့ ထောင်ကျမယ်..အသက်ပြည့်တယ် အတင်းအဓမ္မဆို မင်းက မုဒိမ်းကောင် ဖြစ်ရော..ဒါမျိုးနဲ့ ပတ်သက်တဲ့ ဥပဒေဆိုတာ မိန်းကလေးတွေ ပါးစပ်က ဖြစ်နေတာ..ဒီနေ့ရိုက်ရမှာ အဲဒါမျိုးလား..”
“အဲ..အမ်း..”
ပူး အတွေးတွေက မပျက် မတော်မဆ ဇို သာ တစ်ခုခု တုန့်ပြန်လာရင်..
ထိုနေ့ည က ပူး..အား...စိတ်ရှုပ်လိုက်တာ..။
အရင်က မှ မာမီ လက်အောက်မှာ မလွတ်လပ်ရုံသာ အခုလို စိတိ်ဆင်းရဲစရာ စိတ်ရှုပ်စရာမရှိ..အခုတော့...။
.
“အန်တီ..အားလား..”
“အားပါတယ်..”
“စကားပြောချင်လို့..”
“အော်..အင်း...ထိုင်လေ..”
စကားနည်းတဲ့ သူက သေချာ အနားလာပြီးပြောတော့ သား အတွက် စိုးရိမ်မိသည်..။
ဇို ခုံမှာ အသေအချာ ၀င်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဒေါ်စိမ်းမြရည်ကို ကြည့်ကာ...
“ပူး က ဇို နဲ့ အိပ်ပြီးပြီ..”
“ဘာ..”
ဒေါ်စိမ်းမြရည် ခေါင်းပေါ် မိုးကြိုး အချက်ပေါင်းများစွာ ဆင့်ပြီး ပစ်ချလိုက်သလို ခေါင်းထဲမှာလည်း ချာချာလည်ခါ နားတွေတောင် အူတူတူ...
“ဘယ်လို..”
“ပြောခဲ့သလိုပါပဲ..”
“ဘာလည်း..ဘယ်တုန်းကလည်း..ဘယ်လို ဖြစ်ပြီး..”
“မထင်မှတ်ပဲ ဖြစ်သွားတာပါ..အဲတာ အန်တီ ဘယ်လို တာ၀န်ယူပေးမလည်း သိချင်လို့ပါ...”
“ဘယ်လို..ဘယ်လို.... တာ၀န်ယူရမယ် ဟုတ်လား..”
“မယူ နိုင်ဘူးလား..”
“ဟဲ့..နင်ဟာ့နင် သဘောတူ လို့ ဖြစ်လာတဲ့ ကိစ္စ ဘာ တာ၀န်ယူစရာရှိလည်း..”
“အော်..အော်...ဟုတ်တာပေါ့..တာ၀န်ဆိုတာ ယူချင်စိတ်ရှိအုံးမှကိုး..”
ဒေါ်စိမ်းမြရည် ဒေါသကြောင့် အသားတွေတောင် တုန်ယင်လာသလိုလို ရှိသည်..။ ဒီမိန်းမ ဘယ်လိုဖြစ်ပြီး ....
သူ့ပုံစံကို ကြည့်တော့လည်း အတည်အတံ့ကြီးပြောနေတာမို့ ..
“ပြော..နင် ဘယ်လောက် လိုချင်လည်း..”
ငွေ နဲ့ ကိုင်ပြီး ပြောလာတော့ ဇို ဟက် ခနဲ့ တစ်ချက်ရယ် လိုက်ပြီး..
“ငွေ ကို ပြောနေတာလား..ဇို က ငွေ မကြိုက်ဘူး..”
“ဘာ..ဒါဆို.နင် က ဘာလိုချင်တာလည်း..”
“ပူးကို...”
“ဘာ.....”
“ဟုတ်တယ်..ဖျက်စီးပြီးရင်တော့ ယောင်္ကျား တစ်ယောက် တာ၀န် ယူရမှာပဲ..”
“မဟုတ်ဘူး..ပူး..ငါ့သား ဘယ်တော့မှ ဒီလို အမှား မလုပ်ဘူး..မဟုတ်ဘူး..”
ဒေါ်စိမ်းမြရည် သား မှားခဲ့တယ် ဆိုရင်တောင် ပေါ့ပေါ့ ပါးပါးလေး ပြီးသွားမယ် ထင်ခဲ့တာ အခုလို တောင်းဆိုလာတာ မယုံနိုင်သလို ခေါင်းသာ တွင်တွင်ရမ်း နေမိသည်..။
“ဟုတ်တယ်..အဲ ည က သူ ဧည့်ခံပွဲက ပြန်လာတော့ ဝိုင်တွေလည်း သောက်လာသေးတယ်..”
“နင်..သိရဲ့သားနဲ့..နင် တမင်တကာ ကြံစည်ပြီး..”
“ဟုတ်တယ်..”
စကားမဆုံးခင် ၀န်ခံလိုက်တော့ ဒေါ်စိမ်းမြရည် လက်က အလိုလို မြှောက်တက်သွားပြီး..ရိုက်ချချိန် ဇို လက်ကို ဆီးဖမ်းကိုင်လိုက်သည်..။
“ယောင်္ကျားနဲ့ မိန်းမ အတူတူ အိပ်တာ မိန်းမက အရိုက်ခံရမယ် ဆိုတာ သဘာ၀ မကျပါဘူး အန်တီ..”
“ဘယ်လိုမိန်းမစားတွေ အခုလို လုပ်တက်လည်း ငါသိတယ်..ငါ့ ပါးစပ်က ထုတ်ပြောရမှာတောင် ရွံတယ်နော်..ငါသားနဲ့လည်း သဘောမတူဘူး..နင် တောင်းသလောက်ပေးမယ်..ပြီးရင် သွားချင်ရာ သွား....”
“အဟက်..လွယ်လိုက်တာ...ဇို့ ဆီမှာ ဗီဒီယို ရှိတယ်..အင်တာနက် တင်ရောင်းရင်တောင် အန်တီ ပေးတာ ထက် ပို ရမှာ..”
“ဘာ..နင်..နင်...ဘယ်လို မိန်းမစားလည်း..”
ဒေါသကြောင့် အရောင် အမျိုးမျိုးပြောင်းနေသည့် မျက်နှာကို ဇို စိတ်ရှည်စွာငေးကြည့် ပြီးမှ..
“နစ်နာမှာက ပူးပါ..သူ့ ဘ၀ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်..အခန့်မသင့်ရင် ထောင်တောင်ကျအုံးမှာ..”
“ဇိုး...”ဒေါသနဲ့ ဆတူ အသံကုန် အော်ပစ်လိုက်မိပေမဲ့ ဇို က မခန့်လေးစားပုံစံ အတိုင်း..
“မနက်ဖြန် အပြီးသတ်စဉ်းစားပေးပါ...ည ဘက်အိပ်ရင် အိပ်မပျော်ဘူး..ကိုယ့်ကိုယ်ကို ရွံမုန်းနေတာ မသက်သာဘူး..”
“နင်..’
ဇို လှေကားက တက်လာပေမဲ့ ခုံပေါ်က တ နင် နင် နဲ့ ကျန်ခဲ့တဲ့ ဒေါ်စိမ်းမြရည် မျက်နှာကြီး ကိုသာ မြင်ယောင်မိပြီး ပြုံးလိုက်မိသည်..။
ဒေါ်စိမ်းမြရည် မငြိမ်းသောဒေါသမီးကို ရေနဲ့ မျောချခါ ဖုန်းထုတ် ပြီး ရစ်ချက်ဆီ ဆက်လိုက်သည်..။
“ပူး ဘယ်တော့ ပြီးမလည်း..”
“နောက် တစ်နာရီလောက် ဆို ပြီးပါပြီ..မမစိမ်း..”
“အိမ် တန်းပြန်ခဲ့ ပွဲတွေ ရှိရင် ဖျက်လိုက်...”
“ဟုတ်..”
ဖုန်းကို ပစ်ချထားလိုက်ပြီး အပေါ်ထပ်ကို မော့ကြည့်ပြီး ဒေါသပြန်ထွက်ရပြန်သည်..။
အိမ်ရောက်ကတည်းက အချိုး မပြေတာ...သိသင့်တာ...။
သူက အကြံ ရှိလို့ အပေါ်ထပ်ကို တောင်းဆို ခဲ့တာ..ဒီလောက် မိန်းမ သိက္ခာကျ ဘ၀ပျက်ခံပြီး သားကို လိုချင်တယ် ဆိုတာ သားရဲ့ ပရိသတ်တွေထဲက များလား...။
အရူးအမူးစွဲလမ်းနေတဲ့သူ များလား..။
ငွေဂုဏ်မောက်နေတဲ့ စိုးစိုး တို့ မိသားစုနဲ့ ရည်ရွယ်ခဲ့ပေမဲ့ အကျင့်ကို စိတ်ပျက်လို့ သားကို ချစ်တဲ့ သူ သားကလည်း ချစ်တဲ့သူ ဆို မျက်စိစုံမှိတ် လက်ခံဖို့ ကြိုးစားမယ်လို့ တွေးထားခဲ့ပေမဲ့ လက်တွေ့တော့ လက်မခံနိုင်တဲ့ အခြေအနေ...။
“တီ..တီ...”
နှစ်နာရီကြာပြီးနောက် သားရဲ့ ကားဟွန်းသံကြားလိုက်ရသည်..။
“မာမီ..ဘာဖြစ်လို့လည်း..”
ဖိနပ်ကို ဖြစ်သလို အမြန်အဆန် ချွတ်ပြီး စိုးရိမ်စ်ိတ်နဲ့ အိမ်ပေါ် ပြေးတက်လာတာ သိသော်လည်း..။
“ဖြန်း..”
“ဟယ်..”
ဒေါ်ညိုက ရေခွက် ကိုင်ရက်သားက ကြောင်တောင်ရပ်နေသည်...။
သားကို လေသံံ မာမာတောင် မပြောဖူးတဲ့ အမေ က ပါးရိုက်တယ်.ဆိုတာ သူတို့လည်း ဘယ်ယုံပါ့မလည်း...။
“မာမီ...”ပူး..ပါးကို မကိုင်ကြည့်ပေမဲ့ မျက်ရည်တွေတော့ စီးကျလာသည်..။
“သွား အပေါ်ထပ်..ငါ ထပ် ရိုက်မိမယ်...”
ဒေါ်စိမ်းမြရည် လက်ကိုတင်းတင်း ဆုပ်ပြီး အော်လိုက်တော့ ခေါင်းငိုက်စိုက်နဲ့ လှေကားတွေကို တစ်ထစ်ချင်း လေးကန်စွာ တက်သွားသည်..။
မိဘကို သိတက်တဲ့ သားလိမ္မာလေး တစ်ယောက်က ဒီလို အမှားမျိုးကို ရည်ရွယ် ပြီး လုပ်ပါ့မလား..
ဒေါ်စိမ်းမြရည် သနားစိတ်ဖြစ်ခါ မျက်ရည်များက သားနဲ့ ဆတူ ကျလာခဲ့သည်..။
“အဟင့်..ဟီး..”
ပူး ခေါင်းအုံးမှာ မျက်နှာ အပ်ပြီး ရှိုက်ခါငိုမိသည်...။
မာမီကို သနားလိုက်တာ.....ပူးကြောင့်...။
အဖြစ်အစအဆုံးကို သိနေတဲ့ ဇို အခန်းထဲမှာ ကြာကြာ ရပ်မနေနိုင်..သား ဖြစ်သူကို ရိုက်ပြီး ငိုနေတဲ့ အမေနဲ့ အရိုက်ခံရလို့ ငိုနေတဲ့ သား ...
မသိရင် မွေးခါစ သားအမိ ကျနေတာပဲ..ဇို စိတ်ပျက်စွာ ပြုံးလိုက်ပြီး...အခန်းတံခါး တွန်းဖွင့် ၀င်သွားလိုက်သည်..။
နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ကျောပြင်ကို ပုတ်လိုက်တော့ ခေါင်းထောင်လာပြီး..
“ဟင်..ဇို...ဟာ..မာမီ သိရင်..”
မျက်ရည် ပြည့်နေတဲ့ မျက်၀န်း နီနီတွေနဲ့ ကြောက်လန့် တကြား တံခါး၀ကို လှမ်း ကြည့်လိုက်ပြီး..ဇို့ ကို ပြန်မော့ကြည့်သည်..။
ဇို သူ့ ကုတင်အစွန်းမှာ ကပ်ထိုင်လိုက်တော့ ရုတ်တရက် နောက်ဆုတ်သွားတာ..အပြစ်တစ်ခုကြောင့် အရိုက်ခံထားရပြီး ထို အပြစ်ကို ထပ်လုပ်မိမှာ ကြောက်နေသလို...။
“ဇို..ပြန်ပါ..”
“ဘာလို့..”
“မာမီ သိရင်..”
“နင်က ယောင်္ကျားလေး ဖြစ်ပြီး ငိုတာပဲလား..”
“ယောင်္ကျားလည်း နှလုံးသားနဲ့ပဲ ဗျာ..မာမီ ပူးကြောင့် မျက်ရည်ကျတာ ပထမဆုံးပဲ...မာမီ့ ကို သနားတယ်..ကိုကို ကြောင့်လည်း မာမီ ငိုရတယ်..အခုလည်း ပူးကြောင့်...”
စကားမဆုံးခင် ခေါင်းငိုက်ပြီး ငိုချပြန်တော့ ဇို မရှည်တဲ့ စိတ်ကို ဆွဲဆန့်ထားရသည်..။
“မိဘနဲ့ သားသမီးဆိုတာ..ခွင့်လွှတ်လိုက် ရန်ဖြစ်လိုက်မှ ပျော်ဖို့ကောင်းတာမလား..”
“ဟာဗျာ..အဓိပ္ပါယ် မရှိတာ..”
“အဟွင်း...ဟုတ်မှာပေါ့...ငါလည်း သေချာ မသိဘူး..ငိုမနေနဲ့တော့ အောက်ထပ်ပြန်ဆင်း ပြီး နင့် အမေနဲ့ ထမင်း တူတူ စားလိုက်...”
ဇို အကြံပေးတော့ စဉ်းစားသလို ခဏငြိမ်ကျသွားပြီး..
“မာမီက ပူးနဲ့ ထမင်းစားမှာ မဟုတ်ဘူး..စိတ်ဆိုးနေတယ်..”
“နိုး..သူလည်း နင့်ကို ရိုက်ပြီး စိတ်မကောင်းဖြစ်နေမှာ..နင် ရှောင်ဖယ်ဖယ် လုပ်နေရင် သူ့ကို စိတ်နာသွားပြီလားဆိုပြီး တွေးရင်း ပိုငိုနေလိမ့်မယ်..”
“ဟင်..”
ဇို့ ကို မော့ကြည့်လိုက်တော့ ပခုံးတွန့်ပြပြီး အခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည်..။
“ဇို..”
ခေါ်သံကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားပေမဲ့ နောက်ကိုတော့ ပြန်လှည့် မကြည့်ပါ...။
“မာမီက..ဇိုကိုရော..”
“မရိုက်ပါဘူး..ငါ့ အပေါ်ကျမဲ့ ဒေါသတွေ နင်ခံလိုက်ရလို့ဆောဒီး...အဆင်မပြေရင် ထပ်မပြောပါနဲ့ နင့်ကို ငါ သနားတယ်...”
ဇို အခန်းတံခါး ပြန်စေ့ပြီး ထွက်လာခဲ့လိုက်သည်..။
ဒီအိမ်က အခုထွက်သွားလည်း ရပေမဲ့ ဒေါ်စိမ်းမြရည် ဒေါသကိုတွေ့လိုက်ရတော့ လွယ်လွယ် အဆုံးမသတ်ချင်တော့ပါ...။
အပေါ်ထပ်မှာလည်း မနေချင်လို့ နောက်ဖက်လှေကားက ဆင်းလာခဲ့ပြီး ခြံထဲ မှာ ပန်းတွေလျှောက်ကြည့်နေရသည်..။
“မာမီ..ထမင်းစားမယ်လေ..”
“ထိုင်အုံး..”
မာမီ အမိန့် အတိုင်း ပူး ဆိုဖာ တစ်ခုံ မှာ ၀င်ထိုင်လိုက်သည်..။
“ဘယ်လို လုပ်ကြမလည်း..”
ဘာကိုပြောချင်တာမှန်းသိပေမဲ့ ပူး အဖြေမပေးပဲ ခေါင်းသာ ငုံ့ထားမိသည်..။
“ဒီ မိန်းမ နဲ့တော့ ဘယ်လိုမှ မဖြစ်ဘူး..အယုတ်တမာ..အကြံအစည်ကလည်း အချက်ကျကျ..အို ဘယ်ဘက်က တွေးတွေး မဖြစ်ဘူး..ပူး..မဖြစ်ဘူး..”
“ဒါပေမဲ့..ပူးနဲ့သူက..”
“ခုခေတ်မှာ တူတူနေမိတာ ဘာဆန်းလည်း...ပြီး ရင် ကိုယ့်လမ်းကိုယ်လျှောက်ပေါ့..”
“ပူးက တော့ တာ၀န်မယူတဲ့ ယောင်္ကျား မဖြစ်ချင်ဘူး..မာမီ..”
ဒေါ်စိမ်းမြရည် စိတ်မရှည်စွာ အသီးပန်းကန်ကို ရှေ့ကိုဆောင့်တွန်းပစ်လိုက်သည်..။
“မိန်းမကောင်းဆိုရင်တော့ နင် ငြင်းတောင် ငါ ကိုယ်တိုင် တာ၀န်ယူခိုင်းမှာလေ..အခုက အကြံသမား.”
“ဇို ကလည်း မိန်းမကောင်းပါပဲ..မာမီ...”
“နင် စဉ်းစား ဦးနှောက်နဲ့ စဉ်းစားစမ်း အကြံမရှိတဲ့ မိန်းမက ကိုယ်နဲ့ မသိမချစ်တဲ့ ယောင်္ကျား တစ်ယောက်ကို ဘ၀ပုံပေးပါ့မလား..”
“ဇို က အဲလိုမဟုတ်ပါဘူး..မိန်းကလေး တစ်ယောက်မှားတိ်ုင်း သူ့ဘက်က အကြံရှိတယ် သတ်မှတ်လို့ မရပါဘူး..တစ်ဖက်က နိုင်လိုမင်းရ လုပ်လို့ ဘ၀ပျက်ရတဲ့ သူတွေလည်း.ရှိတာပဲ..”
“ပူး..နင်..ပြောနေတာ..ဘယ်သူဘက်ကလည်း..ငါ ပြောလိုက်ရ..မကောင်းဖြစ်တော့မယ်..”
မာမီ လေယူလေသိမ်းက မြှင့်လာတော့ ပူး ဆက်မပြောတော့ပဲ ခေါင်းပြန်ငုံ့ထားလိုက်သည်..။
“နင် ဘာလုပ်ချင်လည်း..”
“ပူး သူ့ကို တာ၀န်ယူချင်တယ်..လက်ထပ်ချင်တယ်..”
“ဘယ်လို...နင် လက်ထပ်တဲ့ သတင်းထွက်တာနဲ့ ဘာတွေ ဖြစ်ကုန်မလည်း သိလား..”
“သိပါတယ်..လက်မှတ်တိုး ရုံလောက်ပဲ အကျဉ်းလုပ်မယ်လေ..ရုပ်ရှင်လောကမှာ တော်တော်များများ ဒီလိုတွေပဲ နေကြတာပဲ..”
“မီဒီယာတွေသိသွားတော့..”
“မသိလောက်ပါဘူး..မာမီ..
“ကျစ်..”ဒေါ်စိမ်းမြရည် ဆိုဖာပေါ် ပစ်ချမှီလိုက်ရသည်..။
သားအငယ်လေး မင်္ဂလာပွဲကို ဘယ်လို ကြီးကျယ် ခမ်းနားစွာ လုပ်မယ်လို့ တွေးထားရတာ အမော..
အခုတော့ အကျဉ်းချုံ တစ်ခုနဲ့ သားကို မိန်းမ ပေးစားရမယ်ဆိုတဲ့ အတွေးက ခေါင်းကိုထိုးကိုက်စေသည်..။
ရှေ့မှာ ထိုင်ပြီး ခေါင်းစိုက်နေတဲ့ သားကြောင့်ပဲ မိခင်မာန တစ်ထစ်လျော့ဖို့ ဆုံးဖြတ်လိုက်ပြီး..
“ဒေါ်ညို..ဇို့ ကို သွားခေါ်လာ..”
“မာမီ..”
“နင်လေ..ငါ ရိုက်ချင်တယ်..သလား..”
ဇို လှေကားမှာ ရပ်နေတာ ကြာပြီမို့ ဒေါ်ညိုကက ကြည့်လိုက်တာနဲ့ ခေါင်းညိတ်ပြပြီး ဆင်းလာခဲ့လိုက်သည်..။
အခက်အခဲတွေကြားမှာ ဒေါ်စိမ်းမြရည် အကြပ်ရိုက်နေမှာပါပဲ...။
“ခေါ်တယ်ဆိုလို့..”
“ထိုင်ပါ..”
ဘေးခုံ ရှိပါရဲ့ သူ့ သား အနား ၀င်ထိုင်တော့ ဇို့ ကို စူးရဲတဲ့ အကြည့်ဖြင့် စိုက်ကြည့်နေသည်..။
“မနက်ဖြန် အကျဉ်းချုံ့ လက်ထပ်ပေးမယ်..”
ဒီတစ်ခါ ခေါင်းကြီးရသူက ဇို ပြန်ဖြစ်နေသည်..။
ဒေါ်စိမ်းမြရည်က လွယ်လွယ် ခွင့်မပြု.ရင်.ဇို က ချိန်းခြောက်..ဒုက္ခပေးဖို့ ..
အခုတော့ သူက လိုလိုလားလားဆိုတော့ ဘယ်လိုတွေ ဆက်လုပ်ရတော့မလည်း..။
“အဲဒါ..နင့် မိဘတွေကို အသိပေးဖို့..”
“ဇို က မိဘမဲ့ ..”
“ဘာ.ငါ့သားကိုယူတဲ့ မိန်းမ က မိဘမဲ့..သေချင်တာပဲ..ဟယ်..”
မာန ကို လာပုတ်ခတ်တော့ ဇို ခေါင်းမတ်သွားပြီး..
“သဘောမတူ နိုင်ဘူးလား..”
“ဇို..မာမီ က အဲလို သဘောပြောတာ မဟုတ်ပါဘူး..မထင်ထားလို့ပါ..”
“တော်ပြီ..သွေးက တိုးရအုံးမယ်..မနက်ဖြန် ၈နာရီ ကျောင်းမှာ လက်ထပ် ဖို့ စီစဉ်ထားမယ်..ဒါပဲ..သွား..”
ဇို နေရာက ထလိုက်ပြီး လှေကားနားရောက်လာပြီးချိန် အထိ အတွေးတွေက ရှုပ်နေဆဲ...။
ဒါတွေက ဘယ်လိုဖြစ်လာမလည်း..
ကိုယ့်ကြိုး ကိုယ် ပတ်ကုန်ပြီ..
ဒေါ်စိမ်းမြရည် ကို ဘယ်လိုတွေ ကိုယ်ချင်းစာ တရားထည့်ပေးရမလည်း စဉ်းစားရင်း.
.လက်ထပ်လိုက်လည်း အရှုံး မရှိပါဘူး တွေးမိသည်..။
မနက်ဖြန် ဇို က ယောင်္ကျားရပြီတဲ့...
မရယ်ရတဲ့ ဟာသ တစ်ပုဒ်ပါပဲ...။……………………
အရေးအသားကမကောင်းလည်း😭
သည်းခံ ဖတ်ပေးလို့ 🙏
ကျေးဇူးအထူးတင်ပါတယ် နော်📖💪❤
Love u all ❤
#စပိုက်ကာ
YOU ARE READING
Zoe
Romance"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတို့က ဦးနှောက် နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းတယ် ငါမှားသွားလား နဲ့ ငါမှန်တယ် ဆို တဲ့ စိ...