Part 10

993 69 1
                                    

Zoe
အပိုင်း (၁၀)
#ဇိုစပိုက်ကာ

“ဒေါက်..ဒေါက်..”
“ဟင်..”
တစ်ညလုံး ငိုမိတာ ညနက်ပိုင်းမှ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားခဲ့သည်..။
တံခါးဖွင့်ကြည့်လိုက်တော့ ဒေါ်ညိုက မျက်နှာမသာမယာ နဲ့ ဇို့ ကို ကြည့်နေသည်..။
“နေကောင်းရဲ့လား..ဇို..”
“ကောင်းပါတယ်..ပူးသွားပြီလား..”
“အောက်မှာ...”
မနက်စာ ကို ပူး အတွက် စီစဉ်ပေးနေကျ..ပူးကလည်း ဇို ဖျော်ပေးသည့် ကော်ဖီ နဲ့ မုန့်တစ်ခုခု ကိုနေ့တိုင်းစောင့်စားသည်..။
ဇို အိပ်ရာထ နောက်ကျတဲ့ နေ့များဆို ဘယ်သူ ပြင်ပေးတာမှ မစားပဲ အလုပ်သွားတက်သည်..။
လှေကားတွေကို ပြေးဆင်းလာပြီ့း ထမင်းစားခန်း အ၀ အရောက်မှာတော့ ဇို့ ခြေလှမ်းတွေ ရပ်တန့်သွားရသည်..။
သုသု က ကော်ဖီ ပန်းကန် နဲ့ မုန့် ပန်းကန် ကို ရှေ့တိုးပေးတော့ ပူး က ယူသောက်လိုက်သည်..။
“အရသာ ကောင်းရဲ့လား ကိုကိုလေး..”
“ကောင်းပါတယ်..”
“တော်သေးတာပေါ့...သု က မမ လက်ရာကို မှီပမလားလို့ စိတ်ပူနေတာ..မမ မနိုးသေးဘူးလား..”
“မသိဘူး..”
“ညက မမ အပေါ်မှာ အိပ်ဘူးလား..”
“အမ်း..”
ပူးက ပြီးစလွယ်ပုံစံပြောပေမဲ့ ဟိုကောင်မလေးက ရှေ့ဆက်မေးဖို့ စကားတန်ဆာရှာနေမှန်းသိလို့..
“ပူး နိုးနေပြီလား..ဇို နောက်ကျသွားတယ် ဆောဒီး..”
ဇို ခုံမှာ ၀င်ထိုင်လိုက်ပြီး ပူး ကြိုက်တဲ့ သကြားရည်ဆမ်းထားသည့် ကွတ်ကီး ပန်းကန် ကို ရှေ့တိုးချပေးလိုက်သည်..။
ဇို ခုံမှာထိုင်တာနဲ့ ပူးက ထဖို့ ပြင်ပြီးသား..
“သွားတော့ မလို့လား ပူး..”
ဘာစကားမှ မပြောပဲ တည်လွန်းနေသည့် ပူး မျက်နှာကို မြင်တော့ ဇို စိတ်မကောင်း ဖြစ်ရသည်..။
အခုလို အချိန် သူရဲ့..”ဘာမှ မဖြစ်ပါဘူး..ဇိုရယ်..ကလေးက အဓိက မဟုတ်ဘူး..နောက်မှ တဖြည့်းဖြည်း ကြိုးစားမယ် ဆိုတာမျိုးတွေ..ကြားချင်တာ ..အခုတော့ စကားမပြော မျက်နှာချင်းဆိုင်ရင်တောင် ရှောင်လွဲသွားသည်..။
ဇို့ရဲ့ အနမ်းမရရင် အလုပ်မသွားဘူးလို့ ဂျစ်တိုက်တက်တဲ့သူ...အခုတော့...။
“ဟင်း..သား မျက်နှာ ကြည့်ရတာ စိတ်ဆင်းရဲတယ် ဇိုရယ်..”
“သူ စိတ်ဆိုးနေတုန်း မို့ပါ မာမီ..”
“အေးလေ..ချော့ကြည့်ပါအုံး..သားက တစ်ခုခု နာသွားရင် မလွယ်ဘူး...”
“ဟုတ်ကဲ့...”
ဇို အပေါ်ထပ် အခန်းထဲ ပြန်ရောက်တာနဲ့ မျက်ရည်က ကျ လာပြန်သည်..။
ဘ၀ တစ်လျှောက်လုံး ၀မ်းနည်း အားငယ်တယ် ဆိုတာ ဘာမှန်း မသိခဲ့တဲ့ ဇို ခုတော့ ငိုရတာ အကြိမ်ကြိမ် ဖြစ်နေပါပြီ...။
သူပြောခဲ့သလို အပြစ်မဲ့တဲ့ ရင်သွေးကို သတ်မိလို့ ဘုရားသခင် ဒဏ်ခတ်ပြီလေ...။
ပူး ပြန်လာရင် အနီးကပ် လိုအပ်တာ မလစ်ဟင်းအောင် လုပ်ပေးနေပေမဲ့ ပူးကတော့ ဇို လုပ်ပေးသမျှ ဘာကို မှ လက်သင့် မခံပဲ တစ်ပတ် ကြာသည် အထိ စကားမပြောသေး..။
“ပူး..အတွက် ..ဇို ပူတင်း လုပ်ထားတယ်..”
ပန်းကန် ကိုင်ထားတဲ့ ဇို့ကို ကျော်ခါ
“သုသု...”
“ရှင်..လာပြီ...”
“ဘာလုပ်ထားလည်း..”
“ခေါက်ဆွဲပြုတ်ပါ...”
ညအချိန်ကြီး ခေါက်ဆွဲပြုတ် မစားတာသိလို့
“အိပ်ခါနီး ခေါက်ဆွဲပြုတ်ဆို ရင်ပြည့်လိမ့်မယ်..”
“အဲဒါပဲ ယူလာ..”
ဇို ရဲ့ အကြံပေးမှုကို မကျေနပ်ချက်ဖြင့် ပယ်ချလိုက်ပြီး အခန်းတံခါးကိုလည်း ဆောင့်ပိတ်သွားတော့ ဇိုသာ ပူတင်း ပန်းကန် ကိုင်ပြီး ရပ်ကျန်ခဲ့ရသည်..။
တကယ်ဆို ဇို က စိတ်ရှည်သူ တစ်ယောက်မဟုတ်ပါ...အမြဲတမ်းဒေါသထွက်လွန်းလို့ အပေါင်းအသင်းလည်း မထားတက်သလို လူတွေနဲ့လည်း ကင်းအောင်နေခဲ့ပါသည်..။
ပူးနဲ့ ပတ်သက် ပြီး စိတ်ရှည်သည်းခံ ခဲ့တာ.ဇို ဘက်က လိုအပ်ချက် များကြောင့်ပါ..။
“ရပြီ..ကိုကိုလေး..”
သုသု က ခေါက်ဆွဲပြုတ်ပန်းကန်ထဲမှာ စားချင်စဖွယ်ဖြစ်အောင် ပုဇွန်ထုပ်နဲ့ အသီးအရွက်တွေလည်း ထည့်ထားသေးသည်..။
အောက်ခံ ပန်းကန် မှာလည်း တူတစ်စုံ ကို ကန့်လန့်ဖြတ် တင်ထားပြီး လက်သုတ်ပုဝါလည်း ပါနေသည်..။
“ငါ့ကို ပေး ..ငါပေးလိုက်မယ်..”
ဇို လက်ကမ်းလိုက်ပေမဲ့ သုသု နောက်တွန့်ပြီး 
“မမ ကျွေးရင် ကိုကိုလေးက စားမှာ မဟုတ်ဘူး..မာမီင်္ကလည်း မမ ကိ်ု မကျွေးခိုင်းနဲ့တဲ့..”
“ဘာ..”ဇို ကိုယ့်နား ကို မယုံနိုင်အောင်ဖြစ်ြ့ပီး အသံလည်း ကျယ်သွားရသည်..။
“မမ ကျွေးရင် ကိုကိုလေးက မစားပဲ သွားတာ မာမီက သိနေတယ်..”
“ကျစ်..အခု ငါ ရအောင်ကျွေးလိုက်မယ်..ပေး..”
“ကိုကိုလေး..ခေါက်ဆွဲရပြီ...”
သုသု က ဇိုတောင်းဆို နေသည့်ကြားက အတင့်ရဲခါ ပူးကို ခေါ်လိုက်တော့ ဒေါသ နဲ့ စိတ်ထဲ ရှိတဲ့ အတိုင်းသာဆို ခေါက်ဆွဲ ပန်းကန် နဲ့ မျက်နှာ အပ်နေလောက်ပြီ..။
“ပေး..”
“သုသု စောင့်နေပါမယ်..”
သုသု က အခန်းထဲ ၀င်သွားတော့ ပူးက ကျောခိုင်းပြီး လိုက်၀င်သွားသည်..။
ဇို့မှာသာ ဘယ်သူကို မကျေမနပ်ဖြစ်ရမှန်း မသိနိုင်...
အနေမဝေးပဲ သွေးအေးနေပြီလား....။
“ဇို..”
“ဟင်..”
“ဒေါ်ညိုပြောတာ စိတ်မဆိုးနဲ့နော်..”
“အင်း..”
ဒေါ်ညိုက အိမ်ရှေ့ဘက်ကို လှမ်းကြည့်ပြီး ဇို ဘက့်ကိုလှည့်ခါ..
“လင်မယားချင်း စိတ်ဆိုးစိတ်ကောက်တာ ဖြစ်နေကျ သဘာဝပေမဲ့..ဝေးနေချိန် မှာ သုသု နဲ့ နှီးမှာ စိုးတယ်..ဒီ ကလေးမကလည်း မနေတက်မစားတက်လေးလေ..သင့်တော်တယ် မတော့်တယ် သိပ်ကြည့်တာ မဟုတ်ဘူး..ညဘက်ပိုင်းတွေ သူစားဖို့ သောက်ဖို့ လိုအပ်တာကို ဇို ကိုယ်တိုင်ပဲ လုပ်ပေးပါလား..”
“အင်း..ဒါပေမဲ့ ဇို လုပ်ပေးရင် ပူးမှ လက်မခံတာ..”
“ဇိုက သူ့ မိန်းမပဲလေ ရိုက်တော့ မထုတ်ပါဘူး..အခု ဒေါ်ညို ကြည့်ရသလောက် မမစိမ်းကလည်း  အရေးပေးလာတာ့  သုသု နည်းနည်းရဲလာတယ်..”
“ဇိုလည်း သတိထားမိပါတယ်..မာမီကလည်း လူကြီးဆိုတော့သိမှာပါ..ဇို မိန်းကလေး တစ်ယောက်ကို မစွပ်စွဲချင်ဘူး...မဟုတ်ပဲ ပြောမိလို့ သူ စိတ်မကောင်းဖြစ်သွားမှာ စိုးတယ်..”
“ဇို မသိတာတွေ ဒေါ်ညိုကြိုသိနေတယ်..လွန်ကုန်မှ ဒေါ်ညို သတိမပေးဘူး မပြောနဲ့နော်..”
“မစိုးရိမ်ပါနဲ့..ပူးက ဇို့ ကို သံယောဇဉ်ရှိပါတယ်..”
“အေးပါ..ယောင်္ကျားတွေစိတ်ကို များ လျော့တွက်နေတာ..”
ဇို လှောင်ရယ်လိုက်မိပြီး အားနာရပြန်သည်..။
ဒေါ်ညို စိုးရိမ်တာတွေက ဘောင်ကျော်နေပါပြီ....။
“ဟဲ့..သုသု ထမင်းပွဲပြင်ထားအုံး နင့် ကိုကိုလေး ပြန်လာတော့မယ်..”
“ရတယ်..မာမီ..သုသု မီးပူထိုးနေတယ် ဇို လုပ်ပေးလိုက်မယ်..”
တကယ်တော့ ဇို့ လုပ်ပေးချင်လို့ သုသု ကို အရေးကြီးတဲ့ အ၀တ်တွေ မီးပူထိုး ပါလို့ အကြောင်းပြထားရခြင်းသာ...။
ဇနီး က ခင်ပွန်းဖြစ်သူရဲ့ လိုအပ်တာတွေ လုပ်ပေးဖို့တောင် လိုက်လုလုပ်နေရတာ သဘာ၀မကျပေမဲ့ ဇို က လွန်ထားတဲ့ အပြင် ပူးက လည်း မကြည်တော့ အိမ်ကူကိုလည်း အောက်ကျို့နေရသည့်ဘ၀..။
“ဟော..ပြန်လာပြီ..ဇို.ရယ် သွားလိုက်ပါ..”
“ဘာဖြစ်လို့လည်း မာမီရဲ့..”
“နင့်ကို တွေ့ရင် ထမင်းစားမှာ မဟုတ်ဘူး..ငါတောင်းပန်ပါတယ်..ဟယ်...စိတ်ဆင်းရဲလိုက်တာ..သူခမျာ ညစာပဲ ကောင်းကောင်းမွန်မွန် စားရရှာတာ..”
မာမီ ကို ညီးတွားပြောဆိုတော့ ဇို နောက်ဖက်လှေကားကနေ အပေါ်တက် လာလိုက်ချိန်
“သား ထမင်း..”
“မစားတော့ဘူး..”
သူထမင်းမစားဘူးဆိုတာ သိလိုက်ရတော့ ကိုယ့်ကြောင့်ဆိုတဲ့ အသိက စိတ်မကောင်းဖြစ်စေသည်..။
တကယ်ဆို စားဖို့သောက်ဖို့သာ အဓိက..ဘယ်သူလုပ်ပေးပေးပေါ့..
နောက်တစ်ခါဆိုရင်တော့ ရှောင်နေပါမယ် တွေးရင်း သူ  နဲ့ ဝေးဖို့ အကြောင်း တစ်ခု တိုးလာခဲ့သည်..။
“ဒေါက်..ဒေါက်..”
ည ၁၁ နာရီ ကျော်ကို ပူးအခန်းဘက် က တံခါး ခေါက်သံကြားတော့ ဇို ထလာခဲ့လိုက်ြ့ပီး တံခါးကို ဟကြည့်လိုက်သည်..။
“ကိုကိုလေး ဖို့ မုန့်..မာမီ က စောင့်ပြီးကျွေးလို့ မှာလိုက်ပါတယ်.”
“စောင့်ကျွေးရအောင် ငါ က ကလေးလား..”
“ကိုကိုလေး က ဒီအိမ်မှာ အငယ်ဆုံးလေးလေ..အဲတော့ အမြဲတမ်းကလေးပဲပေါ့..”
“ငါထုလိုက်ရ..”
“ခစ်ခစ်..”
မာမီ ထင်ပြီး ကြည့်လိုက်မိတဲ့ ဇို ...အခုတော့ ပူး နဲ့ သုသု ရင်းရင်းနှီးနှီး စကားပြောနေတာတွေ့တော့ ရင်ထဲမှာ ပူလောင်ရသည်..။
ပူးရဲ့ အခန်းထဲ ၀င်ခွင့် မရတာလည်း လချီနေပြီ..ဇို လည်း ပူး စိတ်ပြေအောင် တွေးမိတာ မှန်သမျှ လုပ်ကြည့်ပေမဲ့ ပူးဘက်က ခါးခါးသီးသီး..
မနေနိုင်တဲ့ အဆုံး အရင်လို ပြန်နီးစပ်ဖို့ မာမီ ကို အကူအညီတောင်းဖို့သာ ဆုံးဖြတ်လိုက်ရသည်..။
“မာမီ..”
“ပြော..”
“ပူး နဲ့ သုသု ရင်းနှီးနေတာမျိုး ဇို မကြိုက်ဘူး.”
“ဘာတွေ ဖြစ်လို့လည်း..”
မာမီက  ဇာတ်လမ်းတွဲကို ကြည့်နေရာမှ ခွန်းတုန့်ပြန်လာသည်..။
“ပူး က သုသု နဲ့ ဆို ရယ်မောနေ တယ်..ဇို ကိုတော့ အခုချိန်ထိ စကားမပြောသေးဘူး..”

ZoeWhere stories live. Discover now