Zoe
အပိုင်း (၂၀)
#ဇိုစပိုက်ကာ“ဇို..”
“ဟမ်...”
“ဘာဖြစ်လို့လည်း..စိတ်ညစ်စရာ ရှိလို့လား...”
“မရှိပါဘူး..”
“မရှိပါဘူးပြောတယ်..မျက်ခုံးကလည်း တွန့်ကုတ်နေတာပဲ..”
ဇို သတိလက်လွတ် တွန့်တက်နေသည့် မျက်ခုံးကို ပြန်ဖြည်ချရင်း မျက်နှာမှာ အပြုံးတု တစ်ခု ဖန်တီးလိုက်ရသည်..။
ပူးနဲ့ ပြသာနာတက်ပြီးကတည်းက ဇို့ရှေ့မှာပေါ်မလာတော့ပေမဲ့ အင်တာနက် သတင်းတွေက တစ်ဆင့်သိရတာ..သူ့ပြသာနာချည်းသာ..။
..မိန်းကလေးတွေနဲ့ တွဲတာမိလိုက်..ကင်မရာသမားကို ထိုးလိုက်တာတွေ..ဇို့ကြောင့်များလားလို့ တွေးမိတော့ မလုံမလဲဖြစ်ရပြီး စိတ်လည်း ရှုပ်ရသည်..။
“ကို တစ်နေရာ သွားဖို့ ရှိတယ်..ဇို လိုက်ပါလား..’
“ဘယ်ကိုလည်း..”
“ကားတင် မပြေးပါဘူးဗျာ...”
သူ့ လက်ထဲက ဇို့ လက်ကို လွတ်အောင်ရုန်းပြီး ပါးပြင်ကို လာရိုက်ခတ်နေတဲ့ ဆံပင်စတွေကို စိတ်မရှည်စွာ နားနောက် သိမ်းတင်လိုက်ရသည်..။
ဘာလို့..စိတ်တွေ ပြောင်းလဲသွားတာလည်း..မုန်းပါတယ်ဆို မေ့လိုက်တော့လေ...ကိုယ့်ကိုယ်ကို နားမလည် စွာ မျက်မှောင်ကြုတ်မိတော့ ရှေ့က ထိုင်နေသူက..
“ဆောဒီး..ကို ကျောင်းတစ်ခုကို ပစ္စည်း သွားပို့မလို့ ဇို လည်း လိုက်ချင်မလားလို့ပါ..ဇို အဆင်မပြေရင်လည်း ရပါတယ်..ကို ပဲ သွားလိုက်မယ်..”
ဘယ်သူက ဘာပြောမိလို့လည်း..
“လိုက်မယ်..’ ဇို ခေါင်းညိတ်လိုက်တော့မှ မျက်နှာက ချက်ချင်း ကြည်လင်သွားပြီး ပြုံးရင်း..
“တကယ်...၀မ်းသာလိုက်တာ..ဇို လည်း တွေ့ရင် ပျော်သွားမှာပါ..”
“ဟုတ်ပါပြီ...အရင်ဆုံး သွားကြမလား..အခုပဲ ၃နာရီ ကျော်နေပြီ..”
“အိုကေ..”
ကားသော့ကို ကောက်ယူပြီး ဇို့ အတွက်ခုံဖယ်ပေးနေတော့ မနေတက်ဖြစ်ရသည်..။
...တစ်ခါမှ မနူးညံ့ဖူးသည့် ဇို့ နှလုံးသားက နူးညံ့သိမ်မွေ့ ခြင်းငို နှစ်သက်မိတာ သူ့ အချစ်ရဲ့ ဆွဲဆောင်မှုများလား...။
“ဘာပစ္စည်းတွေလည်း ကို..”
“ကလေး ပစ္စည်းတွေပါ...နေ အရမ်းထိုးနေလား.”
ဇို့ရဲ့ မေးခွန်းကို ဖြေရင်း လှည့်ကြည့်မေးတော့ ..
နေပူပူထဲ ပစ္စည်းလိုက်ပို့ခဲ့တဲ့ သူကို အဲကွန်းကားပေါ်မှာ ထိုင်ပြီး ကျနေထိုးတာ စိတ်ပူပြနေတာ ကဲလွန်းနေပြီ..။
“ကို..”
“အဟွင်း...”
“ဘာလို့ ရယ်တာလည်း..”
“ရင်တွေခုန်လို့ပါ ...ကို တစ်ခွန်း ခေါ်တိုင်း ရင်တွေ ဆောင့်ခုန်တယ်..”
“ဒါဆို အမ် လို့ပဲ ပြန်ခေါ်မယ်..”
“မရပါဘူး..ခေါ်ပြီးစလစ်.”
“ဒိတ်ရုံလေးကို ဒီလို ခေါ်ရတာ စိတ်ထဲမှာ သိပ်အဆင်မပြေဘူး..”
“ကိုတော့ ပြေတယ်..”
“ခုပဲ ရင်ခုန်တယ်ဆို..”
“အဲဒါ ချစ်စိတ်ကြောင့်..”
စကားကို ကပ်ပြောတက်လွန်းသည့်သူ့ ကို ဇို အရှုံးပေးလိုက်ရတော့သည်..။
“ဒါလား..”
“ဟုတ်တယ်...”ကားရပ်ပြီး ပစ္စည်းတွေ ထုတ်နေတော့ ဇို လည်း ကူထုတ်ပေးလိုက်သည်..။
“လေးတယ်.ထားပါ..ဇို..”
“ပိုလွန်းရင် မကြိုက်ဘူး.ဒါလား လေးတာ..”
ဇို ရဲ့ ခြိမ်းခြောက်မှုကို သူ က သဘောကျစွာ ရယ်ပြီး လက်နှစ်ဖက် မြှောက်ခါ အရှုံးပေးလိုက်သည် တဲ့လေ..။
“အမ် ပဲ..”
“ဟုတ်ကဲ့..လာလေ ဇို..”
အ၀င်အ၀မှ သူ ဖိနပ်ချွတ်ခဲ့တော့ ဇို လည်း ချွတ်ဖို့က လက်ထဲ က ကတ်ထူ ဘုံးတွေ ကို မြှောက်ထားဆဲ မို့ အဆင်မပြေ...
“ဟာ..ရပါတယ်..ဇို ချွတ်မယ်..”
“ရပြီ..”
အသက်ကြီး ဝါကြီး ဆိုပြီး “ကို “ ခေါ်ခိုင်းပြီးခါမှ အခုတော့ ဖိနပ်ချွတ်ပေးနေပြန်ပါပြီ...။
“အမ့် ရဲ့ သူငယ်ချင်းလား..”
“အနာဂတ် ဇနီးလောင်းပါ..”
“ဟာ...”ပိုင်စိုးပိုင်နင်း ပြောလိုက်တဲ့ သူ့အပြောကို ဒေါသထွက်ရမှာထက် မျက်နှာသာပူမိသည်..။
ဇို့ လက်ထဲက ဘုံးတွေကို လှမ်းယူပြီး အခန်းတောင့်မှာ သွားချထားလိုက်သည်..။
“ဇို..လာလေ..”
အခန်း တံခါး၀မှာ ရပ်စောင့်ခေါ်နေတော့ ဇို လိုက်လာခဲ့မိသည်..။
အခန်းတံခါး ဖွင့်လိုက်တာနဲ့ အသံစီစီလေးတွေအရင်ကြားရတော့ အကြည့်ရောက်သွားချိန်.
“ဟယ်..ကလေးလေးတွေ...”
“အင်း..အထဲ ၀င်ရအောင်..”
“ဒီမှာက သုံးနှစ်အောက် ကလေးတွေ သီးသန့်ထားတာ...မာမာ အဲလက်စ် ဖွင့်တာလေ..”
“သြော်..ကို ရောက် နေတာ ကြာပြီပေါ့နော.်..”
“အင်း ၂နှစ်လောက်တော့ ရှိပြီ...”
ဇို့ ကို အဖြေပေးရင်း ခြေယက်ကန်နေသည့် ကလေးလေးကို ကောက်ချီခါ အားပါးတရ နမ်းနေသည်..။
“ဇို ချီ ကြည့်ပါလား..ဂူး က အအေးဆုံးပဲ အမြဲတမ်း စကားတွေပြောနေတာ..”
သူမေးငေါ့ပြတဲ့ ၀၀ကစ်ကစ် အပြုံးဝေ၀ နဲ့ ကလေးလေးကို ဇို ကြည့်လိုက်မိသည်..။
“ဇို မချီတက်ဘူး..”
“အယ်..နေအုံး..”
သူ့ လက်ထဲက ကလေးကို လက်ဝါးနဲ့ထိန်းပြီး အသာအယာ ပြန်ချခါ ဇို့ အနားကို ကပ်လာသည်..။
“လက်ဖြန့် ...”
“အဲလို ဟုတ်ဘူး..ကို လုပ်သလို လုပ်..”
ဇို့ လက်ကို သေချာ နေရာချပြီး မျက်လုံး ဝိုင်းဝိုင်းနဲ့ ကလေးလေး ကို တင်ပေးသည်..။
ကလေးပိစိသေးသေးလေးကို ဇို မယုံနိုင်သလို ငုံ့ကြည့်လိုက်တော့ ကလေးလေးက အလိုက်တသိပြန်ပြုံးပြနေသည်..။
ထိန်းကိုင်ထားတဲ့ လက်နဲ့ နူးညံ့တဲ့သေးသေးလက်ကလေးတွေကို ထိကြည့်တော့ ရုတ်တရတ်ပြန်ဆုပ်ကိုင်ထားတာ လက်ချောင်းသေးသေးလေးတွေက အားပါနေသည်..။
“အသည်းယားလိုက်တာ..”
“အဟွင်း..ကြည့်ပြီး မှတ်နေတာ..နောက်ဆို ဇို ချီတာနဲ့ သူသိတယ်..”
“ကိုက်ချင်လိုက်တာ..” ဇို့ စိတ်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ထုတ်ပြောမိတော့
“ဟောဗျာ...မလုပ်ပါနဲ့...ရေခဲတုံးလေး ငိုတော့မှ တိုင်းပြည် ပျက်မှာ..”
“ကြည့်နေနော်..သူ စကားပြောတက်တယ်..”
လသား အရွယ်လေးက စကားပြောတက်တယ်ဆိုတာ ဇို မယုံလို့ လုပ်သမျှ ကိုသာ စောင့်ကြည့်နေလိုက်သည်..။
“ဂူးရေ...ဘာလည်း....”
“ဘာတွေ ပြောချင်နေတာလည်း....ဟင်..”
မေးထိုးပြီး ပြုံးရင်း မေးချင်တာ လျှောက်မေးနေတော့ ဇို ရယ်မိသည်..။
“ဂူး...ဂူး..”
“တွေ့လား..”
သူ့ ရဲ့ အပြုံးနဲ့ ချိုသာနူးညံ့တဲ့ အပြောတွေကြောင့် လသားကလေးလေးက ရယ်မောရင်း တုန့်ပြန်လာသည်..။
ဇို့ရဲ့ ပူလောင်တဲ့ ဘဝြဖတ်သန်းပုံ နဲ့ သူ့ရဲ့ ငြိမ်းချမ်းတဲ့ ဘဝြဖတ်သန်းပုံ ကွာခြားလွန်းပါတယ်..။
“ဟာ..မလွတ်ဘူး...”
“ဇို က ချစ်ဖို့ကောင်းတာကိုး ကွ..လက်က အရမ်း ကိုင် လို့ကောင်းတယ်..”
စကားကို သူ့ဘက်ကိုယ့်ဘက် ပါအောင်ပြောရင်း ကလေးကိုကြည့်ပြီး ပြုံးပြနေသော မျက်နှာကို ပထမဆုံး အနေဖြင့် ငေးကြည့်နေမိသည်..။
သူပြန်မော့လာတော့ ဇို နဲ့ အကြည့်ချင်းဆုံသွားပေမဲ့ ဇို အကြည့်လွဲပြီး ကလေးကို ပြန်ကြည့်နေလိုက်တော့ သူက လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး..
“လွတ်လိုက်ပါ မိဂူးရယ်...အခုချိန်က ကို့ အချိန်နော်..ဇို...”
“ဟာ ဘာတွေ ပြောနေတာလည်း..ဆရာမတွေ ရှိတယ်..”
“အင်းလေ..မှန်တာပြောတာပဲ ဟာ..”
အခန်းထောင့် နားမှာ ကလေး နို့ဗူး ဖျော်နေသည့် ဆရာမ က နားလည်သလို ပြုံးပြပြန်တော့ ဇို ပိုရှက်ရသလိုလို...။
“ဇို တိုက်နောက်မှာ ရေကန်လေး ရှိတယ်..သွားကြည့်မလား..’
မျက်နှာပူရတာထက် စာရင် ဘယ်ထွက်ပြေးပြေး တော်ပါသေး၏ လို့ တွေးရင်း ဇို လက်ခံလိုက်သည်..။
အနောက်ဘက် ရေကန်က တိမ်ပေမဲ့ ကျယ်သလို ရှိခါ ဗေဒါ တစ်ချို့ပါ မွေးထားတော့ ဗေဒါပန်း ခရမ်းရောင်လေးတွေနဲ့ လှလွန်းနေသည်..။
ရေကန် အစပ်နားမှာ ရပ်ရင်း စိတ်ထဲ ငြိမ်းချမ်းလွန်းလို့ အကြည့်တွေကို မလွဲချင်
“ဘာလုပ်တာလည်း မသိဘူးနော်..”
“အရင်က ဘဲမွေးတာလေ..အခုတော့ မမွေးတော့ဘူး ငါးတွေတော့ အများကြီး ရှိတယ်..”
“ကို က ဘယ်လို သိလည်း..”
“ကို လာတိုင်း ဒီကန်ထဲ ဒိုင်ပင်ပစ် ပြီး ငါးဖမ်းနေကျလေ..”
“အခုကော..”
ဇို့ရဲ့ မေးခွန်းကြောင့် ဘေးချင်းယှဉ်ရပ်ပြီး ရေကန်ကိုငေးနေတဲ့ သူကဇို့ ဘက်ကို လှည့်ကြည့်ခါ..။
“ချစ်စကားပြောရင် ရွံပေပေ နဲ့ မပြောချင်ပါဘူး..”
ဇို သက်ပြင်းငွေ့ငွေ့ ချရင်း နောက်က ကုက္ကိုပင်မှာ ဆင်ထားသည့် ကားတာယာ ဒန်းပေါ်ထိုင်ချလိုက်သည်..။
“စိတ်ညစ်သွားလို့လား..”
“မဟုတ်ပါဘူး..ဒါပေမဲ့..”
ဇိုရဲ့ စကားတွေ ရပ်တန့်သွားတော့ သူက ဒန်းကြိုးကို လက်နဲ့ ထိန်းကိုင် ရပ်ရင်း ဇို့ ကို နားလည်သည့် မျက်၀န်းမျိုးနဲ့ ငုံ့ကြည့်ပြန်သည်..။
“ဇို က အရိုင်းအစိုင်း တစ်ခုလပ် တစ်ယောက်ပါ..”
“ဒီလို စကားတွေ ထပ်ခါထပ်ခါ ပြောပြီး အချစ်စမ်းနေတာလား ဇို..”
“မဟုတ်ပါဘူး..မေ့နေမှာ စိုးလို့ သတိပေးတာပါ..”
“ဇိုက တရား၀င်ကွာရှင်းပြီးသား စင်ကယ် တစ်ယောက်ပါ..ဒါကို ကို က ချစ်ခွင့် မရှိတာလား..အဲလိုလား..”
အဆွေးရိပ်ဝေ့တက်နေသည့် မျက်၀န်းတွေနဲ့ ရင်ဆိုင်ရချိန် သူ့အပြောကို ဇို ခေါင်းယမ်းရင်း..
“အဲလို မဟုတ်ပါဘူး..ကို နစ်နာမှာ စိုးလို့ပါ..”
“ဒါတွေက ချစ်တယ်လို့ အဖြေပေးပြီးမှ ဆက်စဉ်းစားရမှာတွေလေ...”
“ဟ.....ဒါပဲ..” ’ဇို့ရဲ့ စိတ်အလိုကျ အတိုင်းစကားလုံး တစ်ချို့ လွင့် ကျသွားသလို မျက်ခုံးလေးပါ တွန့်တက်သွားရသည်..။
ခြေနဲ့ မြေကို ထိုးကန်ပြီး ဒန်းကို လွဲလိုက်ဖို့ ကြိုးစားမိပေမယ့် ကြိုးပေါ်က သန်မာတဲ့လက်တစ်ဖက် ကြောင့် နေရာက မရွေ့နိုင်ဖြစ်နေသည်..။
“အချိန်ဆွဲတာမျိုး မဟုတ်ပါဘူး ...ဇို တကယ် မသိလို့ပါ..ချစ်တာလား ခင်တာလား သံယောဇဉ် လား ဆိုတာ ဇို မဝေခွဲတက်ဘူး......မချစ်ပဲ နဲ့လည်း ချစ်ပါတယ်လို့ ကိုယ့်ကိုယ်ကို မညာချင်ဘူး..ကို ကိုလည်း မညာချင်ဘူး..”
“အင်းပါ..အခုလို အခွင့်အရေးပေးတာပဲ ကို ကျေးဇူး တင်ရပါတယ်..”
“ကို့ ကို ဇို့ကြောင့် မနစ်မွန်းစေချင်ဘူး..”
“မနစ်စေချင်ရင်.. ပြန်ချစ်ပေးလိုက်ပေါ့....”
နှစ်ယောက်စလုံးရဲ့ နှုတ်ဆိတ်မှုကြောင့် ငှက်ကလေးတွေရဲ့ အော်သံလေးတွေ ကြားလာရသည်..။
တမေ့တမော ငေးနေမိသည့် ကန်ရေပြင်ကို အကြည့်လွဲပြီး ဘေးမှာ ရပ်နေသူကို မော့ကြည့်မိသည်..။
သူကတော့ ရေကန်နောက်က ကောင်းကင်ပြာဆီ အကြည့်ရောက်နေသလို မျက်နှာကလည်း ပကတိအေးချမ်းနေသည်..။
“ကို က ကျောင်းတော်တော်များများ သိနေတယ်နော်..”
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ဇို့ရဲ့ အမေးတစ်ခွန်းကြောင့် ကောင်းကင်ပြာကို အကြည့်ရောက်နေတဲ့ သူက ဇိုဆီကို အကြည့်ပြန်ရောက်လာခါ ပြုံးရင်းခေါင်းညိတ်၀န်ခံသည်..။
“ကလေးတွေလည်း ချစ်တက်ပုံပဲ..”
“အွန်း ချစ်တယ်..”
“အနာဂတ်အတွက် ဘယ်လို စိတ်ကူးယဉ်ဖူးလည်း..”
ဇို့ရဲ့ ရှေ့ကြို စီမံကိန်း မေးခွန်းကြောင့် ပြုံးစစ မျက်နှာလေး ဆွေးသွားခါ ကောင်းကင်ပြာကို အကြည့်ပြန်ရွေ့ပြီး
“ကို က မိဘမဲ့လေ..”
ဇို မယုံနိုင်လို့ မျက်လုံးနက်နက် က ဝိုင်းသွားရသည်..နေရာတကာ အလှူအတန်းရက်ရောပြီး လူရောငွေပါ လိုက်ပြီး ကူညီနေတာ ..အေးချမ်းလွန်းသည့် သူ့ စိတ်ဓာတ်တွေက နွေးထွေးတဲ့ မိသားစုကြောင့် ဖြစ်တည်လာတာပါလို့ တစ်ထစ်ချ ယုံကြည်ခဲ့တာ ...သူက မိဘမဲ့တဲ့..မွေးစားမိဘတွေ ကြောင့်များလား...။
“ကို့ကို မွေးတာက မြေပြန့်မှာ ဒါပေမဲ့ တောင်ပေါ်ဒေသ မိဘမဲ့ကျောင်းမှာကြီးတယ် .နောက် ကျောင်းတက်တယ် နိုင်ငံခြားထွက်တယ်...အလုပ်လုပ်တယ်..အခုထိလည်း တစ်ယောက်တည်းပါပဲ...အထီးကျန်တယ်..အဲဒါကြောင့် မိသားစု ဘဝလေးကို အရမ်းတောင့်တတယ်..စိတ်ကူးထဲမှာလည်း အမြဲပါတယ်..”
“ဇိုရော...”
တူသောမေးခွန်းတစ်ခု တန်ပြန်လာတော့ ဇို မျက်ရည်တွေကြောင့် ကောင်းကင်ကို မော့ကြည့်ပြီး ပြုံးရင်း ခေါင်းယမ်းလိုက်ရသည်..။
မိသားစု ဘ၀တဲ့ ..ကိုယ်တိုင်လည်း မပိုင်ဆိုင်ခဲ့သလို ဖန်တီးနိုင်သည့် အစွမ်းအစလည်း မရှိသည့် မိန်းမ မပီသတဲ့ မိန်းမတစ်ယောက်ပါ...။
“ဇို ကလေးတွေတော့ချစ်တယ်နော်..”
“ဘ၀တူမို့လို့ပါ..”
ဇို့ ရဲ့ အဖြေကြောင့် သူက အံသြသလို စိုက်ကြည့်ခါ..
“ဇို့ မိဘတွေ အဝေးရောက်နေလို့လား..”
“မိဘမဲ့လေ..မွေးပြီး ပစ်သွားတာ...”
“ဟာ..ကို က မိဘတွေ အရမ်း အလိုလိုက်တယ် ထင်ထားတာ..”
“ဘာလို့..”
“နည်းနည်းဆိုးနေသလားလို့...”
“ဟမ်..”
ဇို့ရဲ့ ဒေါသခိုးဝေ့သွားသည့် မျက်၀န်းကို သူက အကြင်နာ မျက်၀န်း တစ်စုံနဲ့ စိုက်ကြည့်တော့ ဇို အရင် အကြည့်လွဲပစ်လိုက်သည်..။
“ဇို လည်း ကို က ပျော်စရာကောင်းတဲ့ မိသားစု ရှိမယ်ထင်တာ..”
“ဘာလို့..”
“တည်ငြိမ် လွန်းလို့ ..”
“ဟား..ဟား..အမှတ်ပေးလိုက်တာပဲ..ကျေးဇူးပါ..”
သူပြောသလို အမှတ်ပေးမိတာလား..ဇို မခံချင်စိတ်ကြောင့် ဒန်းပေါ်က ထခါ ကျောက်ခဲ တစ်လုံးကိုကောက်ပြီး အားကုန် လွဲပစ်လိုက်သည်..။
“ဒီဘက် လှည့်ပစ်မှ ထိမှာပေါ့ ကလေးရယ်..”
ကလေး ဆိုတဲ့ စကားကြောင့် နှလုံးသားက ပူလောင်ပြင်းရှ သွားရသည်..။
“အဲလို မခေါ်နဲ့..”
“ဘာလို့..”
“ကလေးဆိုတာကို မုန်းတယ်..”
“ဟောဗျာ..ကိုကြီးနဲ့ ကလေး ၊ မ နဲ့မောင် လေ..ကလေးရဲ့..”
“ကလေးမခေါ်နဲ့နော်..”
“ခေါ်မယ်ကွာ..ကလေး..”
“ဟာ..”
ဇို စိတ်ထဲက ဒေါသအတိုင်း ရေကန်ဘေးက ကျောက်ခဲလေး ကောက်ကိုင်ပြီးရွယ်လိုက်တော့ လက်တစ်ခါခါ ခြေခါခါ နဲ့ မျက်လုံးပြူးပြီး တောင်းပန်နေသည်..။
“ခုမှ ကြောက်လား..”
“ကြောက်တာပေါ့ တကယ်လုပ်မယ့်ရုပ် ကလေး..”
“ကလေးပါပြန်ပြီ..”
“တကယ်လုပ်မယ့် ရုပ်လေးလို့ ပြောတာပါဗျာ...တကယ်ပဲ စိတ်ချည်း..”
သူရဲ့ ဆင်ခြေ စကားကြောင့် ဇို ပြုံးလိုက်ပြီး မှောင်လာတာ သတိထားမိတော့
“မိုးချူပ်လာပြီ..ပြန်မယ်....”
“အစကတော့ ပြန်မပို့တော့ပဲ အပိုင်သိမ်းမလို့ အခုတော့ ကြောက်သွားပြီ အမိန့်တော်အတိုင်း ပြန်လည်ပို့ဆောင် ပေးပါမယ်..”
ဆရာမတွေကို နှုတ်ဆက်ပြီး သူ ပြန်ထွက်လာတော့ ကားအနားမှာ ရပ်စောင့်နေတဲ့ ဇို့ ကို အားနာသလို ပျာပျာသလဲဖြင့်
“ဇိုရယ် ကားပေါ်ထိုင်နေပါဆို..”
“စျေးကြီးကားပေါ် ပိုင်ရှင်မသိပဲ မတက်ချင်ပါဘူး..”
“ဟူး..”
သူက ခေါင်းခါယမ်းရင်း သက်ပြင်းချခါ ဇို့ ဘက်က တံခါးကိုအရင် လာဖွင့်ပေးသည်..။
“ဖွင့်တက်ပါတယ်..”
“ကလေး ဆိုတော့ မဖွင့်တက်ဘူး မှတ်လို့ပါ..”
“ဟာ..”
ကားပေါ်ရောက်ပြီး စက်နှိုးရင်း..
“ဘာလို့ ကလေးဆိုတာကို မကြိုက်တာလည်း..”
“ကလေး မဖြစ်ချင် လို့..”
“အော်..လူကြီး ဖြစ်ချင်တာကိုး.”
“ကလေး ခေါ်တက်တယ်နော်.နှုတ်မြဲနေတာ ဖြစ်မယ်.”
ဇို့ ရဲ့ အပြောစပ်စပ်ကြောင့် သူက မယုံနိုင် သလို ငဲ့ကြည့်ခါ ပြုံးရင်း
“ကို့ ဘ၀ အထီးကျန်ခဲ့ပေမဲ့ ဘယ်မိန်းကလေးကို မှ အသုံးမချခဲ့ပါဘူး..”
“ပြောတာပဲ..”
“ကို မလိမ်တက်ဘူး..”
သူရဲ့ တိကျ ပြတ်သားတဲ့ စကားတစ်ခွန်းကြောင့် ကားထဲမှာ စကားသံတွေ တိတ်ကျသွားရသည်..။
ဒါဆို ဇိုရဲ့ နှလုံးသားက လိမ်တက်နေပြီလား...
.
“ဟလို...”
“အင်း..”
ခပ်ပြတ်ပြတ် အင်း တစ်လုံးထပ်မပိုလာတော့ ဇို ဆိုင် ရှေ့မျက်နှာစာ မှာ ထွက်ရပ်လိုက်ရသည်..။
“ကို..”
“...”
“ကို လို့...”
“......”
“ဟာ..မပြောလည်း ဖုန်းချလိုက်တော့မယ်...”
ဇို ရဲ့ စိတ်မရှည်တက်တဲ့ ဗီဇ အတိုင်း ဒေါသ သံလေးကပ်ပါသွားရတော့
ခွန်းတုန့်ပြန် စကား မဆိုပဲ တိုးလျလျ သက်ပြင်းချသံ တစ်ခုကြောင့် ဇို လွန်သွားပြီလား လို့ ပြန်သုံးသပ်နေရပြီ...။
“ဇို မေ့သွားတာ..”
“ကို အခု ဘယ်မှာလည်း မေးပါလား ဇို...”
“အင်း..ပြောလေ...”
“Berry မှာ ..”
“ဟင်..”
“ထိုင်နေတာ တော်တော်ကြာပြီ ဇို..ကို့ သူငယ်ချင်း ဆိုင်မို့ ၀န်ထမ်းတွေက မောင်းမထုတ်သေးတာ..”
“ဟာ..ကို ကလည်း..ဘာလို့ အခုချိန်ထိ ဟာ...ကျစ်...ကလေး မဟုတ်ပဲ..”
ဇို စိတ်အလိုမကျမှုကြောင့် မျက်နှာ တစ်ခုလုံး ရှုံ့တွန့်သွားရသည်..။
စိတ်ကူးယဉ်တက်တဲ့ မိန်းကလေးမျိုးဆိုရင်တော့ ချစ်တက်လိုက်တာလို့တွေးပြီး အချစ်တိုးမှာပါ..။
ဇို ကတော့ လက်တွေ့ကို နားလည် သိတက်ဝေဖန် ပိုင်းခြားနိုင်တဲ့ သူမျိုးနဲ့ ဆို အဆင်ပြေမှာ..
မဟုတ်ရင်တော့ စိတ်သဘောမတိုက်ဆိုင်တိုင်း ရင်မောနေရတော့မည်..။
အတွေးတွေနဲ့ စိတ်တွေရှုပ်နေသလို သူ့ရဲ့ လုပ်ရပ်ကို နားလည်ရခက်နေစဉ် ဖုန်းပြောနေတာ သတိ၀င်လာတော့
“ကို..”
“.....”
“ဆောဒီးပါ ဇို တကယ်မေ့သွားတာ ဒီနေ့ မီးဆင်တဲ့ သူတွေ ရောက်နေလို့ပါ...ကို ကလည်း ကလေးကျနေတာပဲကွာ တစ်နာရီလောက်စောင့်တော်ရောပေါ့..အခုက ..ဂျစ်တိုက်နေသလိုကြီး ပေနေတာပဲ...”
“အင်း အဲလို ဖြစ်သွားတယ်နော်...ကို ၇နာရီ လေယာဉ်နဲ့ စင်ကာပူ ထွက်ရမယ်..၁၀ရက်ကျော်လောက်ကြာမယ်..”
“ဟင်..”
ဇို့ မမျှော်လင့်ထားတဲ့ အဖြေတစ်ခု ကြောင့် ရင်ထဲ လှိုက်ဟာ သွားရသည်.။
“ဘာလို့ မပြောတာလည်း ..”
“ကို ဖုန်းခေါ်ရင် ဇို မကိုင်ဘူးလေ...စာပို့ပြီးပြောတော့လည်း မဖတ်တာများတာပဲ...”
ညဘက် အော်ဒါ ကိစ္စ ပစ္စည်း စစ် အကောင့်မှာ ငွေစစ် အလုပ်တွေ တသီကြီး ကို အိပ်ယာထက် ထိ သယ်ဆောင် လာတက်တာ မကောင်းတဲ့ အကျင့် မှန်း သိပေမဲ့ စိတ်တွေ ဦးနှောက်တွေကို မတားဆီးနိုင်...။
အခုလည်း ၅ရက်ရှိပြီ ဖုန်းဆက်တိုင်း မကိုင်မိသလို အော်ဒါ စာတွေပို့ထားတာလည်း များလွန်း လို့ သူ့စာက ဟိုးအောက်ဆုံး အမြဲရောက်နေတာ..ဇို သတိမထားမိလိုက်ပါ...။
ဇို့ အပြစ်ဆိုတာ ထင်ရှားပေါ်လွင်သွားတော့ ....
“ဇို အခုလာခဲ့မယ် ..”
“မလာပါနဲ့ ..ကို အခု လေဆိပ်ထွက်တော့မှာ..ဇို့ အတွက် လက်ဆောင်လည်း ပေးချင်တာ လက်ကလေးကိုင် မျက်နှာလေး ငေးပြီး နှုတ်ဆက်ချင်တာ..ဟား..ဟား..ဒီတိုင်း လည်း တစ်ပတ် တစ်ခါ နှစ်ပတ်တစ်ခါမှ တွေ့ရတာပဲနော်...ဇို ပြောနေကျ စကား အတိုင်း ကို နည်းနည်း ပိုသွားတယ်သလား..အော်..ဒါနဲ့ ကော်ဖီဆိုင်မှာ ကို လက်ဆောင် ထားခဲ့လိုက်တယ်..ဇို အားတဲ့ အချိန် သွား,ယူလိုက်နော်...”
“ကို...”ကြည်ကြည်လင်လင် စကားသံတွေရဲ့ နောက်မှာ ဘာတွေ ရှိနေမလည်း...စကားတွေက ထိချက်ပြင်းလှတော့ ဇို ရင်မော ရသည်...သူပြောနေကျ စကားတစ်ခွန်းက သူ့ဘ၀မှာ ဇိုကသာ အလိုအပ်ဆုံးတဲ့လေ...။
“ဆောဒီးပါ ကို...”
“ဟောဗျာ.....ပြန်ပြေးလာမိမှာတော့မယ်.”
“ဇို့ စိတ်ကို နားလည်ပါတယ်ကွာ..အခုက ပေါက်ကွဲပြတာပါ..ရင်ထဲမှာ အမှုန်အမွှားတွေ စုရင်း အစိုင်အခဲ အဖြစ်ပြောင်းလဲ ဖြစ်တည် လာမှာ စိုးလို့..ပြန်လာရင် တန်ဖိုးထားနော်..ဒါပဲ...”
“အမ်း...”
“ဟား..ဟား...လိမ်မာနေတာကွ..မလိမ်မာရင် အဆင့်တိုးရမလားလို့..”
“ဘာ အဆင့်လည်း..”
“အခုက လက်ကလေး ပဲ ကိုင်ခွင့် ရထားတာလေ...အဆင့်တိုးတဲ့ အနေနဲ့...”
“မရဘူး..”ဇို သိနေလို့ ခပ်မြန်မြန် ပြောလိုက်ရသည်..။
“အယ်..ဘာပြောမလည်း သိလို့လားကွယ်...ဟား..ဟား....”
“သိတယ်...လက်ထပ်ခွင့်တောင်ထားတာ အဖြေပေးခိုင်းမလို့မလား..”
“ဟုတ်တယ်...ခေါင်းညိတ်လိုက်နော်..”
“..မညိတ်ပါဘူး..”
“ဇို ဂေဟာ ဘက်လည်း မရောက်ဘူးမလား အားတဲ့ အခါ သွားပါ..ကို မရှိတော့ အခက်အခဲ ဖြစ်နေမှာစိုးလို့..”
“အင်း...ဇို သွားလိုက်ပါမယ်..”
ဇို့ စိတ်က ချစ်လားဆိုတာတောင် မသေချာသေးပေမဲ့..
တွေ့တိုင်း သူပြောတာ “ချစ်လား” ဆိုတဲ့ မေးခွန်း မဟုတ်တော့ပြန်ဘူး..”ဇို့ကို လက်ထပ်ချင်တယ် “ ဆိုတာသာချည်း...။
ဇို့မှာ စိတ်နှစ်ခုများ ရှိနေတာလား...အလုပ်လုပ်ချိန်ဆို တစ်လောက လုံးကို မေ့နေတက်သလို ချစ်သူ ရည်စား သူငယ်ချင်း အားလုံးကို မေ့သွားရသည်..။
ဒါတောင် အွန်လိုင်းရှော့ ကိစ္စ အတွက် ၀န်ထမ်း ငါးယောက်ခန့်ထားလို့..
မဟုတ်ရင်တော့...။
“မင်းသား ဘမ်ဘီနို ဆေးကြောင်နေတာလား မသိဘူး..”
“အေးလေ..ပရိသတ်တွေကို စော်ကားတာ များနေပြီ...”
“ရုပ်ကလေးက ချောပါရဲ့ ရိုင်းစိုင်းတာတော့ ကမ်းကုန်နေပြီ...”
“ဟဲ့ တိုးတိုးပြောပါ...ဇို က သူ့ အရင်မိန်းမ..”
“မမဇို က သူ့ အကြောင်းတွေသိပြီးသား..ဘာမှ မဖြစ်ဘူး..”
၀န်ထမ်းတွေ ပြောဆိုနေသံကို ကြားရတာ ရင်ထဲမှာ မသက်သာပေမဲ့ မသိချင်ယောင်ဆောင်ရင်း
“အောင်ကျော်ဦးရေ..ဒီနေ့ ပန်းချီကျောက်ပြားတွေ ဆင်မှာနော်..နည်းနည်း သတိထားလိုက်အုံး..”
“ဟုတ်ကဲ့ အစ်မ..ကြာပန်းပုံက ကောင်တာနားမှာမလား..”
“အင်း..ဟုတ်တယ်လေ..ဒီမှာကွာ မနေ့က တိုင်းပြီး မျဉ်းဆွဲထားတယ်..တွေ့လား..”
တလွဲတွေ ဖြစ်လာမှာ စိုးလို့ တစ်ခါတည်း ခေါ်ပြီးနေရာပြရသည်..။
“အ..”
ပူးရဲ့ သတင်းတွေ အကြောင်းတွေးမိရင်း ဘာကြောင့်မှန်းမသိ မှန်ဖြတ်စကို ကောက်ကိုင်မိတာ လက်ရှသွားရသည်..။
တစ်ချိန် က နှလုံးသားထဲက ဒဏ်ရာသာ ဖော်ပြလို့ရမယ်ဆိုရင် နှလုံးသားက အခုလို တစစ်စစ် နာကျင်ပြီး သွေးစက်စက် ထွက်နေမှာပါ...။
“ကို လေ ဇို့ လက်ကလေးတွေကို အသေချစ်တာပဲ..”
လက်က သွေးကို တစ်ရှုးစနဲ့ ဖိကိုင်ထားရင် သူ အမြဲပြောနေကြ စကားတစ်ခုကို သတိရတော့ အဲလိုလို ပြုံးမိသွားသည်..။
ဘယ်အချိန်ချိန် ဘယ်သွားသွား..လက်ကို တယုတယ တွဲကိုင်ပြီး လူတွေရှေ့မှာ ဂုဏ်ယူ၀င့်ကြွားနေဆဲ...။
ဇို တစ်ခုလပ်ဆိုတာ ကမ္ဘာကျော်ပြီးသားမို့ တစ်ခါတစ်လေ သူ့ကို အားနာရပေမဲ့ သူကတော့ လက်မကိုင်ဖို့ ပြောတိုင်း စိတ်ဆိုး စိတ်ကောက်ပြတက်သည်..။
“ဇို့ လက်က ဒီလောက်ကြမ်းတာ...”
“ကြမ်းတာ နုတာကို ပြောတာမဟုတ်ဘူး..ကို့ရဲ့ လက်တွဲဖော် အဖြစ် ဇို ရှိနေတာကို ကို ပျော်တာ..ဒီလက်တွေကို သေတဲ့ အထိ ကိုင်သွားချင်တယ်..မလွှတ်ပေးဘူးနော်..”
“ပိုလာပြန်ပြီ...”
အပြင်သွားတိုင်း သူနဲ့ တွေ့တိုင်း Ro ဆန်ဆန်ပြောတက်တဲ့ သူ့စကားလုံးတွေ နဲ့ ပိုတာ မကြိုက်ဘူး ဆိုတဲ့ ဇို့ စကားလုံးတွေက တွဲလျက်မိသားပင်...။
၁၀ရက်တောင်ကျော်နေပြီ..ပြန်မလာသေးဘူးလားတွေးရင်း သတိရသလိုလို ရှိပြန်သည်..။
“ဇိုရေ...ဖုန်းလာနေတယ်လေ..”
မှန် ချပ်တွေ သယ်တာကို စောင့်နေစဉ် ၀န်ထမ်းကောင်မလေး ခေါ်သံကြောင့် ဇို ပြန်၀င်လာခဲ့လိုက်သည်..။
“ဟလို...”
“ကို..”
“သိပါဘူး..ဖုန်းများမှား၀င်သွားသလားလို့..”
သူ့ ရဲ့ အစောင်းအချိတ်ကလေးတွေ ကို ခံယူသင့်သူမို့ ဇို ရယ်နေလိုက်ရသည်..။
“ကို ဘယ်နေ့ ပြန်လာမလည်း..”
“ဟောဗျာ..ဖုန်းခေါ်တော့ဖြင့် မကိုင်ဘူး..ဒီကောင် ဘယ်လောက်တောင် လွမ်းနေရလည်း သိရဲ့လား..ဖုန်းကိုင်ပြန်တောလည်း သာကြောင်းမာကြောင်း တောင် မမေးဘူး..”
“ဇို စိတ်ထဲရှိတဲ့ အတိုင်း ပြောတာလေ..ကို လည်း ဇို့ အကြောင်း သိသားပဲဟာ..”
“ဟုတ်ပါပြီ...အခုလို ဟန်မဆောင်တက်တာလေးကို ပိုချစ်နေရတာ..သဘက်ခါ ပြန်လာမယ်..မြန်မာ အချိန် နေ့ခင်း ၃နာရီလောက် ကို ရောက်မယ်...ကို က အခုပြန်လာချင်တာ..ရှယ်ယာ အစည်းအဝေးက နက်ဖြန်ရွေ့လိုက်ရတယ်..ကို ဒီနေ့ အသေအကြေ ပြန်လာချင်နေတာကွာ..”
“တစ်ရက်ကလေး စောင့်ရတာကို ပိုပြန်ပြီ...ပြန်လာတဲ့နေ့ ..ဇို လာကြိုမယ်နော်...”
“လာကြိုမယ်...ဟုတ်လား..ဟား..ဟား..”
ဇို့ရဲ့ စကားကို သံယောင်ထပ်အုပ်ပြီး ရယ်နေတော့ ဇို ခံပြင်းလို့ မျက်မှောင်ချီ လိုက်မိသည်..။
“ဘာလည်း..”
“မေ့နေအုံးမှာပါ..”
“မမေ့ဘူးတကယ်..”
“အိုကေလေ..ကို ကတော့ မလာမချင်း ထိုင်စောင့်နေမှာပဲနော်..”
“အမ်း..”
“ဇို့ကို လက်ထပ်ချင်တယ်နော်..”
“ဟာ လာပြန်ပြီ..”
“ဇို သိမ်းထားပါအုံး ဆိုပြီး ပြန်ပေးထားတဲ့ လက်စွပ်က အခုဆို အဖြူရောင်တောင်ပြောင်းလာပြီ..”
“အတုကြီး မို့လို့နေမှာပေါ့..”
‘မဟုတ်ဘူး..ဆံပင်တွေဖြူလာတာ..”
“ဟား..ဟား..ကိုကလေ...” သူနဲ့ တွဲတာ တစ်လ ပြည့်တဲ့နေ့ ...လက်စွပ် တစ်ကွင်း ထုတ်ပြီး လက်ထပ်ခွင့် တောင်းတော့ ဇို့ အလန့်တကြား အမြန်ငြင်းခဲ့ရသည်...။အခု သုံးလပြည့်တော့ ဆံပင်ဖြူပြန်ပြီ...။
“သိပ်ပိုတာပဲ..ဒါပဲပြောမှာ.....ဟုတ်တယ်မလား..” ညောင်နာနာ အသံပြောင်းပြီ ဇို ပြောနေကျ စကားတစ်ခုကို ပြောလိုက်လို့ ဇို ရယ်ချင်သွားသည်..။
“တကယ်ရော မပို လို့လား..”
“Mr.Ames...I just talk Yu Ki..”
“What he say ?”
“He said he had cancel the meeting this afternoon...”
“Sorry..”
“It’s Ok..”
ဟူး...
တစ်ဖက်က သက်ပြင်းချလိုက်သံကြောင့် ဇို ပါ ရောယောင်ပြီး သက်ပြင်းချလိုက်မိသည်..။
“သေချာသွားပြီ..ဒီနေ့ ပြန်လာလို့ မရဘူး..အဟင့် ငိုချင်လိုက်တာ..”
“ကျစ်..ကိုကလည်း..ဒီနေ့ ဘာအရေးကြီးနေတာလည်း..”
“အရေးကြီးတယ်...ကဲ..ညကျ ကို့ ကို သတိရပေးနော်...လဖ်.ယူ..နော်...လဖ်ယူတူးလည်း ပြန်ပြောမနေနဲ့ သလား....ဘိုင်..”
မပြောပါဘူး မစိုးရိမ်နေနဲ့ စိတ်ထဲကတွေးပြီး ဇို အရင် ဖုန်းချပစ်လိုက်သည်..။
ဖုန်းချလိုက်ပြီး ဆိုင်ဘက်ပြန်လှည့်လိုက်တော့ မှန်ပေါ်မှာ အပြုံးမျက်နှာနဲ့ ပေါ်နေတဲ့ ဇို့ ပုံရိပ်ကြောင့် ရှက်ရှက် နဲ့ မျက်မှောင်ကြုတ်လိုက်မိသည်..။☆✼★━━━━━━━━━━━━★✼☆。
ဇာတ်သိမ်းသင့်နေပြီ စပိုက်ကာတို့ ရှည်လို့ ကောင်းတုန်းပဲ 😂ပူးမပါတော့လို့ ပရိသတ် တွေလျော့သွားတာ ငိုချင်တယ် 😭💔
ဇာတ်လမ်းလေး က ထင်ထားသလို ဖြစ်မလာခဲ့ရင်
ခွင့်လွှတ်ပေးပါ နော် 💔😭အားလုံးကို အနူးအညွန့် တောင်းပန်ပါတယ်..🙏
ရှုပ်နေတဲ့အရေးအသား✒ ဘာမှန်းတောင်သေချာမသိရတဲ့ စာတစ်ပုဒ်ကို📖 ဖတ်ပေးခဲ့ကြလို့ အားလုံးကို အားနာရပါတယ် 😭💔 😥
အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤Love u all ❤
#စပိုက်ကာ
YOU ARE READING
Zoe
Romance"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတို့က ဦးနှောက် နဲ့ နှလုံးသား ကို အချိန်တိုင်း လွန်ဆွဲခိုင်းတယ် ငါမှားသွားလား နဲ့ ငါမှန်တယ် ဆို တဲ့ စိ...