Part 11

950 70 0
                                    

Zoe
အပိုင်း (၁၁)
#ဇိုစပိုက်ကာ

“ဇိုး...”
အခန်းနံရံ ကို မှီပြီး ထိုင်နေတာ ကို အော်ခေါ်လိုက်တော့ ဇို စိတ်ရှုပ်ထွေးနောက်ကျိသွားရသည်..။
အချိန်ယူပြီး သေချာ ကြည့်လိုက်တော့မှ ဝိုးတဝါး ပုံရိပ်တွေက ထင်ရှားလာသည်..
“လဲ့ရည်..အချစ်..”
“ခွေးမရေ..သေတော့မလား..”လဲ့ရည်ကို အခန်းလိုက်ကာကို ဆွဲဖယ်ပြီး အခန်းထဲကို ခြေဆောင့်၀င်လာသည်..။
“အေး..”
ဇို နှုတ်ခမ်းမှာ စိတ်ပျက်တဲ့ အပြုံးတစ်ခု တင်ထားတော့ လဲ့ရည်က မျက်ရည်စို့လာပြီး ဇို့ လက်ကို လိမ်ဆွဲသေးသည်..။
“နင်ဘာဖြစ်နေတာလည်း..ဟမ်..ဘာဖြစ်နေတာလည်းလို့..”
“ငါလား..ကောင်းပါတယ်..”
ခိုင်ခိုင် လည်း ဇို့ ကို မနိုင်တော့လို့ လဲ့ရည်ကို လှမ်းအကြောင်းကြားလိုက်တာ ဖြစ်ပါလိမ့်မည်...လဲ့ရည်လည်း ကလေး ပေါက်စလေး ထားလာရတာတွေးမိတော့ အားနာသလိုလို ရှိလာသည်..။
ဇို့ ဘ၀မှာ ဘယ်သူမှကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်တာ မွေးရာပါ  စိတ်ဓာတ်ပါ..။
“နင့်သမီးကော မပါဘူးလား..”
“ခေါ်လာစရာလား..ကားပေါ်ကတောင် ကန်ချခံရအုံးမယ်..”
လဲ့ရည်က စိတ်ပျက်သလို ညီးတွားနေတော့ ဇို ဘ၀ကံဆိုတာကြီးကို မုန်းမိသည်..မလိုချင်ရ..လိုချင်မရ..ယူရင်မရ..မယူရင်ရ...တလွဲလောက...။
“နင်ကြောင့်....နင်ကြောင့်..မဟုတ်ရင်..ငါ့ကလေးလည်း ကြီးနေပြီ..”
“ဘယ်လို...ငါကြောင့် ဟလား..”
“ဟုတ်တယ်...နင့်ကြောင့် ..နင်ပေးလိုက်တဲ့ ဆေးကြောင့်..”
လဲ့ရည်က သဘောပေါက်သလို ခေါင်းညိတ်ပြီး..ရယ်သေးသည်..
“နင် တစ်နေ့ နောင်တ ရမှာသိနေလို့ ပေးလိုက်တဲ့ဆေးအဝါလုံးက ဖော့လစ်အက်စစ် ဆေးလုံးပါဟ..”
“ဘာ...” ဇို အရှိန်ပြေပြီး မျက်လုံးတောင် ကျယ်သွားရသည်..။
“ဟုတ်တယ်လေ..နင် တစ်နေ့ နောင်တရမှာသိတယ်...မထူးစိတ်ပိုက်ပြီး လျှောက်လုပ်မှာ စိုးလို့ ငါ ဆေးပေးသလို ဟန်ဆောင်လိုက်တာ...အခုတော့ ဘယ်ဘဝရောက်နေတာလည်း..နင့် လင်ကော..”
“မရှိတော့ဘူး..ငါက ကလေးမွေးမပေးနိုင်လို့..နောက်မိန်းမ ယူပြီး ငါနဲ့ကွာရှင်းလိုက်ပြီ..ဟား..ဟား...”
ဇို ဂရုမစိုက်ဟန်ဖြင့် အော်ရယ်လိုက်ပေမဲ့ မျက်ရည်ကတော့ ဘာလို့ စီးကျလာနေမှန်း ကိုယ်တိုင်လည်း မသိပါ...။
ရင်ထဲမှာဝေဒနာက ပြင်းထန်လွန်းလို့ မျက်ရည်ကျလာတာဖြစ်ပါလိမ့်မယ်...။
“ဇိုရယ်..”
လဲ့ရည်က ဇို့ ကိုလှမ်းဖက်တော့ ဇို တွန်းထားမိသည်...။
လူတစ်ယောက်ရဲ့ နွေးထွေးမှုကို စွဲလမ်းမိရင် မူးယစ်ဆေးထက် ဖျက်ရခက်တဲ့ အကြောင်း ကိုယ်တိုင်လည်း သိခဲ့ပြီးပါပြီ...ဘယ်သူကိုမှလည်း ထပ်ပြီး တွယ်တာအားကိုးချင်စိတ် မရှိတော့ပါ..။
“ဒါကြောင့် နင် ဒါတွေသောက်နေတာလား..”
“ဒါ ပြုပြင်ဆဲ ကာလ..ပြုပြင်ဆဲ ကာလမို့ပါ..”
“နင့်ရဲ့ ပြုပြင်ဆဲ ကာလ က သုံးလကျော်နေပြီ..ဇို..နင် မဟုတ်တော့ဘူး..”
လဲ့ရည်က ဇို့ လက်ထဲက ဗစ်ဘူးကို ဆောင့်ဆွဲယူလိုက်တော့ ဇို ပြန်လု ထားလိုက်ရသည်..။
“နင် ဒီထဲ ဘာတွေ ထည့်သုံးနေတာလည်း ငါသိတယ်နော်..ဇို..နင် တစ်သက်လုံး မလုပ်တဲ့ အလုပ်တွေ လုပ်နေတာပဲ..ငါ နင့်ကို ဘယ်လောက်စိုးရိမ်နေရလည်း နင်သိလား..”
“သိတယ်...သိတယ်...ဆောဒီး..တောင်းပန်တယ်..”
ဇို လက်ဆုပ်ပြီး ပြောလိုက်တော့ လဲ့ရည်က လက်ကို ပုတ်ထုတ်ပြန်သည်..။
“ယောင်္ကျား တစ်ယောက်ကြောင့် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတာ ငါ မယုံ နိုင်ဘူး ဇိုရယ်..”
“ယောင်္ကျား မဟုတ်ဘူး..ယောင်္ကျား မဟုတ်ဘူး..သစ္စာဖောက်မှု ဆိုတာကြီးကြောင့်...ကျစ်...တော်တော် ကြောက်ဖို့ကောင်းတဲ့ ဟာ..ဟား...ဟား...ငါ့လို မိဘမဲ့ တစ်ကောင်ကြွက်က ငယ်ငယ်က မွေးစားမဲ့ သူကို မျှော်ရတာ မုန်းတယ်..အခု မိသားစု တစ်ခုရလို့ ဘဝမေ့ပြီးပျော်နေတာ..ဟား..ဟား..အခုတော့ မောင်းလွှတ်ခံရတယ်ဟာ...အရေးမပါတဲ့ လူလောကကြီး..မုန်းတယ်”
“ဘာဆန်းလည်း ဟာ..ငါဆိုလည်း အရင်က အတူနေတဲ့ တစ်ယောက်နဲ့ ကွဲထားတာ အခု မာဗီ နဲ့ အဆင်ပြေနေတာပဲဟာ..”
“မတူဘူး..ငါ က သစ္စာဖောက်ခံရတာ...”
“တော်ပြီ...မေ့လိုက်တော့ အရင် အတိုင်းပြန်နေတော့..ဒါတွေလည်း  မသောက်ရတော့ဘူး..ကြားလား..”
ဇို လက်ထဲက ဘူးကိုမြှောက်လိုက်ပြီး
“ဒါက ဘာဖြစ်နေလို့လည်း..ဒီလောက်မွှေးတာ..” တိမ်ငွေ့လေးတွေကို နှာခေါင်း၀မှာ ရှိုက်သွင်း လိုက်တော့ လဲ့ရည် က ထု ပြန်သည်..။
“မွှေးတာ ဟလား..အဆိပ်တွေလေ....အဆိပ် ဟဲ့..အဆိပ်..နင် သိရဲ့သားနဲ့..မွှေးတယ်လာပြောနေတယ်..ဇို  နင် စွဲသာသွားရင် ငါ့ထက် ဆိုးမှာနော်..”
“လဲ့ရည်..ငါ အခု ရွေးချယ်ခွင့် နှစ်ခုပဲ ရှိတယ်...မိသားစု နွေးထွေးမှု ဆိုတဲ့ ကြောက်စရာကြီး ကို အစားထိုးဖို့ တစ်ခုခု ရှိရမယ်.....နောက်တစ်ခုက မွှေးပျံ့ ချိုမြိန်တဲ့ ဒီအဆိပ်..ငါ့တစ်ယောက်တည်း နေသားပြန်ကျတဲ့ အထိ လွှတ်ထားစမ်းပါဟာ..”
“လွှတ်ထားရမယ်..ဘယ်  အချိန် ထိလည်း..သေတဲ့ အထိလား..”
“နင် ကလေ အကောင်းမပြောဘူး..”
“မပြောဘူး..”
လဲ့ရည် က ဇို့ လက်ထဲက ဘူးကို လုယူပြီး အခန်းပြင်ထွက်သွားတော့ ဇို အသက်မပါပဲ အော်ရယ်နေမိသည်..။
“သူ ဒီပုံစံ မဟုတ်ပါဘူး..လဲ့ရည်ရယ်..ငါတော့ တအား စိတ်ပူ တာပဲ..”
“ခဏပါတဲ့ ပြောတာပဲ..”
“နင်မသိဘူးနော်..ည ဆိုလည်း တစ်ည လုံးလည်း မအိပ်ဘူး..ရယ်ရင်းနဲ့  မျက်ရည်ကျချင်လည်း ကျနေတာ..ဟိုနေ့ကလည်း ထမင်းစား ဆိုတာကို ထမင်းဖြူချည်း စားပြီး ထသွားတာ..သူက အစကတည်းကမှ တစ်မျိုး..အခုနေ ရူးသွားမှာ စိုးရီမ်တယ်ဟာ..တစ်ခုခု လုပ်ပေးရမယ်..”
“ငါလည်း သမီးက နေသိပ်မကောင်းတော့ ကြာကြာနေလို့မရဘူး..နောက်တစ်ခေါက်ပြန်လာမှ ကြည့်ပြီး စီစဉ်ရမှာပဲ..”
“ဒီလောက် ကြောင်တဲ့ လူကို ဘယ် ကောင်က များ ဒုက္ခပေးသွားလည်း မသိဘူး..”
“ဒီအတော အတွင်း ဆိုးဆိုး ဝါးဝါးတွေ ဖြစ်လာတော့ ဘယ်လို လုပ်မလည်း.”
“မဖြစ်လောက်ပါဘူး..လွတ်ထားလိုက်...”
“ညကျ ရင် ထသာကြည့် တွေ့ပါလိမ့်မယ်..”
“ဟား..ဟား...မရူးပါဘူး..ဟာ...”
အခန်းနံရံ သစ်သားပြားလေးကြားခံနေလို့ အားလုံးကြားနေရတော့ ဇို အော်ပြောလိုက်ချိန်..အားလုံးတီတ် ကျသွားသည်..။
“မရူးလည်း..အပြင်လေး ဘာလေး ထွက်လေ..နင် အခန်းအောင်းနေတာ သုံးလကျော်နေပြီ..”
“အသားမဲမှာ စိုးလို့ပါ..ဟား..ဟား..”
ဇို စိတ်ခံစားချက်တွေကို မြိုသိပ်ပြီး ကိုယ့် အတွက် စိုးရိမ်နေရတဲ့ မိန်းမ သုံးယောက်ကို သနားလို့ အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
“ဒီလိုမှန်း သိရင် လဲ့ရည်ကို စောစောကတည်းက ခေါ်ပါတယ်..”
“အေးလေ..”
“ဟန်နီ..ဘာစားမလည်း..”
“ဟွင်း...အခုမှ နင် ငါ့ကို ကတိပေးစမ်းပါ ဇို နင်ပြောတဲ့ အခွင့်အရေး နှစ်ခု  မလိုတဲ့ ဘ၀မှာ နေပါမယ်လို့..ပေးစမ်းပါ..”
“တရားလား..သူကျတော့ သားနဲ့ လင်နဲ့...ငါ ကျတော့ နှစ်ခုစလုံး စွန့်ရမယ်တဲ့လေ..ဟား...ဟား..ဆုတောင်းလေ..”
“ဇို့..”လဲ့ရည်က မျက်ရည်ဝိုင်းလာတော့ ဇို ပြုံးရင်း ခေါင်းညိတ်ပြလိုက်ရသည်..။
“လိမ်မာတယ်..နင် တအားပိန်သွားတယ်..အစားအသောက်မှန်အောင်ပြန်စားရမယ်...သူငယ်ချင်း ဘာစားချင်လည်း..”
“ဟား..ဟား..၀ယ်ကျွေးတော့လည်း စားတာပေါ့..ခိုင် တို့ ဘာစားချင်လည်း..”
“ဆီချက်.”
“အိုကေ..ပေး..ပိုက်ဆံ..”
“အယ်..နင်၀ယ်လေ..”
“ငါသွား၀ယ်ပေးမှာ ပိုက်ဆံ မရှိဘူး..ခိုင်ခိုင်တို့ဆီက ကပ်စားနေရတာ အားနာလို့ ထမင်းဖြူချည်း စားနေရတာ ကြာလှပြီ..”
“ဟယ်..ဇို့တို့ကတော့ လွန်ပြီ..”
လဲ့ရည် ဆောင့်ထည့်ပေးလိုက်တဲ့ တစ်ထောင်တန် နှစ်ရွက် ကို ယူခါ  သုံးလ ကျော် ကြာပြီးမှ လမ်းပေါ်ကို ပထမဆုံးခြေချမိသည်..။
လူတွေကတော့ လှုပ်ရှားသွားလာနေတာ..ဇို တစ်ယောက် သုံးလ ပျောက်နေတယ်လို့ အသိအမှတ်ပြု နှုတ်ဆက်သူလည်း မရှိပါဘူး..။
အဲလိုပါပဲ လောက ကြီးက ထွက်သွားတောင် ဇို တစ်ယောက် မတွေ့တာကြာပြီး လောကမှာ ရှိသေးရဲ့လားလို့ အရေးတယူတွေးမဲ့ သူလည်း  မရှိပါဘူး...
ဒါဟာ တစ်ကောင်ကြွက် မိဘမဲ့ တစ်ယောက်ရဲ့ ဘဝလျှောက်လမ်း တစ်ခုပါပဲ...။
အသိအမှတ်ပြုလည်း မခံရသလို စိတ်၀င်တစားလည်း မရှိကြပါဘူး..။
“ဟဲ့...မွန်လေး..မကူးနဲ့အုံး..ဟဲ့..”
လမ်းထိပ်ရောက်လို့ ကားလမ်းကူးဖို့ကြည့်နေစဉ် ဘေးက ကလေးမ အရွယ်နဲ့ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက် ဆွဲလိုက် တွဲလိုက် နဲ့  အလုပ်ရှုပ်နေသည်..။
“ဟာ..”
ကလေးမ က ကားလာတာ တွေ့တော့ ရှေ့လည်း ဆက်မပြေးသလို နောက်လည်း ပြန်မဆုတ်..ဇို လက်ကို ဆောင့်ဆွဲလိုက်လို့ လမ်းဘေးကို နှစ်ယောက်စလုံး ထိုင်ကျသွားသည်..။
ခါးစပ်နေရာ တစ်ခုလုံး နာကျင်သွားရသည်..ဒါမျိုး ဖြစ်ဖူးပါတယ်..။
“ဟင်...”
ကိုယ်၀န်ပျက်ကျတာ ဒါကြောင့်များလား.. လမ်းထိပ်မှာ ကလေးတစ်ယောက် ကားငြိခါနီးမို့ ၀င်ဆွဲ ရင်း ပြုတ်ကျခဲ့ဖူးသည်..။.
လဲ့ရည်ပေးတဲ့ ဆေးကို သောက်မိ ြ့ပီး ကိုယ့်ကိုယ်ကို မုန်းတီးမိတာ လောကမှာ အသက်ဆက် မရှင်ချင်လောက်အောင်ပင်..။
လဲ့ရည်က သူပေးတာ ရိုးရိုး အားဆေးဆို...
အဲနေ့က ပစ်ကျလိုက်တဲ့ အရှိန်နဲ့ ကိုယ်၀န်ပျက်သွားတာ အခုမှ အတိအကျ အဖြေသိတော့သည်..အဖြေသိတော့ရော ဘာတွေ ထူးခြားလာမလည်း..။
တကယ်တော့ ဇို ဟာ အချစ် မေတ္တာ ကြင်နာယုယ မှု နဲ့ မသက်ဆိုင်သူ တစ်ယောက်ပါ..။
“သမီးလေး..ထလို့ရရဲ့လား..”
ကလေးမလေးက သူ့ အဖွားရင်ခွင်ထဲရောက်နေပြီ..ကျနေတဲ့ နေရာမှာ အတွေးပြန့်နေသည့် ဇိုက နေရာမရွေ့နိုင်သေးတော့  စိုးရိမ်ပြီး ကြည့်နေသည်..။
“ရပါတယ်..အဒေါ်..”
“ကျွန်တော် တောင်းပန်ပါတယ်..”
“ရပါတယ်..သားရယ်..သားမမှားပါဘူး..ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး..”
ဇို ထိုင်လျက် ပြုတ်ကျ ထားတာမို့ နောက်ဘက် ကျောနေရာတွေကို လက်နဲ့ ခါပစ်ရင်း မယုံနိုင်တဲ့ လောကစီရင်ချက်တွေကို ဟားတိုက်ရယ်မောချင်သည်..။
လူအသက်တစ်ချောင်းကို ကယ်မိလို့ အပြစ်မရှိတဲ့ လူသား သေနိုင်သည်တဲ့လေ..။
ကယ်မိတဲ့ သူက ကျိန်စာမိသလို သာယာကြည်နူး နေတဲ့ ဘ၀ပါ အစိတ်စိတ်အမြွှာမြွှာ...
ဘယ်လို စီရင်ချက်မျိုးလည်း..တကယ်ဆို ဆုတွေ ဘာတွေတောင်ရသင့်တာပါ..။
“သမီးလေး..ဟို..ကလေး..ဒုက္ခပါပဲ တော်တော်ထိသွားလားမသိဘူး..ရှက်ပြီး ထွက်သွားတာ နေမှာပါ..”
“ကျွန်တော် လိုက်မေးပေးပါမယ်..”
“ဘာမှ မဖြစ်ဘူး..”
ဇို လှမ်းအော်ခဲ့လိုက်လို့ ဘယ်သူ မှ ဆက်မလိုက်လာတော့ပါ...။
၀ယ်နေကျ ဆီချက်ဆိုင်ကလည်း တွေ့ရတဲ့ လူ များလို့လားမသိ ၀ယ်နေတာ ၅နှစ်ကျော်ပြီ တစ်ခါ၀ယ်တိုင်း ဂျုံ ဆီချက် ပါလို့ ပြောရတာ စိတ်ပျက်ရသည်..။
ဇို ဆီချက် ၀ယ်ပြီး လမ်းထဲ  ပြန်လျှောက်လာတော့လည်း ဒီ မြေးအဖွား နှစ်ယောက်က ယောင်လည်လည် လုပ်နေတုန်း...
ဇိုရဲ့ သံသယ အတွေးတွေက ပြန်လည် ရစ်ဝဲနေပြီလေ..အရင်က ဇို့ ဘ၀ ပြန် ရောက်နေပြီဆိုတော့လည်း အတွေးကစ အရင် အတိုင်းပါပဲ...။
ဇို ဆီချက်ထုတ် ဆွဲရင်း ဘေးက ဖြတ်ကျော်လာတော့
“သမီးလေး..ဟိုကလေး..”
“အမ်း..”
ဇို ရပ်လိုက်တာနဲ့ အဖွားကြီးက အရင်ပြေးကပ်လာပြီး ကလေးမလေးလည်း နောက်က ပါလာသည်..။
“အန်တီ ကို ဒီလိပ်စာလေး ရှာပေးပါလားကွယ်..”
လက်ထဲ ထိုးထည့်လိုက်သည့် စာရွက်အပိုင်းက နွမ်းတောင်နေပြီ..
“ဒါ ဟို တိုက်ကို ပြောတာပါ..အဝါရောင်လေ..”
အဖွားကြီးက ငေးရင်း သက်ပြင်းချလိုက်ပြီး..
“သိပါတယ်..သေချာအောင် ထပ်မေးကြည့်တာ..”
“လူတွေ လူတွေ..စာနာသနားစိတ် မရှိကြတော့ပါလားနော်..”
“အဟက်..ဟုတ်တယ်..လူ့ဗီဇ ကိုကတည်းက အဲလိုပဲ...”
ဇိုလည်း ထောက်ခံ မဲ ပေးလိုက်မိတော့ ကလေးမလေးက မကြည်သလို မော့ကြည့်သည်..။
“ဘယ်က လာကြတာလည်း..”
“ဂေဟာ ကပါ..”
“အော်.....”
“..အန်တီက ပျိုးပင်လေးများ မိဘမဲ့ဂေဟာက  ဒေါ်နီလာပါ..”
ဇို တစ်ချက်ကြည့်ပြီး တကယ်ဖြစ်နိုင်ကြောင်း သိလိုက်သည်..။
“ကဲ..မွန်လေးရေ ပြန်ကြမယ်..”
“အလှုငွေ မရရင် မနက်ဖြန် ဘာနဲ့ ချက်မလည်း ..”
“တစ်နေရာကတော့ ရမှာပေါ့ကွယ်..”
“အလှူရှင် မရှိလို့လား..”
“ရှိပါတယ်..ဒီအိမ်မှာ ဆယ်ရက်တစ်ခါ လာယူဖို့ မှာထားလို့ လာယူရတာ..အခုတော့ သော့ပိတ်ထားလို့ နေ့တိုင်းလာနေရတာ တစ်ပတ်ကျော်ပြီ..”
“တစ်ရက်စာက ဘယ်လောက်လည်း..”
ဇို မေးတာ နည်းနည်း ရိုင်းသလို ဖြစ်သွားတော့  မျက်နှာ ပျက်သွားပေမဲ့ ကလေးမလေးကတော့ မျက်၀န်းအရောင်လက်လက်ဖြင့်
“၅သောင်းပါ မမ ၅ထောင် ပိုပေးရင် နောက်ရက် မနက်စာပါ စားရပါတယ်..”
ဇို မျက်ခုံးပင့်လိုက်ရသည်..ငွေ ၅သောင်းတဲ့ ခုလောလောဆယ် လက်ထဲမှာ ငွေ ၅ရာသာ ပါလာသည်..။
မမေးခဲ့ရင် အကောင်းသား အခက်အခဲ တစ်ခုကို သိပြီးနောက် ဇို မကူလိုက်ရရင် ကိုယ့်ကိုယ်ကို ဒေါသထွက်ရတော့မည်..။
မိဘမဲ့ ကျောင်းဆရာတွေ ကျောင်းသားတွေရဲ့ ဝေဒနာကလည်း ကိုယ်တွေ့မို့ ကျောခိုင်းဖို့ တွန့်ဆုတ်မိသည်..။
“ခဏစောင့်ပါ..သစ်ပင်အောက်နားမှာ ထိုင်နေပါ..ဇို က စကားသိပ်မပြောတက်လို့ပါ ရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်..”
ကလေးမလေးကတော့ ထိုင်ချင်နေတဲ့သူ မို့ အရင်ထိုင်ချလိုက်တော့ ဇို အိမ်ကို ခပ်သွပ်သွပ် ပြန်လျှောက်လာခဲ့လိုက်သည်..။
“လဲ့ရည်..ခိုင်ခိုင်...”
“အဲ..ဘာဖြစ်လာပြိလည်းမသိဘူး..”
တစ်ယောက် နဲ့ တစ်ယောက် အကဲခတ်ရင်း အိမ်၀ကို ထွက်လာကြသည်..။
“ငါ ပိုက်ဆံလိုလို့..”
“ဘာ..”
“ငါပြောသားပဲ..ငါပြောသားပဲ..လဲ့ရည်..ဒီကောင် မမှန်ပါဘူးဆို..”
ခိုင်ခိုင်က ၀င်ထောက်ပေးပေမဲ့ လဲ့ရည်က မျက်လုံးလေးပြူးပြီး ဇို့ ကိုသာ ထိတ်လန့် တကြား လိုက်ကြည့်နေသည်..။
“ငါ့ကို ၅သောင်း ၅ထောင်ပေးပါ..”
“ဟေ..”
“လုပ်ပါ မြန်မြန်...မဟုတ်ရင်သေမှာ..”
“ဟဲ့ လုပ်အုံး..ငါ့ဆီမှာ..”
လဲ့ရည်က သူ့ ပိုက်ဆံ အိတ်ပြေးယူပြီး တစ်ထောင်တန်တွေကော ၅ရာတန်တွေကော ထုတ်ရေတွက်နေသည်..။
“၂သောင်းကျော်ပဲ ရှိတယ်.ခိုင်ခိုင်ကော..”
“၂သောင်းကျော်..”
ခိုင်ခိုင် က လက်ထဲက ပိုက်ဆံတွေကို ကိုင်မြှောက်ြ့ပီး တိုးလျလျ သာပြောနိုင်သည်..။
“နင်တို့ကလည်း နှစ်သောင်းကျော်ချည်း ပြောမနေနဲ့လေ..အတိအကျရေ..”
“ဟုတ်ကဲ့ပါ...သူကလည်း ယူသေးတယ်...ဟောက်နေလိုက်တာ..”
“ပြည့်တယ် ရော့ ၅သောင်း ၅ထောင့် ၅ရာ..ဘယ်တော့ ပြန်ဆပ်မှာလည်း..”
“ဟာ နင်ကလည်း.ေ.နပါအုံး..”
ဇို အော်ပြောခဲ့ပြီး လမ်းဘက် ထွက်လာခဲ့လိုက်သည်..။
“စောင့်ရတာ ကြာသွားလား..”
“မျကာပါဘူး...”
“ဇို့ သူငယ်ချင်းတွေဆီ က အကူအညီတောင်းလိုက်တာ..သေချာ မယူလာမိဘူး...စာအိတ်လည်း မရှိလို့ပါ..”
“ရပါတယ်..ရပါတယ်..ကျေးဇူးတင်ပါတယ်..လှူတဲ့အတွက်လည်း ဆုတောင်းပေးပါမယ်..”
ကလေးမလေးရဲ့ အပြုံး ချိုချိုလေးက ဘယ်လောက် အားရ ၀မ်းသာနဲ့ ပျော်သွားပြီ ဆိုတဲ့ အကြောင်း သက်သေခံနေသည်..။
“ဟင်း..ဟင်း..ထင်သားပဲ..”
အိမ်၀မှာ ဆီးကြိုရန်တွေ့ဖို့စောင့်နေတဲ့ မိချော နှစ်ယောက်ကို ကျော်ပြီး အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
“ဇို..တို့ ပိုက်ဆံတွေ ပြန်ဆပ်ဖို့ လုပ်အုံးနော်..အဲဒါအကုန်ပဲ ဘာနဲ့ စားကျမလည်း..”
“ရောက်လျား ပေါ့ အခုလောလောဆယ် ဆီချက်စားကြမယ်လေ.”
“ဇို နင် အလုပ်လုပ်ပြီး မြန်မြန် ဆပ်နော်..”
“အေးပါ...ဆီချက်စားပြီး အလုပ်သွားရှာမယ်..မနွယ်ဆီကိုသွားမယ်..”
“တကယ်နော်..”
ဇို ခေါင်းညိတ်ပြလိုက်ပေမဲ့ လဲ့ရည်က အတွန့်တက်ခါ
“ကတိ...”
လက်ထောင်ပြောတော့ ဇို လက်ကို ဆွဲလိမ်ပစ်လိုက်သည်..။ပိုတာတွေ မကြိုက်ပါဘူး..။
“ငါလိုက်ရမလား..”
“လူက အလတ်ကြီး..”
“မသိဘူး..လင်တရူး မှတ်နေတာ..”
ဇို အပေါ်ထပ် အကျီ င်္ ကြယ်သီးတပ်နေရင်း လက်တွေက နှေးကျသွားတော့ လဲ့ရည်က မပြောသင့်တာ ပြောမိမှန်း သတိထားမိပြီး တိတ်ကျသွားသည်..။
“ဆောဒီးပါဟာ..ငါ မယုံနိုင်လို့ပါ..တွေးမနေတဲ့ လောက မှာ အပေါဆုံးက ယောင်္ကျားပဲ..”
အဲဒီ့ အပေါဆုံး ယောင်္ကျားတွေ ကိုပဲ ကြောက်သွားတာ..ဇို ပြုံးပြီး  ကြယ်သီးတွေကို ခပ်သွက်သွက် တပ်လိုက်သည်..။
“လဲ့ရည်..နင် နေ့ခင်း ကား နဲ့ ပြန်တော့..”
“ဟယ်..ဘာလို့..”
“ကလေး နေကောင်းတာ မဟုတ်ဘူး..ပြန်ရင် ထောင့်မှာ ထားတဲ့ အထုတ်ယူသွား..”
“ဘာတွေတုန်း..”
“ကလေးအတွက် လိုအပ်မယ်..ထင်တာတွေ ၀ယ်ထားတာ..”
“ဇိုရယ်...”
စိတ်မကောင်းတဲ့ လေသံကဲ ခေါ်ပြီး မျက်ရည် ဝိုင်းနေမှာ သိပေမဲ့ ဇို အိမ်ပြင်ကို ရောက်နေပြီ...။
“ဟဲ့..ညမနက်နဲ့နော်...”
လဲ့ရည် က တာ၀န်ကျေ လည်း အော်လိုက်သေးသည်..။
ကလေး တစ်ယောက်မွေးပြီးခါမှ ဆရာ ပို လုပ်တက်လာ သလားပဲ...။
“အယ်..အယ်...ဘယ်သူလေးလည်း..ဘယ်သူလေးလည်း..”
ကောင်တာက စုစုဖြိုးက လှမ်းစပေမဲ့ ဇို ပြုံးပြလိုက်ပြီး မနွယ် အခန်းထဲ ၀င်လာခဲ့လိုက်သည်..။
“အဟမ်း...ဘယ်သူနဲ့ တွေ့ချင်လို့ပါလိမ့်..”
“မနွယ် နဲ့ တွေ့ချင်တာပါ..”
“ဟွန့် တစ်နှစ်ကျော် ဆိုတဲ့ အချိန် က လူတစ်ယောက်ကို ကောင်းကောင်းမေ့စေတယ်ကွ..မင်း ဘယ်သူလည်း တို့ မသိဘူး..”
“ဟာ..မနွယ်...တကယ်လား..ဇို..ညစ်နေတာ..”
“သိတယ်လေ...ညစ်မှ သတိရတာ..ပြောပါအုံး တစ်နှစ်ကျော်လောက် စိတ်ချမ်းသာပြီး ဘယ်ဂူအောင်းနေလည်း..”
“လင်ရသွားတာ..ကလေးလည်း မွေးဖို့ လုပ်လိုက်သေးတယ်..ကလေးမရတော့ လင်ကလည်း မောင်းလွှတ်လိုက်လို့ ဒီဘူတာ ဟောင်း ပြန်ဆိုက်လာတာ..”
ဇို ဟာသ တစ်ပုဒ် အဖြစ် သာတင်ပြလိုက်ပေမဲ့ ရင်ဘတ်ထဲကတော့ နာကျင်ရသည်..။
မနွယ်က နှုတ်ခမ်းတွန့် လှုပ်သွားပြီး..
“အမလေး..မသိရင် ငါတို့ ကို လင်မယား ထင် နေအုံးမယ်..တို့လည်း လက်ထပ်ဖို့ အစီအစဉ် ရှိတယ်..ဇို့ အကြောင်းသိရတော့ စိတ်တောင် ပျက်..”
“ခု အလုပ်လိုလို့..”
ဇို စကားဖြတ်ပြီး လိုရင်းရောက်အောင်သာ တွန်းပို့လိုက်သည်..။
“သိတယ်လေ...မနက်ဖြန် ပြန်လာပေါ့..”
“မဖြစ်ဘူး..မနွယ်က လခ ဘယ်လောက်ပေးမှာလည်း..”
“အမလေး...၇သောင်းခွဲပဲပေါ့ဟယ်..ငါလည်း ဒီလောက်ပဲပေးနိုင်တယ်..:
“မရဘူး..အကြွေးတင် ၆သောင်း ဖြစ်နေတာ..”
“ဟမ်..အဲတော့..”
“၁သိန်းကျော်လောက်ရမဲ့ အလုပ်မျိုး ရှာပေးပါ မနွယ်..၂ရက်လောက်ပဲ အချိန်ရမှာ ..”
“အပိုင်ကြီးပါလားကွ..”မနွယ် က ရယ်ပြီးပြောတော့ ဇို အားတက်ခါ..
“မနွယ် လုပ်ပေးရင် ရမှာ သိနေတယ်..”
“မလွယ်ဘူး..ကောင်မလေး..ဘွဲ့ ၄ ခု ရထားတဲ့ လူတွေတောင် အလုပ်မရတဲ့ ခေတ်ဟ..”
စကားကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တော့ ဇို ခေါင်းညိတ် ထောက်ခံမိသည်..။
“ဒါပေမဲ့ ကူညီပါ မနွယ်..ဇို..အလုပ်ကြမ်း လည်း ရပါတယ်..”
“အေးပါ...မ စုံစမ်းပေးပါမယ်..”
“ကျေးဇူး..”
ဇို...အခန်းထဲက ပြန်ထွက်လာတော့ ၀ယ်သူက ကောင်တာမှာ ငွေရှင်းဖို့ စောင့် နေပေမဲ့ စုစုဖြိုး က ဖုန်းနှိပ်နေတာ နဲ့ မအားတာကြောင့်  ဇို ပဲ ငွေယူ ပေးလိုက်ရသေးသည်..။
လဲ့ရည် ကို ကားဂိတ် လိုက်ပို့ပေးသင့်တယ် ထင်လို့  အိမ်တန်းပြန်ခဲ့လိုက်သည်..။
“လဲ့ရည်..လာ..ဒိုးမယ်..”
“အယ်..မနွယ်ဆီသွားမယ်ဆိုတော့ ငါက မိုးချူပ်မယ်ထင်တာ..အလုပ်အဆင်ပြေလား..”
ငရုတ်သီးခွဲကြမ်းမှုန့်တွေ လောင်းထည့်ပြီး ဟင်းအိုး မွေရင်း မေးတော့ ဇို ခေါင်းရမ်းပြမိသည်..။
လဲ့ရည် က ရောက်လာတဲ့ နေ့တစ်ပိုင်း ကို ဇို တို့ စားဖို့ အတွက် ငါးခြောက်စပ် ကြော်ပေးနေပြန်ပြီ..။
“အလုပ်က မရခဲ့သေးဘူး..”
“မနွယ် ကတော့ ရှာ ပေးပါလိမ့်မယ်..အလုပ်မရသေးခင်တော့ နင် လိမ်လိမ်မာမာနေနော်.”
“အမ်း..”
ဇို ဒယ်အိုးထဲက ကြော်လက်စ ငါးခြောက်ဖက် တစ်ခုကို ကောက်စားလိုက်ပြီး လဲ့ရည်ရဲ့ ခြင်းကို အိမ်ရှေ့ ထုတ်လာခဲ့သည်.။
“လာစမ်းပါ..ကားနောက်ကျလိမ့်မယ်..”
“နေပါအုံးဟဲ့..ငရုတ်သီး ကျက်အောင်ကြော်ပေးနေတာ. ဗိုက်နာ မှာစိုးလို့..”
“ကျစ်..ခိုင်ခိုင်...”
“လာပြီး..”
“ဟင်းအိုး လာကြည့်ထား လဲ့ရည် ပြန်ဖို့ နောက်ကျနေပြီ..”
ဇို အော်လိုက်မှ ခိုင်ခိုင်က အခန်းထဲက ပြေးထွက်လြာ့ပီး မီးဖိုခန်း ၀င်တော့သည်..။
“ရပါတယ်...ငါ သယ်ပါ့မယ်..”
“နေစမ်းပါ..ငါ က လူလွတ်...”
“အောင်မယ်..ငါက လူအိုပေါ့ ဟလား..”
“မဟုတ်လို့လား..”
လဲ့ရည်က ဇို့ လက့်ကို ချိတ် ပြီးလျှောက်နေတော့ အရင်တုန်းက အချိန်လေးတွေကို သတိရသေးသည်..။
ဇို ရန်ကုန် ရောက်စ စက်ရုံ မှာ ၀င်လုပ်ပြီး လဲ့ရည်နဲ့ ခင်ခဲ့တာ..သူငယ်ချင်းလည်း သူ တစ်ယောက်တည်း ဦးစားပေးပေါင်းခဲ့တာ နောက်ပိုင်း အဆောင် ငှားနိုင်တော့ လည်း လဲ့ရည် နဲ့ တူတူနေလာတာ နှစ်ချီနေပြိ..။
“လဲ့ရည်...”
“ဟမ်..”
“နင့် သမီးလေးကို ဘယ်လိုခေါ်လည်း..”
“မြလဲ့မိုး..”
“ဟွန့်..သူ့အဖေ နာမည်ကျတော့ မပါလာဘူး..”
“ပါတယ်လေ...မာဗီ  က မိုးဆွေဦး လေ..နာမည်ပြောင်ကြီးက သာ နာမည်ကျော်နေတာ...”
“အော်..အော်...”
ဇို ပြောလိုက်တဲ့ အော်..အဆက် တစ်ခွန်းကြောင့် လဲ့ရည်က မျက်စောင်းထိုးသည်..။
“ဇို..”
“ပြော..”
“နင် နဲ့ အတူနေတာ ဘယ်သူလည်း..”
“သိတော့ ဘာလုပ်လို့ ရမလည်း..”
“မဟုတ်ပါဘူး..ငါ ဒီတိုင်း သိချင်လို့ပါ..”
လဲ့ရည်ရဲ့ မျက်၀န်းက တစ်ဆင့် သူ့ ခံစားမှုကို သိလိုက်တော့ ဇို နူးညံ့စွာ ပြုံးပြလိုက်ပြီး..
“သိတာထက် မသိတာ ကောင်းပါတယ်..အခု ဆို အားလုံး ပြီးသွားပြီ နေသားကျနေပြီပဲ..”
“အေးလေ..နင် အဆင်ပြေဖို့သာ အဓိကပါ..နင် က အားလုံးထက် စိတ်ဓာတ်ပိုမာပါတယ်..ဟုတ်တယ်နော်.”
လဲ့ရည် စကားကို သဘောကျလို့ အော်ရယ်နေမိသည်..။ငါလည်း မာကျောချင်ပါပြီ...။
“ဟယ် ဟိုမှာ မင်းသား ဘမ်ဘီနို...”
ဇို မျက်လုံးပြူးသွားသလို ကြက်သီးလည်းထရသည်..။
“ဘယ်မှာလည်း..”
“ဟိုမှာလေ..”
လဲ့ရည်က ကြော်ငြာ ဘုတ်ကို လက်ညိုးထိုးပြပြီး မော့ကြည့်နေတာတွေ့တော့
“ခွေးမ..”
“ဟဲ့ ဘာတုန်း..”
ဇို ကိုယ်တိုင် နားမလည်ပါ..တကယ်ဆို ကိုယ့်လမ်းကို လျှောက်သင့်နေပါပြီ..
သုံးလ ဆိုတဲ့ အချိန်က လူတစ်ယောက်ကို ပြောင်းလဲပေးသင့်နေပြီ.. မုန်းပေမဲ့
မတော်မဆ တွေ့ခဲ့ရင်တောင် ပြုံးပြ နှုတ်ဆက်နိုင်အောင် စိတ်ကို ပြင်ဆင်ထားသင့်ပါသည်..
အခုတော့ သူ့ နာမည် လေး မတော်တဆ ကြားမိတာတောင် ခြောက်ခြားတုန့်လှုပ်နေမိတာ နောက်တစ်ကြိမ် ခံစားရမှာ ကြောက်နေလို့လား...
ဇို  မကြောက်တက်ခဲ့ပါ..အခုတော့...။
“မဆိုးနေနဲ့နော်..”
“အမ်းပါ..”
လဲ့ရည်က အထပ်ထပ် ကတိတောင်းနေတာ စိတ်တိုချင်ပေမဲ့ သူရဲ့ စေတနာကို နားလည် လို့ ပြုံးပြီး အကြိမ်ကြိမ် ကတိ ပေးနေရသည်..။
“မင်းသား ဘမ်ဘီနို ကြော်ငြာ ဟ...”
“အေးလေ..ချောလိုက်တာ မျက်နှာလေးက ဖြူစင်လိုက်တာ..”
ကားဂိတ်မှာ မိန်းကလေး တစ်စုရဲ့ ဝေဖန်သံနဲ့ အတူ သူ့ နာမည် ကြားနေချိန်
ဇို စိတ်ကို တည်ငြိမ်အောင်ကြိုးစား နေလိုက်သည်..။

。☆✼★━━━━━━━━━━━━★✼☆。
ဇာတ်လမ်းလေး အဆက်အမိခဲ့ရင်
ခွင့်လွှတ်ပါနော် 🙏

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now