part5

5.6K 413 4
                                    

Unicode&Zawgyi

(Zawgyi )

"အကိုနှစ်...."

မိန်းကလေးတစ်ယောက် လက်ဖက်ရည် ဆိုင်ထဲသို့ ဝင်လာကာ Wang Yi Bo ကို ခေါ်လိုက်သည်...

"ရှု အာ...."

Wang Yi Bo ပြောလိုက်သည်...

ထိုမိန်းကလေး နာမည်က ဝမ်ရှု ဖြစ်သည်.... Wang Yi Bo ၏ အဖေတူ အမေကွဲ ညီမ ဖြစ်သည်....

ယခင် မြူ နှင်းစံအိမ် သခင်ဟောင်း
Wang Yi Bo ၏ ဖခင် ဝမ်ဟိုင်တွင် ဇနီး  သုံးယောက်ရှိသည်...

Wang Yi Bo ၏ မိခင် ယွီသခင်မသည်ကား ပဏာမ ဇနီး ဖြစ်သည်...
ဝမ်ရှု သည်ကား တတိယဇနီး ဝေသခင်မ ၏ သမီး ဖြစ်သည်... ဒုတိယ ဇနီး ချင်းသခင်မ၏ သား ဝမ်လွီ က သားအကြီးဆုံးဖြစ်သည်....

သို့သော် မြူ နှင်းစံအိမ် ကို အမွေ ဆက်ခံရသူမှာ ပဏာမဇနီး ၏ သား
Wang Yi Bo သာ ဖြစ်သည်.....

"အကို နှစ်က အပြင်ထွက်တာ ရှု အာ ကို တောင် မခေါ်ဘူး..."

ဝမ်ရှု က အကို နှစ်ယောက်ရှိသည်တွင် Wang Yi Bo ကို ပိုချစ်သည်...

"အကို နှစ်က မင်အိမ်တော် ကို သွားမှာမလို့
ရှု အာ ကို မခေါ်ခဲ့တာ...."

Wang Yi Bo ပြန်ဖြေလိုက်သည်...

"အင်းပါ....အကိုနှစ် ဒါနဲ့သူက ဘယ်သူလဲ...."

ဝမ်ရှု Xiao Zhan ကို မြင်ပြီး မေးလိုက်ခြင်း ဖြစ်သည်...

"အကို နှစ်ရဲ့ မိတ်ဆွေ သခင်လေး Xiao Zhan..."

Wang Yi Bo ပြောလိုက်သည်...

"ဟုတ်လား....တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး..."

ဝမ်ရှု Xiao Zhan ကို ပြောလိုက်သည်....

"ကျွန်တော်လည်း ဝမ်းသာပါတယ် မိန်းကလေး ဝမ်ရှု..."

Xiao Zhan ပြန်ဖြေလိုက်သည်....

"ဒါနဲ့ အကိုနှစ် အရင်တုန်းက ဒီလို မိတ်ဆွေ ရှိတယ် မကြားဖူးပါဘူး...."

"မိတ်ဆွေ ဖြစ်တာ မကြာသေးဘူး...."

Wang Yi Bo ပြောလိုက်သည်....

"အကိုနှစ်ရဲ့ မိတ်ဆွေ ဆိုတော့ အကိုလို့ပဲ ခေါ်မယ်လေ..... "

ဝမ်ရှု Xiao Zhan ကို ပြောလိုက်သည်...

Unexpected (completed) Where stories live. Discover now