Unicode&Zawgyi
(Zawgyi )
"Xiao Zhan...."
Wang Yi Bo ထံသို့ ယွီဝမ်ယွဲ့၏ဓားချက် ပြေးဝင်လာမှုကြောင့် Xiao Zhan ယွီဝမ်ယွဲ့ ကို တိုက်ခိုက်လိုက်ခြင်းပင်.....
သို့သော် ယွီဝမ်ယွဲ့ ကို ထိခိုက်ခြင်းမရှိခဲ့....ရှောင်လုံက ဝင်ခံလိုက်သောကြောင့်ပင်....
"Yi Bo ရရဲ့လား...."
"Xiao Zhan အခု ဆေးကုနေရမှာမဟုတ်လား...."
Wang Yi Bo မှာ သူရှေ့က ထိုလူ့ကို မြင်လိုက်ရသည့် အတွက် စိတ်ပျော်ရွှင်သော်လည်း
တစ်ဖက်က စိုးရိမ်ပူပန်နေရသည်....."သက်သာသွားပြီ....အဆိပ်ရဲ့ သက်ရောက်မှု ရှိနေသေးပေးမယ့် အပ်အားလုံးကို ထုတ်နိုင်ခဲ့ပြီ...."
"တကယ်ကို ကောင်းတယ်...."
Wang Yi Bo ဝမ်းသာ အားရ ဆိုလိုက်သော်လည်း လူက ယိမ်းယိုင်သွားသည်....
"Yi Bo...."
"ကျွန်တော် ဘာမှမဖြစ်ပါဘူး..... "
Wang Yi Bo အပြုံး ခပ်ယဲ့ယဲ့ ပြုံးရင်း ဆိုလိုက်သည်....
"ဒါနဲ့ Yi Bo ဧကရာဇ် နဲ့ ရှောင်လုံ ရဲ့ ပတ်သက်မှုက ထူးဆန်းမနေဘူးလား....."
"ကျွန်တော်လည်း မပြောတတ်ဘူး...."
ယွီဝမ်ယွဲ့ ရှောင်လုံကို မသေဖို့ ပြောနေရာကနေ ရပ်တန့်သွားသည်.....
ထို့နောက် ရှောင်လုံ ၏ ရုပ်အလောင်းကို ဖြေးညှင်းစွာ ချလိုက်သည်....ရုတ်တရက် အရူးတစ်ယောက်လို ကျယ်လောင်စွာ ရယ်မောရင်း
"ဟား....ဟား....ကောင်းတယ်....
Wang Yi Bo တော်တော်ကောင်းတယ်.....
မင်းက ငါ့ကို အရမ်းဖိအားပေးနိုင်တယ်....နောက်ဆုံး ငါ့ရဲ့ ဝှက်ဖဲကိုတောင် ထုတ်သုံးစေနိုင်တယ်.....
ဒီနေ့မင်းတိုအားလုံး မရဏလမ်းကို လျှောက်ဖို့သာ ပြင်ထားကြ.....""ဧကရာဇ် ရပ်တန်းက ရပ်လိုက်ပါတော့.....
မြူ နှင်းစံအိမ် ဆိုတာ ယခင်ကတည်းက နန်းတော် ရဲ့ အထက်မှာ ရှိခဲ့တာပဲ....ဒါကို ဧကရာဇ် ရဲ့  လက်ပါးစေ အင်အားစု ဖြစ်စေချင်တာ က လုံးဝမဖြစ်သင့်တဲ့ ကိစ္စ ပဲ....""Xiao Zhan ဒီကိစ္စက မင်းဝင်စွတ်ဖက်ရမှာ မဟုတ်ဘူး..... ငါကိုယ်တော် မင်းကို မထိခိုက်စေချင်ဘူး.. ဒါကြောင့် ထွက်သွားတော့...."
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...