part11

4.2K 345 0
                                    

Unicode&Zawgyi

(Zawgyi )

"ငါ.. ကြားရပြန်ပြီ....သူ့ရဲ့ ကု့ချင်းသံကို..... "

Xiao Zhan ပြောလိုက်သည်....ထို့နောက် အိပ်ရာ မှ ထကာ အပြင်သို့ ထွက်လာသည်...

Wang Yi Bo သည်ကား ထုံးစံ အတိုင်း သူ၏ ပန်းဥယျာဉ် ထဲမှာ ထိုင်ရင်း ကု့ချင်းတီးနေသည်..

Xiao Zhan နေနေသည့် အခန်းက Wang Yi Bo ၏ အခန်း ဖြစ်သောကြောင့် ပန်းဥယျာဉ် နှင့်အလှမ်း မဝေးပေ....
ထိုကြောင့် Xiao Zhan... Wang Yi Bo ဆီရောက်ဖို့ လမ်းသိပ်မလျှောက်လိုက်ရပေ...

Xiao Zhan....ကု့ချင်းသံကို တိတ်ဆိတ်စွာ ရပ်နားထောင်နေသည်.....

Wang Yi Bo လူ လာသံ ကြားသောကြောင့် ကု့ချင်းတီးခတ်မှုကို ရပ်တန့်လိုက်သည်....

"ကျွန်တော့် ကြောင့် အနှောင့်အယှက် ဖြစ်သွားစေတာလား..."

Wang Yi Bo.... Xiao Zhan ကို လှည့်ကြည့် ရင်း ပြောလိုက်သည်...

"မဖြစ်ပါဘူး...မင်းတီးတဲ့ ကု့ချင်းသံစဉ်က တကယ်ကို နားထောင်လို့ ကောင်းတယ်.....ဒါနဲ့ မင်း ညတိုင်း ဒီလို ပဲ ကု့ချင်း တီးနေကျလား... "

"အင်း..."

"ဒါနဲ့ Yi Bo မင်းကို ငါ အနှောင့်အယှက်ပေးရဦးမယ်.. ငါ့ကို ဒီမှာ နောက်ထပ်တစ်ပတ်လောက် ပေးနေပါလား..."

"Xiao Zhan ကြိုက်သလောက်နေလို့ ရပါတယ်...."

"ဒါဆိုရင်တော့... ကျေးဇူး....မင်း ဆက်တီးလေ...ငါ သွားတော့မယ်....."

Xiao Zhan ပြောပြီး ပြန်ထွက်သွားရန် ပြင်လိုက်သည်....

"Xiao Zhan..... "

"အင်း..."

"သူနဲ့ ရင်းရင်းနှီးနှီး မနေပါနဲ့.... "

"ဘယ်သူ့ကို ပြောတာလဲ...."

"ဝမ်ယွဲ့...."

"သြော် သခင်လေး ယွီလား....သူက သဘောကောင်းပါတယ်....."

"သူ့အနားမှာ နေတာ အန္တရာယ် များတယ်...."

"ဒါဆိုရင်...မင်းအနားမှာ နေရင် အန္တရာယ် မများဘူးပေါ့.... အဲ့လိုလား....."

"ကျွန်တော် က Xiao Zhan ကို ထပ်ပြီး ထိခိုက် ဒဏ်ရာ မရစေချင်လို့ပါ....."

Unexpected (completed) Where stories live. Discover now