Unicode&Zawgyi
(Zawgyi )
"ဟေး... လာကြည့်ကြ ဒီမှာ ကြော်ငြာစာ ကပ်ထားတယ်...."
လူတစ်ယောက် က အခြား လူတွေကို အော်ပြောလိုက်သည်...
ပိုင်ယွီတောင်တွင် အမဲ လိုက်ပွဲ ကျင်းပမည့် ကိစ္စအား
မြို့ထဲတွင် အသိပေးစာ ကပ်ထားသောကြောင့် ဖြစ်သည်..."ဒီနှစ် အမဲလိုက်ပွဲ က ပိုင်ယွီတောင်မှာလား....ဒါ နှစ်နှစ်ဆယ် ကြာပြီးမှ ဒီမှာ ပထမဆုံးပြန်ကျင်းပတာပဲ...."
"ဟုတ်တယ်.... ဒါဆို ငါတို့တွေ ဧကရာဇ် ကို ဖူးတွေ့ရမှာပေါ့...."
လူများက တစ်ယောက်တစ်ပေါက် ပြောနေကြသည်...
"ဧကရာဇ် တဲ့လား....ငါ ဧကရာဇ် ကို အရင် သတ်လိုက်လဲ မဆိုးပါဘူး...ပြီးမှ မြူ နှင်းစံအိမ်
သခင် ပါ့"Xiao Zhan တွေးနေသည်..
Xiao Zhan သည်ကား ထို လူအုပ်ထဲမှာ ရောနှောနေလျှက်....ထို့နောက်...Xiao Zhan ထိုလူအုပ်ထဲမှ ထွက်ခွာသွားခဲ့သည်....
ထိုနေ့မှ စ၍ မြူ နှင်းစံအိမ် တစ်အိမ်လုံး ပိုင်ယွီတောင် အမဲလိုက်ပွဲ အတွက် အလုပ်ရှုပ်နေကြသည်....
"သခင်....သခင်....ဧကရာဇ် ရောက်လာပြီ..."
ဟူရှောင်မန် Wang Yi Bo ကို ပြေးလာပြီး ပြောသည်....
"ပွဲ ကျင်းပဖို့ လိုသေးတယ် လေ....သူက တစ်ပတ်တောင် စောပြီး ဒီကို
ဘာလာလုပ်တာလဲ... "Wang Yi Bo စိတ်အလို မကျစွာပြောလိုက်သည်...
"ငါက ဘာလို့ ကြို ပြီး လာလို့မရတာလဲ...."
ယွီဝမ်ယွဲ့ မေးလိုက်သည်....
ယွီဝမ်ယွဲ့ သည်ကား နန်းတော် ဧကရာဇ် တစ်ပါးဖြစ်သည်....သို့သော် ထီးနန်း မဆက်ခံ ခင် အရင်တုန်း က Wang Yi Bo နဲ့ သူငယ်ချင်း ဖြစ်သောကြောင့် ဧကရာဇ် ဖြစ်သည့်တိုင် Wang Yi Bo ကို ရင်းရင်း နှီးနှီးသာ ဆက်ဆံသည်...
"ဧကရာဇ် ကို ဂါဝရ ပြုပါတယ်..... "
Wang Yi Bo ပြောလိုက်သည်...
"ထားလိုက်စမ်းပါ...ဒီမှာ မင်းနဲ့ ငါပဲ ရှိတာ ရင်းရင်းနှီးနှီး ဆက်ဆံစမ်းပါ...."
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...