Unicode&Zawgyi
(Zawgyi )
"ရှောင်မန်.... "
Wang Yi Bo စာဖတ်ခန်းထဲသို့ ရောက်သောအခါ ဟူရှောင်မန် ကို ခေါ်လိုက်သည်....
"ဟုတ်ကဲ့.... "
"ပိုင်ယွီတောင် ကို သေချာစစ်ဆေး....စောင့်ကြပ်ဖို့ ရဲမက်တွေ ထားထားပါရဲ့နဲ့...ဘာလို့ တိုက်ခိုက်သူတွေ ရှိနေရတာလဲ... Xiao Zhan ကို တိုက်ခိုက်တဲ့ သူတွေရဲ့သဲလွန်စကို ရအောင်ရှာ....တွေ့ရင်
နေရာမှာတင် သတ်ပစ်လိုက်.... ""ဟုတ်ကဲ့... "
ဟူရှောင်မန် ထိုသို့ ဖြေပြီး ထွက်သွားသည်...
"Xiao Zhan မင်းကို သူတို့က ဘာလို့ တိုက်ခိုက်ချင်ရတာလဲ.....ငါ မင်းကို ကာကွယ်ပေးမှာပါ...."
Wang Yi Bo တွေးနေမိသည် ...
"Yi Bo...."
"ဧကရာဇ်...သူ... "
"ဆေးသောက်ပြီး အိပ်သွားပြီ....ဒါကြောင့် ငါ မင်းဆီ ရောက်လာတာပေါ့....မဟုတ်ရင် ငါ့အချောလေး အနားမှာပဲ နေနေမှာ....."
ယွီဝမ်ယွဲ့ ပျင်းရိတွဲစွာဖြင့် အခန်းထဲမှ ခုံတစ်ခုံ မှာ ထိုင်ရင်း ပြောလိုက်သည်....
"အချောလေးက ဘယ်သူလဲ.... "
Wang Yi Bo မျက်မှောင် ကြုတ်ပြီး မေးလိုက်သည်...
"Xiao Zhan လေ.. ခုနက ငါကယ်ခဲ့တဲ့ ကောင်လေး...."
"သူ့ကို အချောလေးလို့ မခေါ်နဲ့ သူက ယောကျာ်းစစ်စစ် တစ်ယောက်...."
"အာ...Yi Bo မင်းပြောတာနဲ့ သူပြောတာ အတူတူ ပဲ...သူလည်းပြောတယ်...အဲ့လို မခေါ်ဖို့....ဘာပဲ ဖြစ်ဖြစ်ကွာ.... သူက ငါ့နန်းတော်က မိဖုရားတွေထက် သာတာတော့ အမှန်ပဲ...."
"........."
Wang Yi Bo ဘာမှ မပြော....သို့သော် သူ၏ စိတ်ထဲ၌ မူ တိမ်မဲ တမ်စိုင် တို့ အုပ်ဆိုင်း နေသည်...
"အယ်.... လူသတ်ချင်တဲ့ အငွေ့အသက် ငါ့အနားမှာ ရစ်သိုင်းနေသလို ငါ ဘာလို့ ခံစားနေရပါလိမ့်...."
ယွီဝမ်ယွဲ့ ပြောလိုက်သည်....
"ဧကရာဇ် ရဲ့ အတွေးမှားတွေကို ပြင်ပေးသင့်သလား...."
"အာ....မလိုတော့ဘူး.... ငါ ပင်ပန်းနေပြီ ငါ အိပ်ဆောင် ပြန်သင့်ပြီ ထင်တယ်.... "
KAMU SEDANG MEMBACA
Unexpected (completed)
Fiksi SejarahXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...