part37

3.6K 294 8
                                    

Unicode&Zawgyi

(Zawgyi )

Xiao Zhan... သူ့ကို စစ်ဟန်က အရက်အတူ ထိုင်သောက်ရန် ခေါ်သောကြောင့် စစ်ဟန် ၏ ကမ်းလှမ်း ချက်ကို လက်ခံလိုက်သည်...

Xiao Zhan အနေနှင့်အရင်က အရက်အမျိုးမျိုးကို မြည်းစမ်းဖူးသော်လည်း....ယခု မက်မွန်ပန်းအရက်ကတော့ လွန်စွာ ပြင်းထန်လေသည်.....

စစ်ဟန် ကမ်းပေးသော တစ်ခွက်မျှသာ သောက်ရသေးသည်...သူ့စိတ်အာရုံတို့ ထွေပြားသွားသည်....ယခင်က အရက်တစ်အိုးလုံးသောက်လျှင်တောင် မည်သို့မျှမနေ....

"မင်းလေးက မသောက်နိုင်ဘူးပဲ..."

စစ်ဟန် ကျောက်စားပွဲကို လက်တစ်ဖက်ထောက်ကာ ထိုလက်ပေါ်၌မေးတင်ရင်း ပျင်းတိပျင်းရွဲဆိုလိုက်သည်....

"ကျွန်တော့် ကိုယ်ခန္ဓာ က အရက်ဒဏ်ကို မခံနိုင်သေးလို့ပါ...ဒါပေမယ့် ကျွန်တော် သောက်နိုင်ပါသေးတယ်....."

Xiao Zhan ပြောလိုက်သည်....

"ကောင်းတယ်....ဒါမျိုး စိတ်ဓာတ်ရှိတာ ကောင်းတယ် လာ ထပ်သောက်...."

စစ်ဟန် နောက်ထပ် မက်မွန်ပန်းအရက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်....

သို့သော် ထိုအရက်တစ်ခွက်လက်ခံပြီးချိန်တွင်တော့
Xiao Zhan မှာ လုံးဝ ဟန်မထိန်းနိုင်တော့....

Xiao Zhan ၏ နဖူးပြင်နှင့် ကျောက်စားပွဲ မိတ်ဆက်သွားလေတော့သည်....

"ဝေ့.... မင်းလေး.....က ဒီလောက်ထိ ခံနိုင်ရည်မရှိတာ မဟုတ်သေးဘူးနော်...."

စစ်ဟန် Xiao Zhan ကိုယ်ကို လှုပ်နှိုးရင်းပြောလိုက်သော်လည်း Xiao Zhan ကိုယ်မှာ တုံ့ပြန်မှုမရှိ.....

"အာ....မင်းလေး ဒီမှာ ဆက်အိပ်နေရင် မင်းလေး အတွင်းဒဏ်ရာအတွက် မကောင်းဘူးနော်....ဝေ့.... ငါပြောနေတယ်လေ...."

စစ်ဟန် မည်သို့ ပင် ပြောနေစေကာမူ Xiao Zhan ကတော့ သေရည်ယစ်ကာ အိမ်မက်ကမ္ဘာထဲ သက်ဆင်းနေလေသည်....

"ငါပဲ သူ့အဆိပ် ဒဏ် မထကြွလာအောင် လို့ နွေးထွေး တဲ့ နေရာကို ပို့ပေးရတော့မှာပဲ....လောလောဆယ်တော့ ငါ့နန်းဆောင်မှာပဲ ထားလိုက်တော့မယ်...."

Unexpected (completed) Donde viven las historias. Descúbrelo ahora