Unicode&Zawgyi
(Zawgyi )
မနက်ရောင်ခြည်လင်းမှုနှင့်အတူ ကျေးငှက်တို့က တေးသီနေသည်....
Xiao Zhan အိပ်ရာက နိုးလာပြီးနောက် အခန်းထဲကို ဝေ့ဝဲကြည့်မိရာ ထိုအခန်းထဲတွင် သူကလွဲ၍ အခြားသူရှိမနေ....
သူ၏ အခန်းထဲကို တစ်စုံတစ်ယောက်လာရောက်ခြင်း မရှိခဲ့သည့်အလား တိတ်ဆိတ်နေသည်...Xiao Zhan သူ့ခန္ဓာကိုယ် ကို အားယူပြီး ကြိုးစားထကြည့်သည်..ယခင်နေ့တုန်းက လှုပ်ရှားဖို့ရန်ပင် အားအင်မရှိသော်လည်း Wang Yi Bo ၏အတွင်းအားနှင့် ကုသထားပေးမှုကြောင့် ဒဏ်ရာမပျောက်သေးသော်ငြား လှုပ်ရှားနိုင်သည်....
Xiao Zhan အခန်းထဲတွင် ပိတ်လှောင်၍ မနေချင်သောကြောင့် အပြင်သို့ လမ်းလျှောက်ထွက်လာသည်....
Xiao Zhanမှာ ထိုနေရာနှင့် အကျွမ်းတဝင်မရှိသည်မို့ သူသွားနေသည့်နေရာသည်ကား မည်သည့်နေရာသို့ ဦးတည်နေမှန်းမသိချေ....
Xiao Zhan ရောက်လာသည့် နေရာမှာ.... အနောက်ဖက် ဥယျာဉ်ပင်... ယွဲ့မင်လန်မှ တစ်ပါး အခြားသူ ဝင်ခွင့်မရှိသောနေရာ....
အရိပ်ရ အပင်တို့ ရွှမ်းစို အုံ့မှိုင်းနေသည့်အလယ်တွင် ကြာပန်းတို့ ထုံလွှမ်းနေပြီး ကြီးမားကျယ်ဝန်းသောရေကန် တစ်ခုရှိသည်....ရေကန်၏ အလယ်တွင် နန်းဆောင်ငယ်တစ်ခု... ထိုနန်းဆောင်သို့ ရွေ့လျားသွားလာရန် တံတားငယ်လည်းမရှိသလို ရေကန်ငယ်ကို ဖြတ်သွားရန် လှေငယ်လည်းမရှိပေ.......
Xiao Zhan ထိုနန်းဆောင်ကို စိတ်ဝင်စားနေမိသည်.....သို့သော် သူ လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်....သွားစရာ လမ်းမရှိသည်မို့....
Xiao Zhan ထိုနန်းဆောင်ကို လျစ်လျူ ရှုကာ ရေကန်၏ ဆန့်ကျင်ဘက် အရပ်သို့ ဆက်လျှောက်လာမိသည်.....ဆန့်ကျင်ဘက်အရပ်ဟုဆိုသော်လည်း အနောက်ဖက် ဥယျာဉ် တွင်း၌သာ ရှိသေးသည်.....
"ဒီနေရာမှာ ရေပူစမ်း ရှိနေတာပဲ....ဒီနေရာက တော်တော်နေချင်စဖွယ်ကောင်းတယ်....."
Xiao Zhan နောက်ထပ် မြူ ငွေ့တို့ထုံလွှမ်းနေသော ကန်ငယ် တစ်ခုကို တွေ့လိုက်ရ၍ ရေရွတ်လိုက်သည်......
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...