part16

3.8K 324 4
                                    

Unicode&Zawgyi

(Zawgyi )

"Xiao Zhan...."

Wang Yi Bo ဒဏ်ရာဖြင့်လဲသွားသော Xiao Zhan ကို အမြန် ပြေးဖက် ပွေ့ထိန်း လိုက်သည်....

Xiao Zhan အသက်ရှု ငွေ့တို့ က တိုးရှနေသည်....

"Yi Bo ငါဘာကို ရူးမိုက်မိလဲတောင်မသိတော့ဘူး....တကယ်တမ်း က ငါ မင်းကို သတ်ရမှာ လေ....ဒါပေမယ့် ဘာလို့ ငါကိုယ်တိုင် မသတ်နိုင်တဲ့ အပြင် အခြားသူ တစ်ယောက်ရဲ့ လက်ထဲကနေတောင် မင်းကို ကယ်ခဲ့မိတာလား....."

Xiao Xhan ထိုအတွေးတို့ကို တွေးရင်း မိမိကို ပွေ့ဖက်ထားသော လက်တစ်စုံ ၏ ပိုင်ရှင်ကို  နှုတ်ခမ်းစွန်းတို့ ကွေးညွှတ်လျှက် အားတင်းကာ ပြုံးပြလိုက်သည်....ထို့နောက်တွင်မူ သူ၏ မြင်ကွင်းပိတ်ကားတို့ အမှောင်ကျလျှက်.....

ယွီဝမ်ယွဲ့ မူကား နေရာ၌ပင် ကြက်သေသေလျှက်....

"Xiao Zhan ငါ့ရဲ့ မြှားဦးက မင်းကို မရည်ရွယ်ပါဘဲလျှက်....ဘာကြောင့် ငါ မင်းကို ထိခိုက်စေခဲ့ မိတာလဲ....."

ယွီဝမ်ယွဲ့ မျက်လုံးတို့ ၌ ဝမ်းနည်း ကြေကွဲမှုအပြည့်....သို့သော် ထိုစကားလုံးတို့ကမူ နှုတ်ဖျားမှ ရေးရေးမှ ထွက်မလာ  ......

"Xiao Zhan..... Xiao Zhan..... "

Wang Yi Bo သူ့၏ အပြုအမူကို မထိန်းနိုင်လောက်တဲ့ ထိ အိနြေ္ဒ ပျက်လောက်အောင် တစ်ဘက်လူကို စိုးရိမ် ပူပန်ဖူးသည်မှာ ဤသည်ကား ပထမဆုံးအကြိမ်ပင်တည်း....

Wang Yi Bo.... Xiao Zhan ကိုပွေ့ချီမကာ မြင်းပေါ်သို့ တင်ပေးပြီး နောက်ကနေ ခုန်တက်လိုက်သည်.....ထို့နောက် သူ၏ စံအိမ်တော် ရှိရာ သို့ မြင်းကို ဒုန်းဆိုင်း စီး သွားခဲ့သည်.....

"သမားတော်.....သမားတော်....သမားတော် ကို အမြန် ခေါ်လာခဲ့ကြ......"

Wang Yi Bo အိမ်တော်ထဲသို့ ခြေ ချရုံ ရှိသေးသည် သမားတော်ကို အလျင်အမြန် ခေါ်လာရန် အစေခံတွေအား စေခိုင်းလိုက်သည်...

"သခင်...သမားတော် ရောက်ပါပြီ.... "

အစေခံ မိန်းကလေး တစ်ယောက်က ပြောလိုက်သည်....

"မြန်မြန်လာ သူ့ကို ကြည့်ပေး ......"

Wang Yi Bo သမားတော်ကို ပြောလိုက်သည်...

Unexpected (completed) Where stories live. Discover now