Unicode &Zawgyi
(Zawgyi )
ယွီဝမ်ယွဲ့ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲမှုကြောင့် နိုးလာခဲ့သည်.....
သူမည်မျှ အိပ်ပျော်နေမှန်းမသိ.....ယခု နေရောင်ကား အမြင့်ဆုံး အချိန်သို့ရောက်နေသည်....
"အပြင်မှာ ဘယ်သူရှိလဲ...."
ယွီဝမ်ယွဲ့ မေးလိုက်သည်....
"အရှင်ဧကရာဇ်...."
အစေခံမိန်းကလေး များက ဝင်လာကာ ဒူးထောက် အရိုအသေပေးရင်း ပြောလိုက်သည်....
ယွီဝမ်ယွဲ့ ၏ ယခု ပုံစံ မှာ ဖရိုဖရဲဖြစ်နေသော်ငြား မြင်လိုက်ရသူကို ဆွဲငင်မှုအောက်မှရုန်းမထွက်နိုင်အောင် လုပ်နိုင်စွမ်း ရှိသည်....လျော့ရဲနေသည့် ဝတ်ရုံ က ညှပ်ရိုးတို့ကို လှစ်လပ်ဖော်ပြနေသည်....ထိုညှပ်ရိုးတို့ အပေါ်တွင် တစ်စုံ တစ်ယောက်ကြောင့် ရရှိခဲ့သည့် အနီရောင် အစက်အပြောက်များ....
တစ်စုံတစ်ယောက်ကတော့ အခန်းတံခါးဝ မှ နေ၍ ထိုမြင်ကွင်းကို ကြည့်ကာ လည်ချောင်းတို့ ခြောက်သွေ့နေသည်...
အစေခံ မိန်းကလေးများက မျက်နှာကို မော်ဖူးခွင့်မရှိသောကြောင့်သာ....ရှိများရှိလျှင် ထိုမိန်းကလေးများ ထိုနေရာမှာပင် မေ့မျော သတိလစ်သွားနိုင်သည်...
"ငါကိုယ်တော် အတွက် ချိုးရေ ပြင်လိုက် ပြီးရင် ထွက်သွားတော့...."
ယွီဝမ်ယွဲ့ မနေ့က အရက်အလွန်အကျွံ သောက်မိသည့်အတွက် ခေါင်းက မကြည်လင်သေး...နောက်ကျိကျိ ဖြစ်နေသည်...ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် ရေချိုးချင်နေသည်....
အစေခံမိန်းကလေး များလည်း ချိုးရေ ပြင်ပေးပြီးသည်နှင့် အခန်း တံခါးကို ပြန်လည် ပိတ်ပေးပြီး နောက် ထွက်သွားကြသည်...
ယွီဝမ်ယွဲ့ လေးဖင့်စွာဖြင့် ရေနွေးနွေးဖြင့် စီမံထားပေးခဲ့သော ချိုးရေ ကန်ထဲသို့ ဖြည်းညှင်းစွာ ဆင်းလျှောက်သွားသည်....
ထို့နောက် ရေချိုးပြီး၍ မှန်ရှေ့ ရပ်လိုက်မိချိန်တွင် မှန်ထဲမှ မိမိကိုယ်ကို ကြည့်မိ၍ ဒေါသတို့ အလိပ်လိုက် ထွက်လာကာ မချုပ်တည်းနိုင်တော့သည်အထိပင်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...