part6

5.3K 397 2
                                    

Unicode&Zawgyi

(Zawgyi )

"ဘယ်သူလဲ..... "

Xiao Zhan အရိပ် တစ်ခု ဖြတ်သန်းသွားသည်ကို မြင်၍ မေးလိုက်သည်....

သို့ သော် အရိပ်ပိုင်ရှင်ကို မမြင်ရပဲ ဓားပျံတစ်ချောင်းသာ Xiao Zhan ဆီသို့ လွင့်ပျံလာသည်....

"တာဝန်အသစ်လား...."

Xiao Zhan ကိုယ်ကို တစ်ပတ်လှည့်ကာ ဓားပျံကို ဖမ်းလိုက်ရင်း ပြောလိုက်သည်....

ထို့နောက် လျှို ရှီး တစ်ဖြစ်လဲ Xiao Zhan ထန်းရှီး ဂိုဏ်းသို့ ပြန်လာခဲ့သည်....

"လျှိုရှီး ပြန်လာပြီလား...."

လျှိုမင်က မေးလိုက်သည်...
လျှို မင်သည်ကား ထန်းရှီးဂိုဏ်း၏ ရွှေအဆင့် ကြေးစား လုပ်ကြံ သတ်ဖြတ်ရေးသမား တစ်ယောက်ပင်....

"အင်း... ကျွန်တော် ပြန်လာပြီ အကို လျှို...."

"မင်း...တာဝန် အသစ်အတွက်နဲ့ တူတယ်.. "

"ဒီတစ်ခေါက် က ဘယ်သူ ဖြစ်မယ် ထင်လဲ အကို လျှို....."

"ဒီတစ်ခါ ငါလည်း မခန့်မှန်းနိုင်ဘူး...."

"လျှိုရှီး ဂိုဏ်းချုပ် က မင်းကို ဝင်လာခိုင်းလိုက်တယ်...."

နောက်ထပ် ရွှေ အဆင့်ဝင် တစ်ယောက်က ပြောလိုက်သည်...

Xiao Zhan ဘာမှ မပြော....အထဲသို့သာ ဝင်သွားခဲ့သည်....

"ဂိုဏ်းချုပ် ကို ဂါဝရပြု ပါတယ်.... "

"အင်း...မင်းကို ငါ ဘာကြောင့် ခေါ်လဲ မင်းသိမှာပါ...."

"ဟုတ်ကဲ့.... "

"မင်းရဲ့ တာဝန်အသစ်က ခဲယဉ်းလိမ့်မယ်....ဒီတစ်ခါက အရင်တုန်းက ကိစ္စတွေနဲ့ မတူဘူး အကယ်၍ အခုချိန်မှာ မင်း မလုပ်ချင်ဘူးဆိုရင် လူလဲ လို့ရတယ်....ဒါပေမယ့် မင်း လက်ခံပြီးပြီဆိုရင် ပြောင်းလို့မရတော့ဘူး....မင်းတာဝန် မပြီးမြောက်ရင် အဲ့အတွက် အပြစ်ဒဏ် က သေခြင်းပဲ...."

"ကျွန်တော် လျှိုရှီး မှတ်ထားပါ့မယ်..... "

Xiao Zhan ပြောလိုက်သည်...

"မင်းသတ်ရမယ့် သူက မင်း ရန်သူ ဟောင်းဆိုလည်းဟုတ်တယ် မင်းရဲ့ သွေးကြွေး ဆပ်လို့ရတာပေါ့...."

Unexpected (completed) Where stories live. Discover now