Unicode&Zawgyi
(Zawgyi )
"အွန်းးးး....."
Xiao Zhan အကျော ဆန့်လိုက်သည်....
"ဒေါက်.. ဒေါက်...."
"မနက်စောစောစီးစီး ဘယ်သူလာနှောင့်ယှက်နေတာလဲ.... "
Xiao Zhan တံခါး ခေါက်သံ ကြားသောကြောင့်
သူ့ဘာသာ သူ ရေရွတ်လိုက်သည်....ထို့နောက်
"ဘယ်သူလဲ.. "
Xiao Zhan တံခါး သွားဖွင့်ပေးရင်း မေးလိုက်သည်....
"သခင်လေးယွီ..... ဘာကိစ္စလဲ ခင်ဗျ....."
"ကိုယ် တို့ လမ်းလျှောက်ထွက်ရအောင်...."
"ဒီလောက်အစောကြီးလား....."
"မင်းကို ပြချင်တာ ရှိလို့...."
"ကောင်းပြီလေ... သွားကြတာပေါ့....Yi Bo ကိုပါ ခေါ်လိုက်မယ်လေ.... "
"မခေါ်နဲ့.... "
"ဒါနဲ့ Yi Bo က မနက်အစောကြီး ဘယ်ရောက်သွားတာလဲ......သူထသွားတာ ငါမသိလိုက်ပါလား...."
Xiao Zhan ရေရွတ်လိုက်သည်....
"မင်း ပြောတာ ညက Wang Yi Bo က ဒီမှာပဲ အိပ်တာလား...."
"အင်းလေ ...."
"မဖြစ်နိုင်တာ.... သူက တစ်ခြား တစ်ယောက် ကို သူ့အခန်းကို ပေးသုံးရုံတင်မကဘဲ အတူတူ တောင် အိပ်တယ်တဲ့လား....လောကကြီး ဇောက်ထိုး ဖြစ်သွားတာလား....သူ့လို အခြားသူရဲ့ အရေပြားကို ထိရမှာ မကြိုက်တဲ့သူက....ဟားဟား..."
"သခင်လေးယွီ အဆင်ပြေရဲ့ လား....ကျွန်တော် ပြောတာ ဘာမှားသွားလို့လဲ...."
"မမှားပါဘူး....ထားလိုက်ပါတော့ ကိုယ်တို့ သွားကြရအောင် လေ...."
"ခဏလောက်စောင့်ပေးပါလား....ကျွန်တော် မျက်နှာမသစ်ရသေးလို့....."
"အင်း....ကိုယ်စောင့်နေမယ်...."
ယွီဝမ်ယွဲ့ ပြန်ဖြေလိုက်သည်.....
Wang Yi Bo ကတော့ အစောကြီး ထပြီး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်.....
Wang Yi Bo ၏ စားဖိုဆောင်ရောက်လာမှု က
စားဖိုဆောင် အစေခံ တို့ကို အံသြဘနန်း ဖြစ်နေစေသည်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...