Unicode&Zawgyi
(Zawgyi )
"ဟုတ်တယ် လေ....ကျွန်မ အရင်တွေ့တာ ဆိုပေမယ့်..... ရှင့်ရဲ့ မြှား လည်း စိုက်နေတာပဲ...."
"မင်းက ဘာကို ဆိုလို ချင်တာလဲ...."
"ကျွန်မ တို့ ဒါကို တစ်ယောက် တစ်ဝက်စီ ယူမယ်လေ...."
"ငါက အခြားတစ်ယောက်နဲ့ ဝေမျှ ရတာမျိုး မကြိုက်ဘူး....ဒီတော့ မင်းပဲ ယူလိုက်...."
"ဝေ့... တစ်ဘက်လူက ယဉ်ယဉ်ကျေးကျေး ပြောရင် ကိုယ်ကလည်း ယဉ်ယဉ်ကျေးကျေး နဲ့ ပြန် ဆက်ဆံရမယ်ဆိုတာ မသိဘူးလား...."
"ငါ မသိဘူး....."
"ရှင့်မိဘ က မသင်ကြားထားဘူးလား...... "
"ဟုတ်တယ် ငါက အခြားသူကို အမိန့်ပေးတတ်ဖို့နဲ့ အမိန့်နာခံတတ်ဖို့ ပဲ သင်ကြားပေးခံရတာ....."
ယွဲ့မင်လန် အပြုံးမမည်သော အပြုံးတစ်ခုကို ချိတ်ဆွဲလျှက် ပြောလိုက်သည်....
"အရူး...."
ဝမ်ရှု တစ်ဖက်လူက သူ့ကို စကား အကောင်း မပြောသည့် အတွက် စိတ်တိုပြီး ထိုနေရာက ထွက်လာသည်....
ယွီဝမ်ယွဲ့ သားကောင်ပစ်နေရင်း Xiao Zhan တို့ သားကောင်ပစ်နေသည့် နယ်မြေပိုင်းထဲသို့ ရောက်သွားသည်....
လေးမြှားအစုံ ကို ကိုင်ရင်း သားကောင် ပစ်ခတ်နေသည့် Xiao Zhan ၏ ကိုယ်ဟန်မှာ ကျော့ရှင်းနေသည်....
ယွီဝမ်ယွဲ့ Xiao Zhan ကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်....
သို့သော် Xiao Zhan ၏ အာရုံ ကို ဖမ်းစားထားသည်က Wang Yi Bo သည်သာ....
Xiao Zhan အကြည့်တို့်က အချိန်ပြည့် Wang Yi Bo ဆီသို့သာ ကျရောက်နေသည်....
ယွီဝမ်ယွဲ့ လေးကိုင်း ကိုတင်းကြပ်စွာ ဆုပ်ကိုင်ရင်း အံကြိတ်မိသည်......
"မင်း မျက်လုံး ထဲ မှာ သူပဲ ရှိတာလားXiao Zhan... "
ယွီဝမ်ယွဲ့ ရေရွတ်လိုက်သည်....
ယွီဝမ်ယွဲ့ စိတ်ထဲမှာ စိတ်ရိုင်း ဝင်လာသည်လားမသိ....သူ၏ အနိုင်ရလို မှု များ ပိုပြင်း ထန် လာသည်.....
Wang Yi Bo ချိန်ထားသော သားကောင်ကို ဦး အောင်ပစ်ရန် ချိန်ရွယ်လိုက်သည်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...