Unicode&Zawgyi
(Zawgyi )
Wang Yi Bo ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့ပျောက်သွားသည်.....သူ့မြင်ကွင်းထဲ ရှိနေသည့် တစ်ခုတည်း သောအရာသည်ကား Xiao Zhan ပင်....မိမိ ချစ်ရသည့်သူကို မကယ်တင်နိုင်ခဲ့သည့် မိမိ အဖြစ်ကို မည်သို့မှ လက်မခံနိုင်....
"ကျွန်တော် က ရှင်သန်ရင်လည်း Xiao Zhan နဲ့အတူ ရှင်သန်မှာဖြစ်သလို သေရင်လည်း အတူတူပဲ.....ကျွန်တော် တစ်ယောက်တည်း ရှင်သန် ကျန်ရစ်မှာ မဟုတ်ဘူး.... "
Wang Yi Bo ၏ အတွေးတို့ထက် သူ၏ ခန္ဓာကိုယ် တုံ့ပြန်မှုက ပိုမြန်ဟန်ရသည်....
Wang Yi Bo... Xiao Zhan ကို ပြန်လည် ဖမ်းမိနိုင်ရန် လက်ဆန့်တန်းရင်း Xiao Zhan နဲ့အတူ ချောက်ထဲသို့ လိုက်ပါ ခုန်ချလိုက်သည်....
"သခင်...."
ဟူရှောင်မန် မှာ တားချိန်ပင် မရလိုက်ချေ....
"ဘာလုပ်နေတာလဲ......
ချောက်ရဲ့ အောက်ခြေကို ဆင်းလို့ရမယ့် တစ်နေရာရာတော့ ရှိမှာပဲ....မြန်မြန် လိုက်ရှာကြ... သခင်နဲ့ သခင်လေး Xiao Zhan ကို ကယ်ရမယ်....."အရိပ်တပ်ဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်....
ဟူရှောင်မန် တတ်နိုင်တော့သည့်  အရာသည်ကား
ဤ ကဲ့သို့ ပြုမူရန်သာ ရှိတော့သည်....Wang Yi Bo.... Xiao Zhan ၏ ခန္ဓာကိုယ် ကို မြေပြင်နှင့် တိုက်ရိုက်မထိတွေ့ခင် ဖမ်းမိလိုက်သော်လည်း အကျ ပြင်းထန်သောကြောင့်
Wang Yi Bo သတိလစ်သွားခဲ့သည်....နေ အလင်းရောင်ပျောက်လို့ လ၏ အလင်းရောင် အစားထိုး ဝင်ရောက်လာသည်...
"အာလ်....Xiao Zhan.... "
Wang Yi Bo အနည်းငယ် လှုပ်ရှားလာသည်...
"Xiao Zhan.. Xiao Zhan သတိထားပါဦး..Xiao Zhan......."
Wang Yi Bo မည်မျှပင် လှုပ်နိုးနေစေကာမူ Xiao Zhan မှာမူ သတိရရန်ဝေးစွ အသက်တောင် ရှူ သေးရဲ့လားဆိုသည်မှာ မသေချာပေ...
"ဒီနေရာက ချောက်ရဲ့ အောက်ခြေလား....ထူးဆန်းတယ် ဒီလောက် အမြင့်က ပြုတ်ကျရင် သေရမှာလေ....ငါတို့တောင် မသေရင် လျှိုထန်ဟိုင် ရော..... "
Wang Yi Bo အတွေးတို့ စီတန်းလျှက် ဘေးဘီ ကို ကြည့်လိုက်မိသည်....သူတို့နှစ်ယောက် နှင့် သိပ်မဝေးကွာသည့်နေရာတွင် လျှိုထန်ဟိုင် ၏ သက်မဲ့ ရုပ်ခန္ဓာ က ငြိမ် သက်စွာ လဲလျောင်းလျက်....ထိုအခါမှ Wang Yi Bo
စိတ်အေးမိသည်....မဟုတ်လျှင် သူ့ချစ်သူ၏ အသက်နှင့် လောင်းကြေးထပ်ခဲ့သော အခြေအနေက အလာဟသ ဖြစ်ဖွယ်ရာပင်.....
DU LIEST GERADE
Unexpected (completed)
Historische RomaneXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...