Unicode&Zawgyi
(Zawgyi )
"ကောင်လေး မင်းကောင်းကောင်း တောင့်ခံနိုင်တာပဲ ..."
ထန်းရှီးဂိုဏ်း ၏ ဂိုဏ်းချုပ် က ပြောလိုက်သည် ....
လျှိုမင် ထွက်ခွာသွားပြီး သိပ်မကြာ....Xiao Zhan ထံသို့ ထိုသူ ရောက်လာခြင်းပင်....
"ဂိုဏ်း.....ချုပ်...."
"မင်းကို ဒီလို အပြစ်ပေးလို့ ငါ့ကို ရက်စက်တယ်မထင်နဲ့...."
"လျှိုရှီး...မထင်....ဝံ့ ပါဘူး....."
"မင်းထင်လည်း ငါ ဂရုမစိုက်ပါဘူး....ဒါပေမယ့် မင်းအတွက် စိတ်ဝင်စား စရာ သတင်း တစ်ပုဒ်ကို လာပြောပြတာ....."
ဂိုဏ်းချုပ် ဆိုသူက ပြောလိုက်သည်....ထိုသူသည်ကား အသက် ၃၆နှစ်အရွယ်မျှသာ ရှိသေးသည်....သို့သော် သူ၏ အသွင်မှာ ၃၆နှစ်ဟု ထင်မှတ်စရာ မရှိ....၂၀ကျော်အရွယ် လူငယ်လေးအလား ထင်မှတ်မှားစေသည်....ချောမောသော ရုပ်ရည်နှင့် ကွဲပြားခြားနားစွာ လွန်စွာမှ ရက်စက်ကြမ်းကြုတ်သည်...ထိုသူ့အတွက် လူ့အသက်တစ်ချောင်းသည်ကား ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဖိုးမရှိပေ....ထိုသူမှာ လျှိုထန်ဟိုင်....
"........"
Xiao Zhan ထိုသူပြောမည့် အရာကို မနည်းအားတင်း နားထောင်ရန် ကြိုးစားလိုက်သည်...
"ခုန မင်းဆီ လျှိုမင် လာသွားတယ်မလား....."
Xiao Zhan ခေါင်းညိတ်ကာသာ ဖြေလိုက်သည်....
"သူ က ကျောက်တုံးကို ခေါင်းနဲ့ ဝင်ဆောင့်ဖို့ လုပ်နေတာ ပဲ....သူငါ့ဆီလာပြီး မင်းရဲ့အသက်နဲ့ လူတစ်ယောက် ရဲ့ အသက် အလဲအထပ်လုပ်သွားတယ်....သူ အလဲအထပ်လုပ်သွားတဲ့ သူ က ဘယ်သူလို့ ထင်လဲ...."
"......."
Xiao Zhan မသိပေ...
"မင်း သိပ်ကာကွယ်ချင်ခဲ့တဲ့ သူနဲ့..... "
Xiao Zhan ထို စကားတို့ကို ကြားပြီး အသက်ရှူ နေမှုတို့ ရပ်တန့်သွားသည်....
"ဒါပေမယ့်... ငါမထင်ဘူး...သူသတ်နိုင်မယ်လို့....တစ်ခုတော့ရှိ
တယ် သူသေရင် အခြားတစ်ယောက်ယောက်ကို သူ့အစား မင်းကို လာကယ်ဖို့်  ငါတို့ရဲ့ နေရာကို ပြောပြခဲ့မှာကိုတော့ ငါ မလိုလားဘူး...ကိစ္စ မရှိပါဘူး...အကယ်၍ တစ်စုံတစ်ယောက် ရောက်လာခဲ့ရင်တောင် ရောက်လာတဲ့ သူ ဘယ်သူမဆို အသက်ရှင်လျှက် ထွက်သွားနိုင်မှာမှ မဟုတ်တာ.... "
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...