Unicode&Zawgyi
(Zawgyi )
"လာ...သူ့ကို သူတို့နဲ့အတူ ထားထားလိုက်...."
ယွီဝမ်ယွဲ့ ၏ လက်အောက်မှ သူနှစ်ယောက် က Wang Yi Boကို ဝမ်ရှုတို့ တည်ရှိရာ
အခန်းထဲသို့် ခေါ်လာခြင်းပင်...."အစ်ကိုနှစ်....ရှင်တို့ အစ်ကိုနှစ်ကို ဘာလုပ်လိုက်တာလဲ...ရှင်တို့ ဘာလုပ်လိုက်လို့ အစ်ကိုနှစ် ဒီလို ဖြစ်နေရတာလဲ... "
ဝမ်ရှု Wang Yi Bo ၏ အခြေအနေကို မြင်ပြီး စိုးရိမ် ထိတ်လန့်စွာဖြင့် ပြောလိုက်သည်....
"သူလည်းပဲ မင်းတို့နည်းတူ အဆိပ်မိသွားရုံပါ...."
ခေါ်လာသူ နှစ်ယောက် ထဲမှ တစ်ယောက်က ပြောလိုက်သည်....
"အစ်ကို နှစ်....အစ်ကိုနှစ်....."
ဝမ်ရှု Wang Yi Bo ကို အလျင်အမြန် ပြေးဖက်ပွေ့ရင်း ပြောလိုက်သည်....
"ရှုအာ...အစ်ကိုနှစ် ဘာမှမဖြစ်ပါဘူး...ဒီအဆိပ်က ၃ရက်လောက်ဆို အလိုလို ပြယ်သွားလိမ့်မယ်..."
Wang Yi Bo အားယူကာ ပြောလိုက်သည်...
Wang Yi Bo မိသည့် အဆိပ်ပမာဏက အခြားသူများ မိသည့်ပမာဏထက်ပိုများလေသည်...
ထို့ကြောင့် အဆိပ်၏ သူ့အပေါ် သက်ရောက်မှုက ပြင်းလေသည်...
"အရှင်...."
ရှောင်လုံ ယွီဝမ်ယွဲ့ ကို ခေါ်လိုက်ခြင်းပင်....
"အင်း....."
"အရှင် သောက်နေတာ အရမ်းများနေပြီ....ဆက်မသောက်သင့်...."
"......"
ယွီဝမ်ယွဲ့ ၏ အလိုမကျသည့် အကြည့်သာ ရောက်လာသည်....
"ဒီကျွန် အဆင့်ကျော်မိပါတယ်...."
ရှောင်လုံ တောင်းပန်လိုက်သည်...
"မင်းတို့အားလုံး သွားကြတော့..... "
ယွီဝမ်ယွဲ့ အနားရှိ ကိုယ်ရံတော် အားလုံးကို ထွက်သွားခိုင်းလိုက်သည်....
"ဟုတ်ကဲ့...."
ရှောင်လုံ ပြန်ဖြေပြီး ထွက်သွားရန် ပြင်လိုက်သည်...
"ရှောင်လုံ....မင်းနေခဲ့....."
ယွီဝမ်ယွဲ့ ဆိုလိုက်ခြင်းပင်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...