Unicode&Zawgyi
(Zawgyi )
"သခင်...ပြန်လာပြီလား...."
ဟူရှောင်မန် မေးလိုက်သည်....
"သမားတော် ခေါ်ခဲ့....."
Wang Yi Bo ၏ အသံသည်ကား အေးစက်နေလျှက်....Wang Yi Bo...Xiao Zhan ကို ထွေးပိုက်လျှက်သာ သူ့အခန်းထဲ ခေါ်သွားသည်....
"အရှင် ဘာဖြစ်ခဲ့တာလဲ.... "
ရှောင်လုံ ယွီဝမ်ယွဲ့ ကို မေးလိုက်သည်....
"ဒါ.... ဒီ ကောင်လေးက Wang Yi Bo ကို ဒီလို ဖြစ်စေတယ်...အံသြစရာပဲ...."
ယွီဝမ်ယွဲ့ ပြောလိုက်သည်....
"အရှင်...အနားယူတော့မလား.... "
"ဟင့်အင်း...ငါသူတို့ဆီ သွားလိုက်ဦးမယ်.... "
ယွီဝမ်ယွဲ့ ထိုသို့ ပြောပြီး Xiao Zhan တို့ ရှိရာ အခန်းသို့ ထွက်သွားသည်....
"သမားတော် အခြေအနေ ဘယ်လိုလဲ.... "
"စံအိမ် သခင် ...ဒီသခင်လေးရဲ့ ဒဏ်ရာက စိုးရိမ် စရာ မရှိတော့ပါဘူး....ဒဏ်ရာက အပေါ်ယံ ရှပ်ထိသွားတာပါ....ဒါပေမယ့် အတွင်းဒဏ်ရာ ပျောက်ဖို့ကတော့ အချိန်ယူရမယ်....ကျွန်တော် ဆေးညွှန်းရေးပေးခဲ့ပါ့မယ်..."
"ကောင်းပြီ...ရှောင်မန်...ပြီးရင်သူ့ကို ပြန်လိုက်ပို့ လိုက်...."
"ဟုတ်ကဲ့...."
ဟူရှောင်မန် ပြန်ဖြေလိုက်သည်.....
"Yi Bo ငါ ဝင်လာလို့ရလား...."
ယွီဝမ်ယွဲ့ မေးလိုက်သည်....
"အင်း...."
"Yi Bo သူနဲ့ မင်းက ဘယ်လို ပတ်သက်တာလဲ..."
"မိတ်ဆွေ ..."
"မိတ်ဆွေ....အဆင့်တော့ မဟုတ်ဘူး ထင်တယ်...မင်း တန်ဖိုး ထားရတဲ့ သူ မဟုတ်ရင် မင်းဒီလောက် ပြာယာ ခတ်မယ်မထင်ဘူး...."
".........."
Wang Yi Bo ဘာမှ ပြန်မပြော....
"အင့်...အင်း...."
Xiao Zhan ညည်းငြူ လိုက်သည်....
"Xiao Zhan သတိရလာပြီလား...."
Wang Yi Bo မေးလိုက်သည်...
"Yi Boလား ငါ အခု ဘယ်ရောက်နေတာလဲ...."
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...