Unicode& Zawgyi
(Zawgyi )
Wang Yi Bo နဲ့ Xiao Zhan တို့ အောင်မြင်စွာပင် မြူ နှင်းစံအိမ် သို့ ပြန်ရောက်လာခဲ့သည်....
စံအိမ်သည်ကား မိုးသက်မုန်တိုင်း ကျရောက်ခဲ့ခြင်းမရှိသကဲ့သို့ တည်ငြိမ်နေသည်....
မြူ နှင်းစံအိမ် သခင်နေရာကို လိုချင်ခဲ့မိသူ ဝမ်လွီ မှာ စံအိမ်သခင် နေရာကို အစိုးမရဘဲ... စံအိမ်၏ အကျဉ်းထောင်ကို သာ အစိုးရသွားခဲ့သည်....
Wang Yi Bo ပျောက်သွားသည့် တစ်ရက်အတောအတွင်းမှာ မျိုးနွယ်စုအကြီးအကဲ ဖြစ်သူ Wang Yi Bo ၏ အဖိုးက စံအိမ်ကို ယခင်အတိုင်း ပုံမှန် ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်....
Wang Yi Bo ၏ အခန်းတွင်း၌....
Xiao Zhan မှာ ပတ်တီးအထပ်ထပ်နဲ့ မြင်ရက်ဖွယ်ရာမရှိ တော်သေးသည်က အပေါ်ယံ ဒဏ်ရာများ ဖြစ်နေခြင်းသာ...
"Yi Bo ခြေထောက်က သက်သာလား...."
"သက်သာပါတယ်.... "
"သခင်...ကျွန်တော် ရှောင်မန်ပါ အရေးတကြီး ပြောစရာရှိလို့ပါ...."
ဟူရှောင်မန် ယခင်တစ်ခေါက်လို အရမ်းကာရော မဝင်ရဲတော့ပေ.....
"သူကဲ့သို့ ရိုးသားသူလေးက မမြင်ဖွယ်ရာတွေကို ထပ်၍ မြင်တွေ့နိုင်စွမ်းမရှိခြင်းပင် ...မဟုတ်ပါလား..."
ဟူရှောင်မန် ထိုအတွေးကို တွေးဖြစ်အောင် တွေးလိုက်သေးသည်....
"ဝင်လာခဲ့...."
"သခင်....သခင်လေး Xiao Zhan.... "
ဟူရှောင်မန် အရင်ဆုံး ဂါဝရ ပြုလိုက်သည်
"ဘာဖြစ်လို့လဲ... "
"သခင်မလေး....သောင်းကျန်းနေလို့ပါ...."
"ရှုအာလား...."
"ဟုတ်ပါတယ်... အစေခံ တွေကို အကြောင်းအရင်းမရှိ....ကြာပွတ်နဲ့ လိုက်ရိုက်နေလို့ပါ..."
"ရှုအာက အကြောင်းမဲ့ မသောင်းကျန်းတတ်ဘူး....ကိစ္စ တစ်ခုခု ဖြစ်ခဲ့တာလား...."
"မသေချာပေမယ့် မိန်းကလေး ယွဲ့ဆီက စာကြောင့် ထင်ပါတယ်...."
"စာထဲမှာ ဘာအကြောင်းအရာ ပါလို့ ရှုအာက စိတ်ဆိုးသွားရတာလဲ...."
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...