part 41

3.5K 256 2
                                    

Unicode&Zawgyi

(Zawgyi )

"မိန်းကလေးယွဲ့...သခင်လေး...."

Xiao Zhan ပြောလိုက်သည်...

Xiao Zhan....သူဆုံးဖြတ်ချက်အတိုင်း ထိုနေရာတွင် ကျန်နေခဲ့သည်....

"မင်းလေးက ကတိတည်သားပဲ...."

"ကောင်စုတ်လေး ရှင် ဘာလို့ သူနဲ့ ပြန်လိုက်မသွားတာလဲ...."

"ကျွန်တော် ဒီမှာနေမယ် လို့ ဆုံးဖြတ်ပြီးပြီ....ပြီးတော့ ကျွန်တော် ပေးပြီးသား ကတိကို စောင့်ထိန်းရမယ်လေ...."

"ဟုတ်ပါပြီ.... ကောင်စုတ်လေး ရှင့်သဘောအတိုင်းပေါ့....ဒါနဲ့ သူက ရှင်ဒီမှာ နေမှာကို ခွင့်ပြုတယ်လား...."

"သူနဲ့ ကျွန်တော် ပြောပြီးသွားပါပြီ....."

"ဆရာတူ ညီမလေး ပြန်သင့်ပြီ.....အကယ်၍ ဟောဒီက အကိုရဲ့ သေခြင်းမဲ့ဗိမ္မာန်မှာ ဆက်နေမယ် ဆိုရင်  ညီမလေး ရဲ့ အပြင်က လောကကြီးက ရှုပ်ထွေးကုန်မယ်နော်...."

"ဆရာတူ အစ်ကို အကျင့်ပုတ်....ညီမလေး မင်္ဂလာဆောင် ကျ   လုံးဝ အစ်ကို့ကို မဖိတ်ဘူးမှတ်....ဟွန့်....."

ယွဲ့မင်လန် ထိုသို့ ဆိုကာ ထသွားရန် ပြင်လိုက်သည်...

ထို့နောက်..

"ကောင်စုတ်လေး....ဆရာတူ အစ်ကို က အကျင့်က သိပ်မကောင်းဘူးရယ်....ရှင်  ဒီမှာနေရင် သူ့ကို သတိထား...."

ထိုစကားကို ယွဲ့မင်လန် ပြောဖြစ်အောင် ပြောသွားသေးသည်...ကျိန်းသေပေါက် သူ့အစ်ကို မခံချင်အောင် စသွားခြင်းပင်....

"အမ်....ကျေးဇူးပါ မိန်းကလေး ယွဲ့...."

Xiao Zhan ထိုစကားသာ ဆိုနိုင်တော့သည်....

"အဲ့ဒီကောင်မလေး ဘယ်အချိန် က သူ့ခင်ပွန်းကို ရှာတွေ့သွားတာလည်း  .....သူ့လို အဆိုးအတေလေးကို လက်ခံပေးတဲ့သူကို မြင်ဖူးချင်ပါရဲ့....."

"ခင်ပွန်း မဟုတ်ပါဘူး ဇနီးပါ....."

"အမ်...."

"မိန်းကလေးယွဲ့ လက်ထပ်မယ့် သူက မိန်းကလေးပါ...."

"အဟွတ်...အဟွတ်.... ငါ့ဆရာတူညီမတို့က တကယ်ကို သူမတူဘူးပဲ...."

စစ်ဟန် အရက်သောက်ရင်း သီးသွားရာကနေ ပြောလိုက်သည်...

Unexpected (completed) Where stories live. Discover now