Unicode&Zawgyi
(Zawgyi )
Xiao Zhan နိုးလာချိန်တွင် နွေးထွေးသော ရင်ခွင်တစ်စုံက သူ့အား နွေးထွေးမှုကို ပေးထားသည်....
"ဟမ်....မဟုတ်သေးဘူး....ဒီရင်ခွင်ကို အရမ်း ရင်းနှီးနေတယ်....ငါ ချောက်ထဲကို ခုန်ချလာတာလေ.....ငါ.... ငါ...သူ့ကို စိတ်ထင်နေတာလား...."
Xiao Zhan သူမှတ်မိသည်က နောက်ဆုံး ချောက်ထဲ ခုန်ချချိန်တွင် Wang Yi Bo မျက်နှာကိုမြင်လိုက်ရသည်....ပြီးတော့ သူ သတိမေ့သွားခဲ့သည်....ယခု သူ သတိရလာချိန်တွင် အနားမှာ ရင်းနှီးလှသည့် ရင်ခွင်တစ်စုံရှိနေသည်...
"ဒါ လုံးဝ မဖြစ်နိုင်ဘူး...."
Xiao Zhan ထိုရင်ခွင်ကို တွန်းထုတ်လိုက်သည်....
သို့သော် အားက သိပ်မပါတာကြောင့်
Wang Yi Bo ကို လှုပ်နှိုးသကဲ့သို့ဖြစ်သွားသည်...."ဟမ်....Xiao Zhan သတိရလာပြီလား.....ကျွန်တော် စိုးရိမ်နေတာ....သတိမရလာတော့မှာကို တကယ် ကြောက်နေမိတာ....."
Wang Yi Bo.... Xiao Zhan ကို တင်းကြပ်စွာ ဖက်ထားရင်း ပြောနေမိသည်...
"ငါ အိမ်မက်မက်နေတာ မဟုတ်ဘူးလား....တကယ်ပဲ Yi Bo မင်းလား...."
"အင်း...."
"အာ...ငါ အသက်ရှူ ကြပ်လာပြီ....လွှတ်.. လွှတ်ဦး...."
"ရ...ရဲ့လား....တောင်းပန်ပါတယ်... "
"နေပါဦး ငါက ချောက်ထဲ ခုန်ချခဲ့တာပါ....မင်းက ဘာလို့ဒီမှာ ရှိနေတာလဲ...မဟုတ် မှ....မင်းရော...
ခုန်ချခဲ့တာလား....""......"
"ခုက ကံကောင်းလို့ မသေခဲ့ပေမယ့်....အကယ်၍ သေ သွားခဲ့ရင် မင်းဘယ်လို လုပ်မလဲ.... ငါကြောင့် မင်းသေမှာကို ငါမလိုလားတာ သိရဲ့နဲ့....မင်း...."
"ကျွန်တော် မရှင်သန်နိုင်ဘူး....Xiao Zhan မရှိပဲနဲ့...."
"Yi Bo မင်းက မြူ နှင်းစံအိမ် သခင်လေ....မင်းအပေါ် မှီခိုနေတဲ့ စံအိမ်မှာနေတဲ့ အခြားသူတွေ ကို ဘယ်လို လုပ်မလို့လဲ...."
"မလိုအပ်ဘူး....ကျွန်တော့်ဘဝမှာ Xiao Zhan မရှိရင် မရှင်သန်နိုင်ဘူး.... သူတို့ကျတော့ ကျွန်တော်မရှိလည်း စံအိမ်သခင် အသစ်တစ်ယောက်ကို ရွေးချယ်မှာပဲ.... ဒါကြောင့် သူတို့ကို ကျွန်တော်စိတ်ပူစရာမလိုဘူး...."
KAMU SEDANG MEMBACA
Unexpected (completed)
Fiksi SejarahXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...