part33

3.9K 329 10
                                    

Unicode&Zawgyi

(Zawgyi )

Wang Yi Bo မနက် ရောင်နီမလင်းမှီကပင်...သူ၏ စံအိမ်ကို ပြန်လာခဲ့ရသည်....

Xiao Zhan ကို ထားခဲ့ပြီး ပြန်မလာခဲ့ချင်သော်ငြား Wang Yi Bo အနေနဲ့ မတတ်သာပေ.....

"ရှောင်မန်.....ဝမ်လွီက ဘာကိုလိုချင်တာတဲ့လဲ...."

Wang Yi Bo...ဟူရှောင်မန်ကို မေးလိုက်သည်...

Wang Yi Bo မှာ ဝမ်လွီ၏ ရည်ရွယ်ရင်းကို သတိထားမိသောကြောင့် ဟူရှောင်မန် ကို စောင့်ကြည့်ခိုင်းထားခြင်းပင်....

"ဝမ်လွီ က သခင့်နေရာကို မျှော်ကိုးနေတယ် ထင်ပါတယ်....."

"ငါ့နေရာ.....စိတ်ဝင်စားစရာ ကစားပွဲ စပြီ ပဲ...."

Wang Yi Bo နှုတ်ခမ်းတို့က ကော့ညွှတ်နေလျှက်...လှောင်ရိပ်တို့ ထင်ဟပ်နေသည်....

"ဟုတ်ပါတယ်... ဝမ်လွီကို နောက်ကနေ ကူညီပေးနေတဲ့ လူ ရှိတယ် ဆိုတာ ကျိန်းသေတယ်....."

"စံအိမ်သခင်.....ကို ဂါဝရ ပြုပါတယ်..... "

အစေခံ မိန်းကလေးတစ်ယောက်က ဒူးထောက်ကာ ဂါဝရပြု နှုတ်ခွန်းဆက်ရင်း ပြောလိုက်သည်....

"ဘာကိစ္စလဲ.... "

Wang Yi Bo မေးလိုက်သည်...

"မျိုးနွယ်စု အကြီးအကဲက ခေါ်ခိုင်းလိုက်လို့ပါ...."

"ကောင်းပြီ....ငါလာခဲ့မယ်.... "

"ဟုတ်ကဲ့....ဒီကျွန်ကို ပြန်ခွင့်ပြုပါဦး.... "

အစေခံ မိန်းကလေးက ပြောပြီးနောက် ပြန်ထွက်သွားသည်.....

"သခင်...မျိုးနွယ်စု အကြီးအကဲက ဘာအတွက်နဲ့....."

"ရှောင်မန် သွားကြရအောင်.... ပျော်စရာ ပွဲတစ်ခုကို သွားကြည့်ကြတာပေါ့..."

Wang Yi Boပြောလိုက်သည်....

ထို့နောက် သူတို့ ဝမ်မျိုးရိုး၏ မျိုးနွယ်စု အကြီးအကဲနေထိုင်ရာ အိမ်တော်သို့ ရောက်လာသည်....

မျိုးနွယ်စုအကြီးအကဲ၏ အိမ်တော် ခန်းမထဲတွင် အဓိက ဇာတ်လိုက်ဖြစ်သူ Wang Yi Bo မှ အပ ကျန်သူများအားလုံး ရောက်နှင့်နေကြသည်......

ဝမ်လွီ အပါအဝင်ပေ.....

Wang Yi Bo မှာ မြူ နှင်းစံအိမ် ကို အုပ်ချုပ်ရသော်လည်း မျိုးနွယ်စုအကြီးအကဲကိုတော့ လေးစားရသည်.....တော်ရုံ ကိစ္စ များတွင် မျိုးနွယ်စုအကြီးအကဲက ဝင်ပါလေ့မရှိပေ....

Unexpected (completed) Where stories live. Discover now