Part.1

9.2K 216 4
                                    

                နွေမိုးဆောင်းရာသီဥတု၃မျိုးထဲကမှမိုးရာသီကိုတိမ်လွှာအကြိုက်ဆုံးဖြစ်သည်။
မိုးဖွဲဖွဲလေးတွေကျနေချိန်ဆိုမိုးရေထဲလျှောက်သွားရတာအကြိုက်ဆုံးပင်ဖြစ်သည်။မိုးရာသီကိုကြိုက်ပေမဲ့မိုးခြိမ်းသံ၊လျှပ်စီးလက်သံတွေကြားတိုင်းကြောက်တတ်တဲ့တိမ်လွှာကအခုလဲမိုးတွေတအားခြိမ်းတော့ မေမေ့အနားကမခွါပဲဖက်ထားနေလေရဲ့။မိုးလေးစဲသွားတော့ကိုယ့်အခန်းကိုပြန်လာပြီးနှစ်ခြိုက်စွာအိပ်ပျော်နေတော့သည်။

          တိမ်လွှာတို့တွင်မိသားစု၄ယောက်ရှိသည်။ ကိုကိုရှိန်းနေယံကတော့ဂျပန်သို့အလုပ်ကိစ္စဖြင့်သွားတာ၁လကျော်ကျော်လောက်ပင်ဖြစ်သည်။ဖေဖေကဆန်ပွဲရုံကိုဦးစီးလုပ်ကိုင်နေသောဦးမိုးတိမ်ဖြစ်သလို မေမေကတော့K2ကိုရီးယားစားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ဒေါ်မာယာချိုဖြစ်သည်။တိမ်လွှာတွင်အလုပ်မယ်မယ်ရရမရှိပေ၊ တစ်ခါတစ်လေမေမေ့ဆိုင်လိုက်သွားပေးတာလွဲရင်ပေါ့လေ။ ဘွဲ့ရတစ်ယောက်ဖြစ်ပေမဲ့လဲ အလုပ်လုပ်ချင်တယ်ပြောရင် ငယ်သေးတယ်စိတ်မချဘူးဆိုတဲ့အကြောင့်ပြချက်ကိုပြကာမလုပ်ခိုင်းတဲ့ဖေဖေကြောင့် တိမ်လွှာမှာအလုပ်မရှိပေ။

                 ပြောင်းလာတာမကြာသေးတဲ့ဒီရပ်ကွက်ကတိမ်လွှာအတွက်အပြောင်းအလဲဖြစ်နေသည်။အခုလဲဖေဖေနဲ့မေမေကသူတို့ဆိုင်သို့ကိုယ်စီထွက်သွားသောကြောင့် အိမ်မှာ တိမ်လွှာရယ် အန်တီလင်းရယ် ခြံစောင့်ဦးမောင်ထူးရယ်ပဲရှိသည်။ မြူခိုးမေဖွင့်ထားတဲ့စာအုပ်ဆိုင်သို့ကားမောင်းကာထွက်လာခဲ့တော့တယ်။

              တိမ်လွှာ ရောက်လာပြီလား?
ဘယ်လိုလဲ အိမ်ပြောင်းလာတာ
အဆင်ပြေရဲ့လား သူဌေးမလေးရဲ့ဟုမြူခိုးအမေးလာသည်ကို
တိမ်လွှာတစ်ယောက် အားလုံးအဆင်ပြေပါတယ် ငါကသူဌေးသူသမီးဆိုတော့ နင်ကဆင်းရဲနေလို့လားဟု ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တော့သည်။

           ဘာပဲဖြစ်ဖြစ် နင်တို့နဲ့နီးသွားတော့သွားချင်တာသွားလို့ရတာပေါ့ဟာ
မဟုတ်ရင်ငါပျင်းတယ် နင်လဲသိရက်နဲ့ ကိုကိုကလဲမရှိတော့ငါတစ်ယောက်ထဲရယ်ဟု​တိမ်လွှာပြန်ပြောရင်းစကားကောင်းနေစဥ်မှာ

             
              မမမေရေ
ဟိုတစ်နေ့ကနွေမှာထားတဲ့စာအုပ်ရpလား?
ရပြီ နွေလေးရေ ဒီမှာရော့
သူလိုချင်တာရသွားတော့ပြုံးပျော်နေသည့်မျက်နှာလေးကိုတိမ်လွှာဘာရယ်မဟုတ်အကြာကြီးကြည့်နေမိလိုက်တော့သည်။
သြော် နွေလေးကိုမိတ်ဆက်ပေးရမယ်
ဒါက မမသူငယ်ချင်း မိုးတိမ်လွှာတဲ့။
တိမ်လွှာရေ သူကပိတောက်နွေတဲ့
ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် မမိုးတိမ်လွှာဟု ပြုံးပြနေသော နွေကြောင့် တိမ်လွှာ
အကြည့်တို့ပြန်ရုတ်သိမ်းကာ
တိမ်လွှာလဲတွေ့ရတာဝမ်းသာပါတယ်နွေ။

                  ဟဲ့ တိမ်လွှာ
နင်ကလဲနော်ကြည့်လှချည်လား
ဟိုကဖြင့်အိမ်တောင်ရောက်ရောပေါ့
ငမ်းနေတာလဲရပ်တော့ဟု မြူခိုးသတိပေးမှ
ငါသူ့ကိုစိတ်ဝင်စားတယ်မြူခိုး
နင်သိသလောက်သူ့အကြောင့်ငါ့ကိုပြောပြပါ
သူ့နာမည်ကပိတောက်နွေ၊ သူ့မိဘတွေကအရမ်းချမ်းသာတယ် ၊မန္တလေးမြို့မှာရှိတဲ့ကျောက်စိမ်းကုမ္ပဏီတော်တော်များများပိုင်တယ်၊ ပြီးတော့သူကတစ်ဦးတည်းသောသမီး၊သဘောကောင်းတယ် ယဥ်ကျေးသိမ်မွေ့တယ်၊ နင့်လိုပဲသာစာဖတ်ဝါသနာပါတယ်။ငါတို့ထက်လဲ၂နှစ်လောက်ငယ်တယ်။
ဒါပေမဲ့ သူမှာက
စကားဆက်မပြောပဲရပ်လိုက်တော့မြူခိုးကြောင့်
ဆက်ပြောလေ ၊ ဒါပေမဲ့ဘာလဲ
အေးပါ ဆက်ပြောပြမယ်၊ နင်စိတ်ဝင်စားနေတယ်ဆိုရင် ရပ်လိုက်ပါလို့ငါပြောချင်တယ်၊ သူ့မှာကစေ့စပ်ထားတဲ့သူရှိတယ်။ ဘယ်သူလဲဘယ်ကလဲဆိုတာတော့ငါလဲသေချာမသိဘူး။

 
          တိမ်လွှာမှာ စိတ်ဝင်းစားတယ်ပဲရှိသေးတယ်၊ စေ့စပ်ထားတယ်ဆိုတဲ့သတင်းကြောင့်
စပင်မစရသေး၊ ဆုံးရှုံးရပြီဆိုတဲ့ခံစားမှုတစ်ချို့ခံစားလိုက်ရတယ်။
မြူခိုးကိုနှုတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့တယ်၊ ကားသာမောင်းနေသောတိမ်လွှာမှာ သတိစိတ်ပင်မကပ်ချင်ပေ။
အိမ်ရောက်တော့ အခန်းထဲသို့ဝင်ကာ
ဘာလို့များတိမ်လွှာကနောက်ကျရတာလဲဆိုပြီးတွေးသောနေလေတော့တယ်။
နွေရယ် ဆိုင်သူရှိနေတာတဲ့လား
ဟူးးးးး ကံတရားကြီးက
ဘဟ်တော့မှတိမ်လွှာဘက်မှာရှိနေမှာလဲ
စိတ်ညစ်တာနဲ့ သီချင်းဖွင့်ကာ အိပ်လိုက်တော့တယ်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now