Part.3

2.6K 115 1
                                    

          နွေတစ်ယောက်အလုပ်ရှုပ်နေတာအမှန်၊ ဘာ၀တ်ရမှန်းလဲမသိ၊ အိပ်ယာပေါ်မှာလဲဖွထားတဲ့အ၀တ်တွေမနည်းပေ။ နောက်ဆုံးမှာတော့တီရှပ်အဖြူနဲ့ဂျင်းဘောင်းဘီအနက်ကို၀တ်ပြီးအပေါ်ထပ်ခရမ်းရောင်ကိုဝတ်ကာအောက်ထပ်သို့ပြေးဆင်းလာသည်။
          သမီးနွေ...ဖြေးဖြေးဆင်းပါသမီးမာရယ် ပြုတ်ကျမှဖြင့် မာမီရင်ကျိုးရချည်ရဲ့၊ ဘာတွေအရေးကြီးနေလို့အဲ့လောက်ထိပြေးဆင်းနေရတာလဲလို့မေးလာသည်ကို ဘာမှဟုတ်ပါဘူးမာမီရာ သူငယ်ချင်းတွေနဲ့ချိန်းထားတာ နောက်ကျနေလို့ပါ သွားပြီမာမီရေဟုပြောကာမမမေပြောတဲ့K2ဆိုင်သို့ထွက်လာခဲ့လိုက်သည်။K2ဆိုတာတစ်ခြားတော့မဟုတ်ပေ နွေရဲ့အချစ်ဆုံးမမဆိုင်ပင်ဖြစ်သည်။
          ဆိုင်ထဲသို့၀င်လာတဲ့နွေကအလွန်ပင်ချစ်ဖို့ကောင်းသည်။ နွေသည်အသားဖွေးပြီးကျောလောက်ရှိတဲ့ဆံပင်ကိုချထားပြီးလမ်းလျောက်လာပုံက ကိုရီးယားမင်းသမီးပင်တုနေလေသည်။
          နွေနောက်ကျသွားသလား မမမေဟုမေးလိုက်ပေမဲ့ နွေအကြည့်တွေကမမဆီမှာပင်။မမဒီနေ့ပိုလှနေသည်ကိုနွေသတိထားမိသည်။ ဂျင်းဘောင်းဘီအနက်နဲ့ရှပ်အနက်ရောင်ဆင်းကိုဝတ်ထားပြီး ဆံပင်ကိုမြှောက်စီးထားသည့်မမကအလွန်ပင်လှနေသည်။
          နွေရောက်လာပြီးသိပ်မကြာပါ၊ ဟင်းပွဲတွေလာချလေသည်။နွေသည်ကိုရီးယားအစားအစာအရမ်းကြိုက်သော်လဲအစပ်မစားနိူင်ပေ။ မမတို့ဆိုင်ကBudaejjigaeကိုနွေအကြိုက်ဆုံးပင်ဖြစ်သည်။ မမမေအတွက်ဟုပြောကာပါလာတဲ့ဘူးလေးကိုပေးလိုက်သည်။ အားနာစရာနွေလေးရယ် မမမေအတွက်ဒါတွေမလိုပါဘူး နောက်ဆိုဘာမှမပေးနဲ့နော်ဟုမမ​မေပြောသည်ကိုခေါင်းညိတ်ရင်းစားစရာရှိတာစားလိုက်တော့သည်။ မမဆိုင်ကဟင်းပွဲတွေကအရမ်းစားကောင်းနေတာလဲပါသည်။စားပြီးတော့ မမမေကပိုက်ဆံရှင်းကာအရင်ပြန်နှင့်တော့လေသည်။
          နွေပြန်မယ်လုပ်တော့မမကလိုက်ပို့ပေးသည်။ လှေခါးနားအရောက်မှာ မမဒါကမမအတွက်လို့ပြောရင် ဘူးအနက်ရောင်လေးကိုမမတိမ်လွှာကိုပေးလိုက်သည်။နွေရဲ့မမမှာအံ့သြသွားပုံရသည်။ မမနဲ့နီးနီးကပ်ကပ်စကားပြောနေရတာကိုရင်ခုန်နေသောနွေမှာလှေခါးတစ်ထစ်ကိုကျော်ပြီးဆငိးသလိုဖြစ်တော့လူကယိုင်သွားသည်။
          နွေချော်လဲကျသွားမည်ကိုစိုးရိမ်စွာဖြင့်လှမ်းဆွဲလိုက်တဲ့မမတိမ်လွှာကြောင့် နွေတစ်ယောက် မမရင်ခွင်ထဲသို့ရောက်သွားသည်။ နှစ်ယောက်စလုံးရင်ခုန်သံတွေဆူညံလျှက်ပေါ့။ရင်ခွင်ထဲသို့ရောက်လာသည့်ချာတိတ်မကိုတိမ်လွှာပြန်မလွှတ်ချင်ပါ ဖက်မြဲဖက်ထားဆဲ။ ချာတိတ်ကလဲမရုန်းပါ တိမ်လွှာရင်ခုန်သံကိုနားထောင်နေတာနဲ့တူပါရဲ့ ငြိမ်နေသည်။
          ရင်ခွင်ထဲမှာငြိမ်နေတဲ့ချာတိတ်နားနားလေးသို့ကပ်ကာ
        "ချာတိတ်...အဆင်ပြေရဲ့လား"
     "ခြေထောက်ကောနာသွားသေးလား"လို့မေးလာတဲ့မမအသံမှာတိုးတိုးလေးရယ်သာ
        နွေကိုချာတိတ်လို့သုံးနှုန်းလိုက်တဲ့မမကြောင့်နွေခေါင်းလေးမော့ကာ သိသိရက်နဲ့မေးလိုက်မိတော့သည်။မမကိုချစ်လို့စချင်နေတာလဲပါသည်။
        "ဘယ်ချာတိတ်ကိုပြောတာလဲမမ"
   မျက်နှာလေးကိုမော့ပြီးအမေးကြောင့်တိမ်လွှာမှာအသက်ရှုသံတွေပင်မြန်လာပါတော့သည်။မျက်လုံးချင်းအကြာကြီးစိုက်ကြည့်ပြီးချစ်ခြင်းများစွာဖြင့် ချာတိတ်နှာဖူးလေးကိုမြတ်နိုးစွာနမ်းကာ ဒီချာတိတ်ကိုပြောတာလေလို့​ပြောပစ်လိုက်တော့သည်။ကိုယ်ချစ်တဲ့သူကနမ်းတဲ့အနမ်းကနွေကိုမိုးကောင်ကင်ပေါ်သို့ပို့လိုက်တဲ့အတိုင်းပင်။
         ချာတိတ်ကိုမမချစ်တယ်။ဟုတ်တယ် 
မမချာတိတ်ကိုချစ်တယ်။ချာတိတ်မှာဆိုင်သူရှိနေတာသိပေမဲ့ တကယ်ပါ မမချာတိတ်ကိုအရမ်းချစ်တယ်လို့ပြောလာသော မမစကားကတိမ်လွှာကိုမျက်ရည်ဝဲစေတာအမှန်ပါ။တိမ်လွှာတစ်ယောက်ပဲချစ်နေခဲ့တာမဟုတ်ပဲ မမလဲတိမ်လွှာကိုချစ်နေတာတဲ့လား။
          နွေပြန်တော့မယ် မမဟုပြောရင်းထွက်သွားတဲ့ချာတိတ်ကြောင့် တိမ်လွှာစကားတွေအားလုံးလွန်သွားပြီဆိုတာသိလိုက်သည်။တိမ်လွှာလိုမိန်းကလေးတစ်ယောက်ကိုချာတိတ်ဘယ်လိုလုပ်သဘောကျမလဲဟုတွေးကာဆိုင်ထဲသို့ပြန်လာလိုက်တော့သည်။
          အိမ်ပြန်ရောက်သည်နှင့်ချာတိတ်ပေးလိုက်တဲ့ဘူးအနက်လေးကိုဖွင့်ကြည့်မိသည်။ အနက်ရောင်ကြိုးလေးနဲ့နာရီလေးရယ် စာတစ်စောင်ရယ်။
          "မမ     နွေလေ မမကိုသိပ်ချစ်တယ်
           နွေဘက်ကစပြောတာမို့
            မမအထင်သေးမယ်ဆိုလဲရပါတယ်
           မချစ်ဘူးဆိုရင်တောင်
           မမုန်းစေချင်တာအမှန်ပါမမရယ်
           စိတ်မဆိုးလိုက်ပါနဲ့မမ
           အခုမှချစ်တာမဟုတ်ဘူး
           လွန်ခဲ့တဲ့၃နှစ်ကတည်းကချစ်တာပါ
           နွေကြောင့်မမရဲ့တံတောင်ဆစ်ခိုင်းမိတာအတွက်လဲနွေတကယ်ထပ်ပြီးတောင်းပန်တယ်နော်   နွေကိုမချစ်ရင်လဲရပါတယ်
နွေကိုမမလဲချစ်တယ်ဆိုရင် မနက်ဖြန်နွေပြောတဲ့လိပ်စာအတိုင်း လာတွေ့ပါနော်
မမ မချစ်နိူင်ဘူးဆိုရင်တော့ မလာပါနဲ့မမ"
          စာဖတ်ပြီးတိမ်လွှာတစ်ယောက်ပြုံးပျော်နေပါတော့သည်။ ချာတိတ်ကလဲတိမ်လွှာကိုချစ်နေသည်တဲ့လား။အမာရွတ်ရှိနေတဲ့တံတောင်ဆစ်ကိုကြည့်ရင် လွန်ခဲ့၃နှစ်ကတိမ်လွှာဆိုင်ကယ်တိုက်တာကိုပြန်သတိရမိတော့သည်။ ကိုယ်မမှားပေမဲ့ တစ်ဖက်ကငိုမဲ့မဲ့ဖြစ်နေပြီး လဲကျရာကမထနိုင်လို့တိမ်လွှာကူပြီးထူးပေးလိုက်တဲ့တစ်ယောက်က ချာတိတ်တဲ့လား။တိမ်လွှာကမနက်ဖြန်ကိုပင်အမြန်ဆုံးရောက်ချင်နေပြီ။ အချိန်ရယ်မြန်မြန်ကုန်ပါစေလို့ပဲဆုတောင်းနေမိသည်။အိမ်ယာပေါ်လဲရင်းးအိပ်ပျော်သွားသည်။
အိမ်မက်ထဲမှာလဲ ချာတိတ်နဲ့လက်ချင်းတွဲကာလျှောက်လည်နေသည်။နှစ်ယောက်စလုံးအပြုံးတွေကိုယ်စီဖြင့်။ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေပြီးအနမ်းတွေဖလှယ်နေသည်။

    
         

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now