မမွေးနေ့အတွက်ဘာပေးရမှန်းမသိဘူးဖြစ်နေသည်။စဉ်းစားလိုက်တိုင်းလဲဘာမှအဖြေမထွက်လာ။တစ်ရက်ပြီးတစ်ရက်သာကုန်လာတယ်။ မမွေးနေ့လဲနီးလာတယ် ပေးဖို့ကဘာမှမလုပ်ရသေး။ဒီခေါင်းကြီးကအခုကျအဖြေမရှိတော့ဘူးလား မိရတီရေ။အခန်းထဲတစ်ယောက်ထဲစကားပြောနေရတဲ့အဖြစ်ကလဲ ရီတော့ရီရသား။ ရတီဟာ မနဲ့ပတ်သက်သာရင် ရူးတယ်လို့ပြောလဲပြောကြပါစေ။
"ဒေါက် ဒေါက် ဒေါက်" မြေးလေးရေ
အခန်းထဲမှာရှိတယ်မလား။အောက်ထပ်မှာ သမီးကိုကိုရောက်နေတယ်။အပြင်သွားဖို့ မြေးကိုလာခေါ်တာတဲ့။ လုပ်စရာရှိတာလုပ်ပြီးရင် အောက်ကိုဆင်းခဲ့ဉီးနော်။
"ဟုတ် အဘွား သမီးခဏနေလာခဲ့မယ်နော်"။ ကိုကိုဆိုတာတစ်ခြားသူမဟုတ် ကမ်းခြေကပြန်လာပြီးကတည်း ဘာသတင်းမှမရ အရိပ်ယောင်လဲ မပေါ်လာတဲ့ ကိုရဲရင့်ကိုဆိုလိုခြင်းဖြစ်သည်။အခုလဲကြည့်လေ အပြင်သွားဖို့လာခေါ်တယ်တဲ့။မဖြစ်နိုင်တာ။ကိုရဲရင့် ရတီကိုဘယ်တုန်းကမှအဲ့လိုခေါ်တဲ့သူမျိုးမဟုတ်။ တစ်ခါတစ်လေ ရတီကားပြတ်နေသောကြောင့် သူ့ကိုလိုက်ပို့ခိုင်းရင်တောင် သူမအားဘူးလို့အမြဲတမ်းငြင်းနေတဲ့သူက အခုကျတော့အပြင်သွားဖို့လာခေါ်တယ်တဲ့လေ။ ဘာကိစ္စဆိုတာသိရဖို့ အောက်သို့ဆင်းလာခဲ့တော့သည်။" ရတီကို အပြင်သွားဖို့လာခေါ်တာဆို"
ထိုင်တောင်မထိုင်သေးပဲ သိချင်တာကိုချက်ချင်းမေးလိုက်တော့သောက်လက်စ ကော်ဖီကိုပြန်ချရင်း ပုခုံးတစ်ချက်တွန့်ပြပြီး
"ထိုင်ပါဉီး နင့်အစားငါမောတယ် ရတီရာ အကိုဖြစ်သူကိုလဲမလေးစားဘူး
ဘယ်လိုဟာမလေးလဲမသိဘူး
အခုကလဲ ငါစိတ်ကောင်းဝင်နေတုန်း
အပြင်သွားရအောင်လာခဲ့တာ
သွား အဝတ်စားသွားလဲခဲ့
မိနစ်၂၀အတွင်းပြန်ဆင်းခဲ့ ကြားလား"သူပြောသလိုမိနစ်၂၀ပင်မကြာပါ။အဝတ်စားလဲအောက်သို့ပြန်မဆင်းသေးခင် မဆီကိုဖုန်းဆကိလိုက်ရမလား။ ကိုရဲရင့် အခုရောက်နေကြောင်းကို။ဟာ မဖြစ်သေးပါဘူး မကိုသက်သက်မဲ့ စိတ်ညစ်စရာပေးသလိုဖြစ်မယ်။မလဲအားမှာမဟုတ်ဘူး။မွေးနေ့ကျမှပဲပြောလိုက်တော့ပါမယ်လေ။