Part.5

2.2K 75 0
                                    

                  နိုးပြီလားမ။မကအရမ်းချစ်ဖို့ကောင်းတာပဲလို့ပြောရင်းမနှာဖူးလေးကိုနမ်းလိုက်သည်။
ချာတိတ်ဘယ်ကတည်းကနိုးနေတာလဲ။စောစောမှနိုးတာပါမရ။
အိမ်ပြန်ဖို့လိုနေပြီမရေ။အိမ်ရောက်ရင်မာမီကဘာပြောဦးမလဲမသိဘူး။ ရှပ်င်္အကျီကိုကြယ်သီးတပ်ရင်းမဒီမယ်ကြည့် မအရမ်းဆိုးတယ်ကွာ၊တိမ်လွှာမှာချာတိတ်ပြသောနေရာကိုကြည့်ရင်းပြုံးစိစိနဲ့။ချာတိတ်ရင်ညွန့်တစ်ဝိုက်နဲ့လည်ပင်းမှာအညိုကွက်တွေမြင်လို့ပင်မကောင်းပေ။ အိမ်ပြန်ရင်ဆံပင်လေးကိုဒီလိုလေးချသွားလို့ပြောတော့" မကလူလည်ပဲတဲ့"မျက်စောင်းထိုးရင်းပြောနေသောကြောင့်နောက်ကနေသိုင်းဖက်ရင်းသိပ်ချစ်ယ် ချာတိတ်ရယ်လို့ပြောရင်း အနမ်းတွေပေးလိုက်တော့သည်။

               မကပဲနွေကိုအိမ်ထိလိုက်ပို့သည်။ကားပေါ်ကဆင်းမယ်အလုပ်မှာလူကိုဆွဲထားပြီးနမ်းလိုက်သောကြောင့်လန့်သွားရပါတယ်။တစ်ခြားတော့မဟုတ် အိမ်ရှေ့မှာမလို့ အိမ်ကလူတွေမြင်ရင်သတ်ခံရမှာပင်ဖြစ်သည်။
    သမီးလာပါဦး အပေါ်ထပ်သို့တက်မည်လုပ်တဲ့ခြေလှမ်းတို့ကမာမီခေါ်တဲ့ဧည့်ခန်းဘက်သို့ခြေဦးတည့်ပြီးဧည့်ခန်းထဲအရောက် ဒယ်ဒီပါရှိနေသောကြောင့်ငြိမ်ငြိမ်လေးထိုင်နေလိုက်ရသည်။လည်ပင်ကအရာကိုတွေးသွားမှာကြောက်လို့ခေါင်းပင်မလုပ်ရဲပေ။
မာမီကိုအမှန်တိုင်းပြောဘယ်တွေသွားပြီးဘယ်ကပြန်လာတာလဲ လိမ်တာမကြိုက်တာသမီးသိတယ်နော်။

           နွေတကယ်ပင်သေချင်သွားသည်။မာမီတို့သိသွားတာလားမမနဲ့ကိစ္စကို၊ နွေဘာလုပ်နေလို့လဲမာမီ  သြော် ဘာလုပ်နေလဲဟုတ်လားညကဘာလို့ပြန်မလာတာလဲ ဖုန်းဆက်လို့လဲမရ  ကားကကောဘယ်မှာလဲ သမီးကိုbarတစ်ခုမှာတွေ့တယ်လို့မာ့မီအသိကဖုန်းဆက်pပြောပြထားလို့သိပြီးပြီ။
တော်ပါသေးတယ် မမနဲ့ကိစ္စမဟုတ်လို့ပေါ့။barကိုသွားတာကသူငယ်ချင်းတွေစုံတုန်းလေးလဲသွားကြတာ ပြန်လာမယ်လုပ်တော့မိုးချုပ်နေတာကြောင့်သူငယ်ချင်းအိမ်မှာပဲအိပ်လိုက်တာပါ။ မာမီအသိပဲ မာမီတို့မျက်နှာပျက်အောင်ဘယ်၂ခါများလုပ်ဖူးလို့လဲလို့ပြောရင်းအပေါ်သို့အမြန်တက်သွားလိုက်သည်။မဟုတ်ရင်အားလုံးပေါ်ကုန်တော့မှာ။ သမီးဖြစ်သူကိုကြည့်ရင်းဒေါ်သီတာတစ်​ယောက်ရင်လေးနေသည်မှာအမှန်ပင်ဖြစ်သည်။ အခန်းထဲရောက်သည်နှင့်နွေရေတန်းချိုးလိုက်ပါသည်။ အခုလောလောဆယ်တော့တီရှပ်တွေ၀တ်လို့မရသေးပါ။လည်ပင်းမှာအခုထိအညိုကွက်တွေကအထင်းသား။အိပ်ယာပေါ်လဲရင်းမနေ့ကအဖြစ်အပျက်ကိုပြန်တွေးနေရင်းမမကိုလွမ်းလာတာနဲ့Ph Contactထဲက ❤️ကိုနှိပ်ပြီးဖုန်းခေါ်စဥ်မှာပဲ တစ်ဖက်ကHello ချာတိတ် ပြောလေလို့ပြောလာသောကြောင့်
ဟွန့်...မမကနွေမှန်းဘယ်လိုသိတာလဲလို့စူပုပ်ပုပ်လေးမေးတော့တစ်ဖက်မှ သိတာပေါ့ ချစ်တော့လဲဘာနေနေသိရတာပေါ့လို့ပြောသောကြောင့် အပိုတွေပါနော်လို့ပြောပစ်လိုက်သည်။
ချာတိတ်အိမ်ကဆူသေးလား ဆူတာပေါ့မမရ ဒါပေမဲ့အေးဆေးပါမမရှိရင်ရပြီ ကျန်တာအေးဆေး။
အချိန်တွေကလဲမြန်လိုက်တာ။နွေနဲ့မမချစ်သူဖြစ်တာ၆လတောင်ပြည့်တော့မှာဖြစ်ပေမဲ့ နွေစိတ်ထဲမှာတော့မနေ့တစ်နေ့ကလိုပင်  မမကအရမ်းချစ်ဖို့ကောင်းတယ် တော်တော်လေးတိမ်လွှာကိုအလိုလိုက်ရှာသည်။ နည်းနည်းလေးမျက်နှာညိုးလိုက်တာနဲ့မနေတတ်မထိုင်တတ်ဖြစ်နေတဲ့မမပုံလေးက နွေရင်ထဲမှာနေရာအပြည့်ယူနေသည်။ အခုလဲမမနဲ့ချိန်းထားတာဖြစ်သည်။
သမီးအချိန်ရရင် ခဏလာပါဦး မာမီပြောစရာရှိလို့။

ဟုတ်ကဲ့မာမီ  ဘာပြောမို့လဲပြောလေမာမီ။
တစ်ခြားတော့မဟုတ်ဘူး မောင်ရဲရင့်မိဘတွေကသူ့သားနဲ့သမီးကိုအမြန်ဆုံးလက်ထပ်ပေးချင်ပြီတဲ့ သမီးဘယ်လိုသဘောရလဲ။
ခေါင်းက်ုမိုးကြိုးပစ်လိုက်သလိုပင်။နွေမေ့ထားသည်မှာကြာပြီ ရဲရင်နဲ့ကိစ္စကို မာမီတို့လဲဘာမှမပြောသောကြောင့်အေးဆေးနေခြင်းဖြစ်သည်။အခုမာမီကပြောလာပြီ  နွေလက်မထပ်ချင်သေးဘူးမာမီ စေ့စပ်ထားတာလဲမကြာသေးဘူးလေ နွေအေးဆေးနေချင်သေးတယ်မာမီ အတင်းအကျပ်ကြီးတော့မလုပ်စေချင်ဘူး  မာမီကလဲအခုလို့ပြောတာမဟုတ်ပါဘူး လာမဲ့နှစ်ထဲလို့ပြောတာ မာမီကောဒယ်ဒီကောလက်ခံပြီးပြီ သမီးကိုသတိပေးတာ အေးဆေးနေလို့ရတာပဲ  နေပါ တစ်ခုတော့မှတ်ထားသမီ သမီးလက်ထပ်ရမဲ့သူကမောင်ရဲရင့်ပဲဆိုတာ ကျန်တာဘာမှမာမီမပြောလိုဘူး။ သမီးသွားစရာရှိတာသွားလို့ရပြီ။
   မမကိုနွေဘယ်လိုပြောရမလဲ။ မမစိတ်ကိုနွေသိတယ် သောင်းကျန်းမှာအသေချာပဲ
နွေမမကုအရမ်းချစ်တယ် မာမီတို့ကိုလဲမျက်နှာမပျက်စေချင်ဘူး  နွေဘာလုပ်ရမလဲ
ဘာလုပ်သင့်လဲ ဟူးးးးစိတ်ရှုပ်တယ်အရမ်းပဲ
မမကိုတွေ့မှအကျိုးအကြောင်းပြောပြတော့လို့တွေးရင် ကားမောင်းထွက်လာတော့သည်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now