Part.15

1.5K 54 3
                                    

   ဒေါက်  ဒေါက်  ဒေါက်
တံခါးကိုခေါက်သော်လဲအထဲကနွေဆီမှဘာသံမှကြားရပါ။ Lookချထားတာမို့ အခန်းထဲမှာရှိတာတိမ်လွှာသိသည်။အဆက်မပြတ်တံခါးကိုခေါက်ရလွန်းလို့လက်တောင်နာကျင်လာပြီ။ အထဲကဘာသံမှမကြားရပါ။

       နွေ တံခါးဖွင့်ပေးပါဦး။အထဲမှာရှိတာသိတယ်။အဲ့လောက်တောင်မုန်းလား။ လူကိုဒီလောက်အနိူင်ကျင့်ရရင်တော်ရောပေါ့ကွာ။ရှင်းပြဖို့ကြိုးစားတိုင်းလဲလက်မခံဘူး။ ဒီကြားထဲ ရွဲ့တာကပိုသေးတယ်။ အဲ့လောက်တောင်မုန်းနေရင်လဲ ဒီနေ့နောက်ဆုံးပဲနွေ။တကယ်လုံးဝမင်းရှေ့မှာမပေါ်လာတော့မှာမို့ စိတ်ချပါ။ မင်းနဲ့ရဲရင့်လဲပျော်ရွှင်ပါစေ။


  အခန်းရှေ့မှာထွက်သွားမယ်အလုပ်မှာအနောက်ကနေလာဖက်တဲ့နူးညံ့တဲ့လက်တစ်စုံကြောင့်ရှေ့ဆက်မဲ့ရှေလှမ်းတွေရပ်တန့်ခဲ့သည်။"ဘာလို့လဲ  နွေကိုချစ်ရက်သားနဲ့ဘာလို့ဟိုကလေးမနဲ့တွဲနေတာလဲ ရှင်တို့ကိုတပူးပူးတတွဲတွဲမြင်တိုင်းရင်ထဲမှာဘယ်လောက်နာကျင်လဲ ခင်ဗျားကြီးသိလား မသိဘူးမလား ဘယ်သိမလဲ ခင်ဗျားကနွေကိုမချစ်တော့တာ မချစ်တော့လို့လဲ ရဲရင့်နဲ့တွဲပြတိုင်း ဘာမှမဖြစ်တာပေါ့ အခုတော့ခဏလေး ခဏလေးပဲ ဒီလိုလေးနေပေးပါ နွေကိုမထားခဲ့ပါနဲ့ နွေမှားခဲ့ရင်လဲတောင်းပန်ပါတယ် နွေအပြင်နောက်ထပ်ဘဟ်သူ့ကိုမှမချစ်လိုက်ပါနဲ့
နွေတကယ် ခင်ဗျားကိုအဆုံးရှုံးမခံနိူင်ဘူး။ တကယ်လို့ ထွက်သွားမယ်ဆိုရင်လဲ လူကိုသတ်ပြီးမှထွက်သွားပါ ကြာရင်ရူးတော့မယ် နာကျင်ရလွန်းလို့"။ ဖက်ထားတဲ့လက်ကိုဖြုတ်လိုက်သောကြောင့်တကယ်များထွက်သွားခဲ့ရင်ဆိုတဲ့အတွေးကြောင့်မျက်လုံးတွေကိုသာမှိတ်ထားလိုက်တော့သည်။ ဟင့်အင်း နွေကိုထားပြီးထွက်သွားမဲ့မြင်ကွင်းမျိုး မမြင်ရဲပါ။

         ဘယ်လိုကလေးလေးမှန်းမသိပါ။သူသ၀န်တိုအောင် သူချစ်မချစ်သိအောင်လုပ်တာတဲ့ တိမ်လွှာကိုပြန်တောင်းပန်နေတယ်။ တကယ်ဆိုတိမ်လွှာအမှားလေ။တောင်းပန်ရရင်တိမ်လွှာကတောင်တောင်းပန်ရမှာ။ အခုတော့ပြောင်းပြန်ဖြစ်လို့။ အခုလဲကြည့် သူပြောချင်တာတွေပြောပြီး မျက်လုံးတွေကိုမှိတ်ထားတာ ဘယ်လောက်အူယားဖို့ကောင်းလိုက်လဲ။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now